@ketchupwithemily: ဒီအုန်းနို့ကောက်ညှင်းငချိတ်ပြင်လေးက လုပ်ရလဲလွယ်သလို တော်တော်လေးလဲ စားလို့ကောင်းပါတယ်ရှင် အရင်တစ်ခါ အုန်းနို့သာကူပြင်လုပ်တုန်းက အရမ်းခင်ရတဲ့အမက ငချိတ်ပြင်လုပ်နည်းလေးလဲတင်ပေးပါဦးဆိုလို့ ဗီဒီယိုလေးလုပ်ဖြစ်သွားတာပါရှင် ကောက်ညှင်းအုန်းနို့အရောကို ကြိုက်လို့လားမသိဘူး Em က ဒီမုန့်လေးကို အုန်းနို့သာကူပြင်ထက်တောင်ပိုကြိုက်ပါတယ်ရှင် အရင်တစ်ခါကလဲ ကောက်ညှင်းငှက်ပျော ၂ ထပ်ဆနွင်းမကင်းလေးလဲ တင်ဖူးပါတယ် အဲ့မုန့်လေးဆို အိမ်ကလူတွေအသဲစွဲရယ် ကွန်းမန့်မှာလင့်ခ်လေးပြန်ပေးထားမယ်နော်ရှင် Em လုပ်ပြထားတဲ့အချိုးအစားကအရမ်းမချိုပါဘူးရှင် အချိုကြိုက်ရင် သကြားပိုထည့်ပါနော် အချိုကိုတော့ ဒီထက်အရမ်းမလျှော့ပါနဲ့နော် အချိုမုန့်ဖြစ်တဲ့အတွက် အချိုအရမ်းနည်းရင် စားမကောင်းပါဘူးရှင် ပါဝင်ပစ္စည်းများ (မုန့်ဖုတ်ဗန်း 8x8 inches)- ကောက်ညှင်းအလွှာ - ကောက်ညှင်းငချိတ် - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက် ကောက်ညှင်းအဖြူ - ထမင်းပေါင်းအိုးဆန်ချိန်ခွက် ၁ ခွက် သကြား - ထမင်းစားဇွန်း ၃ ဇွန်း (အချိုကြိုက်ရင်ပိုထည့်ပါနော်) ဆား - လက်ဖက်စားဇွန်းဝက် အုန်းနို့ - ထမင်းစားဇွန်း ၅ ဇွန်း အုန်းနို့အလွှာ - အုန်းနို့ ၄၀၀ မီလီ - ၂ ဘူး (ပထမတစ်ဘူးက ကောက်ညှင်းထဲထည့်ပြီးကျန်တာရယ် ဘူးအသစ်တစ်ဘူးရယ်သုံးထားပါတယ်ရှင်) သကြား - ထမင်းစားဇွန်း ၆ ဇွန်း (အချိုကြိုက်ရင်ပိုထည့်ပါနော်) ဆား - လက်ဖက်စားဇွန်းဝက် ပြောင်းကော်မှုန့်/ကော်မှုန့် - ထမင်းစားဇွန်း ၃ ဇွန်း (ရေ ထမင်းစားဇွန်း ၂ ဇွန်းနဲ့ဖျော်ထားပါနော်) ကြက်ဥ - ၂ လုံး (မကြိုက်ရင်မထည့်လို့ရပါတယ်) Em က Fan setting နဲ့ 180’C ၂၅ မိနစ်အရင်ဖုတ်ပြီး အပေါ်မီး (Upper Heat) ပြောင်းပြီး 200’C နဲ့ ၅ မိနစ်ထပ်ဖုတ်ပါတယ်နော် အပေါ်မီးအောက်မီးပါတဲ့ Oven ဆိုရင် 200’C နဲ့ ၂၅ မိနစ်ဖုတ်ပါရှင် Airfryer သုံးမယ်ဆို 160’C နဲ့ မိနစ် ၂၀ ဖုတ်ပါရှင် မီးကျွမ်းတဲ့အချိန်လေးကို စောင့်ကြည့်နေပြီး လိုချင်တဲ့အနေအထားရပြီဆိုတာနဲ့မြန်မြန်ထုတ်ပေးပါနော် #myanmartiktok #အုန်းနို့ #ငချိတ်ပြင်
Ketchup with Emily - အမ်မလီ
Region: GB
Friday 28 August 2026 11:03:33 GMT
Music
Download
Comments
Avocado 💙 :
အိုက်ယားးးးစားချင်စရာလေး မမ
2026-08-28 11:17:35
2
မယ် ချို :
🥰
2026-08-28 12:24:14
1
K Thwe Kyaw🌸🤍 :
အသံလေးကချို မုန့်လေးကလည်းလှနေရော🥰🌸🤍
2026-08-28 13:00:03
1
TN Dairy (Fresh&Healthy) :
save လေးဖွင့်ပေးရင် ကောင်းမှာဘဲရှင်😟
2026-08-28 12:37:25
1
myatsumonkyaw65 :
စားချင်စရာကြီး🤩😍
2026-08-28 11:51:06
1
Alice zin(진) :
အသံလေးကအေးချမ်းလိုက်တာ လူကလဲလှ မုန့်လေးကလဲ စားချင်စရာလေး ကော်ပြန့်စိမ်းလုပ်နည်းလေးလဲ တင်ပေးဦးနော် အမ🥰
2026-08-28 13:45:04
0
mayaye :
ကျေးဇူးပါ😍
2026-08-28 12:23:32
1
Ma Htike :
ချက်ပြတာ လေး ကောစကား ပြောတဲ့အသံ လေးကို ကောသ ဘောကျလို့အမြဲကြည့်ဖြစ်တယ်🥰🥰🥰
2026-08-28 13:30:18
0
A moth :
ကောင်ညှင်းပေါင်းကိုကိုယ်တိုင်မပေါင်းပဲစျေးထဲကကောင်ညှင်းပေါင်းကိုဝယ်ပီးလုပ်လို့ရလာ😁
2026-08-28 13:14:24
1
Thit Sar :
မုန့်ဖုတ်ဗန်းလေးဘယ်ကဝယ်လည်းမရေ🥰🥰🥰🥰🥰🥰❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️❤️
2026-08-28 14:15:58
0
Mya Thinzar Kyaw :
same same ကောက်ညှင်း အရမ်းကြိုက်တာ 😁
2026-08-28 13:28:10
0
yati :
🥰🥰🥰🥰🥰
2026-08-28 11:08:20
2
Zin Mar Wai :
🥰
2026-08-28 11:34:07
0
Meg Wii :
🥰🥰
2026-08-28 13:32:58
0
To see more videos from user @ketchupwithemily, please go to the Tikwm
homepage.