@lalao.esmeralde: Fin du minage mobile à venir. Devenez validateur et sécurisez l'économie InterLink en stakant vos ITL. #InterLink #ITLG #ITL #WeAreTheFirst10MLinkers

Lalao Esmeralde
Lalao Esmeralde
Open In TikTok:
Region: MG
Friday 28 August 2026 13:10:35 GMT
112
0
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @lalao.esmeralde, please go to the Tikwm homepage.

Other Videos

မေတ္တာထားတတ်လာပြီဆိုရင် ကိုယ်ကျင့်တရား ပြည့်စုံလာတယ်။ အဒေါသ ဆိုတာကတော့ ဒေါသကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအားတစ်ခုပဲ။ ဒေါသဆိုတာ စိတ်ထဲ အလိုမကျတာတွေ မကျေနပ်တာ မုန်းတာ အကုန်လုံး ဒေါသ။ ဒါတင်မကဘူး။ ကြောက်တာလည်း ဒေါသပဲ။ တစ္ဆေကြောက်တာပဲ ဖြစ်ဖြစ်  သရဲ ကြောက်တာပဲဖြစ်ဖြစ်  ကြောက်တာဟာ ဒေါသပဲ။ အကုသိုလ် ကြောက်တာနဲ့တော့ မဆိုင်ဘူးနော်။ ခုနက သြတ္တပ္ပ ကြောက်တာမျိုးက ဒီလိုမလုပ် သင့်ဘူးဆိုတဲ့အနေနဲ့ ကြောက်တာနော်။  တစ္ဆေကြောက် သရဲကြောက်ဆိုတာ စိတ်ထဲမှာ ထိတ်လန့်တဲ့သဘော...  အဲဒီ ကြောက်တာတွေ မှန်သမျှဟာ အကုန်လုံး ဒေါသလို့ ခေါ်တယ်။ ကြောက်တာရယ် မုန်းတာရယ် အလိုမကျတာရယ် စိတ်ဆိုးတာရယ် ဒါတွေကုန်လုံး ဒေါသ ၊ ဒါတွေကို ဖယ်ရှားပစ်နိုင်တာက အဒေါသ။ အဲဒီ အဒေါသကို စနစ်တကျတိုးပွားအောင် လေ့ကျင့်မယ်ဆိုရင် မေတ္တာဆိုတာ ဖြစ်လာ တယ်။  မေတ္တာဆိုတာ ဒေါသကို  ဖယ်ရှားနိုင်တဲ့ စွမ်းအား။ ဒေါသကို ဖယ်ရှားပစ်ဖို့ရန်အတွက် လူရဲ့ သန္တာန်မှာ မေတ္တာကို ထူထောင်ရမယ်။ မေတ္တာဆိုတာ အကျိုးလိုလားတဲ့သဘော။ ဒေါသဆိုတာ အကျိုးစီးပွားကို ဖျက်ဆီးပစ်လိုတဲ့ သဘော... ဒါကြောင့်...  ဒေါသနဲ့ မေတ္တာဟာ ဆန့်ကျင်ဘက်ဖြစ်တယ်။ သူတစ်ပါးရဲ့ အကျိုးစီးပွားကို ဖျက်လို ဖျက်ဆီး လုပ်ချင်တာက ဒေါသ။ သူတစ်ပါးကို အကျိုးရှိစေချင်တာက  မေတ္တာ။  သဘာဝချင်း_မတူဘူး။ မတူသည့်အတွက်ကြောင့် မေတ္တာဆိုတဲ့ အဒေါသ သဘာဝတရားကို မိမိသန္တာန်မှာ ပျိုးထောင်ပြီး ရင်ထဲ နှလုံးသားထဲမှာရှိတဲ့ အမုန်းတရားတွေကို ဖယ်ရှားရမယ်။ ဒေါသကို ဖယ်ရှားချင်ရင်  မေတ္တာကို ပွားရမယ်။  ဒါကြောင့်  သုတ္တန်တွေမှာလည်း မြတ်စွာ ဘုရားက ဒေါသကို ဖယ်ရှားပစ်နိုင်ဖို့ရာ မေတ္တာပွားပါတဲ့။ မေတ္တာပွားဆိုတော့ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု မနက်အစောကြီး ထရွတ်နေတာကို ပြောတာ မဟုတ်ဘူး။  မေတ္တာဆိုတာ မနောကံအလုပ်။  မေတ္တာ အစစ်အမှန်သည် မနောကံ။  စိတ်ထဲက အာရုံစိုက်ပြီး တကယ့် ချမ်းသာစေချင်တဲ့ စိတ်ဖြစ်ဖို့ လိုတယ်နော်။ သဗ္ဗေသတ္တာ သတ္တဝါအားလုံးပေါ်မှာ မေတ္တာကို ပို့ပေမယ့် တချို့က သဗ္ဗေသတ္တာ ဆိုတာမှာ ချွင်းချက်ထားကြသေးတယ်။ ခြင်တို့ ကြမ်းပိုးတို့ မပါဘူးလို့ ဆိုကြသေးတယ်၊ အဲဒီလိုလည်း မလုပ်ကြနဲ့နာ်။ သဗ္ဗေသတ္တာ ခြင်ရော ကြမ်းပိုးရော အပါအဝင်ပေါ့။ အားလုံးအပေါ်မှာ မေတ္တာထားနိုင်တာကမှ အမုန်းတရား ကင်းစင်တဲ့ မေတ္တာတရား ဖြစ်တယ်။ မေတ္တာဆိုတာ မနောကံပဲ ၊ ဘာဝနာပဲ။ ၉ ပါးသီလ ဆောက်တည်တဲ့ အခါမှာ သီလကတော့ ၈ပါးပါပဲ။  မေတ္တာဘာဝနာ ပွားပြီးတော့  နေလို့ ၉-ပါး ဖြစ်တာ။ အဲဒီတော့ မေတ္တာတရားဟာ တည်ဆောက်ရမယ်။ သတ္တဝါတွေ အားလုံးကို ချမ်းသာစေချင် တယ်ဆိုတဲ့ စိတ်ကလေး ကိုယ့်သန္တာန်မှာ အထပ်ထပ် ဖြစ်နေအောင် လုပ်မယ်။ တစ်နာရီ ဖြစ်ရင် နှစ်နာရီဖြစ်အောင် သုံးနာရီဖြစ်အောင်ပွားတာကို ပြောတာ ၊ သတ္တဝါတွေ ချမ်းသာကြပါစေ။  ဒါကိုပဲ ပွားနေတာ။ သူ့ဟာသူ ချမ်းသာတာ မချမ်းသာတာ ကိုယ်နဲ့မဆိုင်ဘူး။ ကိုယ့်စိတ်က သူတို့ကို ချမ်းသာစေချင်တဲ့ စိတ်ကလေး မွေးပေးဖို့ပဲ။ အဲဒီလိုမွေးရင် အမုန်းစိတ်တွေ ပျောက်သွားမှာပဲ။ မုန်းတဲ့စိတ်ဟာ မပေါ်နိုင်တော့ဘူး။ ဒါကြောင့် ...
မေတ္တာထားတတ်လာပြီဆိုရင် ကိုယ်ကျင့်တရား ပြည့်စုံလာတယ်။ အဒေါသ ဆိုတာကတော့ ဒေါသကို ဖယ်ရှားပစ်နိုင်တဲ့ စွမ်းအားတစ်ခုပဲ။ ဒေါသဆိုတာ စိတ်ထဲ အလိုမကျတာတွေ မကျေနပ်တာ မုန်းတာ အကုန်လုံး ဒေါသ။ ဒါတင်မကဘူး။ ကြောက်တာလည်း ဒေါသပဲ။ တစ္ဆေကြောက်တာပဲ ဖြစ်ဖြစ် သရဲ ကြောက်တာပဲဖြစ်ဖြစ် ကြောက်တာဟာ ဒေါသပဲ။ အကုသိုလ် ကြောက်တာနဲ့တော့ မဆိုင်ဘူးနော်။ ခုနက သြတ္တပ္ပ ကြောက်တာမျိုးက ဒီလိုမလုပ် သင့်ဘူးဆိုတဲ့အနေနဲ့ ကြောက်တာနော်။ တစ္ဆေကြောက် သရဲကြောက်ဆိုတာ စိတ်ထဲမှာ ထိတ်လန့်တဲ့သဘော... အဲဒီ ကြောက်တာတွေ မှန်သမျှဟာ အကုန်လုံး ဒေါသလို့ ခေါ်တယ်။ ကြောက်တာရယ် မုန်းတာရယ် အလိုမကျတာရယ် စိတ်ဆိုးတာရယ် ဒါတွေကုန်လုံး ဒေါသ ၊ ဒါတွေကို ဖယ်ရှားပစ်နိုင်တာက အဒေါသ။ အဲဒီ အဒေါသကို စနစ်တကျတိုးပွားအောင် လေ့ကျင့်မယ်ဆိုရင် မေတ္တာဆိုတာ ဖြစ်လာ တယ်။ မေတ္တာဆိုတာ ဒေါသကို ဖယ်ရှားနိုင်တဲ့ စွမ်းအား။ ဒေါသကို ဖယ်ရှားပစ်ဖို့ရန်အတွက် လူရဲ့ သန္တာန်မှာ မေတ္တာကို ထူထောင်ရမယ်။ မေတ္တာဆိုတာ အကျိုးလိုလားတဲ့သဘော။ ဒေါသဆိုတာ အကျိုးစီးပွားကို ဖျက်ဆီးပစ်လိုတဲ့ သဘော... ဒါကြောင့်... ဒေါသနဲ့ မေတ္တာဟာ ဆန့်ကျင်ဘက်ဖြစ်တယ်။ သူတစ်ပါးရဲ့ အကျိုးစီးပွားကို ဖျက်လို ဖျက်ဆီး လုပ်ချင်တာက ဒေါသ။ သူတစ်ပါးကို အကျိုးရှိစေချင်တာက မေတ္တာ။ သဘာဝချင်း_မတူဘူး။ မတူသည့်အတွက်ကြောင့် မေတ္တာဆိုတဲ့ အဒေါသ သဘာဝတရားကို မိမိသန္တာန်မှာ ပျိုးထောင်ပြီး ရင်ထဲ နှလုံးသားထဲမှာရှိတဲ့ အမုန်းတရားတွေကို ဖယ်ရှားရမယ်။ ဒေါသကို ဖယ်ရှားချင်ရင် မေတ္တာကို ပွားရမယ်။ ဒါကြောင့် သုတ္တန်တွေမှာလည်း မြတ်စွာ ဘုရားက ဒေါသကို ဖယ်ရှားပစ်နိုင်ဖို့ရာ မေတ္တာပွားပါတဲ့။ မေတ္တာပွားဆိုတော့ သဗ္ဗေ သတ္တာ အဝေရာ ဟောန္တု မနက်အစောကြီး ထရွတ်နေတာကို ပြောတာ မဟုတ်ဘူး။ မေတ္တာဆိုတာ မနောကံအလုပ်။ မေတ္တာ အစစ်အမှန်သည် မနောကံ။ စိတ်ထဲက အာရုံစိုက်ပြီး တကယ့် ချမ်းသာစေချင်တဲ့ စိတ်ဖြစ်ဖို့ လိုတယ်နော်။ သဗ္ဗေသတ္တာ သတ္တဝါအားလုံးပေါ်မှာ မေတ္တာကို ပို့ပေမယ့် တချို့က သဗ္ဗေသတ္တာ ဆိုတာမှာ ချွင်းချက်ထားကြသေးတယ်။ ခြင်တို့ ကြမ်းပိုးတို့ မပါဘူးလို့ ဆိုကြသေးတယ်၊ အဲဒီလိုလည်း မလုပ်ကြနဲ့နာ်။ သဗ္ဗေသတ္တာ ခြင်ရော ကြမ်းပိုးရော အပါအဝင်ပေါ့။ အားလုံးအပေါ်မှာ မေတ္တာထားနိုင်တာကမှ အမုန်းတရား ကင်းစင်တဲ့ မေတ္တာတရား ဖြစ်တယ်။ မေတ္တာဆိုတာ မနောကံပဲ ၊ ဘာဝနာပဲ။ ၉ ပါးသီလ ဆောက်တည်တဲ့ အခါမှာ သီလကတော့ ၈ပါးပါပဲ။ မေတ္တာဘာဝနာ ပွားပြီးတော့ နေလို့ ၉-ပါး ဖြစ်တာ။ အဲဒီတော့ မေတ္တာတရားဟာ တည်ဆောက်ရမယ်။ သတ္တဝါတွေ အားလုံးကို ချမ်းသာစေချင် တယ်ဆိုတဲ့ စိတ်ကလေး ကိုယ့်သန္တာန်မှာ အထပ်ထပ် ဖြစ်နေအောင် လုပ်မယ်။ တစ်နာရီ ဖြစ်ရင် နှစ်နာရီဖြစ်အောင် သုံးနာရီဖြစ်အောင်ပွားတာကို ပြောတာ ၊ သတ္တဝါတွေ ချမ်းသာကြပါစေ။ ဒါကိုပဲ ပွားနေတာ။ သူ့ဟာသူ ချမ်းသာတာ မချမ်းသာတာ ကိုယ်နဲ့မဆိုင်ဘူး။ ကိုယ့်စိတ်က သူတို့ကို ချမ်းသာစေချင်တဲ့ စိတ်ကလေး မွေးပေးဖို့ပဲ။ အဲဒီလိုမွေးရင် အမုန်းစိတ်တွေ ပျောက်သွားမှာပဲ။ မုန်းတဲ့စိတ်ဟာ မပေါ်နိုင်တော့ဘူး။ ဒါကြောင့် ... "အဒေါသ"ဆိုတဲ့ စိတ်ဖြူစင်စေတဲ့ သဘာဝ အင်အားတရားကို ထူထောင်ပေး ရမယ်။ အလောဘရှိရင် လှူမှုဒါန်းမှု လုပ်သလို အဒေါသရှိရင် ဘာဖြစ်တုန်း။ အဒေါသ မေတ္တာသည် သီလ၏ အကြောင်းဖြစ်တယ်တဲ့။ အဒေါသ ရှိလာလို့ရှိရင် ကိုယ်ကျင့်တရားတွေ ကောင်းလာတယ်။ ဒေါသရှိရင် ကိုယ်ကျင့်တရားတွေပါ ပျက်စီးတယ်။ လူက စိတ်ဆိုးလာရင် စိတ်တိုလာရင် လုပ်ချင်တာ လုပ်တတ်တယ်။ ဒါကြောင့်မို့ ... "အဒေါသော သီလဟေတု" စိတ်ကလေးက မေတ္တာထားတက်လာပြီ။ အမုန်းတရားတွေ ကင်းလာပြီဆိုရင် ကိုယ်ကျင့်တရားတွေလည်း ပြည့်စုံ လာတတ်တယ်။ #ပြန်လည်မျှဝေပေးတာပါ🤜🤛🤝 #မူရင်းရေးသားသူအားလေးစားစွာ #ဘဝစာပေ #ဘဝအမောများပြေပါစေ #စိတ်ခွန်အားပြည့်စာစုလေးများ

About