@ictforeveryone: #creatorsearchinsights USB Drive ထဲ ဖိုင်တွေ ကူးလို့မရတာ၊ External Hard Drive/SSD က ဖတ်လိုက် မဖတ်လိုက် ဖြစ်နေတာ၊ ဒါမှမဟုတ် Windows မှာ Disk Error တွေ ခကြာခဏ တက်နေပါသလား? ဒီလို ပြဿနာတွေကို Hardware မပျက်စီးသေးသရွေ့ Windows ရဲ့ Built-in Command တစ်ခုဖြစ်တဲ့ chkdsk (Check Disk) ကို သုံးပြီး Auto Scan ဖတ်၍ အလွယ်တကူ ပြန်ပြင်နိုင်ပါတယ်။ 🛠️ chkdsk ကို အသုံးပြုပြီး Storage ပြန်ပြင်နည်း CMD ကို Admin ဖြင့် ဖွင့်ပါ: Keyboard က Win + R ကိုတွဲနှိပ်ပါ၊ cmd ဟုရိုက်ပြီး Ctrl + Shift + Enter (Run as Administrator) ဖြင့် ဖွင့်ပါ။ chkdsk C: /f /r ဟု ရိုက်ထည့်ပြီး Enter နှိပ်ပါ - (မှတ်ချက်- C: နေရာတွင် မိမိ စစ်ဆေးချင်သော Drive Letter သို့မဟုတ် USB Drive Letter ကို ပြောင်းရိုက်ပါရှင်) 💡 Parameter လေးတွေက ဘာလုပ်ပေးတာလဲ? /f (Fix): File System ပေါ်မှာ ဖြစ်နေတဲ့ Error များကို အလိုအလျောက် ပြန်လည် ပြင်ဆင်ပေးပါတယ်။ /r (Recover): Storage ပေါ်က Bad Sector များကို အသေးစိတ် လိုက်ရှာပြီး ဖတ်လို့ရနိုင်သေးတဲ့ အချက်အလက် (Data) များကို ပြန်လည် ဆွဲထုတ်ပေးပါတယ်။ ⚠️ သတိပြုရန် အချက်များ အချိန်ကြာမြင့်မှု: /r ပါဝင်သည့်အတွက် Storage Size နှင့် Bad Sector အပေါ် မူတည်ပြီး Scan ဖတ်ချိန် မိနစ်ပိုင်းမှ နာရီပိုင်းအထိ ကြာမြင့်နိုင်ပါတယ်။ C Drive စစ်ဆေးလျှင်: Windows တက်နေသည့် C Drive ကို စစ်ဆေးပါက စက်ကို Restart လုပ်ခိုင်းပါလိမ့်မည်။ Keyboard မှ Y ကိုနှိပ်ပြီး Enter နှိပ်ကာ စက်ကို Restart ချပေးလိုက်ပါ။ #WindowsTips #CmdTricks #ပညာရွှေအိုး #ITProductivity

💡💡 ပညာရွှေအိုး 💡💡
💡💡 ပညာရွှေအိုး 💡💡
Open In TikTok:
Region: MM
Friday 28 August 2026 14:26:03 GMT
1255
70
0
4

Music

Download

Comments

There are no more comments for this video.
To see more videos from user @ictforeveryone, please go to the Tikwm homepage.

Other Videos


About