@use79991: အကြောင်းမတိုက်ဆိုင်ခဲ့လို့ ဝေးသွားခဲ့ရင်တောင်.. အတူရှိခဲ့ဖူးတဲ့အချိန်တွေကို အမှားတစ်ခုလို ပြန်မမြင်စေချင်ဘူး။ မဖြစ်မြောက်ခဲ့တဲ့အရာတွေထက် ဖြစ်ခဲ့ဖူးတဲ့ကောင်းခြင်းတွေကိုပဲ မှတ်မိနေ စေချင်တယ်။ ကိုယ်နဲ့မဆုံဖြစ်တော့တဲ့ နေ့ရက်တွေမှာလည်း မကိုက်ညီခဲ့တဲ့နေရာတွေမှာ ကိုက်ညီပေးနိုင် တဲ့သူ အတူရှိခြင်းကပိုပြီးငြိမ်းချမ်းစေမယ့်သူနဲ့ ဆုံတွေ့စေချင်တယ်။ ကိုယ်မဖြစ်နိုင်ခဲ့တဲ့အရာကို တစ်ခြားတစ်ယောက်က ဖြစ်ပေးနိုင်ရင်လည်း ဝမ်းသာမိမှာပါပဲ ။ ဘာလို့လဲဆိုတော့ တစ်ချိန်က ကိုယ်တန်ဖိုးထားခဲ့တဲ့လူတစ်ယောက်ဟာ ကိုယ်နဲ့မဟုတ်ရင်တောင် ကောင်းမွန်တဲ့ဘဝတစ်ခုနဲ့ ဆုံခွင့်ရှိတယ်လို့ ယုံကြည်လို့ပါပဲ။ တချို့ဆက်ဆံရေးတွေက ပိုင်ဆိုင်ဖို့အတွက် စတင်ခဲ့တာမဟုတ်ဘူး။ တစ်ယောက်ရဲ့ဘဝထဲကို ခဏဝင်လာပြီး တစ်ယောက်ကိုတစ်ယောက် ဘာတွေသင်ပေးခဲ့လဲဆိုတာနဲ့ပဲ အဓိပ္ပာယ်ပြည့်စုံသွားတာမျိုးပေါ့။ မဆိုင်တော့တဲ့အခါ ဆွဲမထားချင်ဘူး။ မဖြစ်တော့တဲ့အခါ အပြစ်မတင်ချင်ဘူး။ ဝေးသွားတဲ့အခါလည်း အတူရှိခဲ့ဖူးတာကို ဖျက်မပစ်ချင်ဘူး။ ရေစက်တွေ လွဲခဲ့ကြရင်တောင် ကောင်းမွန်တဲ့အမှတ်တရတွေပဲ ကျန်စေချင်တယ်။ ဘဝရဲ့နောက်ထပ်စာမျက်နှာတွေမှာလည်း ကောင်းမွန်တဲ့လူတွေနဲ့ပဲ ဆုံစေချင်တယ်။ ဒါဟာ တစ်ချိန်က အမှန်တကယ်တန်ဖိုးထားခဲ့ဖူးတဲ့ လူတစ်ယောက်အပေါ် နောက်ဆုံးအထိကိုယ်ပေးနိုင်တဲ့ ချစ်ခြင်းမေတ္တာပါပဲ ။ #ရိပ်ငြိမ် #fyp #tiktok #ကိုဘာလာလာသက်ဆုံးတိုင်သီချင်း​

Eantt Fhone Zaw(အံ့အံ့)
Eantt Fhone Zaw(အံ့အံ့)
Open In TikTok:
Region: MM
Friday 28 August 2026 16:40:36 GMT
5816
669
3
37

Music

Download

Comments

zyaeppap
𝙉𝙜𝙖 𝙋𝙮𝙖𝙚♡ :
first
2026-08-28 16:44:48
1
tk482000
Thaw Tar Min Kyaw :
ရည်ရွယ်ထားတဲ့သူ့အတွက် တပွေ့တပိုက်ကြီး ပေးချင်တယ်
2026-09-26 17:59:41
0
zawe12345678
ရှင်းရှင်း :
🥰🥰🥰🥰🥰🥰
2026-08-29 05:47:33
0
To see more videos from user @use79991, please go to the Tikwm homepage.

Other Videos


About