@federalvoicenews: 🚨 BL နဲ့ GL စာအုပ်တွေ ရောင်းချတဲ့ Facebook Page တွေကို အရေးယူမယ်လို့ဆို ပုံနှိပ်ထုတ်ဝေခွင့် မရရှိဘဲ လူမှုကွန်ရက်ကနေတစ်ဆင့် BL (Boy Love) နဲ့ GL (Girl Love) စာပေတွေကို ကြေညာရောင်းချနေတဲ့ Facebook Page တွေကို တရားစွဲအရေးယူသွားမယ်လို့ စစ်တပ်လက်အောက်ခံ ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန်ထားကြောင်း သတင်းရရှိပါတယ်။ အဆိုပါထုတ်ပြန်ချက်မှာ ပုံနှိပ်ထုတ်ဝေခွင့်နဲ့ သက်ဆိုင်တဲ့ စည်းမျဉ်းတွေကို လိုက်နာခြင်းမရှိဘဲ လူမှုကွန်ရက်ပေါ်ကနေ စာပေတွေ ရောင်းချနေမှုတွေကို အရေးယူသွားမယ်လို့ ဖော်ပြထားတယ်လို့ သိရပါတယ်။ #BL #GL #စာအုပ်ရောင်းချမှု #FacebookPage #စာပေ #ပြန်ကြားရေးဝန်ကြီးဌာန #မြန်မာသတင်း #နောက်ဆုံးရသတင်း #သတင်း #MyanmarNews #MyanmarTikTok #TikTokNews #NewsUpdate #BreakingNews
FVN
Region: TH
Saturday 29 August 2026 00:00:00 GMT
Music
Download
Comments
♡𝒩𝒶𝓇𝒶♡ :
အောကား channel တွေကိုတရားဆွဲပါလာ
2026-08-29 10:54:27
1600
❀_Eaint,ᥫᩣ :
ဘာလဲဟ... သူတို့ကိစ္စကျနေတာပဲ အားနေလိုက်ပိတ် ပင်နေတာ
2026-08-29 03:10:27
1321
ᴅᴀʏ :
လင်လုကားတွေပါဖမ်းလိုက်လေ
2026-08-29 04:26:14
451
N :
That's not fair bro
2026-08-30 03:26:26
0
P :
မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာနဲ့ထုတ်လွှင့်နေတဲ့ဇာတ်ကား ဇာတ်လမ်းတွေကျ အရမ်းကိုလူငယ်အတုယူစရာ အိမ်ထောင်ရေးဖောက်ပြန် သူများလင်လု တွေပေါ့နော်
2026-08-29 04:33:07
419
A.E.O :
happy lost
happy lost
2026-08-29 07:30:04
1
𝙻𝚄𝙺𝙴 :
ထောင်ကိုချဲ့ထားပါလို့ပဲပြောချင်ပါတယ်နော်
2026-08-29 13:17:46
51
Kyal Sin Lin Htet :
ညစ်ညမ်းကားတွေကြတော့ ဘာလို့အရေးမယူကြတာလဲ? BL ,GL ဆိုတာနဲ့ အိပ်ယာပေါ်ကကိစ္စကိုပဲပြေးမြင်ကြတဲ့ဦးနှောက်တွေနဲ့ ၊ မြန်မာ့ယဉ်ကျေးမှုနဲ့မညီဘူးဆိုတော့ အဖော်အချွတ်တွေဝတ်ပြီး ရိုက်နေတာတွေကြတော့ရော မြန်မာယဉ်ကျေးမှုနဲ့ညီနေလို့လား??
ဘယ်လိုဦးနှောက်တွေလဲဟယ်!
လင်လုကားတွေ ၊ ဖောက်ပြန်တဲ့ကားတွေကြတော့ ပညာ ေတွ ေတာ် ေတာ်ရ ေနလို့အရေးမယူကြတာလား?
လိင်တူချစ်ကြိုက်ခြင်းက ပတ်ဝန်းကျင်ကိုထိခိုက်စေလို့လား?
လိင်တူချစ်ကြိုက်ခြင်းစာအုပ်တွေကရော ပတ်ဝန်းကျင်ကိုထိခိုက်စေလို့လား? ဘယ်သူတစ်ဦးတစ်ယောက်ကိုမှထိခိုက်ခြင်းမရှိတာကို ဘာလို့လိုက်ပိတ်ပင်နေရတာလဲ?? 🫠
2026-08-29 15:55:38
46
🎧𝓜𝓰 𝓟𝓱𝔂𝓸 𝓦𝓪𝓲🏳️🌈🎸 :
လင်လုကားတွေဖောက်ပြန်တဲ့ကားတွေttမှာaiသစ်သီးတွေဖောက်ပြန်တာတွေညစ်ညမ်းစကားတွေပြောတာတွေကလေးတွေအတွက်အတုယူမှားစေတယ်ဖမ်းပေးပါ
2026-08-29 05:08:25
125
TiiTii291994 :
သူများနိုင်ငံမှာ manhawတွေတောင် စာတိုက်တွေ စာအုပ်ဆိုင်တွေမှာတောင်တရားဝင်ထွက်တယ်
အခြာနိုင်ငံတွေမှာ လိင်တူလက်ထပ်တာတွေကိုတောင်လက်ခံတယ်
ဘာကိုပြောချင်တာလဲသိလား
အဓိကကစိတ်ပဲ ဒီစာအုပ်တွေက စာပေဆိုင်ရာယဉ်ကျေးမှုတွေ လူငယ်တွေအတုယူစရာတွေ လမ်းမှားတာတွေဖြစ်စေတာဆိုရင်
သားသားဖတ်ဖို့တို့ သမီးလေးဖတ်ဖို့ဆိုတဲ့ စာအုပ်တွေထုတ်လုပ်ခဲ့တဲ့ ၂၀၀၀ကျော်ခုနှစ်ကတည်းကဘာလို့ထုတ်ဝေခဲ့လဲ
မြန်မာယဉ်ကျေးမှု ယဉ်ကျေးမှုတွေအကြောင်းပဲခေါင်းစဉ်တပ်နေတာ အချို့BL GLစာအုပ်တွေမှာ မြန်မာယဉ်ကျေးမှုတွေအကြောင်း မြန်မာနိုင်ငံရဲ့ မြို့ပြတွေအကြောင်း စေတီပုထိုးတွေအကြောင်းကိုလေ့လာပြီးရေးထားတဲ့စာအုပ်တွေကျတော့မမြင်ကျတာလား
2026-08-29 10:00:14
31
yayair :
မုဒိန်းမှု ကျ လွတ်ငြိမ်းချမ်းသားပေးပြီး bl glကျ ဒီလိုတွေလုပ်တာ စစ်တွေဖြစ်တဲ့ဘက်ကိုကျဂရုမစိုက်ဘဲ အရမ်းအားနေကြတာထင်တယ်
2026-08-29 16:45:25
11
To see more videos from user @federalvoicenews, please go to the Tikwm
homepage.