@israela.lama: လူတစ်ယောက်အကြောင်း လူတစ်ယောက်က ဘာပြောတယ်ဆိုတာထက် ကိုယ်က ကိုယ့်ကိုယ်ကို ဘယ်လောက်သိလဲ ဆိုတာက ပိုအရေးကြီးပါတယ်။ လူတွေက ပြောကြမှာပဲ။ မင်းက ဒီလို… မင်းက ဟိုလို… မင်းက ဘာဖြစ်တယ်… မင်းက ဘာမဖြစ်ဘူး… ကြားရသမျှတိုင်းကို စိတ်ထဲထည့်ထားရင် တစ်နေ့နေ့မှာ ကိုယ့်စိတ်ကို ကိုယ်တိုင်မပိုင်တော့ဘူး။ ဒါကြောင့်— နားနဲ့ပဲ နားထောင်သင့်တဲ့စကားကို နှလုံးသားထဲ မသိမ်းပါနဲ့။ တချို့စကားတွေက ပြန်ဖြေဖို့မလိုဘူး။ တချို့လူတွေက ရှင်းပြဖို့မလိုဘူး။ တချို့အရာတွေက သက်6သပြဖို့တောင် မလိုဘူး။ တချို့လူတွေက ကိုယ့်အကြောင်းကို ကိုယ်ထက်ပိုသိသလို ပြောတတ်ကြတယ်။ တချို့က ကိုယ့်ဘဝကို မသိဘဲ ကိုယ့်ဘဝအကြောင်း ဆုံးဖြတ်တတ်ကြတယ်။ အချိန်ကပဲ အကောင်းဆုံးသက်6သပြပေးလိမ့်မယ်။ လူတိုင်းကို ကျေနပ်အောင်နေဖို့ ကြိုးစားရင်း ကိုယ့်စိတ်ကို မပျောက်ဆုံးပါစေနဲ့။ သူများရဲ့အမြင်နဲ့ ကိုယ့်တန်ဖိုးကို မတိုင်းပါနဲ့။ သူများပြောတဲ့စကားနဲ့ ကိုယ့်ဘဝကို မဆုံးဖြတ်ပါနဲ့။ ကိုယ့်အကြောင်းကို ကိုယ်အသိဆုံးပါ။ ကိုယ့်ရည်ရွယ်ချက်ကို ကိုယ်အသိဆုံးပါ။ ကိုယ်ဖြတ်သန်းလာခဲ့ရတဲ့ အခက်အခဲတွေကိုလည်း ကိုယ်တစ်ယောက်တည်း အသိဆုံးပါ။ ဒါကြောင့်… နားက ကြားရသမျှအရာတိုင်း နှလုံးသားဆီ မပို့ပါနဲ့။ နားနဲ့ကြားပါ။ ဦးနှောက်နဲ့စဉ်းစားပါ။ မှန်တာကိုယူပါ။ မလိုတာကို လွှတ်ချပါ။ ဘာလို့လဲဆိုတော့— နှလုံးသားဆိုတာ သူများစကားတွေ ထည့်ထားဖို့အတွက် မဟုတ်ဘူး။ ကိုယ်ချစ်ရတဲ့အရာတွေ၊ ကိုယ်တန်ဖိုးထားရတဲ့လူတွေ၊ ကိုယ်မက်မောတဲ့အိပ်မက်တွေအတွက်ပဲ နေရာချန်ထားသင့်တာပါ။ ❤️‍🩹 တစ်ချို့စကားတွေကို မကြားသလိုနေတတ်တာက အားနည်းတာမဟုတ်ဘူး… ကိုယ့်စိတ်ကို ကိုယ်တန်ဖိုးထားတတ်လာတာပါ။ #စာပေ #ဗဟုသုတ

ISRAELA LAMA
ISRAELA LAMA
Open In TikTok:
Region: MM
Friday 28 August 2026 23:56:44 GMT
140238
9086
260
1153

Music

Download

Comments

khin.lay53127
khin Lay :
ပြန်တင်ခွင်ပြုပါနော်🙏🙏🙏🙏
2026-08-30 04:22:29
2
kanchi.adk577
💫★𝙠𝙖𝙣𝙘𝙝𝙞 𝙖𝙙𝙠★ 💫 :
2026-08-29 15:18:07
2
aye.moon26
Aye Moon :
ကြိုက်လို့ ယူပြီနော်🥰
2026-08-29 13:20:56
2
tun.lin5051
Tun Lin :
❤️❤️❤️❤️❤️❤️
2026-08-29 15:32:05
1
junphyo965
Jun Phyo :
မှန်တယ်ဗျား
2026-08-29 14:18:30
1
user8500709407795
မှော်ဝန်းသား မှော်ဝန်းသား :
🥰🥰🥰
2026-08-29 15:10:54
1
aunglay75371
မြွေပွေးကုန်းသားလေးAungLay🫰 :
စာသာလေးသိပ်ကြိုက်တယ်ဗျာ
2026-08-29 15:25:43
1
naing5681
Daw Kyi Kyi Maw :
စာသားလေးတင်ပါရစေ🥰
2026-08-30 03:54:24
1
san.san.pyae
Poe Poe 5/ Sagaing :
မပို့ပါဘူး သူအလိုလိုရောက်ရောက်သွားတယ်😔🥺
2026-08-30 03:42:44
1
zinmin.oo531
ZinMin Oo :
ကောင်လိုက်တာဗျာ
2026-08-29 09:33:22
1
naychi6193
ကိုယ်ကိုကိုယ်သဘောကျမိတဲ့မိန်းမ :
ပြန်တင်မယ်နော်
2026-08-29 16:42:35
1
aye.lay979
Aye Lay :
😁😁😁ဟုတ်ကဲ့
2026-08-30 02:08:01
1
user9036872935303
ซื้อของ :
မှန်တယ်
2026-08-29 17:18:26
1
kokoa5977
Ko Ko :
အရမ်းကောင်းပါတရ်
2026-08-30 03:54:08
1
ttatta3894
🌻meh💗 Li💖 :
ဟုတ်တာပေါ့နော့် 😊😊
2026-08-29 16:07:35
1
user6200897997
အခ :
ဟုတ်တာပေါ့
2026-08-30 05:55:13
1
mya39096661
ရဲထက် :
ကောင်းလိုက်တာ
2026-08-30 08:58:21
1
myheartisforyou11.27
♥️Ma..11:11🇲🇲🇸🇬 :
မျှဝေခွင့်ပြုပါရှင်🥰🥰🥰
2026-08-29 13:22:06
2
saihtetaung1965
🌿kosai🌿 :
ဟုပ်ကဲ့ကဲ့ဆရာ လေးစားပါတယ်🥰🥰
2026-08-29 14:17:13
1
jasin.moe98
Jasin Moe :
ပြန်တင်ခွင့်ပြုပါ
2026-08-30 00:59:27
1
putsha153
🌻Ma Doì🥺 :
ပြန်တင့်ခွင်ပေးပါ🥰
2026-08-29 15:37:48
1
mg.khant49037
Mg khant :
စာသားလေကိုအရမ်လေးစာပါတယ်
2026-08-29 13:38:19
1
zay.zay6442
Zayar Aung :
တကယ်တော့မှားနေတယ်🥺
2026-08-29 14:01:17
1
luaye6076
kham Lu :
အခုက ခွဲခြားတက်လာပါပြီ စွန့်လွတ်နိုင်ခွင့်လွတ်တက်လာပါ
2026-08-29 14:36:15
2
To see more videos from user @israela.lama, please go to the Tikwm homepage.

Other Videos


About