@teerak5080: မိန်းမတစ်ယောက်ရဲ့ အလှဟာ အသားအရေဖြူတာ၊ မျက်နှာလှတာ၊ အဝတ်အစားကောင်းတာနဲ့ပဲ မဆုံးဖြတ်နိုင်ပါဘူး… ထောင်သောင်းမက ဒုက္ခတွေကို ရင်ဆိုင်ပြီးနောက်မှာတောင် ပြုံးနိုင်သေးတဲ့ အပြုံးတစ်ပွင့်က ပိုလှပါတယ်… မျက်ရည်ကျပြီးတိုင်း အားလုံးရှေ့မှာ မျက်နှာမပျက်ဘဲ ပြန်ရပ်တည်နိုင်တဲ့ သတ္တိက ပိုလှပါတယ်… ဘယ်သူမှ မမြင်တဲ့ညတွေမှာ တစ်ယောက်တည်း တိတ်တိတ်လေး ငိုခဲ့ရပေမယ့် မနက်ရောက်ရင် အားလုံးအဆင်ပြေသလို ပြုံးပြနိုင်တဲ့ နှလုံးသားက ပိုလှပါတယ်… ဘဝက အကြိမ်ကြိမ် လဲကျစေခဲ့ပေမယ့် လူတွေကို မမုန်းတတ်သေးတဲ့ စိတ်ထားက ပိုလှစေပါတယ်… ဒုက္ခတွေက သူ့မျက်နှာကို အိုမင်းစေချင်ခဲ့ပေမယ့် အတွေ့အကြုံတွေက သူ့မျက်ဝန်းတွေကို ပိုနက်ရှိုင်းစေခဲ့တယ်… နာကျင်မှုတွေက သူ့နှလုံးသားကို ကျိုးပဲ့စေချင်ခဲ့ပေမယ့် သူမရဲ့ကရုဏာတရားကိုတော့ မယူသွားနိုင်ခဲ့ဘူး… တကယ်တော့… ထောင်သောင်းမက ဒုက္ခတွေကို ဖြတ်သန်းခဲ့တဲ့ မိန်းမတစ်ယောက်ရဲ့ အလှဟာ အလှပြင်ပစ္စည်းတွေနဲ့ ဖန်တီးထားတဲ့အလှတရားမဟုတ်တော့ပါဘူး ဒုက္ခနဲ့အချိန်က ထုဆစ်ပေးခဲ့တဲ့ မျက်ရည်တွေက သင်ပေးခဲ့တဲ့… နာကျင်မှုတွေကနေ ရင့်ကျက်လာစေခဲ့တဲ့အလှတရားမျိုးပါ… ဒါကြောင့်အဲဒီလို မိန်းမတစ်ယောက်ရဲ့အလှတရားဟာ သူ့မျက်နှာကြောင့် လှတာမဟုတ်ပါဘူး… သူ့နှလုံးသားနဲ့ကြည့်တတ်တဲ့နက်ရှိုင်းတဲ့မျက်ဝန်းကြောင့်အရာရာ လှပနေတာပါ… #crd_to_owner_with_respect🤍🌿 #camila_themogoknative
C A M I L A 🐦🔥
Region: MM
Saturday 29 August 2026 00:37:40 GMT
Music
Download
Comments
💕The Queen💕 :
Please
2026-09-01 15:37:10
0
Milana@Jessica Florence🌊🌻 :
ကျေးဇူးပဲ
ကျနော့်အတွက် အသိအမှတ်ပြုပေးတဲ့စာလေးလိုပဲ🥰
2026-09-01 14:00:03
1
🪷SuSu💐🌹 :
copyလေးပေးပါနော်
2026-08-30 09:50:18
2
Ever Smine :
copy ကူးယူခွင့်ပြုပါရှင် စာသားလေး အရမ်းကြိုက်လို့ပါ🥰🥰🥰🥰🥰🥰🥰
2026-08-31 06:05:49
2
Naw Si Si☘️☘️ :
အခုထိပြုံးနေခဲ့တယ့် လောကကြီးရေ😔😔
2026-09-01 15:35:54
0
Theingi.nwe :
အမှန်ပါဘဲနော်🥰🥰🥰🥰🥰
2026-09-01 15:43:52
0
May :
စာသားလေး ချပေးပါ🥰
2026-08-30 10:49:18
1
𝓚...🍀♋ :
စာသားလေးပြန်တင်ခွင့်ပြုပါနော်🍀
2026-08-30 03:38:14
2
june20575 :
စာသားလေးယူမယ်နော်🥰🥰🥰
2026-08-31 08:41:19
1
phyu phyu :
copyယူပါရစေရှင်
2026-08-29 06:33:48
2
Lai mon :
စာသားလေးယူမယ်ရှင့်🥰🥰🥰
2026-08-31 09:02:49
1
t t s :
copy လေးယူပါရစေ
2026-08-30 11:05:24
2
Y :
သတ္တိ ရှိရှိ မားမား မတ်မတ် ရပ်တည်နိုင်အောင် ကြိုးစားနေ.....👍
2026-08-31 05:04:20
1
စော :
ကြိုက်တယ်ကွယ်ပြန်တင်ခွင့်ပေးပါနော်
2026-08-31 08:02:14
1
𝓚𝓱𝓪𝓲𝓷𝓰. 𝓢𝓪𝓫𝓪𝓵😘😘😘 :
copy ယူပါစေရှင့်
2026-08-29 15:24:54
1
Sophia :
စာသားလေးကြ်ိုက်လို့ copy ကူးခွင့်ပေးပါရှင်
2026-08-29 08:51:06
1
🍀🍀MK🍀🍀 :
copyလေးယူပါရစေရှင့်
2026-08-29 12:01:18
1
Nandar :
Copy လေး ယူခွင့်ပေးပါရှင့်
2026-08-29 09:56:52
1
🍀Ei Thandar Bo🍀 :
လူတွေကိုမမုန်းတက်အောင်နေတက်သော စိတ်ထားလေးကြောင့်ဘဲ🍀
2026-09-01 15:20:35
0
phyu++min :
စာသားလေးချပေးပါလား
2026-09-01 15:11:28
0
Tha Dar :
🥰
2026-09-01 16:23:42
0
👰 Ma Pwint👰 :
copyကူးယူပါရစေရှင်🥰🥰
2026-09-01 15:27:22
0
🍀NTGM❤️PPK🍀 :
တင်ခွင့်ပြုပါ
2026-09-01 15:32:50
0
💜 La Min Ko Ko 💜 :
ကျေးဇူးပါ ပြန်တင်ပါရစေရှင့်
2026-09-01 15:25:21
0
♍♍ Elena 💕💕💕 :
copy ပါရှင့်
2026-08-29 03:57:00
1
To see more videos from user @teerak5080, please go to the Tikwm
homepage.