@zayartbz7news: ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အထူးတိုင်းစစ်ဌာန ကွပ်ကဲရေးအဖွဲ့၊ နည်းဗျူဟာမှူးနှင့် တပ်ရင်းမှူးများ အစည်းအဝေးပြုလုပ်ပြီး ပွင့်လင်းရာသီ စစ်ဆင်ရေးအတွက် ကြိုတင်ပြင်ဆင် ရန်ကုန်၊ ဩဂုတ် ၂၈ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)၊ အမှတ် (၁) စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာန၏ တိုင်းကွပ်ကဲရေးမှူး၊ ဒုတိယတိုင်းကွပ်ကဲရေးမှူးနှင့် တိုင်းဦးစီးအရာရှိများ၊ နည်းဗျူဟာမှူးများ၊ တပ်ရင်းမှူးများနှင့် ဒုတပ်ရင်းမှူးများ ပါဝင်သည့် စုံညီအစည်းအဝေးကို ဩဂုတ်လ ၂၃ ရက်မှ ၂၄ ရက်အထိ နှစ်ရက်ကြာ အထူးတိုင်းစစ်ဌာနရုံး၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေးတွင် အထူးတိုင်းစစ်ဌာန စတင်ဖွဲ့စည်းခဲ့ချိန်မှစ၍ တစ်နှစ်တာကာလအတွင်း ပဲခူးတိုင်း၊ မွန်ပြည်နယ်နှင့် ကရင်ပြည်နယ်တို့တွင် ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများနှင့် ပတ်သက်၍ ပြန်လည်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။ အဆိုပါ ပြန်လည်သုံးသပ်မှုတွင် စစ်ဆင်ရေးများအတွင်း တွေ့ကြုံခဲ့ရသည့် အတွေ့အကြုံများ၊ အားသာချက်များ၊ အားနည်းချက်များနှင့် ဆက်လက်လုပ်ဆောင်ရာတွင် သင်ခန်းစာယူရမည့် အချက်များကို After Action Review (AAR) ပြုလုပ်သည့် ပုံစံဖြင့် ပြန်လည်ဆန်းစစ်ခဲ့ကြောင်း အထူးတိုင်းစစ်ဌာနဘက်က ပြောသည်။ AAR ပြုလုပ်ပြီးနောက် စစ်ဆင်ရေးအတွင်း တွေ့ရှိရသည့် လိုအပ်ချက်များနှင့် အား နည်းချက်များကို ပြင်ဆင်ရန်၊ အားသာချက်များကို ဆက်လက်အသုံးချနိုင်ရန်နှင့် နောက်ထပ်စစ်ဆင်ရေးများအတွက် လိုအပ်သည့် သင်ခန်းစာများကို ထုတ်ယူနိုင်ရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။ ထို့ပြင် တပ်မှူးကြီးများအစည်းအဝေးမှ ချမှတ်ထားသည့် လုပ်ငန်းစဉ်များနှင့် JOC ၏ ညွှန်ကြားချက်များကို အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ဆက်လက်လုပ်ဆောင်ရမည့် ရည်မှန်းချက်များ၊ လုပ်ငန်းစဉ်များနှင့် ရှေ့လုပ်ငန်းစဉ်များကိုလည်း တပ်မှူးများအကြား ကြိုတင်တိုင်ပင်ဆွေးနွေးခဲ့ကြောင်း သိရသည်။ တပ်ရင်းနှင့် တပ်ဖွဲ့အသီးသီးရှိ ရဲဘော်များနှင့် သက်ဆိုင်သည့် အထွေထွေကိစ္စရပ်များ၊ တပ်ဖွဲ့ ဝင်များ၏ လိုအပ်ချက်များနှင့် စစ်ဆင်ရေးဆိုင်ရာ လိုအပ်ချက်များကိုလည်း အစည်းအဝေးတွင် အဓိကထား ဆွေးနွေးခဲ့ကြောင်း သိရသည်။ အထူးတိုင်းစစ်ဌာန၏ စစ်ဆင်ရေးကွပ်ကဲမှုအောက်တွင် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်း ၁၂ ရင်း၊ ဒရုန်းနှင့် လက်ရုံးအထူးတပ်ဖွဲ့ ၇ ဖွဲ့၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) တိုက်ခိုက်ရေးစစ်ကြောင်း ၃ ကြောင်းနှင့် ဒေသအခြေပြုကာကွယ်ရေးတပ်ဖွဲ့ ၃ ဖွဲ့ရှိပြီး နည်းဗျူဟာ ၄ ခုဖြင့် စုဖွဲ့ထားသည်။ အဆိုပါ တပ်ဖွဲ့များသည် ကရင်ပြည်နယ်အတွင်းရှိ KNU တပ်မဟာ ၆ နယ်မြေ၊ မွန်ပြည် နယ်နှင့် ပဲခူးတိုင်းအတွင်းရှိ စစ်တောင်းမြစ်ဝှမ်းဒေသများတွင် အခြေပြု၍ စစ်ရေးလှုပ်ရှားမှုများ ဆောင်ရွက်နေကြောင်း အထူးတိုင်းစစ်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ အထူးတိုင်းစစ်ဌာန တိုင်းကွပ်ကဲရေးမှူး ရဲဘော်အောင်စံရှား၏ ပြောကြားချက်အရ လက်ရှိအစည်း အဝေးသည် အထူးတိုင်းစစ်ဌာန စတင်ဖွဲ့စည်းပြီးနောက် ဆောင်ရွက်ခဲ့သည့် စစ်ဆင်ရေးများနှင့် ပတ်သက်၍ AAR ပြန်လည်ပြုလုပ်ပြီး သင်ခန်းစာများ ထုတ်ယူရန်နှင့် လိုအပ်သည့် ပြင်ဆင်မှုများ ဆောင်ရွက်ရန် ရည်ရွယ်ခြင်းဖြစ်ကြောင်း သိရသည်။ ထို့အပြင် တပ်မှူးကြီးများအစည်းအဝေးမှ ချမှတ်ထားသည့် လုပ်ငန်းစဉ်များနှင့် JOC ညွှန် ကြားချက်များကို အကောင်အထည်ဖော်နိုင်ရေးအတွက် ကြိုတင်တိုင်ပင်ဆွေးနွေး၍ စီမံဆောင်ရွက်နေကြောင်း ၎င်းက ပြောသည်။ “အစည်းအဝေးမှာ တိုင်းစစ်ဌာန စဖွဲ့စည်းပြီးခဲ့ကတည်းက လုပ်ခဲ့တဲ့ စစ်ဆင်ရေးတွေနဲ့ပတ်သက်ပြီး After Action Review (AAR) ပြန်လုပ်တာပါပဲ။ AAR လုပ်ပြီးမှ သင်ခန်းစာယူသင့်တာယူ၊ ပြင်ဆင်သင့်တာတွေကို ပြင်ဆင်ရမှာပါ။ နောက်တစ်ခုကတော့ တပ်မှူးကြီးများအစည်းအဝေးက ချမှတ်တဲ့ လုပ်ငန်းစဉ်တွေ၊ JOC ညွှန်ကြားချက်တွေကို အကောင်အထည်ဖော်ဖို့ ကြိုတင်တိုင်ပင်စီစဉ်ကြတာပါ” ဟု ရဲဘော်အောင်စံရှားက ပြောသည်။ ပွင့်လင်းရာသီအတွင်း ဆောင်ရွက်မည့် စစ်ဆင်ရေးများအတွက်လည်း လိုအပ်သည့် စုဖွဲ့မှုများ၊ လေ့ကျင့်မှုများနှင့် စစ်လက်နက်ခဲယမ်းဆိုင်ရာ လိုအပ်ချက်များကို ကြိုတင်ပြင်ဆင်စုဆောင်းနေကြောင်း ၎င်းက ဆက်လက်ပြောသည်။ “ပွင့်လင်းရာသီ စစ်ဆင်ရေးတွေအတွက် လိုအပ်တဲ့ စုဖွဲ့လေ့ကျင့်မှုတွေ၊ စစ်လက်နက်ခဲယမ်း စုဆောင်းမှုတွေကိုလည်း ကြိုးစားလုပ်နေပါတယ်” ဟု ရဲဘော်အောင်စံရှားက ရှင်းလင်းပြောဆိုသည်။ အထူးတိုင်းစစ်ဌာနအနေဖြင့် ယခင်စစ်ဆင်ရေးများမှ ရရှိသည့် အတွေ့အကြုံနှင့် သင် ခန်းစာများကို ပြန်လည်သုံးသပ်ပြီး တပ်ဖွဲ့များ၏ စုဖွဲ့မှု၊ လေ့ကျင့်မှုနှင့် လုပ်ငန်းစဉ်များကို ပြင်ဆင်ကာ ပွင့်လင်းရာသီအတွင်း စစ်ရေးလှုပ်ရှားမှုများအတွက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်ကြောင်း သိရသည်။@ZayarTBZ 11 News @ZayarTBZ 7.1News🍉 #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #မြန်မာသတင်း #ဒေသသတင်းရင်းမြစ် #zayartbz #ပြည်တွင်းသတင်း

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Saturday 29 August 2026 02:31:23 GMT
138918
8105
86
89

Music

Download

Comments

padaukchitthu1
ပိတောက်ချစ်သူ :
ဘယ်သူကရာထူးပေးထားတာလည်းစိတ်ပျက်စရာ
2026-08-29 02:43:14
15
justuse_thisacc
I just use it :
အာ့ အထူးတိုင်းက ဘယ်နားမှာလဲ
2026-08-29 11:21:08
5
heinthitwifi
heinthitwifi :
လုပ်ချင်တာ လုပ်ဖို့ဖွဲ့စည်းထားတာလား ပြည်သူတွေကတော့ တာတပဲ
2026-08-29 05:42:22
4
user1308175480285
ဆိုကရေးတီး :
တ်ုင်းစစ်ဌာနချူပ်ကဘယ်နားမှာလဲ
2026-08-29 05:17:34
6
saimoe570
DECEMBER SAI :
ပြည်သူ ဘယ်ချိန် ကာကွယ်လဲ။
2026-08-29 02:37:58
9
aung.tay.za150
ဘဝသမားလေးပါ :
ဘယသူကတိုင်းမူးခန့်တာလဲ
2026-08-29 05:49:40
3
u.htain.win70
U Htain Win :
ဘယ်ရုံးမှာစီဝေတာလဲ
2026-08-29 10:18:44
2
user076484349
kyaw kyaw :
2026-08-29 07:32:30
1
utheinkyaw761
utheinkyaw761 :
ဘာတွေထူးလဲ
2026-08-29 03:58:59
3
phyongenge25
Htut Khaung Hein :
ငါတို့တွေနေရာလေးမှာမြဲအောင် အေးဆေးနေကြတဲ့။ အချင်းချင်းရာထူးမျှယူရမယ်တဲ့။ မှာကြားသွားတယ်😏😂😂😂
2026-08-29 04:31:11
3
u.kyi.soe982
U Kyi Soe :
မြန်မာပြည်ကြီးညိမ်းချမ်းစေချင်ပါပြီဗျာ ပြည်သူတွေဘက်ပြန်ကြည့်ကြပါအုံး ဒုတ်ခမျိုးစုံရောက်နေကုန်ပြီဗျ ကိုယ်ရဲ့လယ်တွေကိုင်းတွေလည်းပြန်မလုပ်ရဘူး နေ့စားလုပ်စားတော့လဲအလုပ်ကမရှိ ဘာတွေလုပ်လို့လုပ်ရမှန်းမသိကြတော့ဘူး
2026-08-29 05:02:56
4
myo94076
Myo :
ရာထူးကဘယ်သူတွေကပေးထားသလဲဟင်
2026-08-29 04:19:16
3
win.naing.soe4464
Naing :
2026-08-29 04:58:49
1
zaw14440
chit. Nay :
ဟားဟား
2026-08-29 11:33:21
0
oo.myo.lk
Oo Myo LK :
[Sticker]
2026-08-29 04:55:20
1
myint3786
🌼M :
အေးချမ်းပါစေမြန်မာပြည်ကြိးရယ်😘
2026-08-29 04:32:43
1
aung.ngwe76
Aung Ngwe :
ဘယ်ကရကြလဲဟအဲ့ရာထူးတေက
2026-08-29 04:42:34
10
yukatay0
Aye Aye :
လူသတ်ဖို့လား ဆွေနွေးပွဲလုပ်တာက
2026-08-29 07:11:41
5
kaunghtetnaing378
Aung lay :
တော်ပါတောဗျာစစ်စင်ရေတေပြည်သူတေဘဲဒုက်ခရောက်နေ
2026-08-29 14:46:12
1
.u.min.ko.ko
U Min ko ko :
ပြည်သူ့ကာကွယ်ရေလား သံဃာတော် သတ်ဖြတ်နေတဲ့ သီသန့်အဖွဲ့အစည်းလား မေးပေးအူး
2026-08-29 07:51:27
3
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About