@zay_myo_aung2666: သံယောဇဉ်ဆိုတာ ဒုက္ခရဲ့ ဖြစ်တည်ရာလမ်းစတဲ့။ ဒါပေမဲ့ ဒီလောကကြီးထဲမှာ ဘယ်သူကများ တစ်ယောက်တည်း၊ တစ်ကိုယ်တည်း နေနိုင်မှာမို့လဲ။ ချစ်စရာ၊ ခင်စရာလူတွေမရှိရင်တောင်မှ ခွေးလေးတွေ၊ ကြောင်လေးတွေကို ချစ်ခင်ကြတာပဲလေ။ အချစ်ရှိပြီဆိုရင်တော့ သေချာပေါက် စိတ်ဆင်းရဲဒုက္ခတွေလည်း ရှိပြီပေါ့။ စိတ်ချမ်းသာရပါတယ်ဆိုတဲ့ relationship တွေမှာတောင် စိတ်ပူပန်ရတာ၊ စိတ်ဆင်းရဲရတာတွေက အနည်းနဲ့ အများရှိတတ်ပါသေးတယ်။ အခုချိန်ထိလည်း ကိုယ့်ဘက်က သံယောဇဉ်မပြတ်နိုင်ဘူး။ ချစ်လည်း ချစ်နေဆဲဆိုပေမယ့် လုံးဝရှေ့ဆက်လို့ မဖြစ်နိုင်တဲ့ အနေအထားတွေ ကြုံလာရတဲ့အခါ တွဲတာက တစ်နှစ်၊ Move on လုပ်ရတာ (၁ဝ) နှစ်ဆိုတာမျိုးတွေ မဖြစ်စေဖို့ Move on လုပ်ရတာ လွယ်ကူစေမယ့် နည်းလမ်းလေးတွေကို ဖော်ပြပေးလိုက်ပါတယ်နော်။🍂 ၁။ အဆက်အသွယ်မလုပ်ပါနဲ့။ ဖုန်းတွေဆက်၊ စာတွေပို့၊ သူ့ရဲ့ Social Media အကောင့်တွေကို လိုက် Check၊ သူ့ My Day မှာ ဘာတင်ထားလဲလိုက်ချောင်းနေတာမျိုးတွေကို ရပ်လိုက်ပါ။ ဒီလိုတွေလုပ်နေတာက ဘာနဲ့တူလဲဆိုတော့ ဖြစ်နေတဲ့ ဒဏ်ရာကို သေချာကုသတာမျိုးမလုပ်ဘဲ ဆားနဲ့ ပက်နေသလိုပါပဲ။ Move on လုပ်နိုင်ဖို့ဆိုတာ အဆက်မသွယ်မရှိဘဲ ဝေးကွာနေမှဖြစ်မှာပါ။☘ ၂။ စိတ်ကူးယဉ်ခဲ့တဲ့အိပ်မက်တွေ အားလုံးကို မေ့ပစ်လိုက်ပါ။ ကြည်နူးပျော်ရွှင်စရာကောင်းတဲ့ စုံတွဲလေးတွေကိုတွေ့တိုင်း၊ ပုံလေးတွေမြင်တိုင်း ငါတို့လည်း ဒီလိုမျိုးဖြစ်ခဲ့သင့်တာလို့ တွေးနေတာတွေကို ရပ်တန့်ပစ်ဖို့ လိုပါတယ်။ လေထဲမှာ ဆောက်ခဲ့မိတဲ့အိမ်ကို မေ့ပစ်ပြီး လက်တွေ့ကိုပဲ မြင်အောင် ကြည့်နိုင်ဖို့ ကြိုးစားပါ။🌿 ၃။ ခွင့်လွှတ်ပါ။ “သူမလို့ ငါ့ကို ဒီလိုမျိုး လုပ်ရက်တယ်”၊ “သူကများ ငါ့ကို Cheat လုပ်တယ်တဲ့လား” စသဖြင့် အငြိုးတွေ၊ အာဃာတတွေ ထားနေခြင်းက ကိုယ့်ကို ပိုခံစားရစေပါလိမ့်မယ်။ ဒါကြောင့် ခွင့်လွှတ်မှုဟာ သူနဲ့ မထိုက်တန်ဘူးဆိုရင်တောင် ခွင့်လွှတ်နိုင်အောင် ကြိုးစားပါ။ ကိုယ်ကိုယ်တိုင်ကတော့ ငြိမ်းချမ်းမှုနဲ့ ထိုက်တန်တယ်မဟုတ်လား? ဒါဟာ ကိုယ့်ကိုယ်ကိုယ် ပိတ်လှောင်ထားမိတဲ့ စိတ်အကျဉ်းထောင်ကနေ လွတ်ငြိမ်းချမ်းသာခွင့်ရသလိုပါပဲ။🍂 ၄။ အချစ်ဆိုတာ ကိုယ်တစ်ယောက်တည်း ချစ်နေရုံနဲ့ မလုံလောက်ဘူးဆိုတာ သဘောပေါက်ပါ။ ကိုယ်က ချစ်ပေမယ့်၊ ကိုယ့်ကို မချစ်တော့တဲ့သူတစ်ယောက်ကို လက်လွှတ်ပေးလိုက်နိုင်တာဟာ ရင့်ကျက်မှုတစ်ခုပါ။ ကိုယ့်ဆီမှာ မပျော်နိုင်တဲ့သူ့ကို အတင်းကပ်တွယ်နေတာကမှ ကိုယ့်ဝေဒနာကို ပိုတိုးစေပါလိမ့်ဦးမယ်။ အချစ်ဆိုတာ ပိုင်ဆိုင်ရယူခြင်းမဟုတ်ဘူးလို့ ပြောတတ်ကြတယ်မဟုတ်လား?..🥀🍂 #crdစာသား #views #for #fpy #followers
𝙯𝙖𝙮_2006⚽
Region: MM
Saturday 29 August 2026 05:55:06 GMT
Music
Download
Comments
Sauron⭐ :
သံယောစဥ်ကိုမာနနဲ့ဖြတ်ခဲ့တယ်😌
2026-09-04 10:22:53
1
THUZARHTUN :
စာသားလေးပြန်ယူတင်မယ်နော်🥰
2026-09-01 11:49:11
1
W💗 :
သံယောဇဉ်ဆိုတာ ပျက်တောက်နိုင်တယ်
မေတ္တာနဲ့ပဲချည်နှောင်ကျပါလား
ဒီလောကကြီးမှာ မေတ္တာတွေနဲ့ချည်နောင်ရင် ငိုခြင်းတရားဆိုတာ အင်မတန်မှ ပပျောက်သွားမှာ
2026-09-06 12:38:32
0
Nge :
သံယောဇဉ် ✅️ငါ လျှာရှည်မိပြန်ပြီ
2026-09-02 15:52:48
1
£ᥫ᭡ :
ဒီသံယောစဉ်လေးက အေးချမ်းတယ်ရှင့်🥹
2026-08-30 12:40:06
1
Noe :
မှန်ပ
2026-09-02 12:20:00
1
💝💜Khaing💜Hnin💜Wai💜💝💖💓 :
right
2026-09-05 11:06:12
0
𝚂𝚊𝚞𝚗𝚐 𝙷𝚊𝚢 𝙼𝚊𝚛𝚗 :
စာသားလေးချပေးပါလားရော
2026-09-01 00:24:07
1
🇯🇵ℰ𝒾ℰ𝒾𝓀𝒽𝒶𝒾𝓃ℊ🇲🇲 :
မဂလာပါ
2026-09-02 04:52:28
1
😈မောင်သူရိန်👿 :
##လူတစ်ယောက်နဲ့ ဆုံတွေ့ရတဲ့အခါ အစောပိုင်းကာလတွေက တကယ့်ကို မှော်ဆန်တတ်ပါတယ်။ ကိုယ်ပြောချင်တာတွေကို တစ်ဝက်တစ်ပျက်နဲ့ နားလည်ပေးနိုင်သလိုလို၊ ကိုယ့်ရဲ့ ခံစားချက်တိုင်းကို အပြည့်အဝ မျှဝေခံစားပေးနေသလိုလိုနဲ့ပေါ့။ အဲဒီအချိန်တုန်းက ကိုယ့်ဘဝထဲကို အလင်းရောင်သစ်တစ်ခု ဝင်လာသလိုမျိုး ခံစားခဲ့ရဖူးတယ်။ "သေချာတာပေါ့... ငါ့ရဲ့ ဒီရင်ခုန်သံတွေကို၊ ဒီလို အထီးကျန်ဆန်တတ်တဲ့ စိတ်ခံစားချက်တွေကို အမှန်တကယ် နားလည်ပေးမယ့်သူကို ငါ ရှာတွေ့သွားပြီ" လို့တောင် ရိုးသားစွာနဲ့ ယုံကြည်ခဲ့မိတာပေါ့။
ဒါပေမဲ့ အချိန်တွေ ကုန်လာတာနဲ့အမျှ မျက်နှာဖုံးတွေ တစ်စစီ ကျွတ်ကျလာပြီး နောက်ဆုံးမှာတော့ ပေါ်လာတာကတော့ "မူလအတိုင်း ရှိနေတဲ့ ရိုးစင်းတဲ့ လူတစ်ယောက်" ပါပဲ။ အစက ကိုယ် မြင်ချင်တဲ့ပုံစံ၊ ကိုယ်ဖြစ်စေချင်တဲ့ ပုံစံအတိုင်း သူတို့လေးတွေကို ပုံဖော်ထားခဲ့မိတာမို့၊ တကယ့် အမှန်တရားနဲ့ ထိပ်တိုက်ရင်ဆိုင်လိုက်ရတဲ့အခါ အလွန်တရာမှကို နာကျင်ရပါတယ်။တကယ်တော့ အပြစ်တင်စရာဆိုလို့ ဘယ်သူ့မှာမှ မရှိပါဘူး။ သူတို့ကလည်း သူတို့ သဘာဝအတိုင်း ရိုးသားစွာ နေထိုင်ခဲ့ကြတာ ဖြစ်မှာပါ။ အမှားဆိုလို့ ကိုယ်တိုင်ကပဲ တစ်ဖက်လူကို ကိုယ့်စိတ်ကူးထဲက အတိုင်း အလွန်အမင်း စံသွင်းခဲ့မိတာ၊ တစ်နည်းအားဖြင့် ကိုယ့်စိတ်ထဲက အချစ်နဲ့ တန်ဖိုးထားမှုကို အစွဲပြုပြီး "ထင်ယောင်ထင်မှား" ဖြစ်ခဲ့မိတာပါပဲ။
မျှော်လင့်ချက်တွေ ကြီးမားခဲ့လေ၊ စိတ်ပျက်အားငယ်ရမှုတွေကလည်း အဲဒီအတိုင်း ကြီးမားလေပါပဲ။
သူတို့ ပြောင်းလဲသွားတာ မဟုတ်ပါဘူး၊ အစကတည်းက ဒီလူတွေပါပဲ။ ပြောင်းလဲသွားတာက ကိုယ့်ရဲ့ မြင်ကွင်းနဲ့ ခံယူချက်တွေသာ ဖြစ်ပါတယ်။
ကိုယ်တိုင် ဖန်တီးခဲ့တဲ့ စိတ်ကူးယဉ် ရုပ်ရှင်ဇာတ်လမ်းလေးထဲမှာ ကိုယ်တိုင်ပဲ ဒါရိုက်တာလုပ်ပြီး၊ ကိုယ်တိုင်ပဲ ဇာတ်သိမ်းပိုင်းရောက်တော့ အရှုံးပေးလိုက်ရသလို ခံစားရပါတယ်။လိုနဲ့ အဆုံးသတ်မှာတော့ ကိုယ့်အရိပ်နဲ့ကိုယ် ပြန်လည်ရင်ဆိုင်ရပါတော့တယ်။ ဘယ်သူ့အပေါ်မှ အလွန်အကျွံ အားကိုးလို့ မရဘူးဆိုတဲ့ သင်ခန်းစာကို ခါးခါးသီးသီး ရလိုက်တာပါပဲ။ လူတွေဟာ ကိုယ်လိုချင်တဲ့ ပုံစံအတိုင်း အမြဲတမ်း ရပ်တည်ပေးနိုင်ကြတာ မဟုတ်ပါဘူး။ဒါပေမဲ့လည်း ဒီလို နာကျင်ရတဲ့ အတွေ့အကြုံတွေကပဲ ကိုယ့်ကို ပိုပြီး ရင့်ကျက်စေပါတယ်။ နောက်တစ်ကြိမ် ဘယ်သူ့ကိုမှ လွယ်လွယ်နဲ့ အူလှိုက်သည်းလှိုက် ယုံကြည်မိမသွားအောင် သတိပေး တားဆီးပေးနေသလိုပေါ့။ အစကတော့ အရာရာကို ပိုင်ဆိုင်လိုက်ရပြီထင်ပြီး ပျော်ရွှင်ခဲ့ရပေမဲ့၊ နောက်ဆုံးမှာတော့ အရာရာဟာ လေထဲမှာ ရေးထားတဲ့ ရေးရာတွေလို တဖြည်းဖြည်း ပျောက်ကွယ်သွားခဲ့ပါပြီ
2026-09-01 13:37:52
2
Naw Thin Thin :
ဖြတ်လိုက်ပါပီး😭
2026-09-05 13:05:18
0
🌻Kabyar Shwe Yi Aung 🌻 :
ပြတင်အုံးမယ် စာလေးကူးချင်လို့ချပေးပါလား😁
2026-08-31 12:32:53
1
မောင်မဲ🌚 :
ချစ်ခြင်းမေတ္တာဆိုတာဘယ်လောက်ပဲ စစ်မှန်ပါစေ၊ဘယ်လောက်ပဲလှပနေပါစေ၊ နီးစပ်ခြင်းကနှစ်ယောက်လုံးကို နာကျင်စေမယ်ဆိုတာ ကြိုသိနေတဲ့ ပါဂျဲဟာ နောက်ဘဝဆို ခဲ့ရင် သူ့ကို ထပ်ပြီး ရွေးချယ်နေမှာစိုးတဲ့အတွက် ချစ်တဲ့စိတ်ကြောင့် အသည်းမာမာနဲ့ တစ်ချက်မှလှည့်မကြည့်ဘဲ လက်လွှတ်ပေးလိုက်ပါတယ်။
လွမ်းတဲ့သူနဲ့ လွမ်းရတဲ့သူမှာ ဘယ်သူကပိုပြီး ပင်ပန်ဧးရသလဲဆိုတာက အဓိပ္ပာယ် ရေရေရာရ
ာမရှိပေမဲ့ နောက်ထပ် ဘဝပေါင်း ၉၉၉ ဘဝမှာ ထန်းဘုတ်စစ်သူကြီးတစ်ပါးဖြစ်တဲ့ ကျူးပါဂျဲဟာ သူချစ်ရတဲ့သူတွေကို နာကျင်စွာ ကျောခိုင်းရဦးနေပါစေ၊ နီးစပ်ခြင်းကနှစ်လက်လွှတ်ပေးလိုက်ပါတယ်။ယ်ဆိုတာ ကြိုသိနေတဲ့ ပါဂျဲဟာ နောက်ဘဝဆိုတာ ရောက်ခဲ့ရင် သူ့ကို ထပ်ပြီး ရွေးချယ်နေမှာစိုးတဲ့အတွက် ချစ်တဲ့စိတ်ကြောင့် အသည်းမာမာနဲ့ တစ်ချက်မှလှည့်မကြည့်ဘဲ လက်လွှတ်ပေးလိုက်ပါတယ်။
လွမ်းတဲ့သူနဲ့ လွမ်းရတဲ့သူမှာ ဘယ်သူကပိုပြီး ပင်ပန်းရသလဲဆိုတာက အဓိပ္ပာယ် ရေရေရာရာမရှိပေမဲ့ နောက်ထပ် ဘဝပေါင်း ၉၉၉ ဘဝမှာ ထန်းဘုတ်စစ်သူကြီးတစ်ပါးဖြစ်တဲ့ ကျူးပါဂျဲဟာ သူချစ်ရတဲ့သူတွေကို နာကျင်စွာ ကျောခိုင်းရဦးမှာ ဖြစ်ပါတယ်။
အဆုံးသတ်မှာတော့ ချစ်ခြင်းမေတ္တာတစ်ခုဟာ ပိုင်ဆိုင်ရသည်ဖြစ်စေ၊ ွှတ်ရဲတဲ့ရသည်ဖြစ်စေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ထိ နှစ်နှစ်ကာကာ ချစ်ကြသလဲဆိုတာပဲ အဓိကဖြစ်တဲ့အတွက် ကျွန်တော်တို့မှာရော ပါကျဲလို စွန့်လွှတ်ရဲတဲ့ သတ္တိမျိုးရှိရဲ့လားဆိုတာကို Chapter 4 က မေးခွန်းထုတ်သွားခဲ့ပါတယ်။တစ်စုံတစ်ယောက်ရဲ့ရည်းစားမဖြစ်ချင်ဘူအရာတွေဟားဆိုတဲ့သူက? အခုတော့တစ်စုံတစ်ယောက်ရဲ့ ဇနီးဖစ်နေတာကို Tom ကခုထိနားမလည်နိုင်ဖြစ်နေပါတယ် Summerက Tomနဲ့ ဘယ်တုန်းကမှမသေချာခဲ့တဲ့ အခုတစ်ယောက်နဲ့မှအကုန်သေချာသွားပါတယ် ဒီတစ်ယောက်နဲ့တွေ့ ပြီး Tomပြောဖူးတဲ့အချစ်ဆိုတာကို နားလည်သွားတာဖြစ်ပါတယ် အချစ်တို့ဖူးစာရှင်တို့နဲ့ပက်သက်လို့ တွန် ပြောခဲ့တဲ့အရာတွေကအမှန်တွေပဲလို့ Summerက လက်ခံနိုင်သွားပါတယ် တွန်မှားခဲ့တဲ့တစ်ခုထဲသောအရာကတေစိတ်ခွန်အာ
သူ့ဖူးစာရှင်လို့ ထင်ခဲ့တာပဲဖြစ်ပါတယ်
ဆုံးရှုံးမှုဆိ
2026-09-02 17:59:41
1
👩👧 သားလေးကအရာရာ ❤❤ :
အမှန်ပါဘဲ😓
2026-09-04 14:21:48
0
12/🦋နွယ်🦋 :
အမှန်ဘဲ
2026-09-04 16:18:33
0
ဦးဇေယျာ 🎖 :
ဖြတ်ကိုမဖြတ်နိုင်တာဘယ်လိုမှ🥺🥀
2026-09-02 15:17:45
0
La Paye :
ပြန်တင်ခွင့်ပြုပါ
2026-08-30 13:20:00
1
🎀M🎀🤍 :
မဖြတ်နိုင်တာက ခတ်'🙂
2026-09-04 04:24:31
0
¿ $ I L A S M $ ? :
ချစ်ခြင်းမေတ္တာဆိုတာ ဘယ်လောက်ပဲ စစ်မှန်ပါစေ၊ ဘယ်လောက်ပဲ လှပနေပါစေ၊ နီးစပ်ခြင်းက နှစ်ယောက်လုံးကို နာကျင်စေမယ်ဆိုတာ ကြိုသိနေတဲ့ ပါဂျဲဟာ နောက်ဘဝဆိုတာ ရောက်ခဲ့ရင် သူ့ကို ထပ်ပြီး ရွေးချယ်နေမှာစိုးတဲ့အတွက် ချစ်တဲ့စိတ်ကြောင့် အသည်းမာမာနဲ့ တစ်ချက်မှလှည့်မကြည့်ဘဲ လက်လွှတ်ပေးလိုက်ပါတယ်။
လွမ်းတဲ့သူနဲ့ လွမ်းရတဲ့သူမှာ ဘယ်သူကပိုပြီး ပင်ပန်းရသလဲဆိုတာက အဓိပ္ပာယ် ရေရေရာရာမရှိပေမဲ့ နောက်ထပ် ဘဝပေါင်း ၉၉၉ ဘဝမှာ ထန်းဘုတ်စစ်သူကြီးတစ်ပါးဖြစ်တဲ့ ကျူးပါဂျဲဟာ သူချစ်ရတဲ့သူတွေကို နာကျင်စွာ ကျောခိုင်းရဦးမှာ ဖြစ်ပါတယ်။
အဆုံးသတ်မှာတော့ ချစ်ခြင်းမေတ္တာတစ်ခုဟာ ပိုင်ဆိုင်ရသည်ဖြစ်စေ၊ ဝေးကွာခဲ့ရသည်ဖြစ်စေ တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ထိ နှစ်နှစ်ကာကာ ချစ်ကြသလဲဆိုတာပဲ အဓိကဖြစ်တဲ့အတွက် ကျွန်တော်တို့မှာရော ပါကျဲလို စွန့်လွှတ်ရဲတဲ့ သတ္တိမျိုးရှိရဲ့လားဆိုတာကို Chapter 4 က မေးခွန်းထုတ်သွားခဲ့ပါတယ်။တစ်စုံတစ်ယောက်ရဲ့ရည်းစားမဖြစ်ချင်ဘူးဆိုတဲ့သူက? အခုတော့တစ်စုံတစ်ယောက်ရဲ့ ဇနီးဖစ်နေတာကို Tom ကခုထိနားမလည်နိုင်ဖြစ်နေပါတယ် Summerက Tomနဲ့ ဘယ်တုန်းကမှမသေချာခဲ့တဲ့ အရာတွေဟာ အခုတစ်ယောက်နဲ့မှအကုန်သေချာသွားပါတယ် ဒီတစ်ယောက်နဲ့တွေ့ ပြီး Tomပြောဖူးတဲ့အချစ်ဆိုတာကို နားလည်သွားတာဖြစ်ပါတယ် အချစ်တို့ဖူးစာရှင်တို့နဲ့ပက်သက်လို့ တွန် ပြောခဲ့တဲ့အရာတွေကအမှန်တွေပဲလို့ Summerက လက်ခံနိုင်သွားပါတယ် တွန်မှားခဲ့တဲ့တစ်ခုထဲသောအရာကတော့ Summero
သူ့ဖူးစာရှင်လို့ ထင်ခဲ့တာပဲဖြစ်ပါတယ်
ဆုံးရှုံးမှုဆိုတာ ဘာမှန်းတောင်မသိတာက လူတိုင်းလိုချင်တဲ့ အချစ်မျိုး ဖြစ်နိုင်ပေမဲ့ တကယ့်အချစ်စစ်ဆိုတာ ပျော်စရာ အခိုက်အတန့်အတိုလေးပဲ မဟုတ်ပါဘူး ကားထဲမှာ ရန်ဖြစ်တာတွေ လိုအပ်ရင် စိတ်ခွန်အားပေးတာတွေ ကိုယ့်အတွက်ပါ သန်မာပေးတာတွေ အားနည်းချိန်မှာ ကာကွယ်ပေးတာတွေ အတူတူ ကြီးပြင်းလာတာတွေ တစ်ယောက်ကို တစ်ယောက် စောင့်ရှောက်ပေးတာတွေ စတဲ့ စတဲ့ အသေးအဖွဲလေးတွေ သန်းနဲ့ချီ စုပေါင်းထားတာကမှ မချစ်ပါ ဘဝဆိုတာကလည်း ပျော်စရာအခိုက်အတန့် တိုတိုလေးမဟုတ်သလို ထာဝရ ဘဝဆို ပိုလို့တောင် ရှည်လျားပါ သေးတယ်
2026-09-05 10:09:10
0
phyu phyu win :
right 👍
2026-09-04 05:03:05
0
-”..”_💟_”..”-★ :
လင်လိုချင်တယ် ”
2026-09-04 01:50:27
0
NeiNei ThaphaNo :
ဖြတ်လိုက်ပီ
2026-09-04 07:08:01
0
To see more videos from user @zay_myo_aung2666, please go to the Tikwm
homepage.