@dyqu219n6yvr: သတိထားကြပါတော့ FDA မှ စားသုံးရန်မသင့် အစားအသောက် ၂၃ မျိုး ထုတ်ပြန် စားသုံးရန်မသင့်ကြောင်း FDA မှ ထုတ်ပြန်လိုက်သည့် အစားအသောက် အမှတ်တံဆိပ် ( ၂၃ ) မျိုး လုံးဝ (လုံးဝ) ရှောင်သင့်ပါတယ် 🚫🚫🚫 ဦးနှောက်သွေးကြောရောင် အဆုတ် နှလုံး သွေးတိုး ဆီးချို ကျောက်ကပ် လေဖြတ် ခလေးသူငယ်တွေ ဥာဏ်ရည်ထိုင်း ခန္ဓာကိုယ်မဖွံ့ဖြိုးပိန်လီခြောက်ကပ် အမျိုးသား ယောင်္ကျားလေးတွေပန်းညှိုးလိင်အင်္ဂါသေးသိမ် အစာအိမ် အူလမ်းကြောင်း လိပ်ခေါင်း စအိုနာ စတဲ့ရောဂါတွေဖြစ်စေနိုင်တဲ့အပြင် ကုရာနတ္ထိဆေး မရှိတဲ့ ကင်ဆာဘုရင် အစားအစာတွေပါ။ အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ၂၀၁၉ ခုနှစ် ဧပြီလမှ ဇွန်လအထိ စားသုံးရန်မသင့်ဟု စစ်ဆေးတွေ့ရှိခဲ့သည့် အစားအသောက် အမှတ်တံဆိပ် စာရင်းများကို ဖော်ပြပေးလိုက်ပါသည်။ FDA မှ ဈေးကွက်၌ ရောင်းချလျက်ရှိသော အစားအသောက် များကို စစ်ဆေးရာတွင် စားသုံးသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်သော ပါဝင်ပစ္စည်းများ အသုံးပြုထားသောကြောင့် စားသုံးရန်မသင့်ကြောင်း ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။ အချိုရည် ( ၉ ) မျိုး ၁။ Queen အမှတ်တံဆိပ်ပါ စတော်ဘယ်ရီအချိုရည် 750ml ပုလင်း၊ ၂။ Aung အမှတ်တံဆိပ်ပါ Juice (သံပုရာဖျော်ရည်) ၃။ Lime Q အမှတ်တံဆိပ်ပါ Instant Lime Drink Mix ၄။ Power Bull အမှတ်တံဆိပ်ပါ Energy Drink ၅။ Fruity အမှတ်တံဆိပ်ပါ အချိုရည် ၆။ Bull အမှတ်တံဆိပ်ပါ အချိုရည် ၇။ Lion အမှတ်တံဆိပ်ပါ (Lion Juice) အချိုရည် ၈။ Super Frozen အမှတ်တံဆိပ်ပါ အချိုရည် ၉။ NSS C-Plus အမှတ်တံဆိပ်ပါ အချိုရည် ခေါက်ဆွဲ ( ၅ ) မျိုး ၁။ စတားလိုက် အမှတ်တံဆိပ်ပါ အဆင့်မြင့် ခေါက်ဆွဲ ၂။ ချမ်းမြေ့အောင် အမှတ်တံဆိပ်ပါ စပါယ်ရှယ် ဂျုံခေါက်ဆွဲ ၃။ စိန်တံဆိပ် အမှတ်တံဆိပ်ပါ ကြက်ဥခေါက်ဆွဲ ၄။ ဝမ်းစတား အမှတ်တံဆိပ်ပါ အဆင့်မြင့် ခေါက်ဆွဲ ၅။ ဂန္ဓမာပန်း အမှတ်တံဆိပ်ပါ ခေါက်ဆွဲ ပဲပြား ( ၃ ) မျိုး ၁။ အဝိုင်းတံဆိပ် (ပဲပြား) ၂။ တြိဂံတံဆိပ် (ပဲပြား) ၃။ စကြာင်္တံဆိပ် (ပဲပြား) ငရုတ်ဆီ ( ၂ ) မျိုး ၁။ ကြက်ဖ အမှတ်တံဆိပ်ပါ ငရုတ်ဆီ၊ ၂။ အောင်သိဒ္ဓိ အမှတ်တံဆိပ်ပါ ငရုတ်ဆီ၊ အခြားစားသောက်ကုန် ( ၄ ) မျိုး ၁။ အောင်ထက်ဖြိုး အမှတ်တံဆိပ်ပါ တုတ်ထိုးချိုချဉ် ၂။ နှင်းပုလဲ အမှတ်တံဆိပ်ပါ ငရုတ်အရောင်တင်မှုန့် ၃။ Mi Ki Ko အမှတ်တံဆိပ်ပါ ချယ်ရီသီး၊ ၄။ ရွှေပိတောက် အမှတ်တံဆိပ်ပါ ဆန်ကြာဇံ အထက်ဖော်ပြပါ အစားအသောက်များသည် ခွင့်မပြုတာရှည်ခံ ဓာတုပစ္စည်းများ၊ ခွင့်မပြုဆိုးဆေးများ ပါဝင်ပြီး ခွင့်ပြုအစားအသောက် ထပ်ဖြည့်ပစ္စည်းများကို သတ်မှတ်ပမာဏထက် ပိုမိုကျော်လွန် သုံးစွဲထားခြင်းကြောင့် ရေရှည်စားသုံးမိပါက အစာအိမ်၊ အသည်း၊ ကျောက်ကပ်များ ပျက်စီးနိုင်ခြင်းနှင့် ကင်ဆာရောဂါများ ဖြစ်ပွားစေနိုင်ပါသည်။ ကြက်ကြော်ကို တစ်ပတ်တစ်ကြိမ်ထက် ပိုစားပါက အရွယ်မတိုင်ခင် သေဆုံးနိုင် အမျိုးသားအစားအသောက်ဥပဒေ ပုဒ်မ ၂၈(က) အရ အစားအသောက်ထုတ်လုပ်၊ ဖြန့်ဖြူးရောင်းချသူများသည် အစားအသောက်တွင် သုံးစွဲရန် ခွင့်မပြုသော ဆိုးဆေးများ၊ ခွင့်မပြု တာရှည်ခံဓာတုပစ္စည်းများကို အသုံးပြုပြီး၊ ခွင့်ပြုအစားအသောက် ထပ်ဖြည့်ဓာတုပစ္စည်းများကို သတ်မှတ်ပမာဏအတွင်း အသုံးမပြုပါက အရေးယူခံရမည် ဖြစ်သည်။ လက်ရှိကတော့ စားသောက်ကုန်ရောင်းချနေတဲ့လိုင်စင်ရှိတဲ့ ဆိုင်အသီးသီးကို အသိပေးပြီးဖြစ်ပါတယ်။ တစ်ချို့သာမာန်ဆိုင်အသီးသီးကတော့ ရောင်းချနေဆဲဖြစ်ပါတယ်။ မိဘပြည်သူတွေ ဆင်ခြင်စားသုံးလို့ရအောင် တင်ပြရခြင်းဖြစ်ပါတယ်။ တစ်ဖြည်းဖြည်းနဲ့ထိရောက်စွာအကုန်အရေးယူနိုင်ဖို့ ဆောင်ရွက်လျှက်ရှိနေပါတယ်။ လုပ်ငန်းရှင် အသီးသီးက တားမြစ်စားသောက်ကုန်ပစ္စည်းတွေကိုဒီတံဆိပ်နဲ့ အရေးယူခံရလို့ရှိရင် တစ်ခြားနောက်နာမည်တစ်ခုတံဆိပ်ရိုက်ပြီး စျေးကွက်ထဲပြန်ရောင်းနေကြတော့ FDA တာဝန်ရှိသူတွေအဖို့ တော်တော်ကြိုးစားကြပ်မတ်ပြီးစီစစ်အရေးယူဆောင်ရွက် ဖော်ထုတ်လျှက်ရှိနေပါတယ်။ လမ်းဘေး တုတ်ထိုးဆိုင်အသီးသီးမှာ လုပ်ရောင်းနေတဲ့ အချဉ်ရည်ငရုပ်ဆီအမျိုးမျိုးဟာ ကင်ဆာကုန်သည်ကြီး တွေဖြစ်ပါတယ်။ တစ်နေ့အဲ့ဆိုးကျိုးတွေ ခန္ဓာကိုယ်ကလီစာတွေထဲမှာ ရောဂါတစ်ခုမဟုတ်တစ်ခု လက်တွေ့ခံစားရမှာဧကန်မလွဲပေ ။ လမ်းဘေးအစားအစာ အကင် တုတ်ထိုး အသုတ်စုံ စတာတွေ ဖြစ်နိုင်ရင်လုံးဝမစားပဲ ရှောင်သင့်ပါသည်။ Credit: FDA (အစားအသောက်နဲ့ဆေးဝါးကွတ်ကဲရေးဦးစီးဌာန)#ကျန်းမာရေးဗဟုသုတများမျှဝေမည် #ကျန်းမာရေးဗဟုသုတရကြပါစေ#လေးစားစွာcrd

Anna OnIine shop👨‍👩‍👧
Anna OnIine shop👨‍👩‍👧
Open In TikTok:
Region: MM
Saturday 29 August 2026 05:58:08 GMT
446031
17464
199
8604

Music

Download

Comments

phyo83832
yamone :
အ ခုပြောတဲ့ အချိုရည်9မျိုး ခေါက်ဆွဲ5မျိုး ပဲပြာ3မျိုး ငရုပ်ဆီ2မျိုး အခြာစားသောက်ကုန်4မျိုး တစ်ခုမှကြားလဲမကြားဖူးဘူး မြင်လဲမမြင်ဖူးဘူး ဈေးထဲမှာလဲမမြင်ဖူးဘူး ရန်ကုန်မြို့ကဈေးတွေထဲမရောင်းပဲ တခြားနယ်ဘက်တွေကိုပို့တာထင်တယ်
2026-08-29 09:29:13
55
abbeysiri
Abbey Siri :
FDA certificate ရတဲ့သူတွေရော FDA ရုံးက တကယ်စစ်လားမေးကြည့်ပါအုံး ကွင်းဆင်းတိုင်း ဆာလာအိတ်နဲ့ သယ်ဖို့ ဒုညွှန်နောက်က လူတွေဘယ်နှစ်ယောက်ပါလာလည်းနဲ့ အဆင့်ဆင့် ဘယ်လောက်ပေး ရတယ်ဆိုတာလေးလည်းမေးကြည့်ပါအုံး လို့
2026-08-29 11:50:40
72
jokerlay6169
DM Soap တောင်ဒဂုံ :
သိမ်းလိုက်ရင်ဘေးကင်းသွားမှာစိုးလို့ သတိပေးနေတာ တမျိူးလေးနော်
2026-08-29 12:59:22
13
waiponla6
waiponla :
ရောင်းသူ/ထုတ်လုပ်သူတွေကိုဖမ်းလိုက်ရင်နောက်လုပ်ရဲပါမလား၊ မတရားဘူးမပြောနဲ့၊ မိသားစုတစုကောင်းဘို့အတွက်၊ ကျန်ရစ်သူမိသားစုအများကသေရမှာမမျှတဘူး။
2026-08-29 08:47:26
21
naing.naing2072
ပန်းပျိုးတဲ့လက် :
စားသောက်ကုန်မှ တာန်ရှိသူက အရေးယူဆောင်ရွက်ပေးပါ ကျန်းမာရေးနဲ့ မကိုက်ညီတဲ့အစားသောက်များကို ထိရောက်စွာအရေးယူပေးပါဗျာ🥺🥺🥺
2026-08-29 23:30:53
2
ko.ko.nge458
Ko Ko Nge :
အစိုးရက သတိပေးချက်ထုတ်ပြန်မယ့်အစား ကျန်းမာရေးနဲ့ မညီညွတ်ရင် အဲ့ကုန်ထုတ်တဲ့ ပစ္စည်းကိုသိမ်း စက်ရုံကို ပိတ်သိမ်းသင့်တယ်
2026-08-29 16:13:02
6
yinyinhtwe1027
@yinyinhtwe$ :
သေခြာရင် ပိတ်သိမ်းပါလားလို့
2026-08-29 14:13:00
3
daw.khin.zaw.aung
Daw Khin Zaw Aung :
မှတ်ထားရမယ်
2026-08-29 08:12:02
7
naing_lin7
AungNaing :
တကယ်မမှန်မကန်ဖြစ်နေ တာဝန်ရှိအဖွဲ့အစည်းက ထိရောက်စွာဖမ်းရေ မကြည့်မိသူဘယ်လိုသိမလဲ
2026-08-30 00:12:55
0
win.bowin.bo
win boWin Bo :
FDA ကြည့်လုပ်နော်
2026-08-29 12:57:41
2
sar.ra.a.love.god
sar ra a love god :
ကျေးဇူးတင်တယ် တင်ပေးလို့🥰🥰
2026-08-29 10:25:53
6
lwinlwin1896
M M :
မသိသူတွေသိရအောင်လို့ စေတနာဖြင့်မျှဝေထားပါတယ်👍👍👍👌👌👌
2026-08-29 11:26:05
3
nyi.nyi0289
Nyi Nyi :
2019လိုရေးပြထားသလားလို့..အခုက2026ဖြစ်နေပြီလေ
2026-08-29 12:56:37
5
u.kyaw.oo536
U Kyaw Oo :
အဲလိုကြော်ငြာတာမထိရောက်ပါဘူး ဘယ်ပစ္စည်း ဘယ်စားသောက်ကုန်က စားသင့်တယ်မစားသင့်ဘူး လူတိုင်းမသိပါ ဆိုင်မှာစစ်ဆေးပြီး သိမ်းဆည်းခြင်းသာပို၍ထိရောက်နိုင်ပါတယ်။
2026-08-29 16:11:46
3
nyi.nyi.tun450
Nyi Nyi Tun :
ထုပ်လုပ်ခွင့်ပိတ်သိမ်းရမှာလေ
2026-08-29 16:06:39
2
taye9119nej
May May :
မှတ်ထားပါ့မယ်ရှင့်
2026-08-29 09:27:17
2
kyu.kyu.hmwe2
Sabal Phyu :
ကြက်ဖ တံဆိပ်နဲ့ ဂန္တမာပန်း တံဆိပ်က အမြဲပါ
2026-08-29 08:26:54
3
thawg81
👊🏻Thaw G💨 :
အဲ့နာမည်တေ မကြားဖူးပေမယ့် အခုသတ်နေတာ အစားအစာတေက တရော်ကုတ်မုန့်တေ အချိုရည်တေပါ အမွှေးအကြိုင်အရမ်းကောင်းတဲ့ ကြွပ်ကြွပ်လေးတေ ကလေးတေအရမ်းးးစားး ကျောင်းတေမာပိုဆိုးးး အခုမဖစ်တာ ကြာရင် အကုန်မျိုးတုန်းမာပါ တားပေမယ့် သူလည်းမရှိသလို တားလို့လည်း မရဘူး အနာဂတ်ရင်လေးတယ်😖
2026-08-29 10:29:07
14
ma.nann0565
NN :
ပြည်သူကိုမသုံးနဲ့လို့ပြောမယ်အစားစျေးကွက်ထဲမရောက်အောင်ပိတ်လေပြည်သူကိုသတိပေးတာမဝုတ်ပဲလိုင်းကြေးမရလို့သတိပေးတာလား
2026-08-29 13:26:06
6
chanko6791
NYEIN CHAN ✅ :
ကျေးဇူးပါဗျာ
2026-08-29 14:09:54
2
myoeminnthein8
Minn Khant :
ထုတ်လုပ်သူတွေကို ဖော်ထုတ်ဖမ်းဆီးထိရောက်စွာ အရေးယူရမှာပါ👈သူ့တို့လိုမျိုး နောက်ထုတ်လုပ်သူတွေ မလုပ်ရဲတော့မှာပါ
2026-08-29 13:47:18
3
usekin12
usekin12 :
သူတို့နဲ့အဆင်ပြေရင် ခွင့်ပြုတဲ့အသံတွေထွက်နေတော့လည်းပြည်သူကရောင်လည်လည်ကါ
2026-08-29 12:49:50
3
atar.mg8
ATAR MG :
ခုမှဘဲကြားဘူးတယ်အဲ့တာတေမသိတော့မသုံးဖြစ်ဘူးကျေးဇူး🥰
2026-08-29 10:22:40
2
ah.nann195
𝓐𝓱 𝓝𝓪𝓷𝓷 :
ထုတ်လုပ်သူကိုပဲအရေးယူပါလားဆိုင်မှာရောင်းနေသရွေ့ဝယ်စားမိနေမှာပဲ
2026-08-29 14:07:56
2
To see more videos from user @dyqu219n6yvr, please go to the Tikwm homepage.

Other Videos


About