@eainhmue66: မေမေဟာ အသန်မာဆုံး အမျိုးသမီး လောကဓံ ဘယ်လောက်ရိုက်ခက်ပါစေ သူ့အတွက်မကြည့်တဲ့ အမျိုးသမီး။ မေမေဟာ ငိုဖို့ခက်တဲ့ အမျိုးသမီး ဝမ်းနည်းစရာတွေ ဘယ်လောက်ရှိနေပါစေ မေမေ့ မျက်ရည်တွေ ကျဖို့ခက်တဲ့ အမျိုးသမီး။ မေမေဟာ မျက်ရည်ချူပြီး နှစ်ခါပူဆာဖို့မလိုအောင် ထားပေးခဲ့တဲ့ အမျိုးသမီး သားသမီးပျော်ရွှင်မှုသာ ပြည့်စုံအောင်ဖြည့်စီးပေးသူ။ မေမေဟာ ငါ့အတွက် တံတိုင်းသဖွယ် ရပ်တည်ပေးတဲ့အမျိုးသမီး အပြစ်မမြင်သူ စိတ်အေးချမ်းအောင်နေတတ်သူမေမေ ဘယ်လောက်ပဲ အမေ့အတွက်ခက်ခဲနေပါစေ ရအောင်ဖြည့်စီးပေးတတ်တဲ့ အမေ့အိမ်ကနေ ဘယ်လိုဝေးဝေးပြေးပါ့မလဲ။ မေမေ့ အိမ်ကနေဘယ်လောက် ဝေးအောင်ပြေးချင်နေပါစေ အမေ့အိမ်လောက် ဘယ်သူကထမင်းဝအောင်ကျွေးထားနိုင်မလဲ၊အမေ့အိမ်လောက် ဘယ်အိမ်က နွေးထွေး လုံခြုံပါ့မလဲ၊အခက်အခဲတွေရင်ဆိုင်ရရင်ရော အမေ့လောက် ဘယ်သူကာကွယ်ပါ့မလဲ။ လောကကြီးမှာ မေမေ့ထက်ဘယ်သူက ပိုကြင်နာနိုင်ပါ့မလဲ၊ဘယ််သူကကော အနစ်နာခံနိုင်ပါ့မလဲ။ အမေ့မှာရှိတဲ့ အရာအားလုံးကုန်ပါစေ အမေ့သားတွေသမီးတွေအတွက်သုံးနိုင်တယ်ဆိုပြီး ဘယ်သူတွေကပြောနိုင်ပါ့မလဲ။ အမေ့သားတွေသမီးတွေက သန်မာတယ်ဆိုပြီးတော့ရော အမေ့ထက်ဘယ်သူက နှစ်သိမ့်နိုင်ပါ့မလဲ။ အမေ့ဟာ ရှေ့ရေးကြိုမြင်တတ်သူ၊မချုပ်ချယ်တတ်သူ။ အရွယ်မရောက်ခင် အမေ့အိမ်ကဝေးဝေးပြေးချင်တဲ့ အိမ်မက်ကလေးက၊ခုတော့ အိမ်မက်ဆိုးကြီးတစ်ခုလိုခြောက်လန့်နေဆဲ၊မေမေ့နားမှာ ကလေးတစ်ယောက်လိုနေချင်နေဆဲ၊ပြဿနာတွေတတ်တိုင်း မေမေ့ ရင်ခွင်ထဲမှာ ကြောင်လေးသဖွယ်နေချင်နေဆဲ။ မေမေဟာ တံတိုင်း ဆူးတွေအပြည့်နဲ့ အုတ်တံတိုင်းသဖွယ် ကာကွယ်ပေးသူ၊ မေမေဟာ မိုးရွာချိန်တိုင်း ထီးသဖွယ် လုံခြုံစေသူ မေမေ့အတွက် လောကဂဓံ ကြမ်းနေပါစေဦး ငါ့အတွက် ချောမွေ့နေစေချင်သူ မေမေဟာ ငါ့အတွက် အချောမွေ့ဆုံးလမ်းတွေ ခင်းပေးသူ အမေရှိနေလို့သာ အသက်ရှုချောင်စေခဲ့တာ အမေရှိနေလို့သာ ဘဝဟာဘဝမှန်းသိတတ်စေခဲ့တာ အမေဆုံးမစကားတွေကြောင့်သာ လိမ်မာတတ်ခဲ့တာ အမေ့ရဲ့ပြုစုမှုတွေကြောင့်သာ လူဖြစ်ခဲ့ရတာ အမေ့ရဲ့ ထောက်ပံ့မှုတွေကြောင့် လူရာဝင်ခဲ့ရတာ အမေသာတွေးမပေးရင် ဒီနေရာမှာ ကျွန်မဆိုတာရှိနေတာမှာမဟုတ်ခဲ့ဘူး။ ကျွန်မဘယ်လောက်ဆိုးနေပါစေ မေမေသည်သာခွင့်လွှတ်နိုင်မှာ၊သည်းခံနိုင်မှာကျွန်မသိတယ်။ ဒီနေ့မှာတော့ မေမေ့ရဲ့ ထောက်ပံ့မှုတွေကို သိပ်ကျေးဇူးတင််ရမိပါတယ်။ ငယ်ဘဝက စလို့ ချစ်တယ်လဲမပြောဖူး၊ကျေးဇူးတင်တယ်တယ်ဆိုတာလဲ မပြောခဲ့ဖူး။ ဒီနေ့မှာတော့ မေမေ့ကိုကျေးဇူးလဲတင်သလို၊အများကြီးလဲချစ်ပါတယ်။ #တိမ်လွှာချို #fyp #fyppppppppppppppppppppppp #myhero #mom
အူးလာ🥔
Region: MM
Saturday 29 August 2026 06:10:25 GMT
Music
Download
Comments
အူးလာ🥔 :
အဖေဟာလည်း ကျွန်မဘဝရဲ့ အားကိုးရာနဲ့ အနွေးထွေးဆုံးအရိပ်အာဝါသတစ်ခုပါ။ မိသားစုအတွက် ပင်ပန်းနေသော်လည်း မပြောဘဲ အမြဲကြိုးစားပေးပြီး သားသမီးတွေပျော်ရွှင်ဖို့ ကိုယ့်အပူကို မေ့ထားတတ်တဲ့သူပါ။ အဖေ့ရဲ့ မေတ္တာနဲ့ ကျေးဇူးတွေကို ဘယ်လောက်ပဲ ပြန်ဆပ်ဆပ် မလုံလောက်ပါဘူး။အဖေ့ကို အရမ်းချစ်ပြီး အမြဲတမ်း ကျန်းမာပျော်ရွှင်နေစေချင်ပါတယ်🥺❤️
2026-09-03 03:25:40
13
Labang Lu🇻🇦💗💗 :
အမေမရှိဘို့လာမသိဘူး ငယ်ကတည်းကပင်ပန်တာအခုထိဘဲ မေတ္တာဆိုကဘာမှန်တောင်မသိဘူး🥺🥺😭😭။ အဖေကို့ကျေးဇူးမတင်တာမဟုတ် အဖေလည်းချစ်တယ်ဒါပေမဲ့အဖေက ရင်ထဲကဘဲ မထုတ်ပြဘူး မေတ္တာငတ်နေတဲ့ သူပါ🥹🥹😭
2026-09-03 00:44:25
7
Zylith✅ :
အဖေဘက်ကိုကောမကြည့်ပေးတော့ဘူးလား
2026-09-01 08:40:32
34
數|•𝐌𝐚𝐱𝐱✰ :
A world of motherly love
2026-08-30 10:17:30
11
KNA🥰 :
post တင်သူလေးကိုကျေးဇူးတင်ပါတယ်သမီးလေးကဒီမေမေအချစ်တွေသိသွားလို့ကျေနပ်နေပီ...🥰
2026-09-02 04:31:03
7
❣🖤Mãÿ Tĥãźíñ❣🖤 :
ဘဝမှာ အမေဆိုတာ မရှိတော့ရင်ဆိုတဲ့ အတွေးလေးတောင် မတွေးရဲဘူး😢
2026-09-03 02:26:32
4
Ei Myat Noe Oo :
ဒါအမှန်ပဲ😍
2026-09-03 06:02:49
1
Alvina :
အမေရှိလို့လွယ်ကူသလို
အဖေရှိလို့လုံခြုံမှုရှိတယ်♥️
2026-09-03 04:48:44
1
Su Myet :
အမေရှိတဲ့သူတွေအတွက်တော့ဟုတ်တာပေါ့😔
2026-09-03 04:14:05
1
Pyae Sone San Thinn :
တို့အမေကိုကြောင်မကြီးလို့ခေါ်ခဲ့တာအဝေးရောက်တော့အရမ်းလွမ်းတယ်😢
2026-09-03 01:28:56
1
🍺Hnin🍺 :
တကယ်ပါအမေရှိလို့အားတွေရှိပီးအလုပ်တွေလုပ်နိုင်နေတာ အသက်ရှည်ရှည်နေပေးပါအဖေနဲ့အမေ
2026-09-03 01:14:05
2
ပိုးလုံးလေး(Chongqingငရုပ်သီး) :
ပြန်တင်မယ်နော်🌻
2026-09-03 03:34:06
1
susu :
မသန်မာရင် ကိုယ့်သားသမီးဒုက္ခရောက်သွားမှာပေါ့💛💛🥰 တခါတလေကျတော့လဲပင်ပန်းလိုက်တာ
2026-09-03 00:40:44
1
🌟✨𝓣𝓱𝓲𝓷𝓣𝓱𝓲𝓷𝓼𝔀𝓮💫💥 :
လွမ်းတယ်မေမေ🥺
2026-09-03 00:07:35
1
Kaythi♉️ :
အမေမရှိတဲ့နေ့ကစပြီးအမှောင်ကျသွားတယ်🥺🥺
2026-09-02 16:51:06
1
🎀𝓣𝓱𝓲𝓷 𝓣𝓱𝓲𝓷 𝓜𝔂𝓪𝓽🎀 :
ငယ်ငယ်ကတည်းအဖေလိုတမျိုးအမေလိုတမျိုးပြုစုပေးခဲ့တွက်အမေ့ကိုအရမ်းချစ်ပါတယ်🥰
2026-09-02 13:48:14
2
👸G👸 :
လွမ်းတယ်ဖေနဲ့မေ
2026-09-02 19:32:14
1
shoon lae wai :
အမှန်ဘဲအဖေမရှိတော့ အမေမရှိမှာကိုတွေးကြည့်မရဘူးအမေသာမရှ်ရင်ဘဝကဘာအတွက်မှကြိုးစားစရာမရှိတော့ဘူး
2026-09-02 13:47:01
1
Thae Su Su Khing :
သိပ်မှန်တာပေါ့
2026-08-30 20:10:26
3
Khin Wyut Hmone🍀🍀🍀 :
စာသားလေးလိုချင်ပါတယ်😳😳
2026-09-02 11:49:35
2
Hsu Myat Nwe♊🥴 :
ကိုယ့်အတွက်တော့ ဒါပုံပြင်လေးပါ မျောက်ကမှမိခင်စိတ်ရှိသေး ငါ့အမေနဲ့တော့ ကွာပါ့🙄
2026-09-02 15:54:05
4
✨ :
အမေကသူသိပ်သဘောကျပါတယ်ဆိုတဲ့ ကောင်းကင်ပြာကြီးနဲ့တိမ်တွေပေါ်မှာ အေးအေးချမ်းချမ်းရှိနေပြီ💔
2026-08-31 15:12:25
4
To see more videos from user @eainhmue66, please go to the Tikwm
homepage.