@bagonews.burmalocal: စာမရေးတတ်တဲ့ အုပ်ချုပ်ရေးမှူးက ထောက်ခံစာရေးဖို့ မြေးကို အားကိုးနေရပြီး ငွေမပေးနိုင်သူတွေကို စစ်မှုထမ်းခိုင်းမယ်လို့ ခြိမ်းခြောက်နေ ပဲခူးတိုင်း၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၊ ပြင်းပုန်းအုပ်စုမှာ စာရေးစာဖတ်ကျွမ်းကျင်မှု အားနည်းတဲ့ အုပ်ချုပ်ရေးမှူးတစ်ဦးဟာ ဒေသခံတွေ ထောက်ခံစာလာရောက်တောင်းခံတဲ့အခါ ကိုယ်တိုင်ရေးသားမပေးနိုင်တာကြောင့် မြေးဖြစ်သူကို ရေးသားခိုင်းပြီး လုပ်ငန်းတွေ ဆောင်ရွက်နေတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ ပြင်းပုန်းအုပ်စု အုပ်ချုပ်ရေးမှူး ဦးသိန်းထွန်းဟာ အခြေခံပညာအဆင့်တောင် မအောင်မြင်ခဲ့သူဖြစ်ပြီး စာရေးစာဖတ်ရာမှာ အခက်အခဲရှိတာကြောင့် ထောက်ခံစာနဲ့ အခြားစာရွက်စာတမ်းတွေကို မြေးဖြစ်သူက ဝင်ရောက်ရေးသားပေးနေရတယ်လို့ ဆိုပါတယ်။ ထောက်ခံစာလာယူသူတွေဆီက ငွေကြေးတောင်းခံမှုတွေရှိပြီး ပေးဆောင်ရမယ့်ငွေကို အုပ်ချုပ်ရေးမှူးရဲ့ ဇနီးဖြစ်သူ ဒေါ်မိပွေးထံ ပေးအပ်ရတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ငွေမပေးနိုင်သူတွေကိုတော့ “မအားဘူး” လို့ ပြောဆိုကာ လုပ်ငန်းကို မဆောင်ရွက်ပေးတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။ အဆိုပါ အုပ်ချုပ်ရေးမှူးဟာ လစဉ် စစ်မှုထမ်းကြေး ကောက်ခံရာမှာလည်း မိမိနဲ့ အဆင်ပြေတဲ့ အိမ်ထောင်စုတွေကို ချန်လှပ်ပေးပြီး အဆင်မပြေသူတွေထံက ပိုမိုတင်းကျပ်စွာ ကောက်ခံတာတွေ ရှိနေတယ်လို့ ဒေသခံတွေက ဆိုပါတယ်။ စီးပွားရေးအဆင်ပြေတဲ့ အိမ်ထောင်စုတွေက တစ်လလျှင် ကျပ် ၅ သောင်းကနေ ၁ သိန်းအထိ ပေးဆောင်ရပြီး အခက်အခဲရှိတဲ့ အိမ်ထောင်စုတွေကတော့ ကျပ် ၁ သောင်း၊ ၂ သောင်းဝန်းကျင် ပေးဆောင်ရတယ်လို့ သိရပါတယ်။ လက်လုပ်လက်စားအလုပ်နဲ့ နေ့စဉ်ဝင်ငွေရှာဖွေနေရသူတွေအနေနဲ့ ငွေကြေးမပေးနိုင်သေးလို့ တစ်ရက်၊ နှစ်ရက်စောင့်ပေးဖို့ တောင်းဆိုတဲ့အခါမှာလည်း လက်မခံဘဲ စစ်မှုထမ်းထဲ ထည့်မယ်၊ စစ်သားတွေကို ခေါ်ပြီး ရိုက်ခိုင်းမယ်ဆိုတဲ့ ခြိမ်းခြောက်ပြောဆိုမှုတွေ ပြုလုပ်နေတယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။ ထို့အပြင် စစ်မှုထမ်းကြေး ပေးဆောင်ထားသူတွေတောင် ကျေးရွာအတွင်း လူစုဆောင်းတဲ့အခါ ပါဝင်ရတာတွေ ရှိနေသေးတယ်လို့ ဒေသခံတွေက ပြောဆိုထားပါတယ်။ #fyp #foryou #foryoupage #viral #breakingnews

BAGO NEWS LOCAL  ⛎
BAGO NEWS LOCAL ⛎
Open In TikTok:
Region: MM
Saturday 29 August 2026 06:54:25 GMT
43144
1027
27
157

Music

Download

Comments

yno603
yno603SaiThein :
ဘယ်နှစ်ခုနှစ်ကလည်း😂
2026-08-29 10:52:21
1
myintnaingmyintna30
&~ßĵÿ :
မြေးဖြစ်သူကိုစာရေးခိုင်းပေမဲ့ကျေးရွာနေပြည်သူလူထုအတွက်အဆင်ပြေအောင်ဆောင်ရွက်ပေးတဲ့သူဆိုမဆိုးပါဘူး
2026-08-29 12:50:01
2
ashin.vilasa24
ASHIN WI LAR Tha(Thit Koe Pin) :
သစ်ကိုးပင်ရွာလည်းဒီလိုထပ်တူပါဘဲ
2026-08-30 05:11:39
1
user4532455475001
user4532455475001ပြန်လာပါလမင်း :
❤️❤️
2026-08-29 14:17:13
0
useviber66980636790
#saiaungkyaw :
ဘာလုပ်တော့မှာလည်း
2026-08-30 13:28:42
0
user1633540529816
ဒေါ်သီတာ🥰🥰 :
😁😁😁😁😁
2026-08-29 13:13:59
0
ashinn77
အလင်းရောင် :
2026-08-29 08:48:34
0
user62972743103877
kolay.me01 :
မပြောရဘူးလေ
2026-08-29 10:51:52
0
sandar33922
sandar33 :
ဟောတော်
2026-08-29 08:35:37
0
zin.zin4293
Zin Zin :
နယ်မှာတွေလဲရှိတယ်အဲလိုပဲ
2026-08-29 07:42:10
2
swe.swe1637
swe swe :
တင်မြှောက်ထားတဲ့ရွာသားတွေကိုပဲအံ့သြပကမ္ဘောဇ
2026-08-29 08:16:09
0
user92329575549327
စစ်ကိုင်းသားလေး :
ဒီလို အုပ်ချုပ်ရေးမှူး အမြန်ရှင်းပြစ်ပါ🌹
2026-08-29 11:20:02
0
moe24296
သစ်ခွ💤 :
စာရေးမတဲစကား
2026-08-29 09:51:52
0
os7898
Řosê :
😁😁😁
2026-08-29 08:20:46
0
noe.noe39113
kaungmyatoo😺😻 :
😁😁😁😁😁😁😁
2026-08-29 08:57:34
0
lone23457
lone2345 :
😂😂😂😂
2026-08-29 11:53:26
0
user6613391744907
ဟိန်း :
😂😂😂
2026-08-29 09:42:10
0
u.myo.thant16
U Myo Thant :
😳😳😳
2026-08-29 12:38:08
1
zaw.win.latt527
zaw win latt :
🤣🤣🤣🤣🤣🤣🤣
2026-08-29 10:12:30
0
daw.kyi.myint756
Daw Kyi Myint :
🥰🥰🥰
2026-08-29 08:26:54
0
user864520110
Cherry :
😂😂😂😂😂😂
2026-08-29 08:01:50
0
user2052043737481
user2052043737481 :
😳😳😳
2026-08-29 10:13:04
0
mu.mu392
Mu Mu :
😁😁😁😁
2026-08-29 13:00:34
0
kaung.thant530
Kaung Thant :
😊😊😊
2026-08-29 07:32:54
1
To see more videos from user @bagonews.burmalocal, please go to the Tikwm homepage.

Other Videos


About