@nguyenthaonghiemtuc: #thaonghiemtuc

Nguyễn Thảo Nghiêm Túc
Nguyễn Thảo Nghiêm Túc
Open In TikTok:
Region: VN
Saturday 29 August 2026 07:12:56 GMT
384
1
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @nguyenthaonghiemtuc, please go to the Tikwm homepage.

Other Videos

မြစေတီကျောက်စာ(သို့)ရာဇကုမာရ်ကျောက်စာ 🖌️ အေဒီ ၁⁠၁၁၃ ခုနှစ် က ကျောက်တုံးပေါ်တွင် ရေးထိုးခဲ့သော မြစေတီကျောက်စာ သည် မြစေတီ ခြေရင်းနားတွင် တွေ့ရှိရသည်။ရာဇကုမာရ် ရေးထိုးခဲ့သောကြောင့် ရာဇကုမာရ်ကျောက်စာဟုလည်းခေါ်သည်။ အလားတူ ကျောက်စာတစ်ခုကိုလည်း မြစေတီအနီးရှိ အဆောက်အဦးတွင်လည်း တွေ့ရသည်။ ၎င်းကျောက်စာ နှစ်ခုစလုံးတွင် မျက်နှာလေးဖက်ပါပြီး ပါဠိ၊ မွန်၊ မြန်မာ နှင့် ပျူ ဘာသာများတို့ဖြင့် ရေးသားထားသည်။ မြစေတီ ကျောက်စာတိုင်သည် အမြင့် ၅၅ လက်မ ရှိ၍ လေးဖက်လုံးတွင် အကျယ် ၁၄ လက်မရှိသည်။ မြစေတီကျောက်စာအရ ရာဇကုမာရ်မင်းသားသည် ကျန်စစ်သားမင်းနှင့် ကြင်ရာတော် သမ္ဘူလ၏သားဖြစ်သည်ဟု သိရသည်။ ကျန်စစ်သား မင်းဖြစ်သောအခါ သမ္ဘူလနှင့်သား (ရာဇကုမာရ်) မြို့တော်သို့ ရောက်လာသည်။ သို့သော် သားအရင်းဖြစ်သည့် ရာဇကုမာရ်အား ထီးနန်းအရိုက်အရာမပေးနိုင်ပဲ သမီးဖြစ်သူ ရွှေအိမ်စည် နှင့် မွန်ဘုရင် မနူဟာ၏မြေးတော်သူတို့မှ ဖွားမြင်သည့် မြေးတော်အလောင်းစည်သူ အားနန်းလျာထားပြီးဖြစ်သဖြင့် ရာဇကုမာရ်အား ဓညဝတီတောင်စဉ် ၇ ခရိုင်အားပေးခြင်းဖြင့် နှစ်သိမ့်ခဲ့သည်။ ရာဇကုမာရ်ကလည်း ကျေးဇူးသိတတ်သောအားဖြင့် ကျန်စစ်သား နာမကျန်းဖြစ်ချိန်တွင် မိမိပိုင်ရွှေ၊ငွေ ဥစ္စာများဖြင့် ဗုဒ္ဓရုပ်ပွားတော်များ သွန်းလုပ်ပူဇော်ပေးခဲ့သည်။ ထိုသို့သော ကုသိုလ်အကြောင်းကို မြစေတီကျောက်စာအဖြစ် ရေးထိုးခဲ့ခြင်းဖြစ်သည်။ ကျောက်စာတွင် ဆုတောင်းလွှာ နှင့် ကျိန်စာများ ပါရှိသည်။

About