@ubt_bky01: အမျိုးသားတစ်ယောက်က မင်းကို တကယ် ချစ်လာပြီဆိုရင်... ဘယ်တော့မှ မင်းအပေါ်မှာ စိတ်ချလက်ချနဲ့ အပြည့်အဝ ယုံကြည်နေမှာ မဟုတ်ဘူး..." ဒါက မင်းကို အမြဲတမ်း သံသယ ဝင်ပြီး စောင့်ကြည့်နေတာမျိုး မဟုတ်ပါဘူး။ သူတကယ် မြတ်နိုးမိပြီဆိုရင် သူ့ရင်ထဲမှာ မင်း ကို "မဆုံးရှုံးချင်တဲ့စိတ်"၊ "စိတ်မချရတဲ့စိတ်" နဲ့ "သဝန်တိုတတ်တဲ့စိတ်" တွေက အလိုလို အတိုင်းအဆမရှိ ကြီးစိုးလာလို့ပါ။ တကယ်ချစ် တဲ့ ယောက်ျားလေးတွေအတွက် အစိုးရိမ်ဆုံးနဲ့ အထိမခံနိုင်ဆုံးအရာက "တခြားကောင်လေး တွေနဲ့ ပတ်သက်တဲ့ကိစ္စ" ပဲ။ "ဟိုလူနဲ့ မရောနဲ့၊ ဒီလူနဲ့ မပေါင်းနဲ့" ဆိုပြီး တခြားအရာတွေမှာ လိုက်စွက်ဖက်တာထက်၊ ကောင်လေးတွေနဲ့ ပတ်သက်လာရင်တော့ သူတို့ နည်းနည်းလေး တောင် နားလည်ပေးနိုင်မှာ မဟုတ်ဘူး။ ဒါဟာ မင်းရဲ့ အကျင့်စာရိတ္တကို မယုံကြည်လို့မဟုတ် ဘဲ ဆုံးရှုံးရမှာကို သေလုမတတ် ကြောက်နေ လို့ပါ။ မင်းဘက်က ဘယ်လောက်ပဲ ရိုးသား ပါစေ... "တခြားယောက်ျားလေးတစ်ယောက် ရဲ့ စိတ်ကော ရိုးသားရဲ့လား" ဆိုတာ ယောက်ျား လေးချင်းပဲ သိနိုင်တဲ့ လျှို့ဝှက်ချက်မို့လို့ပါ။ တစ်ခါတလေ နှစ်ဦးစလုံးက တကယ်ရိုးသား နေရင်တောင်မှ ကိုယ်ချစ်တဲ့သူက မိမိကလွဲလို့ တခြားသူကို ဦးစားပေးနေတယ်၊ ဂရုစိုက်ပြနေတယ်ဆိုတဲ့ အသိမျိုးကို ဘယ်ယောက်ျားလေး မှ ခံနိုင်ရည်မရှိကြပါဘူး။ ဒါကြောင့် .. ယောက်ျား လေးတစ်ယောက်က မင်းကို တကယ်ချစ်ရင် အပြည့်အဝ စိတ်မချနိုင်ဖြစ်နေလိမ့်မယ်။ အဲ့ဒါ ဟာ အချစ်ကြီးလွန်းလို့ ဖြစ်ပေါ်လာတဲ့ စိုးရိမ် စိတ် သက်သက်ပါ။ အဲ့ဒီလို သဝန်တိုပြီး လိုက် စစ်နေတတ်တာကို အပြစ်မမြင်ပါနဲ့။ သူတို့ဟာ စိတ်ပူလွန်းလို့ အရာရာ လိုက်ပြောချင် ပြောမိလိမ့်မယ်၊ ဒါပေမဲ့ သူတို့ရဲ့ ရည်ရွယ်ချက်နဲ့ အချစ်ကတော့ အင်မတန် ဖြူစင်ပါတယ်။ တကယ်မချစ်တဲ့သူကသာ "မင်းလုပ်ချင်တာ လုပ်၊ ငါ့ကိစ္စမဟုတ်ဘူး" ဆိုပြီး ပစ်ထားမှာပါ။ မင်းဘက်က "ချုပ်ချယ်လွန်းတယ်" လို့ မတွေး မိခင်... သူ့နေရာမှာ တစ်ခါလောက် ဝင်ခံစား ကြည့်ပေးပါ၊ သေချာလေး တွေးကြည့်ပေးပါ။ ကိုယ့်ဆီမှာ ကမ္ဘာပေါ်မှာ အရှားပါးဆုံးဖြစ်တဲ့ "အချစ်စစ်" ကို ပိုင်ဆိုင်ထားရလျက်နဲ့.. ကိုယ် တိုင် နားမလည်ပေးနိုင်မှုကြောင့် လက်လွတ် မဆုံးရှုံးမိပါစေနဲ့ဦး..... #ubt_bky01 #fypage #tiktok #crd

Oishi
Oishi
Open In TikTok:
Region: MM
Saturday 29 August 2026 13:34:08 GMT
229861
16137
100
5159

Music

Download

Comments

swam7283
SWAM :
အဲ့အချက်တွေကို လိုက်လုပ်မိနေတယ်ဆိုရင် ခများထားခဲ့ ခံရဖို့ 80%သေချာနေပီ။ လောကနိယာမအရ လူတွေဟာ အလွယ်တကူရတဲ့ အရာတွေကို တန်ဖိုးမထားတတ်ကြဘူး။ လိုအပ်တဲ့ အချိန်မှာ အလွယ်တကူရတဲ့ အရာမို့ ခများကို ဘေးဖယ်ထားပီး တစ်ခြားအရာတွေ အပေါ်မှာ အာရုံစိုက်လာကြလိမ့်မယ် ။ အချိန်တွေကြလာသည်နှင့် အမျှ သူ့ရဲ့ မှတ်ညဏ်တွေထဲကနေ တစ်ဖြည်းဖြည်းနဲ့ ခများ ပျောက်ကွယ်သွားရလိမ့်မယ် ။ လောကမှာအချစ်ကြီးတဲ့ သူတွေပဲ ကျရှုံးကြရတာ ။ဒါက ရှောင်လွဲလို့ မရတဲ့ အမှန်တရားတွေပဲ
2026-08-30 01:53:49
71
heinlin.thu3
Hein Lin Thu :
အဲ့လိုချစ်တဲ့ဒဏ်မျိုးကိုလဲဘယ်မိန်းမကမှကြာကြာမခံပါဘူး
2026-08-30 03:40:09
9
pann.myat6337
𝕻𝖆𝖓𝖓 𝕸𝖞𝖆𝖙🇹🇭🌈:ʕ•ᴥ•ʔ: :
အဲ့ဒဏ်ကို2နှစ်ကျော်ခံခဲ့ဖူးပါတယ် သူတို့ခံစားချက်ကိုနားလည်လို့ကိုယ့်ဘက်ကဘယ် ယောကျာ်းနဲ့မှမပတ်သတ်စကားမ ပြောဘဲနေပေးခဲ့ပေမယ့် အလုပ်ထဲမလွှဲမရှောင်သာလို့လူမှုရေးအရပြောရတဲ့အခါတောင်လူ့ကျင့်ဝတ်ကိုနားမလည်ဘဲသမုတ်တာကျလွန်လွန်းပါတယ် ကိုယ့်မျက်စိထဲရောနှလုံးသားထဲရောတစ်ကယ်ချစ်တာသူတစ်ယောက်တည်းမို့သစ္စာရှိရှိချစ်ပေးခဲ့ပေမယ့်ယောကျာ်းတကာနဲ့အမြဲသံသယစိတ်ထားပြီးသမုတ်တာကျ စိတ်ကုန်စရာဖြစ်လာတာပေါ့ ချစ်ပေမယ့်လည်းစိတ်ကုန်လာတော့ ဝေးဖို့ပဲရွေးချယ်ချင်မိတော့တယ်🥺 ဒါပေမယ့်သူ့ကိုသိပ်ချစ်လွန်းလို့သူသော့ခတ်ထားတဲ့လှောင်အိမ်လေးထဲပဲနေနေမိဆဲပါ😭😭😭
2026-08-30 14:51:13
18
anju0390
🌹Anju🤍 :
ဒီစာသားလေးကကျမရဲ့အခုလက်ရှိဘဝနဲ့တစ်ထပ်ထဲကျနေတာဘဲ ဒါပင်မဲ့ကျမသူ့ကိုစိတ်မကုန်ဘူး စိတ်လဲမဆိုးဘူး ဒါတေဟာငါ့ကိုချစ်လွန်းလို့ဖစ်ပေါ်နေတာလိုဘဲတွေးလိုက်တယ် ကျမကိုယ်တိုင်ကလဲ သူ့ကိုသိပ်ချစ်ပီး အဆုံးရှုံးမခံနိုင်လို့ပါ🥰
2026-08-30 15:14:38
10
minaunghl1
ĵãĉk :
ဒါတွေ သူနားလည်မှာ မဟုတ်ပါဘူး😁
2026-08-30 10:02:04
3
kity_catt30
Kitty_cat :
သူ့ရည်းစားဟောင်းက နောက်တယောက်နဲ့ဖောက်ပြန်ခဲ့တာကိုကျ လက်မလွတ် ဆွဲထား ၂ယောက်ပြိုင်အတွဲခံ ခဲ့ပိး ကိုယ့်နဲ့ကျတော့ အ့လိုလုပ်ရင်ခွင့်မလွတ်ဖူးတဲ့ တရားလား
2026-08-29 16:30:07
4
...zin1234
💞𝓣𝓱𝓮𝓽. 𝓗𝓶𝓾𝓮. 𝓚𝓱𝓲𝓷 :
စာလေးချပေးပါ
2026-08-30 01:30:28
0
zxe826
Loser🥺 :
ယုံတယ်စိတ်မချနိင်တာ
2026-09-12 07:07:14
0
ayt.21
AYT 21 :
😄 သူစိမ်းလောက်တောင်အရေးမပါသော အခါ ကို့အဖြစ်😄
2026-09-09 15:58:17
0
thant.htet.zin0
Thant Htet Zin :
အဲ့ဒါကို ဘာလို့ကျွန်တော်တို့ယောင်္ကျားလေးတွေကပဲ နားလည့နိုင်ပြီး မိန်းကလေးဘက်က ဘာလို့အဲ့လိုမတွေးမိတာလဲ မတွေးမိတာလား တမင်မတွေးတာလားဗျာ🥺
2026-08-30 01:02:35
2
paingwin.soe
🤍P..W..S🤍 :
ကျနော်ရဲကောင်မလေးမြင်စေချင်တယ်🥺
2026-09-06 05:29:44
0
aye.mya744
Aye Mya Mya Aung :
တို့ယောကျင်္ားကတော့စကြိုက်ထဲကအဲလိုလုံး၀သ၀န်မတိုတတ်တာအခုအိမ်ထောင်သက်10နှစ်ကျော်ပီဒီနေ့ဒီချိန်ထိဘယ်သူနဲ့မှသ၀န်လဲမတိုသမုတ်တာမျိုးလည်းမရှိဘူးကိုယ့်အပေါ်ယုံကြည်မှူအပြည့်ရှိပီးသားအဲဒါမချစ်လို့များလား😳
2026-08-31 14:32:21
1
dpl334
爱•|𝑨𝒍𝒆𝒙𝒂𝒏𝒅𝒆𝒓ᥫ :
သူသိရင်ကောင်းမှာဘဲဗျား
2026-09-06 08:15:45
0
ricooqt6
Kyaw Lin Htet :
မမ ကို မြင်စေချင်လိုက်တာ..😭🤍
2026-09-04 17:01:10
0
alien.2.4
Aries ♈ May Lay 💘💞 :
ပြန်တင်မယ်နော်🥰
2026-09-03 23:22:09
0
khant.myat.pxone
Khant Myat Pxone :
ငါတို့ရဲ့ ခံစားချက် အမှန် 100%
2026-08-31 14:10:30
1
s.h.t.m44
S ❤ H 💛 T 💜 M 🥰 :
မှန်တာပေါ့ဗျာ🥺🥺🥺
2026-08-29 13:59:11
0
mgthant743
THANT ZIN PHYO :
အချစ်မှာလေးနက်မှုဟာအရေးကြီးကြောင်း
2026-08-31 10:43:01
0
zawyethu95
zawyethu95 :
အဲ့စကား တကယ်မှန်တယ်
2026-08-31 11:41:20
0
shangyi6131
shanGyi :
မေတ္တာတွေကစစ်ခဲ့ပါတယ် တန်ဖိုးထားပုံခြင်းကွာသွားတာ အပိုမပြောတက်တဲ့ကောင်တွေပဲနောက်ဆုံးကျန်ခဲ့မှာပါ
2026-09-01 06:35:24
0
piggylay4986
Daw Ei Phyo(Oct Libra) :
အ့ဲဒဏ်ကို၂နှစ်နီးပါးခံခ့ဲရတာပါ နောက်ဆုံးတော့လည်း သေလောက်အောင်ချစ်တာပါလုံးဝမခွဲနိုင်ပါဘူးအမြဲတမ်းပြောခ့ဲတ့ဲသူက ခုတော့တပါးသူရင်ခွင်မှာပျော်နေလေရ့ဲ😂
2026-08-31 13:41:21
0
moymyinthein
MoyMyintHein :
2026-09-01 05:34:46
0
hlaingmoe135
*MOE* (မိုး)🇲🇲🇲🇾 :
အဲ့ဒီခံစားချက်ကိုကျွန်တော်ကောင်းကာင်းကြီးသိတယ်ဗျာ🥺🥺😔
2026-08-31 11:52:51
0
cshp.2026
❄️ P ❄️❣️❣️ :
အင်း
2026-08-29 14:00:37
0
To see more videos from user @ubt_bky01, please go to the Tikwm homepage.

Other Videos


About