@truthwavesonline: AA ထိန်းချုပ်ထားတဲ့ မြောက်ဦးဒေသတွေမှာ နေအိမ်တွေကို မတရားဖယ်ခိုင်းတဲ့ အနိုင်ကျင့်လုပ်ရပ်တွေကြောင့် လမ်းဘေးတဲထိုးပြီး အိမ်ရာမဲ့ဘဝ ရောက်ရှိသွားတဲ့ ဒေသခံ ရခိုင်ပြည်သူတွေ TW ဩဂုတ် ၂၉ ၊၂၀၂၆ AA တပ်ဖွဲ့ထိန်းချုပ်နေတဲ့ ရခိုင်ပြည်၊ မြောက်ဦးမြို့ရှိ လေးမြို့စားရပ်ကွက်မှာ AAတပ်ဖွဲ့က ၎င်းတို့ရဲ့ စီးပွားရေးလုပ်ကွက်နယ်မြေနဲ့ မလွတ်ဟုဆိုကာ ဧရိယာအတွင်း ကျရောက်နေတဲ့ နေအိမ် ၂၀ ကျော်ကို ဖယ်ရှားလိုက်တာကြောင့် စားဝတ်နေရေးအခက်အခဲအပြင် နေထိုင်စရာပါ အခက်ကြုံနေရတယ်လို့ အိမ်ရာမဲ့ရောက်သွားသူ ဒေသခံရခိုင်ပြည်သူတစ်ဦးရဲ့ ဝန်ခံပြောဆိုချက်အရ သိရပါတယ်။ “ထမင်းငတ်တဲ့ရက်များတယ်။ သားသမီးတွေက သူများနေအိမ်တွေ ခိုကပ်ပြီးစားရတယ်။ နေအိမ်လည်း မရှိတော့ဘူး။ အိမ်လည်း ဖြိုဖျက်တဲ့ထဲမှာ ပါသွားတယ်။ အခု ဒီအတိုင်းပဲ လမ်းဘေးမှာ တဲထိုးနေရတယ်” လို့ နေအိမ်ဖြိုဖျက်ခံရသူ ဒေါ်ဦးမေက ပြောပါတယ်။ အဆိုပါနေအိမ်တွေဟာ ယခင်အစိုးရအဆက်ဆက်လက်ထက် ကတည်းက ဆောက်လုပ်နေထိုင်လာကြတာဖြစ်ပြီး အချို့မှာ ဆယ်စုနှစ်တစ်ခုခန့် နေထိုင်လာသူတွေ ဖြစ်ပါတယ်။ ယခုလို အနိုင်ကျင့်တဲ့ လုပ်ရပ်တွေကြောင့် နေအိမ်မရှိတော့တဲ့ အိမ်ရာမဲ့မိသားစုတွေကတော့ လမ်းဘေးနားမှာ တဲထိုးနေရပြီး ငတ်တလှည့် ပြတ်တလှည့်နဲ့ ဘဝကို ရုန်းကန်ဖြတ်သန်းနေရတယ်လို့ သိရပါတယ်။ Truth Waves#truthwaves #shwemyoetaw

Truth Waves Online
Truth Waves Online
Open In TikTok:
Region: MM
Saturday 29 August 2026 13:58:45 GMT
7528
299
3
6

Music

Download

Comments

ko.tun.mdy4
Ko Tun (8347-MDY) :
ကိုယ်ဖြတ်သန်းခဲ့ဖူးတဲ့ အရပ်ဒေသက၊ ကိုဟ့်တိုင်းရင်းသားတွေ ဒီလိုဖြစ်နေတော့လည်း ရင်ထဲမကောင်းဘူး။
2026-08-29 14:51:06
2
ko.hein9926
UHMS :
အကြမ်းဖက် ထွန်းမြတ်နိုင် ရဲ့ယုတ်မာမှု့
2026-08-31 07:17:55
0
nandar4887
Nandar :
😳😳😳
2026-08-29 15:49:52
1
To see more videos from user @truthwavesonline, please go to the Tikwm homepage.

Other Videos


About