@mepaing187: ဇာတ်မင်းသားတစ်ယောက် ဆုငွေတွေသိန်းချီရနေတာကိုပဲမြင်ရတာပေါ့နော် သူဒီနေရာကိုရောက်ဖို့ ဘယ်လောက်ကြိုးစားခဲ့ရလဲဆိုတဲ့သမိုင်းကိုတော့လူသိပ်မသိကြပါဘူး ‌ကလေးတစ်ယောက် အမေ့ထဘီတွေယူဝတ်ပြီး ကခဲ့တဲ့အထိ အကပညာကိုဝါသနာပါခဲ့ပါတယ် 10တန်းကို ဂုဏ်ထူး၂ဘာသာနဲ့ အောင်ခဲ့ပြီး မိဘတွေက ကျောင်းဆရာပဲလုပ်ပါသားရယ်လို့ ပြောခဲ့ပေမယ့် ဝါသနာကို မစွန့်လွှတ်နိုင်တာကြောင့်ဇာတ်မင်းသား ဖြစ်ချင်တဲ့အိပ်မက်ကို ရွေးချယ်ခဲ့ပါတယ် ဒါကြောင့်မို့ မန္တလေး ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်ကို တက်ပြီး ဘွဲ့ရအောင် ဆက်လက် လေ့လာခဲ့ပါတယ် လက်တွေ့မှာလည်း မင်းသားတင်မောင်ဆန်းမင်းဝင်းဇာတ်ထဲမှာ 2015ခုနှစ်ကနေစ၍ ယိမ်းမင်းသားအနေနဲ့2နှစ် လက်ထောက်မင်းသားအနေနဲ့ 5နှစ် ဝါသနာကို အရင်းခံပြီး ကြိုးစားအားထုတ်ခဲ့တဲ့အကျိုးကြောင့် နောက်ဆုံး ဆရာဦးအောင်ကျော်ထွန်းနဲ့တွေ့ခဲ့ရပါတယ် "3လပဲကကြည့် 3လကလို့မှမပျော်ရင်ဆက်မကနဲ့"လို့ စိန်ခေါ်ခဲ့တဲ့ ဆရာဦးအောင်ကျော်ထွန်းကလည်း ဒီကနေ့ သူ့အောင်မြင်မှုရဲ့ မှတ်တိုင်တွေထဲကတစ်ခုပါပဲ သူဟာသူ့ကိုသူပဲပြိုင်တဲ့သူပါ ဒီနေ့ စမ်းရေမိုးက မနေ့က စမ်းရေမိုးထက် ပိုကောင်းရမယ် ဆိုတဲ့ စိတ်ဓာတ်နဲ့ အမြဲတမ်း ရှေ့ကို ဆက်သွားနေသူပါ လူငယ်တွေကို သူမဖိတ်ခေါ်ပါပဲ သဘင်အနုပညာကို စိတ်ဝင်စားလာစေချင်တဲ့ စိတ်နဲ့ အဆို အကတွေကို အကောင်းဆုံး ကြိုးစားလေ့ကျင့်ပြီးတင်ဆက်နေပါတယ် အဓိကပြောချင်တာကတော့ ကြိုးစားမှုတွေနဲ့ ရလာတဲ့ အောင်မြင်မှုတွေကို မြင်ပြီး ဂုဏ်ပြုပေးကြပါနော် အောင်မြင်မှုတစ်ခုရဲ့နောက်မှာ မမြင်ရတဲ့ ကြိုးစားအားထုတ်မှုတွေ ရှိနေခဲ့တယ်ဆိုတာကို သိရှိပေးစေချင်ပါတယ်💕 @San Yay Moe #စမ်းရေမိုးအကြောင်း #စမ်းရေမိုးကြိုးစားလာရပုံ #စမ်းရေမိုး #သူအောင်မြင်မဲ့တစ်နေ့ #fyptiktokviral

Mie Paing💕(SYM's Wifey ④)✨
Mie Paing💕(SYM's Wifey ④)✨
Open In TikTok:
Region: TH
Saturday 29 August 2026 14:27:29 GMT
107255
17027
301
405

Music

Download

Comments

koko023375
Yan Pyay🇲🇲🇲🇾 ♋♋ :
ယောကျားခြင်းတောင်လေးစားအားကျမိတယ် တော်တော်ဇွဲကောင်းသလို အနုပညာကိုရူးသွပ်ချက်ကြီးက ဒီမင်းသားကြောင့် သီချင်းကြီးတွေကို တောင် သေချာနားထောင်မိတယ် မေတ္တာတရားတွေလည်း ပြန်လည် မျှဝေပေးသေးလူပီသအောင် အထက်တန်းစားလိုလူ
2026-08-29 22:48:51
245
nyeinsumon839
Nyein Su Mon :
ဇာတ်ထောင်ပြီး အချိန်တိုအတွင်း အောင်မြင်သွားတာပဲမြင်ကြတယ် အရင်က ဘယ်လောက်လူမသိသူမသိ ကြိုးစားခဲ့ရတယ်ဆိုတာကို မမြင်ကြဘူး🥺
2026-08-30 03:15:05
72
rkive5808
🌳toujours, mon chou🍯 :
ကျွန်မ ဇာတ်တွေဘာတွေမကြိုက်ပါဘူး ဒါပေမဲ့ ဒီလောက် toxicများပြီး လူတိုင်း အာချောင်တတ်တဲ့ social mediaခေတ်မှာ တချို့ သားသမီးချင်းကိုယ်ချင်းမစာမနာနဲ့ ပက်"စက်"ဘလိန်းနေတဲ့ လူတွေအပေါ်ကို ရန်နဲ့မတုံ့ပြန်ပဲ အေး"ဆေး"လေးနဲ့ အပြုံးမပျက်ပဲ ဒီမင်းသား သည်းခံနိုင်စွမ်းရှိတာကိုတော့ တကယ်လေးစားပြီးအထင်ကြီးမိတယ် သူအောင်မြင်နေရတဲ့အကြောင်းအရင်းထဲမှာ မေတ္တာထားပြီး ကြိုးစားမှုနဲ့သက်သေပြနိုင်တာကလဲ အဓိကထင်ပါရဲ့။ မှတ်ချက်_ ဘယ်မင်းသားမှမကြိုက်သလို ဘယ်သူ့fanမှလည်းမဟုတ်ပါ✌️
2026-08-30 13:52:21
70
khaingzawlinaung90born
🅚🅩🅛🅐(ထာဝရလိုသုံး) :
အရည်ချင်းကရေရှည်မှာစကားပြောသွားတာပါပဲ ရလာတဲ့အခွင့်ရေးကိုအသုံးချနိုင်တာကလည်း သူ့ပါရမီနဲ့အရည်ချင်းတွေပါပဲ ဒိထက်ပိုပြီးအောင်မြင်ဦးမှာပါညီလေး ကြိုးစားထား💪💪💪
2026-08-29 23:27:33
48
draftsanddreams17
YinThuSoeMin 🧠 :
ဒီသီချင်းနဲ့ကိုကို့ကိုတွဲ edit တော့ မျက်ရည်ဝဲတာပဲ🥺
2026-08-30 00:19:32
26
user2714034823924
nwet yi win :
တကယ်မှန်တဲ့စာသားလေးတွေပါ☺️။ကျောင်းသားတယောက်စာမေးပွဲကိုအမှတ်ကောင်းစွာအောင်မြင်လာတာကသူစာကြိုးစားသင်ယူခဲ့လိူ့ဆိုတာကိုတော့အသိမှတ်ပြုရမယ်ရှင့်နော်☺️
2026-08-30 01:24:33
19
payintsaua8
Payin Yadana :
ရင်ထဲကနေ လှိုက်ကနဲကို ဝမ်းနည်းဝမ်ူသာဖြစ်ရတယ်။တခြားဖန် ေတွလည်း ခုလိုတွေ အနှစ်သာရရှိတာလေးတွေပဲ များများကြူးပေးကြပါ။
2026-08-30 01:39:18
16
nwayoo9999
𝚂𝚑𝚊𝚛𝚛💕(SYM's Wifey ①) :
ကိုကို့ရဲ့ ကြိုးစားမှုလေး အရာထင်ခဲ့ပြီ🥰🥰
2026-08-29 14:39:38
10
user5157646381
jerry :
အာ့လိုနေရာမှာ အောင်ဖို့တောင်မလွယ် ဘူး 2 ဘာသာ ပါတာ မြို့က 4 ဘာသာ နဲ့ ကြိုးစားမှုတူတူဘဲ 🥰🥰
2026-08-30 03:21:58
9
kay.thi.kay.thi76
Kay thi Kay thi :
ယူတင်အုံးမယ်နော်🥰🥰🥰🥰🥰
2026-08-30 11:23:54
3
nge.nge317
Nge Nge :
ဒီသီချငိးလေး နဲ့ မောင်လေးစမ်းရေမိုးနဲ့လိုက်နေတာပေါ့ 👏👏👏😊😊😊🥰🥰
2026-08-29 22:43:29
8
phyu.phway.thant3
San Yay moe 🤍fan girl🤍 :
ပြန်တင်ခွင်ပြုပါရှင့်🥰
2026-08-30 04:13:01
1
thameelay99
အေးမေတ္တာ :
သူရဲ့စန်းသူရဲ့ အောင်မြင်မူကတကယ်ကြိုးစားလို့ရလာတာထိုက်တန်းပါတယ်🥰🥰🥰
2026-08-29 22:53:32
6
luckylucky6107
lucky :
ချစ်လိုက်တာ
2026-08-30 01:43:04
1
azb8876
POMOMYAT💃 :
စမ်းရေမိုးက အသက်ကြီးမှပိုချောလာတာနော်🥰
2026-08-31 05:33:16
2
myayar75
myayar75 :
ပို၍အောင်မြင်ဦးမယ့်ခလေးပါ
2026-08-30 02:29:39
1
cho.cho2912
cho cho :
သူအောင်မြင်တဲ့တစ်နေ့အခုအောင်မြင်မှု့အသီးအပွင့်များရနေတာတောင်စိတ်တွေအဖြူစင်ဆုံးထားနိုင်သေးတယ်
2026-08-30 03:17:26
2
urthequeenurlife
AC♌ :
အားပေးရတာ အတန်ဆုံးလေးးး ✨🤍
2026-08-30 01:42:51
1
nayy.thit58
Nayy Thit :
အေးချမ်းလိုက်တာခက်ခဲတာတွေရှိခဲ့မှာပဲအပြုံးမပျက်ခဲ့သူကြီး😁🥰🥰🥰
2026-08-30 03:23:37
1
.hnin.nu4
Hnin Nu :
🥰🇲🇲🫰👍🤗
2026-08-30 03:47:38
1
zinmar.oo108
ZinMar Oo :
2026-08-29 16:51:15
1
To see more videos from user @mepaing187, please go to the Tikwm homepage.

Other Videos


About