@zayartbz7news: ကျောက်ဖြူတပ်နယ်မှ ဗိုလ်ကြီး အောင်ဖြိုးဦးက ကုန်ပစ္စည်း သယ်ယူရောင်းချခွင့်ကို ထိန်းချုပ်ပြီး ဈေးကစား၊ နီးစပ်ရာကုန်သည်များကိုသာ လာဘ်ငွေယူ လုပ်ပိုင်ခွင့်ချထားပေးသဖြင့် ကုန်စျေးနှုန်းများ အဆမတန်ထိုးတက်နေ ရန်ကုန်၊ ဩဂုတ် ၂၉ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့တွင် စားနပ်ရိက္ခာနှင့် အခြေခံလူသုံးကုန်ပစ္စည်းများ သယ် ယူ တင်သွင်းရောင်းချခွင့်ကို စစ်တပ်က ထိန်းချုပ်ထားပြီး ခလရ ၃၄ တပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးဦးက ၎င်းနှင့်နီးစပ်သည့် ကုန်သည်များကိုသာ ငွေကြေးရယူ၍ လုပ်ပိုင်ခွင့်ချထားပေးကာ ကုန်စည်ဈေးကွက်ကို လက်ဝါးကြီးအုပ်နေခြင်းကြောင့် ကျောက်ဖြူမြို့တွင် ကုန်ဈေးနှုန်းများ အဆမတန်မြင့်တက်နေကြောင်း ဒေသခံများနှင့် သတင်းရင်းမြစ်များထံမှ သိရှိရသည်။ ရခိုင်ဒေသတွင် တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့နှင့် အခြားဒေသများကြား ဆက်သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လာခဲ့ရာ စစ်တပ်က စက်သုံးဆီ၊ စားနပ်ရိက္ခာနှင့် လူသုံးကုန်ပစ္စည်းများ တင်သွင်းမှုကို တင်းကျပ်စွာ ထိန်းချုပ်လာခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယခင်က ကျောက်ဖြူမြို့ခံကုန်သည်များသည် သင်္ဘောဖြင့် ကုန်ပစ္စည်းများ မှာယူတင်သွင်းရာတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနထံ ခွင့်ပြုမိန့်တင်ပြရုံဖြင့် တိုက်ရိုက်မှာယူရောင်းချခွင့် ရှိခဲ့သော်လည်း ၂၀၂၅ ခုနှစ် နှစ်ကုန်ပိုင်းမှစတင်၍ ယင်းကုန်စည်သယ်ယူတင်သွင်းမှုများကို ကျောက်ဖြူမြို့အခြေစိုက် ခလရ ၃၄ တပ်ရင်းမှ ဗိုလ်ကြီး အောင်ဖြိုးဦးက တိုက်ရိုက်ကိုင်တွယ်လာခဲ့ကြောင်း ဒေသခံများက ပြောသည်။ ဗိုလ်ကြီး အောင်ဖြိုးဦးသည် ယခင်က ကျောက်ဖြူမြို့တွင် စက်သုံးဆီတင်သွင်းဖြန့်ဖြူးမှုကို တာဝန်ယူကိုင်တွယ်ခဲ့သူဖြစ်ပြီး ရခိုင်ဒေသ၌ တကျော့ပြန်တိုက်ပွဲများ ဖြစ်ပွားကာ ဆက် သွယ်ရေးလမ်းကြောင်းများ ပြတ်တောက်လာချိန်မှစ၍ ကုန်ပစ္စည်းသယ်ယူခွင့်များကို တိုက်ရိုက်ထိန်းချုပ်လာကြောင်း သိရှိရသည်။ “သူက အရင်က စက်သုံးဆီကို ကိုင်တာ။ ၂၀၂၃ နောက်ပိုင်း ရခိုင်မှာ တကျော့ပြန်တိုက်ပွဲတွေဖြစ်တော့ ကျောက်ဖြူမှာ ဆက်သွယ်ရေးလမ်းကြောင်းတွေ အကုန်ပြတ်တောက်သွားတယ်။ အဲဒီနောက်မှာ သူက ကုန်သွယ်ရေးနဲ့ကုန်သယ်ယူခွင့်တွေကို ထိန်းချုပ်တာ" ဟု ကျောက်ဖြူကုန်သည်တစ်ဦးက ပြောဆိုသည်။ လက်ရှိတွင် စက်သုံးဆီသာမက ဆန်၊ ဆီ၊ စားသောက်ကုန်နှင့် အခြေခံလူသုံးကုန်ပစ္စည်းများကိုပါ ဗိုလ်ကြီး အောင်ဖြိုးဦးနှင့် ၎င်း၏အဖွဲ့က ထိန်းချုပ်လာပြီး ကုန်ပစ္စည်းတင်သွင်းရောင်းချခွင့်ကို လွတ်လပ်စွာ မပြုလုပ်နိုင်တော့ဘဲ ၎င်းတို့နှင့် နီးစပ်သည့် ကုန်သည်များကိုသာ ငွေကြေးရယူ၍ လုပ်ပိုင်ခွင့်ပေးနေကြောင်း သိရသည်။ ထိုသို့ ကုန်စည်တင်သွင်းခွင့်ကို လူအနည်းငယ်ထံသာ ချုပ်ကိုင်ပေးထားခြင်းကြောင့် ကျောက်ဖြူမြို့၏ ကုန်စည်ဈေးကွက်မှာ လက်ဝါးကြီးအုပ်မှုများ ဖြစ်ပေါ်နေပြီး အခြေခံစားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို မတန်တဆဈေးနှုန်းများဖြင့် ပြန်လည်ရောင်းချနေကြောင်း၊ ယင်း၏အကျိုးဆက်အဖြစ် ဒေသခံပြည်သူများမှာ ကုန်ဈေးနှုန်းအဆမတန် မြင့်တက်မှုကို ရင်ဆိုင်နေရကြောင်း ဒေသခံများက ဆိုသည်။ ထို့ပြင် ကျောက်ဖြူမြို့၏ အဝင်အထွက်လမ်းကြောင်းများနှင့် ဆိပ်ကမ်းများတွင်လည်း စစ်တပ်က ဂိတ်များချထားကာ လူနှင့်ကုန်ပစ္စည်းများ သွားလာမှုကို တင်းကျပ်စွာ စစ်ဆေးနေကြောင်း သိရသည်။ နယ်ဘက်မှ ခရီးသွားပြည်သူများသည် ကျောက်ဖြူမြို့မှ ထွက်ခွာခွင့်ရရှိရန် ခရီးလမ်းကြောင်းအလိုက် ငွေကြေးအများအပြား ပေးဆောင်နေရကြောင်း ဒေသခံများက ပြောသည်။ အဆိုပါဂိတ်များတွင်လည်း ဗိုလ်ကြီး အောင်ဖြိုးဦး၏ လက်အောက်ငယ်သားများနှင့် ခလရ ၃၄ တပ်ရင်းမှ စစ်သားများက တာဝန်ယူနေပြီး ရခိုင်ဒေသမှ ခရီးသွားပြည်သူများနှင့် ကုန်သည်များထံမှ လူနှင့်ကုန်ပစ္စည်း ဝင်ထွက်ခွင့်အတွက် ငွေကြေးတောင်းခံမှုများ ပြုလုပ်နေကြောင်း သိရှိရသည်။ ကျောက်ဖြူမြို့တွင် မြန်မာ့ဆိပ်ကမ်းအာဏာပိုင်ဆိပ်ကမ်းနှင့် ဒေသခံများ “ငလပွေ့ဆိပ် ကမ်း” ဟု ခေါ်ဆိုသည့် ဆိပ်ကမ်း ၂ ခုရှိပြီး ငလပွေ့ဆိပ်ကမ်းသည် ကျောက်ဖြူမြို့အနီးဝန်းကျင် ကျေးရွာများမှ ကုန်စည်များ အဓိကကူးသန်းသွားလာရာ ဆိပ်ကမ်းဖြစ်သည်။ အနီးဝန်းကျင်ကျေးရွာများမှ ဆန်နှင့် အခြားကုန်ပစ္စည်းများ တင်ဆောင်လာသော စက်လှေများသည် ငလပွေ့ဆိပ်ကမ်းတွင် ဆိုက်ကပ်ခွင့်ရရှိရန် ဗိုလ်ကြီး အောင်ဖြိုးဦးနှင့် ၎င်း၏အဖွဲ့ထံ ငွေကြေးများ ပေးဆောင်နေရကြောင်း၊ ကျောက်ဖြူမြို့ရှိ အရေးကြီးဂိတ်များတွင်လည်း ခလရ ၃၄ တပ်ရင်းမှ စစ်သားများက လူနှင့်ကုန်ပစ္စည်း ဝင်ထွက်ခွင့်အတွက် ငွေကြေး ကောက်ခံနေကြောင်း ၊ယင်းဂိတ်များမှ ဗိုလ်ကြီးအောင်ဖြိုးဦးက နေ့စဉ်ငွေကြေးမှာ သိန်းရာဂဏန်း ရရှိနေကြောင်း သိရှိရသည်။ ပြီးခဲ့သည့် ၂၀၂၅ ခုနှစ်အတွင်း ငလပွေ့ဆိပ်ကမ်းဂိတ်တွင် မတရားကောက်ခံရရှိထားသည့် ငွေကြေးများကို ခွဲဝေရာမှ အရာရှိများနှင့် အောက်ခြေတပ်သားများအကြား အဝေမတည့်မှု ဖြစ်ပွားခဲ့ပြီး တပ်သားတစ်ဦးက မကျေနပ်၍ သေနတ်ပစ်ဖောက်မှု ဖြစ်ပွားခဲ့သေးသည်။ ဗိုလ်ကြီး အောင်ဖြိုးဦးသည် ယင်းကဲ့သို့ ကုန်စည်သယ်ယူခွင့်နှင့် ဂိတ်များမှ ရရှိသည့် ငွေကြေးများကို စီမ

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Sunday 30 August 2026 00:18:39 GMT
66789
3384
14
44

Music

Download

Comments

myint.shwe0170
လပြည့် :
😁😁
2026-08-30 10:54:14
0
kyu.kyu5607
Queen 👑👑👑 :
ဘယ်နေရာဘယ်အရပ်ကဘယ်မြို့နယ်ကိုရောက်ရောက်လူရုပ်မာတွေကပြည်သူတွေအျပါ်ကြီးစိုးရုပ်မာနေကြတာ🥺🥺🥺
2026-08-30 01:22:57
1
fuji05609
Moon :
အဆင် ပြေကြပါ စေ
2026-08-30 05:57:54
0
u.hla.myint99
U Hla Myint :
ကြာလောက်ဖူး
2026-08-30 11:30:51
0
troy.myo
𝐓𝐫𝐨𝐲 𝐌𝐲𝐨 :
😂😂😂
2026-08-30 02:46:37
0
zawminhtay4860
khin mg oo :
🥰🥰🥰
2026-08-30 01:22:55
0
yu.mu623
K :
😳😳😳
2026-08-30 02:01:47
0
fuy.fgh3
Ko Aung :
😂😂😂
2026-08-30 01:43:14
0
user94245424080710
😃😃 :
👍👍👍
2026-08-30 01:33:35
0
myamoe519
myamoe :
🥰🥰🥰
2026-08-30 02:38:32
0
noe.noe39113
kaungmyatoo😺😻 :
😁😁😁😁😁😁😁
2026-08-30 01:12:28
0
mr.md.solim1
MR MD SOlim :
🥰🥰🥰
2026-08-30 11:45:36
0
theint.theint6651
Theint Theint :
🥰🥰🥰
2026-08-30 00:25:23
0
jawshejawshe29
Jawshe Jawshe :
🥰🥰🥰🥰
2026-08-30 00:46:54
0
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About