@nawhteethae: တွဲတာကြာလာရင် အရင်လို စကားတွေ အများကြီး မရှိတော့ဘူး။ ဖုန်းပြောနေရင်း၊ စာရေးနေရင်း အင်း အဲ ဆိုပြီး ဘာဆက်ပြောရမလဲ မသိဖြစ်တတ်တယ်။ အရင်ထက် ပြဿနာတွေလည်း ပိုများလာတယ်။ မိသားစု၊ လူမှုရေး စတဲ့အရာတွေ ပါဝင်လာတော့ သေးသေးလေးကစပြီး ကိုယ်နဲ့ဆိုင်လာတယ်။ ဆိုတော့ အတူတူ ဖြေရှင်းရမယ့် ကိစ္စတွေ ပိုများလာတယ်။ ဒါပေမယ့် အဲဒီအချိန်မှာပဲ အပြတ်များတတ်တယ်။ တစ်ယောက်နဲ့တစ်ယောက် စိတ်မတူတာတွေ ပိုဖြစ်လာပြီး ပြဿနာတွေကို မရင်ဆိုင်ချင်တော့ဘူး။ အဲလိုနဲ့ စိတ်ကုန်စိတ်ပျက်လာပြီး အတူရှိခဲ့တဲ့အချိန်တွေ အကုန်ပျက်သွားတတ်တယ်။ ၃ နှစ်ကျော်၊ ၄ နှစ်နားကာလက အခက်ခဲဆုံး ဖြစ်တတ်တယ်။ အရင်လို ချစ်စရာအပြုအမူတွေ လုပ်ချင်စိတ်နည်းလာပြီး မလိုအပ်ရင် မပြောချင်တော့ဘူး။ ချစ်နေရင် ရပြီ၊ ဘာလိုသေးလဲ လို့ တွေးလာတတ်တယ်။ ဒီလိုနဲ့ နှစ်ဖက်လုံး စိတ်ပြောင်းလဲလာပြီး အထိအခိုက်များတဲ့ အချိန် ဖြစ်လာတတ်တယ်။ နေ့တိုင်းတွေ့တဲ့သူတွေဆိုရင် ညကျ ဖုန်းမပြောချင်တော့ဘူး။ နားချင်လာတယ်။ အားလပ်ချိန်မှာလည်း ကိုယ်ကြိုက်တာပဲ လုပ်ချင်လာတယ် game ဆော့တာ၊ ဇာတ်လမ်းကြည့်တာလိုမျိုး။ အထူးသဖြင့် စကားရှည်ရှည် မပြောချင်တော့ဘူး။ မကြာခဏ မတွေ့ရတဲ့သူတွေကတော့ သံသယများလာတတ်တယ်။ နည်းနည်းလေး ဖြစ်ရင်တောင် အေးသွားပြီ လို့ထင်ပြီး စကားများတတ်တယ်။ ဒီလိုအချိန်မှာ အပေးအယူညီနေကြရင် ပြဿနာမရှိဘူး။ ဒါပေမယ့် တစ်ဖက်က မခံနိုင်ဘူးဆိုရင် လမ်းခွဲသွားတတ်တယ်။ မပြတ်ကြရင်တောင် စိတ်ကုန်နေပြီး သံယောဇဉ်ကြောင့် ဆက်တွဲနေကြတာမျိုးလည်း ရှိတတ်တယ်။ ဒီလိုဖြစ်လာရင် မချစ်တော့လို့ မဟုတ်ဘူး။ ကိုယ်တိုင်လည်း အေးအေးဆေးဆေး နေချင်လာပြီး ဘာဖြစ်ချင်မှန်း မသိတဲ့ အခြေအနေ ဖြစ်တတ်တယ်။ တစ်ခါတစ်လေ လမ်းခွဲမယ်ဆိုရင်တောင် အိုကေ လို့ ပြန်ပြောလိုက်နိုင်တဲ့ အခြေအနေ ဖြစ်တတ်တယ်။ ဒီအဆင့်ကို ကျော်ချင်ရင် သည်းခံနိုင်ရမယ်၊ နားလည်မှုရှိရမယ်။ အဲဒီကာလကို ကျော်ဖြတ်နိုင်ခဲ့ရင် ၄၊ ၅ နှစ်နားလောက်မှာတော့ တစ်ယောက်နဲ့တစ်ယောက် ပိုနားလည်လာပြီး လမ်းခွဲဖို့ ခက်ခဲလာတတ်တယ်။ ဒါကြောင့် ဒီလိုအခက်ခဲကာလရောက်လာရင် စိတ်တိုသလို မဆုံးဖြတ်ပါနဲ့။ အတူရှိခဲ့တဲ့ အမှတ်တရတွေကို ပြန်စဉ်းစားပါ။ ကိုယ်လိုချင်တာကို ပြောပါ၊ သူလိုချင်တာကိုလည်း လိုက်လျောပါ။ အပေးအယူညီပြီး စိတ်ရှည်ထားနိုင်ရင် ရှေ့ဆက်ပြီး အတူနေသွားနိုင်တဲ့ နည်းလမ်းကို #fypシ #copylink #fypシ
Phaw🧸
Region: JP
Sunday 30 August 2026 02:02:35 GMT
Music
Download
Comments
𝐖𝐚𝐢 𝐖𝐚𝐢 :
၃နှစ်၇လ ဖြစ်နေပီ တကရ်စာထဲကအတိုင်းဖြစ်နေပြီ🥺
2026-10-13 09:04:28
47
Milo🐶 :
၁၁ နှစ်လောက်ရှိပြီး တကယ်ကို အဲအတိုင်းပဲ တနေ့လုံးနေလို့ စာ၁ ကြောင်း ၂ကြောင်းလောက်ပို့ပြီး တနေ့ကုန်သွားတယ်။
2026-08-30 10:56:18
77
Kyaw Soe Moe⚓ :
အဲ့လို ရိုးလာတာက သဘာဝပဲ။ အမေနဲ့အဖေရော၊ အဘိုးနဲ့အဘွားရော အဲ့အတိုင်းပဲ။ မတူတာက ရိုးလာလို့ဆိုပြီး အသစ်အဆန်းတွေ ရှာဖွေမနေဘူး။ ဘာလို့ဆို အသစ်အဆန်းတွေနဲ့ တွဲမယ်ဆိုရင်လဲ တချိန် ဒီဘူတာပဲဆိုက်မှာဆိုတာ နားလည်ကြတယ်။ ဖတ်ဖူးကြားဖူးတဲ့ သိပွံနည်းကျအရဆို လူတယောက်တည်းကို စွဲမြဲအောင် ချစ်ဖို့ဆိုတာ ဦးနှောက်က Oxytocin, Vasopressin, Serotonin, Dopamine, Prefrontal Cortex အဲ့ဓာတ်လေးတွေရှိဖို့လိုအပ်တယ်။ ဒီနေရာမှာ ldrs တွေအတွက် ပြောရမယ်ဆို ကိုယ်တို့ တနေ့နီးရမှာပါဆိုတဲ့ ကတိစကားထက် ငါတို့ ဒီနှစ်ကုန်ရင် စေ့စပ်မယ်။ လက်ထပ်မယ်။ အဲ့အတွက် အိမ်ခန်းလေးဝယ်ဖို့ ငှားဖို့ စုနေပြီ ဆိုတာမျိုး deadline ပေးနိုင်ရမယ်။ ခုနက ကျွန်တော်ပြောသွားတဲ့ ဓာတ်တွေက ldrs တွေအတွက် လုံလုံလောက်လောက်မရနိုင်ဘူး။ အနေနီးဖို့ ကြာနေရင် မဖြစ်နိုင်တော့ဘူးဆိုပြီး မျှော်လင့်ချက်မဲ့လာနိုင်တယ်။ လိုရင်းတိုရှင်းပြောရရင် ကျွန်တော်တို့ ခင်ဗျားတို့တွေ ဘယ်လိုကောင်းတဲ့လူနဲ့ပဲ တွဲတွဲ ပျော်စရာတွေချည်းပဲ ရှိနေမှာမဟုတ်ဘူးဆိုတာ အသိပေးလိုက်ပါရစေ။
2026-08-30 15:12:40
587
Daniel_Htet(Tunhtetmyataung) :
ကျနော်တို့ကတော့ အက်လိုထိုင်နေလဲ လက်တော့ကိုင်ထားဖြစ်တယ်
တစ်ယောက်မေ့နေရင်တောင်တစ်ယောက်ကလက်လာကိုင်တာမျိုးပေါ့ အပြင်သွားလဲအက်လိုပဲ ရိုးတာတော့မရိုးပါဘူး အစထဲက သူငယ်ချင်းကစတာဆိုတော့ အခုဆို မောင်နှမတွေကျနေတာပဲဟီးဟီးဟားဟားနဲ့ အဓိကက ထပ်တူကျနေဖို့နဲ့ထပ်တူကျလာဖို့ပါပဲ
2026-10-16 16:49:46
5
H🦋 :
၃လတောင်မပြည့်သေးဘူးအ့လိုဖြစ်နေပြီ 🥲
2026-10-13 10:05:05
11
🇼 ♡🌷 :
တကယ်နော် 3နှစ်ကျော်4နှစ်နီးပါးကအခက်ခဲဆုံးအချိန်တွေပဲ ကိုယ်တွေဆိုပြတ်မလိုကိုခနခနဖြစ်ခဲ့တဲ့အချိန်တွေပေါ့ ခုတော့အဲ့တာတွေကိုဖြတ်ကျော်ပြီး 6နှစ်ကျော်ကာလမှာ အရမ်းအချစ်ခံနေရပြီ🤭
2026-08-30 10:28:53
253
heinminsoe :
9နှစ်ပြည်ပါpဒိနေပဲလမ်းခွဲသွားတဲ့ဗျာဒီအချက်တွေ့ကြောင့်ပေါ့ဗျာ😢
2026-10-14 13:25:17
1
No love :
3လလောက်နဲ့အဲ့လိုဖြစ်နေပီ😳
2026-08-30 03:10:54
33
🌹🥀Nang Nang🍁❄️ :
အဲလိုငြီးငွေ့သလို မဆိုင်သူလိုဖြစ်လာရင်
သက်သက်ပြသနာရှာလိုက်တယ်
ရန်ဖြစ်လိုက်ရင်ပြန်အသက်ဝင်လာသလိုဘဲ😁
2026-08-30 04:02:54
62
Anne Boleyn :
တချို့အတွဲတွေနှစ်ကြာရင်အေးစက်လာကြပြီးပြတ်သွားကြတယ် ကိုယ်တို့အတွဲကျ၃လကျော်လောက်လေးကိုအရင်နဲ့မတူပဲထစ်ခနဲရှိအော်လာစိတ်မရှည်တာမျိုးသူ့ဘက်ကဖြစ်လာလို့ သူပြန်ချော့ပြီးပြင်ပေးမလားလို့ကိုယ်ပဲအရင်ပြတ်ဖို့ပြောလိုက်မိတာ ကိုယ်ပြန်ချော့ကြည့်ပါသေးတယ် ရပ်ရအောင်တဲ့ မဟုတ်လောက်ပါစေနဲ့လို့တွေးခဲ့တာ ကိုယ်ထင်ခဲ့တဲ့အတိုင်းသူကစိတ်ကုန်နေခဲ့တာ အခုတော့လမ်းခွဲလိုက်တာ၁၉ရက်ရှိပါပြီ သူကတော့အေးဆေးပါပဲ ကိုယ့်မှာတော့ယောင်ချာ"ပဲ
2026-08-30 11:10:23
17
船乗り👑👑👑 :
၆နှစ်ပြည့်ပိ ဝေးနေတာ၅နှစ်ရန်တခါမှမဖြစ်ဘူးဘသူမမဖောက်ပြန်ဘူး
အနေနိးတာမ၁နှစ်ကိုက်နေတာမတည့်ဘူး
သူကအလျောပေပိပြန်ချေ့ာလိုအဆင်ပြေတာ ခုတေ့ာလဲယူကြတေ့ာမာပေါ့🙃🙃
2026-08-30 04:05:43
15
Pont♓️ :
ကိုယ်လဲခံစားမိလာတယ် ခုဆိုအပြင်သွားရင် သူ့လက်ကိုလိုက်ဆွဲနေရတာ အရင်ကသူကပဲလက်စဆွဲတဲ့သူက😔
2026-08-30 04:42:05
18
🤎 Thet Mar 🤎 :
တစ်ခါတစ်လေ မေ့တောင်မေ့နေကြတယ်
Anniနေ့တွေ 6 နှစ်ကျော်လာတော့😁
ဒါမဲ့ သတိအရင်ရတဲ့လူက နင်မေ့နေတာမို့လားနဲ့ ရယ်မောပြောနိုင်တဲ့ထိရင်နှီးခဲ့ကြပြီ🥰
အမတို့လည်း ကားစီးရင်အ့လိုပဲ သွားတဲ့နေရာရောက်မှ ရောက်ပြီ ထတော့ထပြောကြတာ😂
ညီမလေး တို့အမြန်ပေါင်းဖက်ရပါစေနော်🤎
2026-08-31 04:16:11
5
THOON NADI❤💙🇲🇲 :
2018ကတွဲလာတာ ကိုယ်ကစကားများတဲ့သူမို့ထင်တယ် တစ်ရွာလုံးအကြောင်းပါပြောတာ အဲ့လိုမျိုး ဟာသလေးတွေပြောကြည့်ပါလား ကိုယ့်ရဲ့တစ်နေ့သာအကြောင်းလေးတွေပေါ့🥰
2026-08-30 05:04:33
6
မောင်တရုတ်🙆🌿☃️ :
7နှစ်ရှိပါပြီဗျာ အားတိုင်းဖုန်းခေါ်တယ် စကားကလည်းပြောလို့မကုန်ပါဘူးဗျ ကျနော်ပဲစကားများလို့လားမသိဘူး သူအတွက်ဆို ဟန်ဆောင်ပြောတာမဟုတ်ပဲ အသစ်အဆန်တွေကို နေ့တိုင်းထွက်ပြီးပျော်စရာ နေ့ရက်တိုင်း သူမရော ကျနော်ရော ပိုနွေးထွေးရပါတယ် သူကလည်းကိုယ့်ရဲ့အချစ်ဦး ကိုယ်ကလည်းသူ့ရဲ့အချစ်ဦး တစ်မြို့ထည်းတစ်ကျောင်းထဲအတူတက် မိတွေလည်းးသဘောာတူ လက်ထပ်ဖို့ကြိုးစားနေတုန်းမို့ နောက် 3နှစ်လောက်ဆို 10နှစ်ပြည့်ပြီဗျ သူချစ်ကိုယ်ချစ်ဆိုတော့ နေ့ရက်တိုင်းဟာ ပျော်စရာတွေချည်ပါပဲ 🥰
2026-08-31 17:31:32
11
Thu Zar Aye :
၂/၃နှစ်အချိန်ကာလမှာ အခက်ခဲ့ဆုံးဖစ်ခဲ့တယ်. ကိုတေကိစ္စနဲ့မဟုဘဲ မိသားစုကြောင့် ဘေးလူတေစကားကြောင့် ခနခနစကားများခဲ့ရတယ်. ခုတော့၆နှစ်ပြည့်တော့မယ်. ကို့ဘက်ကလည်းပြောင့်သင့်ရင်ပြောတယ် ချွဲသင့်ရင်ချွဲတယ် သု့ဘက်ကလည်း အလိုလိုက်သင့်ရင်အလိုလိုက်တယ် ဆုံးမသင့်ရင် ဆုံးဖြတ်. စကားများရန်ဖစ်က အတော်ရှားသွားတယ်☺️☺️
2026-08-30 06:09:34
5
lynn :
သံသရာဆိုတာ ဒါကိုခေါ်တာနေမယ် စပြီးသိခါစ နှစ်ယောက်ကတစ်ယောက်ကိုတစ်ယောက်စိမ်းကားတယ် မေးတစ်ခွန်းဖြေတစ်ခွန်းလောက်ပဲ၊နောက်တော့ရင်းနှီးလာကြတယ် စကားတွေပိုပြောဖြစ်လာတယ်၊ ပြီးတော့ခင်သွားမယ် တစ်ချို့ကလည်းသူငယ်ချင်းအဆင့်ကိုအရင်သွားကြမယ် တစ်ချို့လည်းအဲ့အချိန်မှာ အချစ်တစ်ခုကိုအစပျိုးကြမယ် ယောင်္ကျားလေး/မိန်းကလေး ဘယ်သူဘက်ကစစ အချစ်တစ်ခုစတင်ဖြစ်တည်လာပြီ၊ ပြီးတော့ နှစ်ဦးသားစတွဲကြပြီ စကားတွေလည်းတီတီတာတာနဲ့ပေါ့ အဲ့အခိုက်အတန့်လေးက ဘ၀မှာဘာနဲ့မှလဲလို့မရတဲ့အချိန်ပဲ လေပြေညှင်းလေးတိုးဝှေ့သွားရင်တောင် ပြောစရာစကားတွေမကုန်နိုင်အောင်များလှတယ်၊ နောက်တစ်ယောက်အကြောင်းတစ်ယောက်စပြီး ပိုပိုသိလာကြပြီ တစ်ယောက်ရဲ့ dark sideကို တစ်ယောက်မြင်လာကြပြီ၊ ဒီအချိန်မှာ အဲ့ dark sideလက်မခံနိုင်သူက စပြီးထွက်ခွာဖို့ကြိုးစားကြတော့တာပဲ ဒါပေမဲ့တစ်ချို့အတွဲတွေကဒါကိုကျော်လွှားနိုင်ကြတယ် ဒါပေမဲ့ ဘယ်လိုပဲဖြစ်နေပါစေ တစ်ယောက်အကြောင်းကို တစ်ယောက်မကွယ်မဝှက်ပဲ ပိုပိုသိလာလေလေ ပိုပိုဝေးကွာလာလေလေပါ အရင်လို တီတီတာတာစကားတွေပြောဖို့၀န်လေးလာကြပြီ လေပြေညှင်းတိုးဝှေ့ရင်တောင်ပြောစရာစကားတွေများခဲ့ရာကနေ လေဆင်နှမောင်းဝှေ့ရင်တောင် ပြောစရာစကားမရှိတဲ့အဖြစ်ကိုပြန်ရောက်သွားပြီး အရင်နှစ်ယောက်မသိခင်စိမ်းကားတဲ့ဘ၀ကို တစ်ဖန်ပြန်ရောက်သွားလေတယ်
2026-08-31 12:14:07
5
Khin Pyae Sone :
2016သုံးလပိုင်းထဲကတွဲလာတာ 2026သုံးလပိုင်းအထိပဲ
တွဲခဲ့တဲ့တယ်နှစ်အတွင်း စကားမပြောချင်တာ စိတ်ပျက်လာတာမျိုးလည်းမဖြစ်ဖူးဘူး တစ်လမှတစ်ခါပဲတွေ့ရတယ် မတွေ့ရတဲ့အချိန်တွေဆိုလည်းရေပက်မဝင်အောင်စကားတွေအများကြီးပြောနေကျ အေးစက်တယ်ဆိုတာဘာမှန်းကိုမသိခဲ့ရတာမို့ နှစ်တွေအကြာကြီးတွဲပြီး အမြဲတမ်းချစ်စ ခင်စ ကြင်နာစလိုဖြစ်နေတာ အခုဆိုယူပြီး5လ ပြည့်ပြီ ကော်နဲ့ကပ်ထားသလို ပိုပူးကပ် ပိုချစ်ရပြန်ရော အချစ်တွေထပ်တူကျရင်အေးစက်တာရော ပျင်းတာရောမရှိဘဲ အချိန်တိုင်းပျော်ရပါတယ်နော်❣️
2026-08-31 00:41:36
6
🌻 Smile Lay🍒(⭕FFical🅰️CC1M) :
အမှန်ပဲနော် 3နှစ် ကျော်လာပြီဆို စကားပြောချိန်နည်းလာတယ် ...သူနဲ့ ပြောရတာထက် သူ့မိသားစုနဲ့ ပဲ စကားတွေ ပိုပြောဖြစ်လာတယ် ....တစ်ခါတလေ ချစ်နေသေးရဲ့လားလို့တောင်တွေးမိပါရဲ့ သံသယ မဝင်မိတောင် မနည်း ပြန်ထိန်းချုပ်ရ....
2026-10-14 17:02:13
1
👑Nu Nu Wai👑 :
စာလေးကမှန်လိုက်တာခု4နှစ်ကျော်တော့မယ်ဖြတ်သန်းရတာအေးတိအေးစက်နဲ့
အသက်လည်းကွာတော့ကိုယ်ကပဲဆိုးတယ်ထင်ရပေမဲ့ တစ်ခါတစ်လေ တစ်ယောက်ထဲထဲဖြတ်သန်းချင်တော့တယ်သူ့ရဲ့အေးစက်စက်စကားတွေကိုစိတ်ကုန်လာတယ် ဖုန်းပြောရင်ကြားနေကြစကားတွေပဲမို့ ဒါပေမဲ့မပျက်နိုင်ဘူးသူ့ထားခဲ့မှာကိုအရမ်းကြောက်နေခဲ့တယ်🥺
2026-10-15 06:54:14
1
⋆. 𐙚 ˚𝔂𝓸𝓸𝓷⋆. 𐙚 ˚ :
7နှစ်နဲ့6လ ခုချိန်ထိ သူလဲကိုယ့်အကြောင်းအမြဲတွေးပြီး သစ္စာရှိရှိနဲ့တစ်ခါမှမဖောကိပြန် သည်းခံအနွံတာခံလိုတာဖြည့်ဆည်းပေးပြီးခုထိအချစ်တွေပေးနေတုန်း။ကိုယ်ကလဲသူ့အပေါ်မဖောက်မပြန် အကိုလို အဖေလို တဖြစ်လဲ ချစ်သူလို အားကိုးပြီး ချစ်တုန်း အရင်ကနဲ့မတူတာတစ်ခုရှိတယ်။အဲ့ဒါဘာလဲဆိုအရင်က ဒီတိုင်းကြိုက်လို့တွဲလာရာက ခုဆိုသံယောဇဉ်အများကြီးတွယိပြီး အများကြီးပိုအားကိုး ပိုချစ်နေမိပြီ။နှစ်ယောက်လူံးအတူတူချစ်နေကြတယ်ဆိုပေမဲ့သူ့ဘက်ကပိုနေသလိုပါပဲ။
2026-10-14 16:25:26
1
🤍Win Win Htun :
အဲ့လိုစိတ်ရှည်ခဲ့ပေမဲ့...🥺
2026-09-01 12:28:50
1
🌺李月🌺 :
5နှစ်နဲ့12ရက်ရှိပြီ တစ်ယောက်နဲ့တစ်ယောက်ဆက်ဆံမှုတွေအေးစက်နေပြီ တစ်ခုခုဆို အပြစ်ပဲမြင်နေတယ် လမ်းခွဲမိတော့မယ်ထင်တယ် စိတ်တွေလည်း အရမ်းပင်ပန်းနေပြီ😔💔🥀
2026-10-14 19:04:31
1
♐️SU WAI HTET (ခန္တီး တီဂွန်) :
3နှစ်4လလောက်တော့ရှိပြီ စချစ်တုန်းကလို စိတ်ဆိုးစိတ်ကောက်ဘာညာသိပ်မရှိတော့ဘူး တစ်ယောက်အကြောင်းတစ်ယောက်ပိုသိလာလို့ထင်တယ် စကားတွေအများကြီးမပြောရတော့ဘူး ပြောလည်း တည်တည်ငြိမ်ငြိမပဲနှစ်ယောက်သား ရှေရေးအကြောင်းလောက်ပဲဲပြောဖြစ်တော့တယ် မချစ်တော့ဘူးလား သွေးအေးသွားတာလားဆိုတော့လည်းမဟုတ်ဘူး တစယောက်အပေါ်တစ်ယောက် နားလည် ယုံကြည်လာတော့ စိတ်ချလာရတယ် စကားနည်းနည်းပြောရုံနဲ့လောက်နဲ့ကို အဆင်ပြေသွားတာ
2026-10-04 02:12:52
1
ဖိုးကောက်✔️👑 :
ကိုယ်တွေတော့အခုထိချစ်လို့မဝသေးဘူး ရည်းစားသက်တမ်း၂နှစ်အိမ်ထောင်သက်တမ်း၁၀နှစ်ရှိပီ🥰 ရန်ဖြစ်စိတ်ဆိုးတာရှိလည်းယောကျ်ားလေးဖက်ကအဓိကထားပီးအလျော့ပေးနားလည်ဖို့ပါပဲ အဓိကကဘယ်တော့မှအစကိုမမေ့ပါနဲ့ပေါ့ ဥပမာ အတူတူလျှောက်လည်ခဲ့တာတွေ တယောက်ကိုတယောက်ကိုဘယ်လောက်ချစ်ကြောင်းပြောခဲ့တာတွေ မိဘမသိအောင်ခိုးတွေ့ခဲ့ကြတာလေးတွေ စစတွေ့ချင်းအနမ်းပေးလို့ရင်ခုန်ခဲ့ရတာလေးတွေပေါ့☺️အချစ်မှာN E P Dပါ🥰
2026-10-13 18:39:13
1
To see more videos from user @nawhteethae, please go to the Tikwm
homepage.