@.ma.nyo.san: စိတ်နဲ့ကိုယ်နဲ့ ကပ်မနေတဲ့ ရက်တွေမှာ မင်းအနားပဲ နေချင်မိတယ်ရှင် ဥပမာ - ဒီလိုနေ့တွေပေါ့ ။ ဒီအချိန် မင်းအနားလေးမှာသာ ရှိနေရရင် ကိုယ် အနည်းအကျဉ်းတော့ အဆင်ပြေသွားမှာဆိုပြီး တကယ်ကို ယုံကြည်နေမိတာ ။ တခြားသူတွေဆိုရင်လေ ကိုယ်အဆင်မပြေဘူးလို့ စကားလေးတခွန်းစလိုက်တာနဲ့ အနောက်မှာ ဘာလို့အဆင်မပြေရတာလဲ ဘာကြောင့်အဆင်မပြေဖြစ်တာလဲ စတဲ့ မေးခွန်းတွေ တသီကြီးကို အလိုက်မသိမေးပြီး အဆုံးသတ်ကျ ကိုယ့်ကိုပဲ အပြစ်တင်တတ်ကြတာများတယ်လေ ။ အဲ့ဒီအချိန်ကျ ပိုလို့ အဆင်မပြေဖြစ်ရတယ် ။ မင်းသာဆိုရင် ... မဖြေချင်မှန်းသိတဲ့ မေးခွန်းတွေကို မေးမှာမဟုတ်သလို လက်လေးကိုင်ရင်း ဒီခဏလေးမှာပဲ အဆင်မပြေတာပါ အစစအရာရာ အဆင်ပြေသွားမှာဆိုပြီး ကိုယ့်ကို ယုံကြည်ပေးတာမို့ ကိုယ် မင်းအနားပဲ ရှိနေချင်မိတယ် ။ ပြီးတော့လေ ... ကိုယ့်ဝမ်းနည်းခြင်းတွေ အားနည်းချက်တွေကို ဘယ်သူ့ရှေ့မှာမှ မဖော်ပြချင်ဘူး ။ ဒါပေမယ့် မင်းရှေ့မှာတော့ ဘယ်အရာကိုမှ ဟန်ဆောင်စရာမလိုပဲ နေထိုင်လို့ရတယ်လို့ ခံစားမိတယ် ။ ဒီနေ့လေလို့ အစချီပြီး ...ကြုံခဲ့သမျှ တွေးမိသမျှ အရာရာကို ပြောပြချင်မိသလို ကိုယ်ကလေဆိုပြီး ဒီခဏလေးပဲ အဆင်မပြေဖြစ်တာဖြစ်ပြီး ဝမ်းနည်းလို့ ပြီးသွားရင် ပြန်သန်မာမှာပါဆိုတဲ့ အကြောင်းလေး ပြောပြချင်တယ် ။ ဘာကြောင့်မှန်းမသိပေမယ့် စိတ်နဲ့ကိုယ်နဲ့ ကပ်မနေတဲ့နေ့တွေမှာ ကိုယ်ရှာမိတာက အဖြေတစ်ခုမဟုတ်မဟုတ်ပဲ မင်းပဲဖြစ်ဖြစ်နေခဲ့တယ် မင်းသာရှိရင် ... မင်းအနားမှာဆိုရင် ဒီအခိုက်အတန့်လေးက အတော်လေးအဆင်ပြေသွားမှာဆိုပြီး ယုံကြည်နေမိတယ် ။ ဒါကြောင့် ဘဝက ကိုယ့်ကို ဘယ်လောက်ပဲ ပင်ပန်းစေပါစေ မင်းအနားလေးမှာဆိုရင် အရာရာကို ဖြတ်ကျော်သွားနိုင်မယ်ထင်တယ်

@M💞M😘😘😘🤍🩵❤️
@M💞M😘😘😘🤍🩵❤️
Open In TikTok:
Region: MM
Sunday 30 August 2026 05:00:46 GMT
94150
6975
6
911

Music

Download

Comments

user1686332400332
ဇင်မာဦး :
🥰🥰🥰🥰🥰🥰🥰🥰🥰👍👍👍👍👍👍👍👍👍👍👍👍👍👍
2026-08-31 13:37:25
1
p..may0
🤍May 🤍 :
💞💞💞
2026-08-31 11:47:51
1
kokhaingsoeoo7
🌸🌸🐇🐇Soe Lay💖🐇🐇🐇 :
💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙💙
2026-08-30 05:13:35
3
To see more videos from user @.ma.nyo.san, please go to the Tikwm homepage.

Other Videos


About