@bagonews.burmalocal: မြန်မာမှတ်ပုံတင်ကို ကျပ်သိန်း ၁၀၀၀ ထိပေးဝယ်နေတဲ့ တရုတ်ကျားဖြန့်တေအကြောင်း ရန်ကုန်မြို့အတွင်းမှာ ကျားဖြန့်လုပ်ငန်းတွေနဲ့ ဆက်နွှယ်နေတဲ့ တရုတ်နိုင်ငံသားတွေ စိမ့်ဝင်ရောက်ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။ အခုဆိုရင်တော့ မြန်မာမှတ်ပုံတင်တွေကိုပါ ငွေကြေးအမြောက်အမြားပေးပြီး ဝယ်ယူရရှိနေကြတယ်လို့ သိရပါတယ်။ ရှမ်းမြောက်ဒေသနဲ့ မြဝတီဘက်ကနေ နည်းလမ်းမျိုးစုံနဲ့ ရန်ကုန်ကို ရောက်ရှိလာကြတဲ့ တရုတ်နိုင်ငံသားအချို့ဟာ မြန်မာစကားကိုတောင် ကောင်းကောင်း မပြောတတ်ကြဘူးလို့ ဆိုပါတယ်။ ဒါပေမယ့် ရန်ကုန်မြို့ ဆင်ခြေဖုံးဒေသတွေမှာရှိတဲ့ ဒေသခံတွေရဲ့ ၁၂/ မှတ်ပုံတင်တွေကို ငွေကြေး သိန်းထောင်ချီပေးပြီး လွှဲပြောင်းရယူနေကြတယ်လို့ သတင်းရရှိပါတယ်။ အဲဒီလို မှတ်ပုံတင်တွေ ရရှိပြီးနောက်မှာတော့ ဟိုတယ်ပိုင်ရှင်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေအဖြစ် အမည်ခံပြီး လုပ်ငန်းတွေ လုပ်ကိုင်လာကြတယ်လို့ သိရပါတယ်။ သူတို့ဟာ ရန်ကုန်မြို့အတွင်းမှာ ဟိုတယ်၊ KTV နဲ့ ဘားတွေ ဖွင့်လှစ်တာ၊ တရုတ်ဘာသာစကားသင်တန်းတွေ၊ ကွန်ပျူတာသင်တန်းတွေလို တရားဝင်စီးပွားရေးလုပ်ငန်းတွေကို လိုင်စင်ရယူပြီး လုပ်ကိုင်နေကြပါတယ်။ ဒါပေမယ့် အဲဒီလုပ်ငန်းတွေကို အပြင်ပန်းအဖြစ် အသုံးချပြီး အတွင်းပိုင်းမှာတော့ တံခါးပိတ်ကာ အွန်လိုင်းကနေ ငွေကြေးလိမ်လည်မှုတွေကို ဆက်လက်လုပ်ကိုင်နေကြတယ်လို့ သတင်းရင်းမြစ်တွေက ပြောပါတယ်။ #fyp #foryou #foryoupage #viral #breakingnews
BAGO NEWS LOCAL ⛎
Region: MM
Sunday 30 August 2026 05:30:27 GMT
1845607
110311
1385
33959
Music
Download
Comments
Modern Farmer :
သိန်း 1000/ ဆို ရောင်းပြီး ရွာမှာ အေးဆေးလုပ်ကိုင်စားကြမှာပေါ့
2026-08-30 07:31:44
2114
Nyein Nyein Soe🌹 :
မှတ်တင်သိန်းတစ်ရာရရင်ရောင်းမယ်ဟေ့
အရှုပ်ရှင်းမရှိငါ့ယောက်ျားမှတ်ပုံတင်ကိုရောင်းမှာ
2026-08-30 08:30:29
732
ပဲနို့🪐 :
ငါ့မှာ အကြွေးနဲ့သိမ်းထားတဲ့ မှတ်ပုံတင် အရေအတွက် ၃၀ကျော်ရှိတယ်🗿
2026-08-30 12:32:50
273
မင်္ဂလာ :
မှတ်ပုံတင်မရောင်းကြပါနဲ့ရှင် နောက်ဆက်တွဲက နိုင်ငံပျောက်လိမ့်မယ်
2026-08-30 10:48:58
218
Naing moe Zet Tin(Dalla) :
သိန်းတစ်ထောင်ပေးရင်လဝကရုံးမှာတောင်တရားဝင်ဝယ်လို့ရတယ်😂😂
2026-08-30 09:23:05
307
MaNyein :
မရောင်းနိုင်ပါဘူးနိုင်ငံကိုရောင်းသာနဲ့အတူတူပဲသိကြဖို့
2026-08-30 10:04:16
37
Naung Yoe :
ရောင်းတာပေါ့ဟ ပီးမှ အပျောက် ပြန်လျှောက်မှာပေါ့😳
2026-08-30 09:44:04
81
အကြီးကောင်🍓🍏🍎😋🤤 :
1000ဆိုငါရောင်းမယ်😁 အ့နေမှာပဲပျောက်ဆုံးကြောင်းရဲစခန်းနဲ့သတင်းပိုးမယ်😂😂
2026-08-30 13:00:15
18
Ko Lu Soe :
အဲ့လိုရောင်းစားသူတွေတကယ်ရှိနေတာနောက်ဆက်တွဲမတွေးကြဘူး
2026-08-30 10:12:42
18
Hein Htet Aung :
အလုပ်လျှောက်တဲ့အခါ အေဂျင်စီက မှတ်ပုံတင်ရှေ့နောက်နဲ့ သန်းခေါင်စာရင်းအစစ်ပါ တောင်းတယ် အေဂျင်စီနဲ့ သန်ခေါင်စာရင်းအစစ်မလိုဘူးမဆိုင်ဘူး အေဂျင်စီနဲ့ဆိုင်တာက cv ဖောင်ပဲဆိုင်တယ် လုပ်ငန်းရှင်နဲ့ အင်တာဗျူးကျမှ ကျန်တဲ့စာရွက်စာတမ်းတွေက ထုတ်ပြရတာ အဲ့ဒါ မှတ်ပုံတင် သန်းခေါင်စာရင်းကို အတုလုပ်နေတဲ့ ကျားဖြန့်တွေပဲ
2026-08-30 06:34:14
36
Aye Myanmar :
ရောင်းလို်ရတဲ့ နေရာလေး လမ်းညွန်ပါအုန်း
2026-08-30 09:00:45
20
လမ်းပျော် :
သေချာရင် ပြောပါ 9 ရာပဲပေး😁😁😁😁😁
2026-08-30 07:51:52
42
ကြေကွဲလူငယ်၂ (💔 Feel Video💔) :
သိန်းတစ်ထောင်ဆို. ရောင်းမယ်
ဘယ်လိုဆက်သွယ်ရမလဲ😂😂
2026-08-30 18:34:39
10
C..L..A... :
နောက်ဆက်တွဲဒုက္ခရောက်မှာကြတော့ ဘယ်သူမှမသိဘူးရောင်းချင်တဲ့သူကများနေတယ်😏
2026-08-30 12:27:30
10
𝙃𝙤𝙣𝙚𝙮 𝙇𝙪𝙭 🐾 :
ငါ့အဖွားမှတ်ပုံတင်ရောင်းချင်းလို့
2026-08-30 16:36:54
9
Shwe Yee Win :
ငါရောင်းမယ်ဟေ့ သိန်းတစ်ထောင်ရရင်😆
2026-08-30 09:54:35
8
Lynn🍀အထည်လက်လီ/လက်ကား👗🛍️ :
နိုင်ငံကိုရောင်းတာနဲ့အတူတူပဲဆိုတာ လူတိုင်းကိုသိစေချင်တယ် ငွေမြင်တာနဲ့ငမ်းငမ်းတက်ပြီး ဦးနှောက်မရှိတဲ့အလုပ်တွေမလုပ်မိကြဖို့မျှော်လင့်ပါတယ်
2026-08-31 12:34:34
8
muhsen033 :
အမျိုးဘာသာစောင့်ရှောင်းရေးကမမြင်ဘူးလား
2026-08-30 20:23:15
5
ကြင်သူမဲ့အလွမ်းသ္မား S k y. Mg :
မင်းအောင်လှိုင်
2026-08-30 06:50:57
7
ʚARIMA๛ :
ဘယ်လိုဆက်သွယ်ရမလည်းဗျ🥰အဲ့လူတေဆီကို
2026-08-30 14:48:25
6
Aung Kyaw Soe :
လဒ်အစားဆုံးက လဝကပါဘဲ့ ၁၀သိန်းကနေပီး၃၀အထိယူတယ်ငါသိသလောက်ပြောတာ အရင်က ရှမ်းပသျှူလူမျိုးသူဌေးတွေကလဲ သိန်း၃၀ထိပေးပြီးလုပ်တယ် တစ်ချို့ကငွေမရှိလိုအခုထိမှတ်ပုံတင်မရဘူး ဆင်းရဲတဲ့ ရှမ်းဗမာတွေမာ မှတ်ပုံတင်မရှိတဲ့လူတွေငါ့မြို့မာရှိတယ်
2026-08-30 09:34:21
7
Saya chit :
မြန်မာကျပ်ငွေနိမ့်ကျလွန်းတော့ အဂတိလိုက်စားမှုများပြီပေါ့
2026-08-30 07:12:14
7
🐉🫶🇬🇲💙Khin💙🇬🇲🐉 :
သိန်း၁ထောင်ဆိုရောင်းမယ်😁😁
2026-08-31 15:23:54
1
To see more videos from user @bagonews.burmalocal, please go to the Tikwm
homepage.