@pyae62924: ကျွန်မလဲ ရက်စက်တတ်ပါတယ်... သည်းခံနေတာပဲဆိုပြီး ဖိဖိမနင်းချင်စမ်းပါနဲ့... အလျှော့ပေးနေတာပဲဆိုပြီး ခဏခဏအနိုင်မယူစမ်းပါနဲ့ သိပ်ချစ်တာပဲဆိုပြီး အချိန်တွေအကြာကြီး ပစ်ပစ်မထားနဲ့ ကျွန်မက သည်းခံတတ်သလို ပေါက်ကွဲတတ်တယ် ပြီးတော့ သိပ်ချစ်တတ်သလို ရက်စက်တတ်တယ် ။ နာကျင်ပါစေတော့ဆိုပြီး ကိုယ့်ဖက်ကစပြီး မယုတ်မာတာကလွဲရင် ခံရပါများရင် ကျွန်မစိတ်က သိပ်ပြီးတော့မှတော့ သည်းမခံတတ်ဘူး ။ နာကျင်အောင် လုပ်လို့ရတယ် ဒါပေမယ့် ခဏခဏတော့ မဟုတ်ဘူး ။ အသုံးချသွားလို့ရတယ် အကြိမ်ကြိမ်တော့ မဟုတ်ဘူးပေါ့ ။ ကိုယ်ထိလက်ရောက် နာကျင်သွားအောင် လုပ်ဖို့လား ကျွန်မ လုပ်တတ်တယ် ။ စကားလုံးတွေနဲ့ စိတ်တွေ နာသွားစေချင်တာလား ကျွန်မ ပြောတတ်တယ် ။ မရက်စက်ချင်သေးတာပါ ။ ပြီးတော့... ကိုယ့်ကြောင့် ဘယ်တစ်ဦးတစ်ယောက်ကိုမှ မထိခိုက်မနစ်နာစေချင်လို့ ကိုယ်နာကျင်ရသမျှ ကိုယ် အစာအိမ်နာသွားတာမှ မဟုတ်တာဆိုတဲ့စိတ်နဲ့ မြိုချပစ်လိုက်တာ ။ အရမ်းများလာတဲ့တစ်နေ့ကျရင်တော့ ပွင့်အံထွက်လာမိမှာပါပဲ ။ အဲ့ဒီနေ့ရက်တွေရောက်မှ... ဒီကောင်မလေးက လုပ်ရက်လိုက်တာ ရက်စက်လိုက်တာ အသည်းမာလိုက်တာဆိုတဲ့ ခေါင်းစည်းအမျိုးမျိုးတွေ မတပ်ပါနဲ့ ...တချိန်လုံးကောင်းအောင်နေခဲ့သမျှကို အလာဟသမဖြစ်ချင်လို့သာ အကောင်းဆုံး နေထိုင်နေမိတာပါ ။ အခုလက်ရှိ စိတ်တွေဟာ အရင်လို အေးချမ်းမနေဘူးလေ ။ အစစအရာရာကလဲ အမှန်ပြောရရင် အဆင်ပြေနေခဲ့တာမဟုတ်ဘူး ။ အပူတွေထပ်ပြီးပေးရင် ကိုယ်ဘယ်လောက်ချစ်တဲ့လက်ပဲ ဖြစ်ဖြစ် ဖြုတ်ချပစ်ခဲ့မှာပါ ။ ဒဏ်ရာတွေထပ်ပြီးပေးရင် ကိုယ်ဘယ်လောက်တွယ်တာတဲ့ အရပ်ပဲ ဖြစ်ဖြစ် လှည့်ထွက်ခဲ့မိမှာပါ ။ ဒီအချိန်မှာ ကျွန်မကိုယ် ကျွန်မ ဘာဖြစ်နေလဲဆိုတာတောင် ကိုယ့်ကိုယ်ကိုယ် ထိန်းချုပ်မနေနိုင်တဲ့အခါ အရာရာဟာ ထိလွယ် ရှလွယ်လွန်းပါတယ် ။ ပစ်ထားတဲ့ရက်တွေကို မမြင်ပဲ နေနိုင်သွားတဲ့အခါမှ နေနိုင်လေခြင်းဆိုတဲ့ အပြစ်တွေမြင်တတ်ကြတာပါပဲ မြင်ပါစေ... တစ်ကြိမ်တစ်ခါတော့ ကျွန်မလဲ ရက်စက်ချင်တယ် သူနာကျင်ရသည်ဖြစ်စေ မနာကျင်ရဘူးဖြစ်စေ တချိန်က သူနေနိုင်ခဲ့သလို ကျွန်မလဲ ပြန်နေနိုင်ချင်တယ် ။ မဆက်တဲ့ဖုန်းကို မဆက်တဲ့အတိုင်းထားပြီး မခေါ်ချင်တဲ့ မိတ်ဆွေတွေကို မခေါ်တော့တဲ့အတိုင်းပဲ ထားမယ် ။ တွယ်တာလွန်းရင် ဒဏ်ရာများတယ်လေ။ ပြီးတော့ အလျှော့ပေးလွန်းရင် အနိုင်ယူတတ်လွန်းတယ် ။ ပြတ်လဲ ပြတ်ပါစေတော့ အထီးကျန်လဲ ကျန်ပါစေတော့ ဒဏ်ရာဒဏ်ချက်တွေများပြီ ငိုရတဲ့မျက်ရည်တွေလဲ ခမ်းလုနီးနီးဖြစ်နေပြီ ။ ဒီတစ်ကြိမ် နာကျင်ပြီး ကျန်ခဲ့ရမယ့်လူက ကျွန်မက မဖြစ်ချင်တော့ဘူး ။ ရက်ရက်စက်စက် ချန်ခဲ့မယ့်သူက ကျွန်မ ဖြစ်ချင်တယ်......#crd🍀🍀🍀🍀
さくら
Region: TH
Sunday 30 August 2026 05:42:01 GMT
Music
Download
Comments
မေတ္တာ စူးနေတဲ့ လူ :
Same to Same
2026-08-31 14:55:24
2
Zar 💐(Sagittarius♐️) :
အရမ်းတိုက်ဆိုင်တာပဲ စာသားလေးကြိုက်လို့ copy ချပေးပါလားရှင့်
2026-08-31 13:46:01
5
Su Lay :
စာသားလေးကြိုက်လိုပြန်တင်ပါရစေနော်🥰🥰🥰🥰🥰
2026-08-31 07:29:29
3
Kyawe Kyawe :
တိုက်ဆိုင်လို့ ပြန်တင်ပရစေရှင့်🥰🥰
2026-09-01 02:53:00
1
NP💙⚖🐅🐅🦅 :
စာသားလေး သဘောကျလို့မန့်မှာချပေးပါလား🥰
2026-08-31 13:29:18
2
Kyaw Soe :
စာသာကအရမ်းမိုက်နေမိနေရော့ပဲgood 🥰🥰🥰🥰🥰🥰
2026-08-31 15:33:35
3
A Y V T :
ပြောတပ်လိုက်တာ စာကိုဖတ်ပီကိုကိုယ်ပြန်မြင်နေရလို့ပဲ🥰🥰🥰🥰🥰
2026-08-31 14:38:53
3
⚛️daw.cho🕉️⚛️ :
စားသာကငါဘဝနဲတထပ်တည်ပါဘဲယူခွင့်ပြုပါနော်
2026-08-31 14:13:12
2
Alice :
အရမ်းကြိုက်တဲ့စာသားလေးပြန်တင်ခွင့်ပြုပါ
2026-08-31 17:53:07
2
Poe Ou Lay :
စာသားလေးပြန်တင်ခွင့်ပြုပါရှင်🥰
2026-08-31 12:16:20
3
phyu zin :
စာသားလေးပေးပါလားသဲ
2026-08-31 01:34:47
2
ĴÛĽÏÅ$ :
စာသားလေးပြန်တင်ခွင့်ပြုပါနော်🥰🥰🥰
2026-08-31 13:24:43
2
Snow :
မှန်လိုက်တာ👍👍👍
2026-08-31 14:32:07
3
ထာဝရချစ်သွားမယ် :
ဘာလို့ရက်စက်ချင်တာလဲ
2026-08-31 07:59:33
3
𝕄𝕠𝕖𝕤𝕒𝕥 ℙ𝕙𝕪𝕦 𝕡𝕙𝕪𝕦 :
စာသားကိုပြန်တင်ခွင့်ပြုပါရှင်
2026-08-31 11:06:47
3
မြင့်မြင့်ထွန်း ဘီးလင်း :
ချစ်ခရီးလမ်း
လွမ်းတငွေ့ငွေ့
🤭🤭🤭🤭🤭
2026-08-31 17:27:03
1
May Hinn :
စားသားပြန်တင့်ခွင့်ပြာပါနော်
2026-08-31 13:30:11
2
ဘုရင်မပဲး လုပ်တော့မယ် 🥰🥰 :
အရမ်းတိုက်ဆိုင်လွန်ပါတယ်🥺
2026-08-31 14:05:20
2
Myo Myo Khin :
💕
2026-08-30 12:14:09
2
အူငဲ :
ကိုယ်တိုင်ခံစားနေရလို့ ကိုယ်တိုင်ပြောချင်နေခဲ့တာ အဲစာသားတွေပဲ ခံစားချက် ထပ်တူဖြစ်နေလို့ copy ယူပြီး ပြန်တင်ပါရစေ🥰
2026-09-01 02:32:54
2
Phyophyo :
@ရက်စက်တတ်ပါတယ်
2026-08-30 10:07:07
2
Aye Thu :
2026-08-30 09:40:39
1
To see more videos from user @pyae62924, please go to the Tikwm
homepage.