@sitagu.news: ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ သီတဂူအထူးဓမ္မသဘင် မဟာမင်္ဂလာသတင်းအပိုင်း(၁) ရွှေကျင်နိကာယသာသနာပိုင်၊ နိုင်ငံတော်ဩဝါဒစရိယ၊ အဘိဓဇမဟာရဋ္ဌဂုရု သီတဂူအဓိပတိဆရာတော်ဘုရားကြီး ဟောကြားတော်မူသော ဝါခေါင်လပြည့် မေတ္တာအခါတော်နေ့ သီတဂူအထူးဓမ္မသဘင် ကို ပြင်ဦးလွင်မြို့၌ အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပါသည်။ အဆိုပါ အထူးဓမ္မသဘင်ကြီးကို ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၂၈) ရက် (ဝါခေါင်လပြည့်နေ့) တွင် ပြင်ဦးလွင်မြို့၊ ညံတောရပ်၊ ဦးခန္တီဘုရားရှေ့ရှိ "သံဃသမဂ္ဂီ မဟာပဝါရဏာ သိမ်တော်ကြီး" ၌ ကျင်းပခဲ့ခြင်းဖြစ်ပြီး သီတဂူဆရာတော်ဘုရားကြီးထံမှ မေတ္တာဓာတ်များ ကိန်းဝပ်စေမည့် အနုမောဒနာ ဓမ္မကထာ တရားတော်များကို သာသနာ့ ဒါယိကာ၊ ဒါယိကာမ အပေါင်းတို့က ကြည်ညိုသဒ္ဓါပွားများစွာဖြင့် နာယူကြည်ညိုခဲ့ကြပါသည်။ ယခုတရားပွဲကြီး၏ မတည်ကုသိုလ်ရှင်များအဖြစ် ပြင်ဦးလွင်မြို့၊ "ဦးစိန်မောင် (သား) ဇော်မင်းဦး စိန်ရွှေရတနာဆိုင်" မိသားစုဖြစ်ကြသော သီတဂူ ဦးဇော်မင်းဦး + ဒေါ်မီမီထွေး၊ တို့က သဒ္ဓါထက်သန်စွာဖြင့် မတည်လှူဒါန်းခဲ့ကြကြောင်း သိရှိရပါသည်။ သီတဂူစန်းလပမာချမ်းမြသာယာရှိကြပါစေ... သူတော်ကောင်းတရားနေရာတိုင်းမှာ ထွန်းတောက်ပါစေ...

Sitagu News
Sitagu News
Open In TikTok:
Region: MM
Sunday 30 August 2026 07:17:32 GMT
706
183
10
6

Music

Download

Comments

mgthupyin.oo.lwin
MgThu{Pyin Oo Lwin} :
သာဓုသာဓုသာဓုပါဘုရား အလှူရှင်မိသားစုနှင့်တရားနာပရိတ်ပေါင်း ကျန်းမာကြပါစေ👏👏👏
2026-08-30 09:47:30
0
aung.myo.lin6
Aung myo lin :
🙏🙏🙏
2026-08-30 13:23:23
0
thwe7495
thwe :
🙏🙏🙏🙏🙏🙏🙏🙏
2026-08-30 08:38:15
0
user3272478599684m
user3272478599684MATHEIN :
သာဓု သာဓု သာဓုပါဘုရား 🙏🙏🙏
2026-08-30 08:16:46
0
aung.ko.ko1545
aung ko ko :
🥰🥰🥰🙏🙏🙏🥰🥰🥰
2026-08-30 14:10:51
0
user90836818617565
ဝရိန်စိုး :
🙏🙏🙏🙏🙏
2026-08-30 17:37:05
0
khin.thu46
tky :
🙏🙏🙏
2026-08-30 13:06:32
0
chitwar18
𝓒𝓱𝓲𝓽 𝓦𝓪𝓻 :
🌹🌹🌹🙏🙏🙏🙏🙏🌹🌹🌹
2026-08-30 07:33:27
0
aung.lwin.299
Aung Lwin 299 :
🙏🙏🙏🙏🙏
2026-08-30 07:26:45
0
ko.sint21
ko sint :
🙏🙏🙏🙏🙏🙏🙏🙏
2026-08-30 21:53:54
0
To see more videos from user @sitagu.news, please go to the Tikwm homepage.

Other Videos


About