@gold857091: ကျမ အိပ်ရာဝင်ရင် ကိုယ်ကမိန်းမသားဆိုတော့ အမျိုးသားကို စပ်မိစပ်ရာပြောတာပေါ့။အတိတ်ကို‌ တွေးရင် မကျေနပ်စရာတွေ ဘဲ များလို့ ဒေါသ ဖြစ်မယ်။အနာဂတ် တွေးရင်လည်း ဖြစ်ချင်တာ တွေ များလို့ လောဘ ဖြစ်မယ်တဲ့။လက်ရှိ ပစ္စုပ္ပန် ကို ဘဲ အကောင်းဆုံး ဖြစ်အောင် ဖြတ်သန်းပါတဲ့။ မနက် မိုးလင်းလို့ အိပ်ရာထရင်လည်း ကျမကိုသေဖို့ ပြင်ဆင်ပြီးပြီလားတဲ့။ သာမန်ဆို နိမိတ်မရှိဘူးပါ့။ သူ့ဘဝ ကြုံတွေ့လာတဲ့ လောကဒဏ်ကို ကျမက သိနေတော့ ကျမကို တရားအားထုတ်ဖြစ်အောင် ပြောတယ်ဆိုတာ နားလည်ပြီးသားပါ။ သူပြော နေကျ စကားက နောက်ဘဝဆိုတာ မင်းနဲ့ကိုယ်နဲ့က ဘာမှ မသိကျတော့တဲ့ တစိမ်းတွေ ဖြစ်သွားမှာတဲ့။‌လက်ရှိ သေချာတဲ့ အခုဘဝမှာ သံသရာ တစ်ခုလုံးစာ ချစ်သွားမယ်တဲ့။ ငါ့သားမရှိရင် မဖြစ်ဘူးတို့။ငါ့‌ ယောက်ျား မရှိရင် မရပ်တည်နိုင်လောက်ဘူးဆိုတဲ့ အတွေးကိုဖယ်။အားလုံးကို ကြိုခွဲထားတဲ့။ငါသည် ဖန်ခွက်တစ်လုံး လို အချိန်မရွေး ကျကွဲ ပျက်စီးနိုင်တယ်လို့ နှလုံးသွင်းတဲ့။ ကုသိုလ်သံ ကြားရင် သာဓုခေါ်တတ်တဲ့ အကျင့် ရှိပါစေတဲ့ ...အစွဲအလမ်းတစ်ခုကြောင့် တဒဂ် မကျွတ်ခဲ့ရင်တောင် အဆင်ပြေအောင်လို့တဲ့။ သူ့စကားအတိုင်းအမြဲ နှလုံးသွင်း ဖြစ်တော့ နေရတာစိတ်ချမ်းသာမှု အပြည့် ပါ မို့လို့ ပြန်လည် မျှဝေခြင်းသာ။🙏🙏🙏 ဝေဘုန်းသား မေမေ

Yamin Htun
Yamin Htun
Open In TikTok:
Region: MM
Sunday 30 August 2026 09:40:00 GMT
203010
15429
345
1223

Music

Download

Comments

htunlinaung8820
ရွှေထွန်း :
အီလွန်မက်ကို လင်တော်ရတာထက် ပိုတန်ဖိုးရှိတဲ့ လင်ကို ရထားတာပါ သံသရာအတွက် ပါ အထောက်အကူရလို့ တဘဝ အတွက်တော့ စိတ်ချမ်းသာရပြီ
2026-08-31 05:37:00
539
user9575554177475
ကိုဖြိုး :
ထောင်နိုင်တဲ့နားပါလို့ပါ ကျန်တော့်မိနိးမကိုဒီလိုစကားတွေပြောကြည့်တယ် ငါကိုနှလုံးရောဂါရအောင်လုပ်တာလားးတဲ့
2026-08-31 08:21:33
180
minpo597
Nya Thit :
နာခံတတ်တဲ့ ပါရမီလည်း ပါမှရတာ တရားစကားကို လက်ခံနိုင်တဲ့ နားးရှားသွားပြီ အဲ့ထဲ ကိုယ်မပါတာကို က အားရှိစရာပါ ကျနော်နဲ့ ကျနော့်အမျိုးသမီးလည်း ညတိုင်း လိုလို တရားအကြောင်းတွေ ပြောဖြစ်ကြတယ် ဒီဘဝ ဒီခန္ဒာနဲ့ ပဲ သံသရာပြတ်ချင်ပါပြီ ဗျာ
2026-08-31 12:03:08
93
htun.thadar
Htun Thadar :
စိတ်ချမ်းသာတဲ့ အိမ်ထောင်ရေးဆိုတာ ဒါမျိုးကိုလို့ ထင်ပါတယ် ကိုယ်တွေလည်း တခြားပျော်ရွှင်ပြီးမှ ရတဲ့ စိတ်ချမ်းသာမှာထက် ခုလို ဘာသာရေးနဲ့ ဆက်နွယ်နဲ့ စိတ်ချမ်းသာမှုမျိုးကို ပိုပြီး မြတ်နိုး တန်ဖိုးထားပါတယ်ရှင်
2026-08-31 05:27:19
66
mgmg.5346
MgMg 5346 :
ယောကျ်ားမြတ်ကိုရထားတာပဲ ညီမကလဲလိုက်နာတတ်သည့်တန်ဘိုးသိတဲ့ သူ တော် ကောင်းမို့ပါ
2026-08-31 04:05:03
17
user39317330608078
myo nim :
အိမ်ကမိန်းမကပြောမရဘူးဗျ ဘုရားတရားလုပ်ဖို့ပြောလဲ မရ. အကောင်တွေမသက်ပါနဲ့ဆို ဖားတွေ ဖမ်းပြီး ပုံးထည့်ထည့်ထားတယ် စားမလို့တဲ့စိတ်တွေညစ်လိုက်တပြောမနေနဲ့ ဘယ်လို ရေစက်မှန်းကို မသိဘူး
2026-08-31 13:44:04
37
atmwtt
ATM007 :
မိသားစုဝင်ထဲက ပထမဆုံးတော့ အမေ့ကို တရားစကားပြောတယ် ညီကိုလည်းပြောတယ် တရားထိုင်နည်းတွေသင်ပေးတယ် လောကရဲ့အဖြစ်အပျက်အပေါ်မှာ ဘာမှအရမ်းကြီးခံစားနေစရာမလိုကြောင်းတွေ ပြောဖြစ်တယ် ပြောတဲ့အချိန်လေးပါပဲ အင်း အင်း နဲ့ ပြီးတော့ သူ့ပါရမီဓာတ်ခံအတိုင်း ဖြတ်သန်းကြတာပါပဲ ကိုယ့်ပါရမီဓာတ်ခံနဲ့ကိုယ် လာကြတာ ဖြစ်ကြောင်း တစ်ဖြည်းဖြည်းနားလည်လာလို့ အပြောတွေလျော့လိုက်ရပါတယ်။ ကိုယ်တိုင်အတွက် လျော့ကျမသွားအောင် ဆင်ခြင်နေဖြစ်ပါတယ်။
2026-08-31 14:39:57
26
myo.min.thant617
🇲🇲 Myo Min Thant 🇰🇷 :
တန်ဖိုးရှိတဲ့စကားတွေ🙏🙏🙏 ခုလိုစကားတွေပြောပေးနေတဲ့ ယောက်ျားကောင်းတစ်ယောက်ရထားတာ အစ်မကတကယ့်ကံကောင်းတဲ့လူသားပါပဲ
2026-08-30 09:48:36
16
kyaw.lynn00
Kyaw Lynn :
ကောင်းလိုက်တဲ့စကားပါဗျာ ဒီတစ်သက်ခင်ဗျားလင်ကောင်းရလိုက်ပြီ ကျနော်လဲအဲ့လိုင်ဖြစ်ပါတယ် ဒါပေမယ့်မစုံဘူးပေါ့ဗျာ ရှိသလောက်တော့သွန်တာပါဘဲ ကောက်မကောက်ကတော့သူ့သဘောပါဗျာ🥰🥰🥰🥰🥰🥰
2026-08-31 08:41:17
8
user5201126765128
chitko :
အလွန့်အလွန် တန်ဖိုးရှိလွန်းလှသော မြတ်သော စကားတွေပါ လေးစားဂုဏ်ယူ သာဓု အကြိမ်ကြိမ် ခေါ်ပါ၏🙏🙏🙏🙏
2026-08-31 05:10:26
8
cyclon6742
Aung Zaw Phyo⚽⚽⚽ :
အရှိကိုအရှိအတိုင်းမြင်တယ် အလိုလူမျိုးက အနည်းဆုံး ကိုယ်ကျင့်သီလကို ခါးဝတ်ပုဆိုး ကဲ့သို့ မြဲတဲ့သူမျိုး လောဘ ဒေါသ မောဟ မရှိဘူး/မဖြစ်ဘူးမဆိုလိုဘူး ဒါမယ့် နည်းတဲ့ပုဂ္ဂိုလ်မျိုးပါ တန်ဖိုးထားပါအမ🥰 ဒီဘဝမှာပဲတရားကျင့်ရင် အနိမ့်ဆုံးစူဠသောတာပန်ဖြစ်နိုင်တယ်
2026-09-03 17:02:28
5
mumgmail.com5
mum :
❤️🥰ဒီလို မဂ်လာရှိတဲ့ တင်ပြထားတာတွေကို အများသိအောင် သာဓုခေါ်နိုင်အောင် အသိပညာ ရအောင် ထပ်ဆင့် မျှဝေပါရစေ❤️🥰
2026-08-30 13:34:54
7
oliva19875
🍀🤍Olivia🤍🍀 :
တန်ဖိုးရှိလိုက်တာ စကားတွေက အစွဲတွေကိုချွတ်နိုင်အောင် ကြိုးစားပါ့မယ် အစ်ကိုနဲ့အစ်မရေ အခုရက်ပိုင်း ကိုယ့်စိတ်တွေလည်းအဲလိုဖစ်နေတာ 🙏🙏🙏🙏🙏
2026-08-31 03:11:33
5
loseee10
S :
ယောက်ကျားကောင်းကိုရထားတာဘဲအမရယ် အဲ့လိုမျိုးယောက်ကျားရထားရင်တောင်နာခံတတ်တဲ့စိတ်ပါအုံးမှအဆင်ပြေမှာ အခုအမကိုယ်တိုင်ကလဲ လိုလိုလားလားစိတ်ရှိလို့အဆင်ပြေတာပါ ကြည်နူးမိပါတယ် အမတို့အိမ်ထောင်ရေးအတွက် ❤️ညီမဆိုဘာသာရေးပိုလုပ်ဖို့ ကောင်လေးက်ိုပြောရင် သူ့အတွက်ကိုယ်ကအပိုတွေလုပ်နေတယ် မယ်သီလရှင်ဝတ်တော့မှာလားနဲ့ ပြောလို့ ဘာမှကိုပြောချင်စိတ်မရှိတော့တာ တကယ်က ကိုယ်နားလည်သလိုသိထားသလိုတွေသူတို့က်ိုသိစေချင်ပြီးခနတာဖြစ်ဖြစ်တရားအသိလေးရပြီးသံဝဂေရသွားစေချင်တာ ဒါပေမဲ့ သူတို့ကိုယ်တိုင်ကိုယ်ကခံယူချင်တဲ့စိတ်ရှိမနေတော့ လျှစ်လျူဘဲရှူလ်ိုက်တော့တယ်
2026-09-02 06:07:48
6
its_luf3r
KYL3 :
ဒီခေတ်ကြီးထဲမှာ ဒီလိုသံသရာလွတ်ကြောင်းတရားး စကား ဆုံးမစကားကို တော်ယုံမိန်းမကလဲနားမလည်သလို လက်လဲမခံကြဖူးနော် အခန့်မသင့်ရင်Sပေါလို့က အပြောခံရအုံးမှာ ။ တကယ်အားကျမိပါတယ်🩵
2026-09-03 13:21:38
5
kaungkhant5329
kaungkhant5329 :
အဖိုးတန်တယ်နော်အမ တနေ့သေမာလူတိုင်းသိပေမဲ့ လူတိုင်းသတိမရှိနိင်ဘူးလေ
2026-09-01 11:57:07
4
phyozawhein.myanm
phyozawhein Myanmar :
ကျွန်တော် ကတော့သားတယောက်ရှိတယ်ခုမှ၁၂နှစ်မနက်မျက်နှာသစ်ရင်ဘုရားစာသရဏဂုံသုံးပါရွတ်ညအိပ်ရင်ဘုရားရှစ်ခိုးမွေးမွေးပေးတခါတလေတရားလိုက်ထိုင်တယ်မိဘဆိုတာရွှေတွေငွေတွေမရှိရင်တောင်သားသမီးမိဘတို့အပေါ်တရားအားထုပ်ဖို့အမြဲသင်ကြားပေးမိတယ်
2026-09-01 17:23:27
5
phyuhninwai4361
PHYU HNIN :
တန်ဖိုးရှိလိုက်တာ😇..သာဓု သာဓု သာဓုပါ..သူတော်ကောင်းတရားများပွားများအားထုတ်၍ ယခုဘဝမှာတင် တရားထူးတရားမြတ်တွေရပါစေ🍀
2026-09-02 14:34:08
2
winmaung.winmaung6
WinMaung WinMaung :
သံဝေဂစိတ်လေးပေါ်လို့မနက်ခင်းအနိစ္စဝတသခင်္ါရလေးဆိုမိပါတယ်ခင်များဗျာစောစောစီးစီးတဲ့
2026-09-01 00:18:38
1
naytwayaung3
Naytwayaung :
မှန်လိုက်တာဗျာ။👍🥰🥰🥰
2026-09-01 20:22:07
1
nay.nay0677
K.N.W :
အတိတ်..အနာဂါတ်..ပစ္စုပ္ပန်ကိုပြောတာလေးအရမ်းသဘောကျမိတယ်🙏🙏🙏🙏🙏🙏
2026-09-05 06:57:24
1
myomyatthu277
Thae Thae ♉ :
တချို့က တရားစကားပြောမရဘူးရှင့် ပြောရတဲ့သူ မှသာပြောလို့ရတာ ပါရမီ အထုံပါဦးမှ
2026-09-04 04:23:50
1
wailay71515
flowers :
ကောင်းလိုက်တာ သာဓုသာဓုသာဓုပါရှင်
2026-09-03 14:20:18
1
user260625482700
user2606254821204 :
ကောင်းလိုက်တာ စကားလုံးတိုင်း
2026-09-05 05:40:13
1
solahuda_.haa
PYAE SONE :
သိပ်ကောင်းတယ်တယ်ဗျာ နားလည်တတ်လို့သာဓုသာဓုသာဓုဗျာ🙏🙏🙏
2026-08-31 09:17:48
1
To see more videos from user @gold857091, please go to the Tikwm homepage.

Other Videos


About