@shunlapyae6: G12 မှာကိုယ့်ရဲ့အောင်မြင်မှုကို သူများတွေရဲ့အောင်မြင်မှုနဲ့မနှိုင်းယှဉ်ပါနဲ့ မမငယ်ငယ်က မီတာ ၁၀၀ အပြေးပြိုင်တယ် ပြေးလမ်းက တိုတိုလေးရယ် အောင်ပွဲဝင်ဖို့ မြန်မြန်ဆန်ဆန် ပြေးဖို့လိုအပ်တယ် ဒါနဲ့ပဲ အပြေးပြိုင်ပွဲအတွေ့အကြုံမရှိတဲ့မမဟာ အပြေးပြိုင်ပွဲဆွေမှာ ချန်ပီယံဆွတ်ခူးလေ့ရှိတဲ့ ဖေဖေနဲ့ လေ့ကျင့်သင်ကြားတယ် အပြေးအတွေ့အကြုံမရှိတော့ စလေ့ကျင့်တဲ့ရက်မှာ ခြေတွေလက်တွေနာတာ အသားကုန်ပေါ့ အရပ်ကလည်းပုတော့ငါမဖြစ်နိုင်ပါဘူးကွာဆိုပြီး လက်လျှော့ချင်တယ် ဆက်မလေ့ကျင့်ဘူးလို့စဉ်းစားမိပေမယ့် ငါလုပ်နိုင်တယ်ဆိုတဲ့စိတ်နဲ့ရှေ့ဆက်ဆဲ ဒါနဲ့ပဲအပြေးပြိုင်တဲ့နေ့ကိုရောက်လာတယ် မမကို ဖေဖေက အပြေးပြိုင်လေ့ကျင့်စဉ်မှာ တစ်လျှောက်လုံးပြောလတဲ့စကားလေးကို မမသတိထားမိတယ် ‘သမီး ရှေ့ကိုပဲကြည့် ပန်းတိုင်ကိိုပဲကြည့်ပြီးပြေး ဘေးဘီဝဲယာကိုမကြည့်နဲ့ ကိုယ့်ပန်းတိုင်ကိုပဲရောက်အောင်ပြေး‘ ဆိုတာလေးပဲ မမကလည်း နားမလည်ဘူး ဘာလို့ကိုယ့်ပန်းတိုင်ကိုပဲကြည့်ပြေးရမှာလဲ ဘေးကိုကြည့်ပြီး သူများတွေအခြေအနေကိုကြည့်ရမှာပေါ့လို့စဉ်းစားမိတယ် ဒါနဲ့ပဲအပြေးပြိုင်ပွဲအချိန်နီးကပ်လာပြီ မမတို့ကိုခေါ်နေပြီ တန်းစီပြီးပြိုင်ဖို့ပြင်နေပြီပေါ့ အဲ့အချိန် မပြိုင်ခင်နောက်ဆုံးတစ်ချိန်မှာ ဖေဖေက မမတန်းစီနေတဲ့နေရာကိုလာပြီး အော်ပြောတယ် ‘ရှေ့ကိုပဲကြည့်ပြေးနော်’ တဲ့ မမလည်း ‘ဟုတ်’ ဆိုပြီး ခေါင်းငြိမ့်ပြပြီး ပြေးဖို့ပြင်လိုက်ပါတယ် ခဏနေတော့ ဝီစီမှုတ်ပါပြီ အာ့နဲ့ပဲ စပြေးပါပြီ မမလည်းပြေးရင်း ဖေဖေပြောတာကိုမေ့သွားတယ် ဘေးဘီဝဲယာကို မကြည့်နဲ့ဆိုတာကိုကြည့်မိသွားတယ် ကြည့်လိုက်မိတော့ သူများတွေက ကိုယ့်ကိုကျော်တက်သွားတာကို သတိထားမိလိုက်တယ် မမနောင်တရခဲ့တယ် ငါဖေဖေပြောသလို ဘေးကိုမကြည့်ဘဲနေလိုက်ရမှာလို့တွေးမိတယ် အဲ့ကနေစလို့ မမဟာ မမဘဝတစ်လျှောက်လုံးမှာ ကိုယ်ကြိုးစားမယ်လို့ဆုံးဖြတ်လိုက်တဲ့အခါတိုင်း ကိုယ့်ရဲ့ပန်းတိုင်ကိုပဲ ကြည့်ပြီးကြိုးစားတော့တယ် ဘေးကသူများတွေကိုလှမ်းမကြည့်တော့ဘူး ကိုယ့်ရဲ့ပန်းတိုင်ကိုပဲကြည့်ပြီး တစိုက်မတ်မတ်ပြေးတော့တယ် အဲ့အခါမှာ မမ မသိတဲ့ ကြိုးစားနည်းအသစ်တွေရှာဖွေတွေ့ရှိလာတယ် မမ မရဖူးတဲ့အောင်မြင်မှုတွေကို ရလာတယ် နောင်တတွေရတာလည်းနည်းလာတယ် ဒါ့ကြောင့်ဘဝမှာကြိုးစားတိုင်း သူများတွေကိုမကြည့်ပါနဲ့ သူတို့ကလည်း သူတို့ဘဝနဲ့ပါ သူတို့ကြိုးစားမှုကသူတို့ဘဝနဲ့ပဲဆိုင်တာပါ ကိုယ့် ဘဝ ကိုယ်ကြည့်ပါ ကိုယ့်ကြိုးစားမှုက ကိုယ့်ဘဝနဲ့ပဲဆိုင်တာပါ ကိုယ်ကြိုးစားရင်ကိုယ့်အောင်မြင်မှုကိုသာဖော်ဆောင်ပါ ကိုယ်ဖြစ်ချင်တဲ့ ဘဝကို ကိုယ်ကိုယ်တိုင်တည်ဆောက်ပါ သူများတွေကိုကြည့်ပြီး ကိုယ့်ကိုယ်ကိုယ်အားငယ်တာမျိုးမဖြစ်ပါနဲ့ No one knows your fate ပါ ကိုယ့်မှာ ဘယ်လို အနာဂတ် ဘယ်လိုကံတရားတွေရှိတယ်ဆိုတာဘယ်သူမှ မသိပါဘူး ကိုယ်လိုချင်တဲ့ပန်းတိုင်ကိုသာရောက်အောင်သွားပါ ကိုယ့်ကိုယ့်ကိုယ် ဘယ်သူနဲ့မှမနှိုင်းယှဉ်ပါနဲ့ အားလုံးပဲ good luck ပါ မမလိုရာပန်းတိုင်ကို အရောက်လှမ်းနိုင်ကြပါစေ #g12 #goodluck #destination #dontcompareyourself #fate
Shun La Pyae
Region: FR
Sunday 30 August 2026 10:46:37 GMT
Music
Download
Comments
K :
ခုမှ စလုပ်ရင် မှီသေးလား အောင်နိုင်သေးလား
ဂုဏ်ထူး 2ဘာသာ 3ဘာသာလောက်ကော ရနိုင်သေးလား မမ🥺
ပြီးခဲ့တဲ့လတွေက ကျန်းမာရေးမကောင်းတာရော အလေလိုက်မိတာတွေရော သေချာမလုပ်မိနိုင်ခဲ့ဘူး ကိုယ့်ကိုယ်ကိုယ် control မလုပ်မိနိုင်ခဲ့ဘူး😭
2026-08-30 10:51:37
19
⋆. 𐙚˚࿔𝓡𝓱𝓮𝔃𝓬𝓪 𝜗𝜚˚⋆: :
သူများတွေနဲ့ယှဥ်ပြီးစိတ်ဓာတ်တွေကျပြီးခန"အားငယ်နေတာခုထိပဲ
2026-10-10 13:47:04
1
Thuiee :
အခုက G9ပါ English စာအရမ်းအားနည်းပါတယ် အဲ့ဒါကြောင့် ကျောင်းတက်ရင်း သင်တန်းတက်ရမလား ဒါမှမဟုတ်summer ကြမှ တက်ရမလား မသိလို့အကြံပေးလို့ရရင်း ပေးပါအုံးနော်🙏🏽🙏🏽
2026-08-30 11:06:21
6
ʀɪᴏ :
Don't be envious of other people
2026-10-28 05:00:54
0
Tara🍃 :
ဘယ်သူနဲ့မှနှုိင်းယှဥ်တာမကောင်းပါဘူးငါနောက်ကျနေပြီငါမရတော့ဘူးnegative အတွေးတွေဝင်လာတော့ဘာမှလုပ်ချင်စိတ်မရှိတော့ဘူး
ကိုယ်ကိုယုံကြည်မှုနည်းသွားပြီဘာမှဖြစ်မလာဘူး
ကိုယ်လုပ်နိုင်မယ်လို့တွေးပြီအစွမ်းကုန်ကြိုးစားပါကျန်တာဘာမှမစဥ်းစားပါနဲ့
2026-08-30 12:39:19
6
Ehl Hsar❤️🔥 :
အရမ်းတွေကျေးဇူးတင်မိပါတယ်ရှင် အမရဲ့ moti လေးကတကယ်ကောင်းတယ်🤍
2026-10-28 11:13:21
1
🥨 :
အခုအရမ်းစိတ်ဓာတ်ကြနေတဲ့အချိန်
အမစာလေးဖတ်လိုက်ရတာ
ခွန်အားရှိခဲ့တယ် ❤️🩹
2026-09-02 15:15:23
3
𖣂 :
ကိုယ်ကနှိုင်းမယှဉ်တောင် ဘေးလူတွေကနှိုင်းယှဉ်နေတာဆိုးတာ
2026-09-04 14:03:43
1
Yes I am Keain :
fighting ပါအမ အာမငယ်ပါနဲ့ဗျ ပုံမှန်ကျိုးစားပါ😳
2026-10-27 09:30:16
0
Tae :
အခုလိုတွေအားပေးလိုကျေးကျေးပါမမ ေပြာတဲ့စကားတွေကအများကြီးအထောက်ကူးဖြစ်သွားပါပီဗျာကျွန်တော်တို့ဘဝအတွက်😊
2026-08-31 10:29:46
1
အောင်ဟိန်းကျော်(offical) :
မှန်ပါတယ်အမသမီးလည်းအဲ့လိုဘဲသွန်သင်ရမယ်ကျေးဇူးပါ
2026-08-31 06:56:02
1
M💤 :
ဟုကဲ့ပါ
2026-08-30 15:48:25
0
𝘾𝘼𝙍𝘽𝙊𝙉 𝘿𝙄𝙊𝙓𝙄𝘿𝙀🫀 :
အမရဲ့motiတေ
အားပေးစကားတေွကိုကြိုက်လို့ followပါလုပ်ထားတယ်ဗျာ
မေးချင်တာလေးတေcbမှာမေးလို့ရနိုင်မလားဗျ။
2026-09-01 06:57:41
1
မောင်ဇီယို :
@@_Ur.Kenny🐍 @"ဗီတာမင်'🎩.
2026-09-01 00:22:49
1
™-☾︎𝑲☽︎✿︎♡︎@ - :
@🎧𝐂ˡᵒᵛᵉʳ 𝐒ᵐⁱˡᵉ🎼 @kitty @zue san @Chit Su Phyo @🇳🇱N . L. P🇳🇱 🥺🥺🥺
2026-08-30 12:44:10
0
To see more videos from user @shunlapyae6, please go to the Tikwm
homepage.