@feel.lyrics.with: မင်းနဲ့ဝေးသွားရင် ငါဘယ်လိုနေမလဲဆိုတာ အရင်ကတည်းက မတွေးရဲခဲ့ဘူး။ မင်းမရှိတဲ့နေ့တွေကို ဖြတ်သန်းရမယ်ဆိုတာထက် မင်းမရှိတော့တဲ့ဘဝကို လက်ခံရမှာကို ပိုကြောက်ခဲ့တာ။ “မင်းနဲ့ဝေးရင် ငါသေပြီ” လို့တောင် ကိုယ့်ကိုယ်ကို ပြောခဲ့ဖူးတယ်။ အဲ့ဒီတုန်းကတော့ တကယ်ပဲ မင်းမရှိရင် အသက်ရှင်နိုင်မှာမဟုတ်ဘူးလို့ ထင်ခဲ့တာ။ ဒါပေမယ့် မင်းနဲ့ဝေးသွားတဲ့အခါ သိလာရတယ်… လူဆိုတာ ချစ်တဲ့သူမရှိတော့လည်း အသက်ရှင်နေရတတ်တယ်တဲ့။ မနက်တိုင်း နိုးလာတယ်၊ လူတွေနဲ့ စကားပြောတယ်၊ အလုပ်တွေလုပ်တယ်၊ ညရောက်ရင် အိပ်တယ်။ အပြင်ကကြည့်ရင် အရင်လူတစ်ယောက်လိုပဲ။ ဒါပေမယ့် ကိုယ်တစ်ယောက်တည်း သိတယ်… အဲ့ဒီလူက အရင်ကလူ မဟုတ်တော့ဘူးဆိုတာ။ တွေးထားခဲ့တဲ့အတိုင်းပါပဲ… လူတော့ မသေခဲ့ဘူး။ ဒါပေမယ့် မင်းနဲ့အတူ စိတ်တစ်ပိုင်း သေသွားခဲ့တယ်။ မင်းနဲ့အတူ ရယ်မောတတ်တဲ့အပြုံးတွေ ပျောက်သွားခဲ့တယ်။ အရင်က သာမန်လေးနဲ့ ပျော်ခဲ့တဲ့အရာတွေတောင် မင်းမရှိတော့တဲ့နောက် အဓိပ္ပာယ်မရှိတော့ဘူး။ တစ်ခါတလေ လူတွေကြားထဲမှာ ရယ်နေပေမယ့် ကိုယ့်အတွင်းထဲမှာတော့ မင်းကိုလွမ်းနေတုန်းပဲ။ မင်းနဲ့ပတ်သက်ခဲ့တဲ့ သီချင်းတစ်ပုဒ်ကြားရုံနဲ့ ရင်ဘတ်ထဲက နာကျင်မှုတွေ ပြန်နိုးလာတတ်တယ်။ မင်းအကြောင်းကို မတွေးတော့ဘူးလို့ ကိုယ့်ကိုယ်ကို လိမ်ထားပေမယ့် ညတွေတိတ်ဆိတ်လာတိုင်း မင်းက အမှတ်တရတွေနဲ့အတူ ပြန်ရောက်လာတတ်တယ်။ အဲ့ဒီအချိန်တိုင်း နားလည်လာတယ်… လူတစ်ယောက်ကို ဆုံးရှုံးတာထက် ကိုယ့်ရဲ့ပျော်ရွှင်တတ်တဲ့ ကိုယ့်ကိုယ်ကိုပါ တစ်ခါတည်း ဆုံးရှုံးလိုက်ရတာက ပိုနာကျင်တယ်ဆိုတာ။ ငါဘယ်သူ့ကိုမှ ထပ်မချစ်နိုင်တော့တဲ့အထိ မင်းကို အများကြီးချစ်ခဲ့မိတယ်သိလား။ မင်းက ကိုယ့်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုမဟုတ်ဘူး… ကိုယ့်ဘဝတစ်ခုလုံးနီးပါး ဖြစ်နေခဲ့တာ။ အဲ့ဒါကြောင့် မင်းနောက်မှာ တစ်ယောက်ယောက်ကို ထပ်တွေ့လာရင်တောင် မင်းနဲ့နှိုင်းယှဉ်မိမှာကြောက်တယ်။ တစ်ယောက်ယောက်က ကိုယ့်ကို ချစ်လာရင်တောင် ကိုယ်ပြန်မချစ်နိုင်မှာကြောက်တယ်။ ဘာလို့လဲဆိုတော့ ကိုယ့်နှလုံးသားထဲမှာ နေရာတစ်ခုကို မင်းက အပြီးသတ်ယူသွားခဲ့ပြီးပြီလေ။ တစ်နေ့နေ့မှာ မင်းကို မလွမ်းတော့နိုင်ကောင်းနိုင်မယ်… မင်းအကြောင်းတွေးတိုင်း မနာကျင်နိုင်ကောင်းနိုင်မယ်။ ဒါပေမယ့် မင်းကို တစ်ချိန်က ဘယ်လောက်ထိ ချစ်ခဲ့တယ်ဆိုတာတော့ မေ့နိုင်မှာမဟုတ်ဘူး။ မင်းက ထွက်သွားခဲ့ပေမယ့် ကိုယ့်ရင်ထဲမှာတော့ မင်းအတွက် ချစ်ခဲ့ဖူးတဲ့လူတစ်ယောက်က အခုထိ အသက်ရှင်နေတုန်းပဲ။ #FeelLyricswithUs #feelings #lyrics
Feel Lyrics with Us🌻
Region: MM
Sunday 30 August 2026 15:15:20 GMT
Music
Download
Comments
Meအသားဖြူဆပ်ပြာonline shop :
ဟုတယ်ဘသူ့ကို့မှသူ့ကိုချစ်တ့အချစ်မျိုးနဲ့မချစ်နိုင်တော့ဘူးထင်တယ်တယောက်ထဲနေသွားဖစ်တော့မယ်ထပ်ပိးလည်းမချစ်ရဲတော့ဘူးထပ်ပိးလည်းမယုံကြည်ရဲတော့ဘူးအမြဲတမ်းသတိရနေတ့စိတ်န့ညဘက်တေအိပ်မပျော်နေ့ဘက်တေသာမန်လူတစ်ယောက်လိုနေရတာဘယ်လောက်ပင်ပန်းလဲခံစားဖူးသူပဲသိလိမ့်မယ်အရမ်းလွမ်းတယ်စာမပို့ဘူးအနှောင့်အယှက်ဖစ်မာ စိုးလို့ပါ🥹🥹🥹🥹🥹
2026-08-31 05:51:54
9
𝙻𝚒𝚝𝚝𝚕𝚎_𝙲𝚑𝚊𝚗 :
စာသားလေး လိုချင်လို့🥺
2026-08-31 08:19:54
2
🦋win Sandar Oo🦋 :
စာသားလေးလိုချင်လို့ပါရှင့်🥲
2026-08-31 17:54:55
1
KHIN HTAR NWE :
စာသားချပေးရှင့်
2026-08-31 09:23:14
1
Wilon Foest :
အဲစားလေးcopyလိုချင်လို့ရမလားmy dayတင်ချင်လို့🥺
2026-08-31 04:07:44
1
pyae sone :
စာကိုယ် ဆုံးအောင် မဖတ်နိုင်ဘူး ဖတ်ရင် ငိုမိမှာဆိုးလို့🥺🥺
2026-08-31 13:11:00
1
. :
စာသားလေးပြန်သုံးချင်လို့ပေးပါလားဗျ
2026-08-31 03:46:17
1
Venus khin :
လူ့ဘဝက တိုတိုလေး ကိုယ့်ကိုယ်မှ မချစ်ပဲ အတိတ်မှာ ပိတ် မိနေရင် ဘယ်သူကပိုချစ်မှာလဲ နောက်အနာဂတ်လေးရောက်မလာသေးလို့ပါ
2026-09-01 05:43:30
1
SM Queen :
သူမို့ သူ့မို့လို့ချစ်မိတာပါ🥺သူကလွဲဘယ်သူ့မှ ထပ်ချစ်မ်မာမဟုတ်တော့သလ်ို😔😔 စိတ်ကောနှလုံးသားကောသေသွားခံ့ပါဘီ အဲတွက်
2026-09-02 00:15:34
1
#Mg Pyae# စာတို :
ပြန်တင်ခွင့်ပြုပါဗျာ
2026-08-31 12:59:44
1
@may♒🐼🌻🌻 :
အတိတ်မှာပိတ်မိနေတုန်း😥
2026-09-01 12:22:39
1
puone :
ပြန်ယူသုံးမယ်နော်
2026-09-02 03:20:55
1
Kevin💫 :
ခံစားချက်တေကတပုံစံထဲ့ပဲ
2026-09-01 07:28:08
1
🏳️🌈杨小香 🫶🌸 :
စာသားလေပေးလို့ရမလားရှင့်🥺🥰
2026-09-02 13:06:45
1
Thu Zar :
အဲ့လောက်ထိချစ်မိသွားလိမ့်မယ်လို့မထင်ခဲ့ဘူးအခုထိကိုယ့်ကိုယ်ကိုမယုံဘူးသူ့ကြိချစ်တယ်ဆိုတာ😭
2026-08-31 10:44:51
1
暗•|𝓒𝓱𝓾𝓾 ❤️🔥♡ :
ဟုတယ် ကိုယ်လဲပြောခဲ့ဘူးတယ် တကယ်ဖစ်လာတော့လူကတော့မသေခဲ့ပေမဲ့စိတ်ကတော့သေခဲ့တယ် 2လပြည့်တော့မယ်ငိုမိနေတုန်းမိန်းက ေလးတန်မဲ့ပြန်အဆင်ပြေဖို့လဲအကြိမ်"ကြိုးစားနေတုန်းပါ💔
2026-09-01 04:12:46
1
💜💜🎛️Äúñg pyäê Phyø🎛️💜💜 :
videoပြန်ယူသုံးမယ်ဗျာ
2026-08-31 12:41:35
1
ℳ♡︎ :
အ့စာလေး ကော်ပိယူခြင်လို့ 🥺
2026-08-31 10:19:29
1
Y♓🐬 :
စာသားလေး လိုချင်လို့ပါ
2026-09-02 06:15:34
1
Jue PMU Artist :
အမှန်ပါပဲ
2026-08-31 09:34:50
1
Lôôn🌷🌷🌷 :
အလုပ်ဆင်းတာနဲ့ဖုန်းပြောနေကြမို့ ဖုန်းပြောချင်တယ် ညဘက်တေ သူ့ရယ်သံလေးကြားပြီးမှအိပ်နေကြမို့ အသံလေးကြားချင်တယ် မနက်မိုးလင်းတော့လဲ Mnဆိုတဲ့စာလေးကိုမျှော်နေမိပြန်ရော အခုဆိုနေသားကျနေပါပြီ အကို့ကိုလွမ်းနေတဲ့အလွမ်းတေနဲ့🥺🥺🥺
2026-08-31 13:22:22
1
zhu :
ကျမလဲအတူတူဘဲအရင်exနဲပြတ်တုန်က3နှစ်လောက်အချိန်ယူခဲ့ရတယ်အခုတယောက်လဲစိတ်အပျော်တွဲလိုက်တာတရမ်းချစ်မိသွားတယ်ဒီတယောက်နဲသာပျတ်ရင်လူမသေဘဲနဲစိတ်တော့တကယ်သေသွားမှာသေချာတယ်
2026-08-31 09:46:57
1
Sa Aung Myo :
စာသားလေးလို့ချင်လို့ပါ
2026-08-31 11:21:13
1
🍀PHOO🌻 :
လူကိုမသတ်သွားဘူးစိတ်ကိုပါသတ်သွားပေးခဲ့တာအပြုံးဆိုတာသိပ်မရှိတော့ဘူး
2026-08-31 10:49:02
1
To see more videos from user @feel.lyrics.with, please go to the Tikwm
homepage.