@aprilmyomyo27: (၁) စူဠာမဏိစေတီတော် (၂) ဒုဿစေတီတော် (၃) မဟောသရစေတီတော် တို့ဖြစ်ကြတယ်။ ​ စူဠာမဏိစေတီတော် ​စူဠာမဏိစေတီတော်ဆိုတာ တာဝတိံသာနတ်ပြည်မှာ သိကြားမင်းတည်ထားတဲ့ စေတီဖြစ်တယ်။ သိဒ္ဓတ္ထမင်းသားဟာ ကဏ္ဍကမြင်းကိုစီးပြီး မောင်ဆန်းနှင့်အတူ တောထွက်ကြရာမှာ အနော်မာမြစ်ကို ရောက်သောအခါ ကဏ္ဍကမြင်းနှင့် မောင်ဆန်းကို ပြန်လွှတ်၍ အလောင်းတော်သည် ဆံတော်ကိုဖြတ်ပြီးသော် "ငါသည် အကယ်စင်စစ် ဘုရားဖြစ်မည်ဆိုပါက ဤဆံတော်သည် ကောင်းကင်၌ တည်စေသတည်း၊ အကယ်၍ ဘုရားမဖြစ်ပါက မြေ၌ကျစေသတည်း" ဟု အဓိဋ္ဌာန်ပြု၍ ကောင်းကင်သို့ မြှောက်ပစ်လိုက်ရာ မဏိဇောတိကဏ္ဍနှင့် တကွသော ဆံထုံးတော်သည် အထက်သို့ တစ်ယူဇနာတိုင်တိုင် တက်၍ ကောင်းကင်၌ တည်၏။ ​ထိုအခါ သိကြားမင်းသည် ဆံတော်ကိုမြင်၍ ရတနာပန်းတောင်းဖြင့် ခံယူပြီးလျှင် မိမိနေရာ တာဝတိံသာနတ်ပြည်၌ စူဠာမဏိစေတီတော်ကို တည်ထားကိုးကွယ်လေ၏။ ​ဒုဿစေတီတော် ​ဒုဿစေတီတော်ကတော့ သိဒ္ဓတ္ထမင်းသား ဘုရားအလောင်းတော်ဟာ ဆံတော်ကိုပယ်ပြီးနောက် ယခင်ဝတ်ထားတဲ့ အဝတ်တွေဟာ ရဟန်းများနှင့် မလျော်ပတ်ဘူး၊ သူတို့ကိုလည်း ပယ်စွန့်မှ တော်မယ်လို့ ကြံစည်တော်မူသတဲ့။ ​အဲဒီအခါ ကဿပဘုရားရှင်လက်ထက်တော်က မိတ်ဆွေဖြစ်ခဲ့ဖူးတဲ့ ဃဋိကာရဗြဟ္မာကြီးဟာ ကမ္ဘာဦးက နိမိတ်အဖြစ် ပေါ်ထွန်းလာတဲ့ ကြာရုံအတွင်း ကြာတစ်ပွင့်မှ ပရိက္ခရာရှစ်ပါးကို ထိန်းသိမ်းထားရာက အလောင်းတော်ထံ လာရောက်ကပ်လှူသတဲ့။ အလောင်းတော်က ထိုပရိက္ခရာကို ဆင်မြန်းပြီး ဝတ်လဲတော်ကို မြှောက်ပစ်လိုက်တယ်။ ဒီဝတ်လဲတော်ကို ဗြဟ္မာမင်းက ဆောင်ယူပြီး၊ သုဒ္ဓါဝါသဗြဟ္မာဘုံမှာ စေတီတည်ထားတယ်။ ဒီစေတီဟာ ၁၂ - ယူဇနာမြင့်တယ်လို့ ဗုဒ္ဓဝံသအဋ္ဌကထာ ၃၃၃ - မှာ ဆိုပါတယ်။ မဟောသရစေတီတော် ​မဟောသရစေတီတော်ကတော့ ဟိမဝန္တာတောင်အတွင်းမှာ မန္ဒာဂီရိအမည်ရှိတဲ့ တောင်မှာ မဟောသရအမည်ရှိတဲ့ တန်ခိုးကြီးသော နတ်တစ်ပါးရှိတယ်။ ​အခါတစ်ပါး ဘုရားရှင်သည် ဟိမဝန္တာအရပ် နံ့သာတောကြွပြီး နေ့သန့်သတဲ့။ ဒီအခါ မဟောသရနတ်မင်းက လာရောက်ပြီး ဘုရားရှင်နှင့် ယှဉ်ပြိုင်ကစားလိုပါတယ်လို့ လျှောက်သတဲ့။ ဒီအခါ ဘုရားရှင်က ဒီနတ်ဘီလူးဟာ တန်ခိုးကြီးသူဖြစ်သည်။ သာသနာတော်ကို ကြည်ညိုလာလျှင် များစွာ အကျိုးရှိလိမ့်မယ်။ ဒါကြောင့် သူ့အလိုကို လိုက်ဦးမည်လို့ "အချင်းနတ်မင်း ငါနှင့် ဘယ်လိုကစားချင်သလဲလို့" မေးသတဲ့။ ​မဟောသရနတ်က ရွာသူသားငယ်များကဲ့သို့ တူတူပုန်းတမ်း ကစားချင်ပါတယ်လို့ လျှောက်ထားတော့ ဘုရားရှင်က ဒါဖြင့် သင်က ဦးစွာပုန်းပါ၊ ငါကဖော်ပါ့မယ်လို့ ပြောသတဲ့။ ဒီလိုဆိုလျှင် မျက်စိကိုပိတ်ထားပါ။ ကျွန်ုပ်ပုန်းကွယ်ပါမည် လျှောက်ထားပြီး မဟောသရနတ်မင်းဟာ သူကိုယ်သူ ကွယ်ကာ မြေကြီးအတွင်း ပျောက်ကွယ်စေပြီးမှ ဖော်ပါလို့ အသံပြုလိုက်သတဲ့။ ဘုရားရှင်လည်း သူပုန်းနေတဲ့ မြေလွှာကိုယူ လက်ဝဲလက်ဝါးပေါ်တင်ပြီးမှ အခြားမြေလွှာများကို ယက်ချကာ အချင်းမဟောသရ ထလော့လို့ ဆိုသတဲ့။ ဒီအခါ မဟောသရက အမှန်မှာ ရှင်ကြီးဂေါတမဟာ ငါ့ကိုမမြင်ဘဲ ရမ်းပြောတာ ဖြစ်မယ်လို့ အကြံဖြစ်ပြီး မထဘဲ နေသေးသတဲ့။ ဒီအခါ ဘုရားရှင်က အချင်းမဟောသရ ဒီလိုမကြံနှင့်၊ ငါဟာ သင်ရဲ ကိုယ်ခန္ဓာကိုမျှမက ဝမ်းတွင်းက အူခွေများထိအောင် မြင်တယ်လို့ မိန့်တော်မူမှ ပုန်းရာက ထပြီး အရှင်ဂေါတမ အရှင်ဟာ အမှန်တကယ် တန်ခိုးကြီးပါတယ်။ သို့သော် အရှင်ပုန်းပါဦး၊ အရှင်ကို ကျွန်ုပ် ရှာပါဦးမယ်လို့ ပြောသတဲ့။ ​မြတ်စွာဘုရားက ငါပုန်းရမည်ဆိုသော် သင့်၏မျက်လုံးများကို လက်နှင့်ဖုံးအုပ်ထားပါလို့ မိန့်တော်မူပြီး ကိုယ်တော်ကို ပရမာဏုမြူမျှလောက် ဖန်ဆင်းပြီး နတ်မင်းရဲ့ မျက်စိနှစ်ဖက်ကြားမှာ ပုန်းတော်မူပြီး ကောင်းကင်က အသံပေးလိုက်တယ်။ မဟောသရနတ်လည်း မျက်နှာကိုဖွင့်၊ ထက်ဝန်းကျင်ကြည့်သော်လည်း ဘုရားရှင်ကို မမြင်ဘူးတဲ့။ ဒါကြောင့် ရေမြေတောတောင် သမုဒ္ဒရာမကျန်အောင် ဘယ်လိုရှာဖွေလို့မျှ မတွေ့တော့မှ ဘုရားရှင်ကို ပန်းပေးရသတဲ့။ အဲဒီအခါမှ ဘုရားရှင်က မဟောသရနတ်မင်းရဲ့ မျက်မှောက်အကြားက ဆင်းသက်တော်မူလာသသတဲ့။ ဘုရားရှင်ရဲ့ တန်ခိုးတော်များ မြင်ရမှ မဟောသရနတ်မင်းဟာ ဘုရားရှင်အား ကြည်ညိုကာ ဘုရားရှင်ထံ သရဏဂုံယူကာ ဥပသကာအဖြစ် ခံယူပြီးနောက်၊ မြတ်စွာဘုရားရှင်ဟာ လူသားဖြစ်သော်လည်း လူတို့စားသော ဆွမ်းကွမ်းများနှင့် မတန်ဘူး။ ဒါကြောင့် မန္ဒာဂီရိတောင်မှာ အမြဲ သီတင်းသုံးပါ။ နတ်ဆွမ်းကွမ်းများကို အမြဲဆက်ကပ်ပါမယ်လို့ လျှောက်ထားသတဲ့။ ​ဘုရားရှင်က ခွင့်မပေးတဲ့အတွက် ဘုရားရှင်ရဲ့ ရုပ်ပွားသဏ္ဌာန်တော်ကို ကိုးကွယ်ခွင့်ပေးတော်မူပါလို့ လျှောက်ထားသတဲ့။ ဘုရားရှင်က အခွင့်ပေးတဲ့အခါ မန္ဒာဂီရိတောင်မှာ ရတနာခုနစ်ပါးတို့နှင့် ဆန်းကြယ်တဲ့ ကျောင်းတော်ကြီးကို ဆောက်တယ်။ ထိုကျောင်းတော်ကြီးအတွင်းမှာ ဂန္ဓကုဋိတိုက်ကို ဖန်ဆင်းတယ်။ ဂန္ဓကုဋိတိုက်အတွင်းမှာ လက္ခဏာတော်ကြီးငယ်တို့ဖြင့် တင့်တယ်တဲ့ ဘုရားရှင်ရဲ့ ရုပ်တုတော်ကို ပြုလုပ်ပြီး မြောက်မင်းတစ်ကောင်ကို အခြံအရံနှင့်တကွ ကျောင်းပရိဘောဂကို ပြုပြင်ဆောင်ရွက်ဖို့ အပ်နှံထားသတဲ့။ ​ဒါက မဟောသရစေတီတော်ပါ။

𝓜𝓨𝓞  𝓜𝓨𝓞
𝓜𝓨𝓞 𝓜𝓨𝓞
Open In TikTok:
Region: MM
Sunday 30 August 2026 16:51:12 GMT
518601
73443
1182
2134

Music

Download

Comments

user1816173560133
ရှိုင်းမင်းခန့်လေးမေမေ :
တိုက်ဆိုင်လို့ဝင်မန့်တာပါကျွန်မသားလေးကအခု2နှစ်ကျော်လာပါပီကျွန်မသားလေးကိုယ်ဝန်6လလောက်မှာအိမ်မက်တခုမက်ခဲ့ပါတယ်အဲ့တာကတော့လပြည့်ညကြီးထိန်ထိန်သာနေတဲ့လပြည့်ညကြီးမှာကောင်းကင်ကြီးမှာစူဠာမဏိစေတီ ကြီးကကောင်းကင်မှာပေါ်နေတယ်ရှင့်အဲ့တုန်းကဘာဘုရားမသိဘူးလေကျွန်မလဲဘေးကလူကိုမေးကြည့်လိုက်တော့အဲ့တာနတ်ပြည်မှာပဲရှိတဲ့ဘုရားတဲ့စူဠာမဏိစေတီတော်ကြီးတဲ့အဲ့လိုဖြေတယ်အဲ့တာနဲ့ကျွန်မလဲဖူးမြော်လိုက်ကတယ်ရှင့်အိမ်မက်ထဲမှာလေအဲ့တုန်းကကျွန်မလေအရမ်းဝမ်းသာမိပါတယ်ဖူးမြှော်လိုက်ကလို့လေ
2026-09-15 02:34:40
151
big.mouth.choou.i
BIG MOUTH CHOOU IQ+9 :
မြင်ဖူးရလိုလားဘယ်သူပြောရှိတယ်လို😳
2026-09-13 07:23:45
5
user979478973
🥊꧁ᬊᬁ𝒎𝒈♡𝒌𝒉𝒂𝒏𝒕ᬊ᭄🥊꧂ :
🙏 တပည့်တော်နှင့် သတ္တဝါအပေါင်းတို့ သံသရာအတွင်းမှ လွတ်မြောက်နိုင်ကြပြီး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ 🌿🤍 အချင်းချင်း မေတ္တာထားနိုင်ကြပြီး☺🌿 ကောင်းမှုကုသိုလ်များ ပြုနိုင်ကြပါစေ။ နိဗ္ဗာန်ချမ်းသာကို ရောက်ရှိနိုင်ကြပါစေ☁ အရှင်ဘုရား။ 🙏🌷
2026-09-14 14:25:42
155
user754546214
🍀🍎🌿Thet War Khet🌿🍓🍀 :
ကိုယ်ပဠာန်းရွတ်တုန်းကအိမ်မက်ထဲမှာမိုးပေါ်ခနခနရောက်ပြီ စေတီတွေရောဗုဒ္ဓရုပ်ပွားတော်တွေရောဖူးမြင်ခွင့်ရခဲ့တယ်🙏🙏🙏ဘာစေတီလဲ တော့မသိဘူး ရှိလားမရှိလားလဲမသိခဲ့ဘူး ခုတော့မအားတာနဲ့ပဠာန်းလဲမရွတ်ဖစ်😌
2026-09-14 01:50:47
19
yote.soe488
MG Y N :
မဟောသရစေတီတော်က လူပြည်မှာ ရှိတာလား😳
2026-09-15 14:27:01
5
aydzaluntarlay
\^•_•^WANG LIN^•_•^/ :
အရှင်ဘုရား တပည်တော်သည် သတ္တဝါအားလုံးကို မြစ်တာထားပါတယ် သတ္တဝါအားလုံးလဲ တပည်တော်ကိုမြစ်တာထားပါစေ ၃၁ဘုံသားအားလုံး ကျမ်းမာကြပါစေ ချမ်းသာကြပါစေ အေးမြကြည့်လင် ချမ်းသာသုခရရှိကြပါစေ 🙏🙏🙏
2026-10-15 04:44:42
6
sa.aung.thu.min7
Ar Dan :
ပထမဆုံးက မိဘနစ်ပါး ပဲ ယုံကြည်တယ် ရှိခိုးတယ် တခုခုဖြစ်လာရင်မိဘပဲး စိတ်က ဘုရားက လမ်းပြပေးတာ ပါ ရှိခိုးပါတယ် မိဘနစ်ပါးအား ရိုသေမြတ်နိုးရှိခိုး ဦးချကန်တော့်ပါတယ်🙏🙏🙏🙏🙏
2026-09-17 04:24:54
9
shune.shune894
Shoon Lay :
စူဌာမဏိစေတီက လူ့ပြည်မှာတစ်ဆူရှိတယ် မြတ်စွာဘုရားရဲ့ အံတော်ကိုဌာပနာထားတယ် မန်လည်ဆည်တော်ကြီးတည်ထားတာ ကောင်းကင်ခရီးကြွစဉ်က နတ်ပြည်မှာဖူးခွင်းရခဲ့လို့ လူပြည်မှာတည်ထားတာ နှစ ်ပေါင်း 200 ေကျာ်လောက်ရှိပီ လူအများဖူးခွင့်ရအောင်လို့ဆိုပီ တည်ထားတာ
2026-09-20 13:29:26
8
htetminsoe80
ရမ်မာဝတီ :
🙏🙏🙏 ဘုရားဆိုတာတစ်ပါးတည်းပါမိတ်ဆွေ🥰🥰🥰
2026-09-14 23:59:55
1
aungmin81362
🍒🍒chit khon cho🍒🍒 :
လောဘဒေါသ ကင်းကွာပီး စိတ်ချမ်းသာကိုယ်ကျန်းမာစွာဖြင့် သာသနာပြုနိုင်ကြပါစေ🙏🙏🙏
2026-09-15 02:30:58
7
dawshweyeelinlat1
ကျမကိုချစ်တာဘူတဲ့လဲ :
မန်လည်ဘုရားလည်း အတူတူဘဲ
2026-09-19 07:24:19
1
tintintun4368
taekook :
မဖူးရပေမယ့် စာတွေထဲးမှာဖက်ဖူးကြားဖူးနေပါတယ် ဘုရားရဲ့ဂုဏ်တော်တွေနာကြားရတဲ့အတွက်ဝမ်းသားဖူးမြော်ကန်တော့ပါသည် အရှင်ဘုရား🙏🙏🙏🙏🙏
2026-09-16 00:59:31
6
hzhh085
HZH💓ဓနုဖြုသားလေး💓 lion🦁🤭 :
🙏 တပည့်တော်နှင့် သတ္တဝါအပေါင်းတို့ သံသရာအတွင်းမှ လွတ်မြောက်နိုင်ကြပြီး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။ 🌿🤍 အချင်းချင်း မေတ္တာထားနိုင်ကြပြီး☺🌿 ကောင်းမှုကုသိုလ်များ ပြုနိုင်ကြပါစေ။ နိဗ္ဗာန်ချမ်းသာကို ရောက်ရှိနိုင်ကြပါစေ☁ အရှင်ဘုရား။ 🙏🌷
2026-09-15 00:01:10
7
zawtun5349
Ko CHit MiN&&&&&&&&$$$%@@@;&& :
🙏🙏
2026-09-17 13:01:47
1
aung.thu64063
Aung Thu :
ဘိုက်ကြီးတော့နေ့တိုင်းကားပေါမှာပထန်းရွတ်တယ်အိမ်မက်ထဲမှာဘုရားမြက်နှာတော်ကိုဖူးလိုက်ရတယ်
2026-09-14 10:47:41
5
khin.lay.nwe591
Khin lay Nwe :
🙏🙏🙏🙏🙏
2026-09-16 09:15:13
1
user29602425484906
user29602425484906 :
2026-09-19 02:07:05
1
zaw.lay5668
🧗ko Thein aung⛹️ :
2026-10-08 01:24:06
1
minthu8841
သန့်စင်ထူး :
ဘေရန်ကင်းကွာစိတ်ချမ်းသာရပါလို့၏ အရှင်ဘုရား
2026-09-15 22:32:33
1
paingsoe894
J U L I A🌹 :
🙏🙏🙏ကြည်းညိုပါ၏ ရှစ်ခိုးပါ၏
2026-09-16 04:26:59
1
user4363134962099
user4363134962099 :
ဘေးအန်တရယ်တေမှကင်းရပါလို၏အပူပင်တေလဲကင်းရပါစေ🙏🙏🙏
2026-09-15 00:30:33
1
may3001647
⋆🐾° ℘ᨮׁׅ֮ɑׁׅꫀׁׅܻ݊ ♏︎˚⋆˚𝜗𝜚˚⋆ :
သတ္တဝါတွေအားလုံးဘေးရန်ကင်ပါစေ စိတ်ဆင်းရဲကိုယ်ဆင်းရဲမှကင်ဝေကြပါစေ စိတ်ချမ်းသာကိုယ်ကျန်းမာနှင့်ဘဝကိုပျော်ရွင်စွာဖြတ်သန်းနိုင်ကြပါစေ သံသရာဝတ်ဆင်းရဲမှလဲလွတ်မြောက်နိုင်ကြပါစေ🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-09-15 16:09:32
1
chaweiyatanar
Ÿadanar møē :
တကမ္ဘာလုံးမာရှိတဲ့ပြည်သူတေကျန်းမာချမ်းသာပီးဘေးအန္တရယ်အပေါင်းမာလည်းကင်းဝေးကျပါစေသမီးတော်တို့မိသားစုသည်လည်းကျန်းမာချမ်းသာကပ်ကြီးသုံးပါးနှင့်လည်းကျော်လွှားနိုင်ပါစေသမီးချစ်ရတဲ့အမျိုးသားလေးလည်းဘေးအန္တရယ်မပါင်းမှလည်းကင်းဝေးပါစေအမြန်ဆုံးလည်းပေါင်းဖက်ရပါစေဘုရားးး🙏🙏
2026-09-15 08:42:54
1
oopaing6935
thetheSoe :
တပည့်တော်မသည်စိတ်ဆင်းရဲကိုယ်ဆင်းရဲ့ဘေးဒုခမှာကင်းဝေးရလိုပါ၏ရှင်ဘုရား
2026-09-19 08:01:28
3
t445582
🥀မ🥀ဟေ🥀သီ🥀 :
ဖူးမျှော်ပါ၏ဘုရား🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏🙏
2026-09-05 04:34:56
2
To see more videos from user @aprilmyomyo27, please go to the Tikwm homepage.

Other Videos


About