@umyintsein90: "အဓိက နဲ့ သာမည" ကောင်းတဲ့ လူကိုရဖို့ ခဲယဉ်းပါတယ်.... မိသားစုဝင်ကောင်း ၊ လက်တွဲဖော်ကောင်း ၊ အလုပ်သမားကောင်း ၊ မိတ်ဆွေကောင်းအစရှိသရွေ့ပေါ့။ လူကောင်းတွေကိုလွယ်လွယ်နဲ့ရနေရင် လောကကြီးမှာ အခုလောက်အခက်အခဲ အကြပ်အတည်းတွေရှိမှာ မဟုတ်ပါဘူး။ လူကောင်းတွေဆိုတာ ကံကောင်းမှ ရတတ်သလို တခါတလေ သေချာရှာမှ တွေ့တတ်တာပါ။ တခါတလေ စိတ်ရှည်ရှည်စောင့်ရသလို တခါတလေ သည်းခံရတာတွေရှိပါတယ်။ တခါတလေ ရင်းနှီးရပြီး တခါတလေ မွေးမြူရပါတယ်။ လူကောင်းတွေကို ဘယ်တော့မှ နှစ်ခါပြန်မရပါဘူး။ နောက်ထပ် လူကောင်း ရောက်လာမယ်ဆိုရင်တောင် အရင်လူနဲ့ စိတ်ပိုင်း၊ ရုပ်ပိုင်း ၊ character ပိုင်း အများကြီးကွာခြား ပါတယ်။ မိသားစုဝင်ထဲက လူကောင်း အလုပ်ထဲက လူကောင်း မိတ်ဆွေထဲက လူကောင်းတွေကို တန်ဖိုးထားပါ။ ငွေကြေးနဲ့မတိုင်းတာပါနဲ့ ပညာနဲ့မတိုင်းတာပါနဲ့ ။ ရုပ်ရည် ၊ ခန္ဓာကိုယ် ၊ အရည်အချင်းတွေနဲ့မတိုင်းတာပါနဲ့။ စေတနာနဲ့ တိုင်းတာပါ အနစ်နာခံနိုင်မှုနဲ့ တိုင်းတာပါ၊ ရိုးသားမှုနဲ့ တိုင်းတာပါ။ ကောင်းတဲ့ လူကိုရဖို့ ခဲယဉ်းပါတယ်။ #ဦးအောင်သင်း #စာဖတ်ပါ #crd_to_owner_with_respectcrd #ဘဝအတွတ်စာဖတ်ပါ #foryoupageシforyou
U Myint Sein
Region: MM
Sunday 30 August 2026 23:19:30 GMT
Music
Download
Comments
kyaw :
2026-09-01 06:14:57
1
💘 𝔾𝕠𝕠𝕕 𝕃𝕦𝕔𝕜💘 :
အရမ်းနှစ်သက်မိတဲ့ စာစကားလေးတွေပါ ✍️💯
ဖတ်ရှု့မှတ်သား အစဥ်ခင်မင်လေးစားလျှက်ပါ...
မဂ်လာနေ့သစ်လေးပါ အကိုရေ 🌹🙏🙏🙏🌹.
နေ့စဥ်အမြဲ ကိုယ်ကျမ္မာ၍စိတ်ချမ်းသာပါစေ✍️.
2026-08-31 06:22:50
1
အေးချမ်းသူ :
မှန်တာပေါ့
2026-08-31 07:22:22
1
မြင့်မိုရ် :
အမှန်ပါ🥰🥰🥰
တီးလုံးကနားထောင်🥰🥰🥰
အစဉ်ပြေ....အားပေး🥰🥰🥰
2026-09-01 11:08:21
0
MarMarMayMaung..ZGN :
တန်ဘိုးရှိတဲ့ပို့စ်လေးပါ🤗🤗🤗🤗🤗
2026-09-01 06:54:34
0
makhaing1050 :
💕💕💕💕
2026-09-01 11:40:54
1
မင်းကြီး🤴🤴🤴 :
🥰🥰🥰
2026-08-30 23:35:06
1
U Myint Sein :
🥰🥰🥰🥰🥰🌺🌺🌺🌺🌺
2026-08-31 23:17:51
1
Daw MoeMoe San :
🥰🥰🥰🥰🥰🥰🥰🥰🌺🌺🌺🌺🌺🌺🌺🌺
2026-08-31 10:35:44
1
Ko Aung Naing :
❤️❤️❤️
2026-08-31 04:01:19
1
U Myint Swe :
🥰🥰🥰🥰🥰
2026-08-31 09:25:37
1
Phyoe Thar :
🥰🥰🥰🥰
2026-09-01 14:40:36
1
မေတ္တာကမ္ဘာ :
🥰🥰🥰🥰👍👍👍👍👍
2026-09-01 12:35:21
1
To see more videos from user @umyintsein90, please go to the Tikwm
homepage.