@zayartbz7news: ပြည်ပရောက် မြန်မာများ၏ လုပ်ခလစာများကို မြန်မာပုဂ္ဂလိကဘဏ်များမှတစ်ဆင့် ပြည်တွင်းသို့ ပြန်လည်လွှဲပြောင်းရေး အလုပ်အကိုင်အေဂျင်စီများက တာဝန်ယူကြီးကြပ်ရန်နှင့် မလုပ်ဆောင်လျှင် အရေးယူမည်ဟု စစ်တပ်ဝန်ကြီးက အမိန့်ထုတ်ဖိအားပေးပြန် ရန်ကုန်၊ ဩဂုတ် ၃၀ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသော မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ လုပ်ခလစာနှင့် မိသားစုလွှဲပို့ငွေများကို မြန်မာနိုင်ငံရှိ ဘဏ်များမှတစ်ဆင့် တရားဝင်လမ်း ကြောင်းဖြင့် ပြည်တွင်းသို့ ပြန်လည်လွှဲပြောင်းစေရေးအတွက် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများက တာဝန်ယူကြီးကြပ်ဆောင်ရွက်ရမည်ဖြစ်ပြီး သတ်မှတ်ချက်များကို မလိုက်နာသည့် အေဂျင်စီများကို အလုပ်ခေါ်စာအသစ် တင်ပြခွင့်ဆိုင်းငံ့သွားမည်ဟု စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီး ခင်မောင်စိုးက အမိန့်ထုတ် ဖိအားပေးပြောဆိုလိုက်သည်။ ယမန်နေ့ ဩဂုတ်လ ၂၉ ရက်နေ့တွင် ရန်ကုန်တိုင်း၊ ရန်ကင်းမြို့နယ်ရှိ မြဝတီမီဒီယာစင်တာ ခန်းမ၌ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီ ၃၀၀ ခန့်ကို ခေါ်ယူတွေ့ဆုံစဉ် စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီး ခင်မောင်စိုးက ယင်းကဲ့သို့ ဖိအားပေးညွှန်ကြားခဲ့ခြင်းဖြစ်သည်။ တွေ့ဆုံပွဲတွင် အလုပ်သမားဝန်ကြီးဌာနအနေဖြင့် ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှတစ်ဆင့် အလုပ်သမားများကို စိစစ်ခွင့်ပြု၍ စေလွှတ်ပေးနေကြောင်း၊ ပြည်ပသို့ အလုပ်သမားစေလွှတ်ရာတွင် အခက် အခဲအနည်းဆုံးဖြစ်စေရန် မလိုအပ်သည့် လုပ်ငန်းစဉ်များကို ဖြေလျှော့ပေးထားပြီး မဖြစ်မနေလိုအပ်သည့် အချက်များကိုသာ စိစစ်ခွင့်ပြုပေးနေကြောင်း ဝန်ကြီးက ပြောဆိုသည်။ ထို့အပြင် ပြည်ပနိုင်ငံများတွင် သွားရောက်အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှတစ်ဆင့် ပြည်တွင်းသို့ လွှဲပို့ခြင်းသည် အလုပ်သမားများ၏ မိသားစုများအတွက် လူမှုစီးပွားဘဝ အထောက် အကူဖြစ်စေနိုင်သည့်အပြင် နိုင်ငံတော်အတွက်လည်း နိုင်ငံခြားငွေဝင်ရောက်မှု ပိုမိုရရှိစေမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။ စစ်တပ်လက်အောက်ခံ အလုပ်သမားဝန်ကြီးက ပြည်ပအလုပ်အကိုင်ဝန်ဆောင်မှု လုပ်ငန်းရှင်များအသင်းနှင့် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် မိမိတို့မှ စေလွှတ်ထားသည့် အလုပ်သမားများ၏ လုပ်ခလစာ ၂၅ ရာခိုင်နှုန်းကို မိသားစုလွှဲပို့ငွေများအဖြစ် သတ်မှတ်ထားသည့်အတိုင်း အပြည့်အဝ ပြည်တွင်းသို့ လွှဲပို့စေရေးအတွက် တာဝန်ရှိမှု၊ တာဝန်သိမှုဖြင့် ပူးပေါင်းဆောင်ရွက်ကြရန်လည်း ဖိအားပေးပြောဆိုခဲ့သည်။ ပြည်ပသို့ အလုပ်သမားမထွက်ခွာမီ သင်တန်းပို့ချရာတွင် မိသားစုလွှဲပို့ငွေများကို တရားဝင်လမ်းကြောင်းမှ လွှဲပြောင်းရန် အသိပညာပေးရမည်ဖြစ်သကဲ့သို့ အလုပ်ခန့်ထားမှုဆိုင်ရာ သဘောတူစာချုပ်များ ချုပ်ဆိုရာတွင်လည်း ယင်းကိစ္စကို ထည့်သွင်းအသိပေးရန် လိုအပ်ကြောင်း စစ်တပ်က ဖိအားပေးသည်။ ထို့အပြင် ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် မိမိတို့ တာဝန်ယူစေလွှတ်ခဲ့သည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို ကြပ်မတ်စောင့်ကြည့်ရန်နှင့် သတ်မှတ်ချက်နှင့်အညီ လွှဲပြောင်းထားခြင်းရှိ၊ မရှိ စိစစ်တင်ပြရမည်ဟုလည်း ထပ်မံညွှန်ကြားထားသည်။ ပြည်ပအလုပ် အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများမှ တာဝန်ယူစေလွှတ်ခဲ့သည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ မိသားစုလွှဲပို့ငွေများကို ၂၀၂၆ ခုနှစ် ဇန်နဝါရီလမှ ဇွန်လအထိ စေလွှတ်ထားသည့် အလုပ်သမားစာရင်းအလိုက် စိစစ်သွားမည်ဖြစ်သည်ဟု သိရှိရသည်။ အကယ်၍ ပြည်ပအလုပ်အကိုင် အကျိုးဆောင်လိုင်စင်ရ အေဂျင်စီများအနေဖြင့် မိမိတို့တာဝန်ယူ စေလွှတ်ထားသည့် အလုပ်သမားများ၏ မိသားစုလွှဲပို့ငွေ ၂၅ ရာခိုင်နှုန်းနှင့်ပတ် သက်သော အထောက်အထားများကို စေလွှတ်ထားသည့် လူဦးရေအလိုက် ရာခိုင်နှုန်းပြည့် တင်ပြနိုင်ခြင်းမရှိပါက စက်တင်ဘာလ ၁ ရက်နေ့မှစတင်၍ အလုပ်ခေါ်စာ (Demand Letter) အသစ်တင်ပြခွင့်ကို ဆိုင်းငံ့သွားမည်ဖြစ်ကြောင်း စစ်တပ်လက်အောက်ခံ အလုပ် သမားဝန်ကြီးဌာနက သတိပေးထားသည်။ ယင်းညွှန်ကြားချက်မှာ ပြည်ပရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများ၏ ဝင်ငွေများကို မြန်မာနိုင်ငံ၏ တရားဝင်ဘဏ်စနစ်အတွင်းသို့ မဖြစ်မနေ စီးဝင်လာစေရေးအတွက် အလုပ် အကိုင်အေဂျင်စီများကို ကြားခံအဖြစ် အသုံးပြုပြီး ဖိအားပေးအကောင်အထည်ဖော်လာခြင်းဖြစ်သည်။ စစ်တပ်၏ ထုတ်ပြန်ထားသော စာရင်းဇယားများအရ ၂၀၂၅ ခုနှစ်အတွင်း ပြည်ပရောက် မြန်မာအလုပ်သမားများက မိခင်နိုင်ငံသို့ ပြန်လည်လွှဲပို့ခဲ့သည့် ငွေကြေးပမာဏမှာ အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံခန့်ရှိခဲ့ပြီး နိုင်ငံခြားငွေစီးဝင်မှုစုစုပေါင်း၏ ၃၈ ရာခိုင်နှုန်းခန့်အထိ ရှိလာခဲ့ကြောင်း သိရှိရသည်။ စစ်တပ်က ၂၀၂၄ ခုနှစ်မှစတင်၍ ပြည်ပနိုင်ငံများတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားများအနေဖြင့် မိမိတို့၏ ဝင်ငွေထဲမှ အနည်းဆုံး ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံရှိ ဘဏ်များမှတစ်ဆင့် မိသားစုထံ ပြန်လည်လွှဲပြောင်းရမည့် စည်းမျဉ်

ZayarTBZ 7 News
ZayarTBZ 7 News
Open In TikTok:
Region: TH
Monday 31 August 2026 02:27:49 GMT
173668
6693
22
337

Music

Download

Comments

nidnoinaaruk
nidnoinaaruk :
မြန်မာကဒီလောက် ကောက်ရတာလား😳😳😳😳😳😳
2026-08-31 05:16:11
0
myonim123
မကျူးကျော်ရမိန်မရှိသည် :
တရားဝင် ပြည်ပကိုထွက်ခွင့်ပေးလို့လား ဆင်းစားလေ
2026-08-31 12:56:57
0
ko.tun8788
Ko Tun :
😂😂😂😂😂😁
2026-08-31 05:07:31
0
userp1z9f9bkgx
(.MYO MIN TUN.) :
🥰🥰🥰
2026-08-31 11:44:16
0
thaye.tin
Thaye Tin :
😁😁😁
2026-08-31 12:02:43
0
chan.min.ko740
Chan Min Ko :
😁😁😁
2026-08-31 05:50:21
0
user4750016509197
thant zin :
😂😂😂
2026-08-31 12:11:05
0
komg.komgn
Komg Komgn :
🥰🥰🥰
2026-08-31 03:06:24
0
oothar523
Oo Thar :
😂😂😂
2026-08-31 06:34:03
0
user3573410058754
90677072461 :
🥰🥰🥰
2026-08-31 04:23:28
0
yinm.min
Yinm Min :
🥰🥰🥰
2026-08-31 04:22:16
0
min.min.latt75
Min Min Latt :
😂😂😂
2026-08-31 04:14:41
0
u.hlaing.myint147
U Hlaing Myint :
😂😂😂
2026-08-31 04:11:20
0
gh.mobile66
Gh Mobile :
👍👍👍👍👍
2026-08-31 04:14:31
0
ma.zar9719
kyawgyi :
😁😁😁
2026-08-31 03:47:09
0
than.than5642
Than Than :
😳😳😳😳
2026-08-31 10:15:49
0
thiha50921
Kha❤❤lay💖💖💖chit💝💝💝koko💗 :
😁😁😁😁😁😁😁😁
2026-08-31 12:53:58
0
khinsanwin805
khinsan win :
😁😁😁
2026-08-31 03:10:50
0
mr.md.solim1
MR MD SOlim :
🥺🥺🥺
2026-08-31 13:02:17
0
mr.md.solim1
MR MD SOlim :
🥰🥰🥰
2026-08-31 13:02:17
0
To see more videos from user @zayartbz7news, please go to the Tikwm homepage.

Other Videos


About