@zayartbz7news: ထိုင်းဝန်ကြီးချုပ်၏ နိုင်ငံခြားသားများ ပြည်နှင်ဒဏ်ပေးရေး စည်းမျဉ်းသစ် ထုတ်ပြန်ပြီးနောက် မြန်မာနိုင်ငံသားများအပေါ် ရှာဖွေစစ်ဆေးဖမ်းဆီးမှုများ ပိုမိုများပြားလာနေဟုဆို ရန်ကုန်၊ ဩဂုတ် ၃၀ ထိုင်းဝန်ကြီးချုပ်အနုတင်၏ နိုင်ငံခြားသားများကို ဥပဒေချိုးဖောက်ပါက ချက်ချင်း ပြည် နှင်ဒဏ်ပေးရေး စည်းမျဉ်းသစ် ထုတ်ပြန်ပြီးနောက် ထိုင်းအာဏာပိုင်များက မြန်မာနိုင်ငံသားများအပေါ် ရှာဖွေစစ်ဆေးဖမ်းဆီးမှုများ ပိုမိုများပြားလာနေကြောင်း ထိုင်းရောက် မြန်မာနိုင်ငံသားများထံမှ သိရှိရသည်။ ထိုင်းနိုင်ငံတွင် တရားမဝင် ဝင်ရောက်နေထိုင်သူများ၊ ခွင့်ပြုချက်မရှိဘဲ အလုပ်လုပ်ကိုင်သူများနှင့် ဥပဒေချိုးဖောက်သည့် နိုင်ငံခြားသားများကို ပြည်နှင်ဒဏ်ပေးရေးဆိုင်ရာ ဝန်ကြီးချုပ်ရုံး၏ စည်းမျဉ်းသစ် အသက်ဝင်လာပြီးနောက် ထိုင်းရောက် မြန်မာနိုင်ငံသားများအပေါ် အာဏာပိုင်များ၏ ရှာဖွေစစ်ဆေးခြင်းနှင့် ဖမ်းဆီးခြင်းများ ပိုမိုများပြားလာနေ ကြောင်း Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်နှင့် ထိုင်းရောက် မြန်မာရွှေ့ပြောင်းအလုပ်သမားများက ပြောဆိုကြသည်။ အဆိုပါ စည်းမျဉ်းသစ်ကို ဩဂုတ်လ ၂၈ ရက်နေ့မှစတင်၍ အသက်ဝင် ကျင့်သုံးခဲ့ခြင်းဖြစ်ပြီး မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းမှုနောက်ပိုင်း နိုင်ငံရေးနှင့် စစ်ရေးအခြေအနေများအပြင် စစ်မှုထမ်းဥပဒေကြောင့် ထိုင်းနိုင်ငံသို့ တရားမဝင်နည်းလမ်းများဖြင့် ရွှေ့ပြောင်းဝင်ရောက်လာသူများ များပြားနေချိန်တွင် ယင်းစည်းမျဉ်းသစ် ထွက်ပေါ်လာခြင်းက မြန်မာရွှေ့ပြောင်းအလုပ်သမားများအတွက် ပိုမိုစိုးရိမ်ဖွယ်ရာ အခြေအနေဖြစ်လာစေကြောင်း သိရှိရသည်။ Arakan Workers Organization မှ ဒါရိုက်တာ ကိုနိုင်အောင်အောင်က ထိုင်းအာဏာပိုင်များအနေဖြင့် လက်ရှိဥပဒေများနှင့် စည်းမျဉ်းသစ်များကို အကြောင်းပြကာ မြန်မာရွှေ့ပြောင်းအလုပ်သမားများအပေါ် စစ်ဆေးဖမ်းဆီးမှုများ ပိုမိုတင်းကျပ်လာနိုင်ပြီး ထိုင်းရောက် မြန်မာနိုင်ငံသားများ ပိုမိုကျပ်တည်းသည့် အခြေအနေများနှင့် ရင်ဆိုင်ရနိုင်ကြောင်း ပြောသည်။ “ထိုင်းမှာရှိတဲ့ ရဲတွေက အခုလက်ရှိ ဥပဒေကို အကြောင်းပြတာကတစ်မျိုး၊ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ ပြဿနာကို အကြောင်းပြတာကတစ်မျိုးဆိုပြီး ဖြစ်လာမယ်ဆိုရင် မြန်မာရွှေ့ ပြောင်းအလုပ်သမားတွေ ပိုမိုကျပ်တည်းမှုတွေနဲ့ ကြုံရမယ်။ မြန်မာနိုင်ငံဘက်မှာလည်း ဒီလို ဖမ်းဆီးတာတွေ များတဲ့အခါ စစ်မှုထမ်းဖို့ ခေါ်တာတွေ၊ ဖမ်းဆီးခံရသူတွေဆီက ပိုက်ဆံတောင်းတာတွေ ပိုများလာမယ်လို့ ယူဆရတယ်” ဟု ကိုနိုင်အောင်အောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ ယခုစည်းမျဉ်းသစ်နှင့်ပတ်သက်၍ ဘန်ကောက်မြို့ရှိ မြန်မာသံရုံး၏ ထုတ်ပြန်ချက်တွင် စည်းမျဉ်းသစ်ကို ကြိုဆိုသည့်သဘောထားမျိုး တွေ့ရှိရကြောင်းလည်း ၎င်းက ပြောသည်။ စည်းမျဉ်းသစ် အသက်ဝင်လာပြီးနောက် စက်ရုံများတွင် တရားဝင်အလုပ်လုပ်ကိုင်နေသည့် အလုပ်သမားများထက် ထိုင်းနိုင်ငံအတွင်း ခွင့်ပြုချက်မရှိဘဲ ဈေးရောင်းခြင်းနှင့် ကိုယ်ပိုင်အသေးစားစီးပွားရေး လုပ်ကိုင်နေကြသည့် မြန်မာနိုင်ငံသားများအပေါ် ပိုမိုထိခိုက်လာနိုင်ကြောင်း၊ ထိုင်းအာဏာပိုင်များ၏ ရှာဖွေစစ်ဆေးမှုများလည်း ပိုမိုတိုးမြှင့်လာနိုင်ကြောင်း ကိုနိုင်အောင်အောင်က သုံးသပ်ပြောဆိုသည်။ ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာရွှေ့ပြောင်းအလုပ်သမားတစ်ဦးကလည်း လက်ရှိတွင် အာဏာပိုင်များ၏ စစ်ဆေးမှုများ ယခင်ထက် ပိုမိုစိပ်လာနေပြီး အလုပ်အကိုင်ပြောင်းလဲသူများအတွက် အထောက်အထားနှင့် အလုပ်လုပ်ခွင့်ဆိုင်ရာ စာရွက်စာတမ်းများ ပြန်လည်ပြုလုပ်ရာတွင် ကုန်ကျစရိတ်များပြားနေကြောင်း ပြောသည်။ “အခုနောက်ပိုင်း စစ်ဆေးတာတွေ ပိုစိပ်လာတယ်။ အလုပ်ပြောင်းတဲ့အခါ သူဌေးမတူတာနဲ့ အထောက်အထားသစ် ပြန်လုပ်ဖို့ ပွဲစားခတွေ အများကြီး ကုန်ကျတယ်။ ဒါတင်မကဘူး လုပ်နေတဲ့အလုပ်နဲ့ ကတ်ထဲမှာပါတဲ့ သူဌေး ဒါမှမဟုတ် အလုပ်အကိုင် မတူတာကို အာဏာပိုင်တွေ စစ်ဆေးချိန်မိသွားရင် ဖမ်းဆီးခံရမှာကိုလည်း စိုးရိမ်နေရသေးတယ်” ဟု ၎င်းက ပြောသည်။ ထို့ပြင် ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရပါက မြန်မာနိုင်ငံအတွင်း စစ်မှုထမ်းရန် အတင်းအကျပ် ဖမ်းဆီးခံရနိုင်သည့် အန္တရာယ်များရှိနေခြင်းက ထိုင်းရောက် မြန်မာအလုပ်သမားများအတွက် ပိုမိုစိုးရိမ်စရာဖြစ်နေကြောင်း အဆိုပါ အလုပ်သမားက ဆက်လက်ပြောဆိုသည်။ “အကြောင်းတစ်ခုခုကြောင့် ဖမ်းဆီးခံရပြီး မြန်မာနိုင်ငံ ပြန်ပို့ခံရရင်လည်း ဟိုဘက်မှာ စစ်မှုထမ်းဖို့ ဖမ်းဆီးခံရမှာလည်း ရှိသေးတော့ ပိုကျပ်တည်းလာတယ်” ဟု ၎င်းက ဆိုသည်။ အလားတူ ပြည်နှင်ဒဏ်ပေးရေး စည်းမျဉ်းသစ်ကြောင့် ထိုင်းဥပဒေအရ ရာဇဝတ်မှုကျူးလွန်သူများနှင့် တရားမဝင် အလုပ်လုပ်ကိုင်သူများ ဖမ်းဆီးခံရပါက အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဥပဒေပိုင်းဆိုင်ရာ အကူအညီပေးရန် ခက်ခဲလာနိုင်ကြောင်း ကိုနိုင်အောင်အောင်က ပြောဆိုသည်။ သို့ရာတွင် အပြစ်မရှိဘဲ ဖမ်းဆီးခံရခြင်း သို့မဟုတ် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်ခံရခြင်းကြောင့် စစ်မှုထမ်းရန် အတင်းအကျပ် ခေါ်ဆောင်ခံရနိုင်သည့် အန္တရာယ
ZayarTBZ 7 News
Region: TH
Monday 31 August 2026 02:40:28 GMT
Music
Download
Comments
Htoo Aung :
🥰🥰☺️☺️☺️☺️☺️☺️☺️
2026-08-31 03:14:35
0
To see more videos from user @zayartbz7news, please go to the Tikwm
homepage.