@predetoremgmbuj: အမျှော်အမြင် ============ 1998 လောက်တုန်း ဆည်မြောင်းမှာ လုပ်ငန်းဝင်ခါစ သူငယ်ချင်းတယောက်က တောထဲမှာ အလုပ် လုပ်ရင်း ခွင့်နဲ့ ပြန်လာတယ် ။ လက်ဖက်ရည်ဆိုင်မှာ လေကန်ကြတော့ သူက... " ဦးသန်းရွှေကြီး ဂေါက်နေလား မသိပါဘူးကွာ အခု ငါတို့လုပ်နေတဲ့ နေရာက တောကြီးမျက်မည်း တောင်ပေါ်မှာကွာ ဆည်လုပ်သတဲ့... အဲဒီဆည်ရေ ပေးရအောင်လည်း ရွာက ကျိုးတိုးကျဲတဲ လူဦးရေ မဖြစ်သလောက် နဲ့ အကျိုးပြုဧရ်ိယာမှာ စိုက်ပျိုးမယ့် လူလည်း မရှိဘူးကွာ...ကြောင်တောင်တောင် နဲ့ ဆည်ကြီးကို ငွေကုန်ခံ အကြီးကြီး ဆောက်နေတာ ဂေါက်နေလို့ ဖြစ်မယ် '' အဲသလို ပြောသွားလေရဲ့ ။ အဲဒီကာလတွေက ဆည်မြောင်းရွှေခေတ်လေ.. နေရာတကာ ဆည်တွေ တည်ဆောက်နေခဲ့တော့ သူပြောတဲ့ ပေါင်းလောင်းတောထဲက ဆည်တခုသည် ဘာမှမဆန်းတဲ့ ဆည်တွေထဲက ဆည်တခုမျှသာပါပဲ ။ နောက် ၂ နှစ်လောက်နေတော့ အဲဒီ သူငယ်ချင်း ပြန်ရောက်လာပြန်တယ် ... " ဟေ့ကောင်တွေ ငါတို့ လုပ်နေတဲ့ ဆည်က ရေအား လျှပ်စစ်စက်ရုံတည်နေပြီဗျာ ဒီတောကြီးထဲကနေ ဘယ်ကို လျှပ်စစ်မီး ဖြန့်မလဲ မသိဘူး နီးစပ်နေရာမှန်သမျှ တောကြိုအုံကြား ရွာပေါက်စချည်းပဲ ကွ... အလုပ်ပြပြီး ဘက်ဂျက်ခိုးဖို့ နေမှာပါကွာ..'' သူက အဲလိုပြောနေချိန်မှာ ယခု နေပြည်တော် နေရာမှာ ဖုံတလုံးလုံးနဲ့ လမ်းတွေဖောက် တံတားငယ်တွေ ဆောက်နေကြပါပြီ ။ အလုပ်သမားတွေ များစွာခေါ်ယူပြီး နေပြည်တော်ကို အမည်မရှိ မြို့တော်ကြီးအဖြစ် အားသွန်ခွန်စ်ိုက် အခြေခံအဆောက်အဦး များစွာ အုတ်မြစ်ချနေကြပါပြီ ။ 2005 မှာ လမ်းတံတားတွေ ပြီးသွားကာ အစိုးရ ရုံးတွေကို ဆက်လက်တည်ဆောက်နေကြပါပြီ ။ 2005 မှာပဲ အဲဒီ တည်ဆောက်ဂွင်ထဲမှာ အင်မတန်အားကောင်းတဲ့ လျှပ်စစ်မီးတွေ သွယ်တန်းရောက်ရှိလာခဲ့ပါတယ် ။ ခါတိုင်း လျှပ်စစ်မီးအားနဲ့ မတူညီပဲ 220 V အပြည့်မို့ အဲခေတ်အခါက အံ့သြစရာပေါ့... ရထားပေါ်ကနေ မီးတွေထိမ်လင်းနေတဲ့ မြို့အသစ်ကြီးကို သွားရေတမျှားမျှားနဲ့ ငေးကြည့်ခဲ့ရတာ သိမှီတွေ အများကြီးပါ ။ ဘယ်ကလာတဲ့ လျှပ်စစ်မီးလဲ ဆိုတော့ အောက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံကတဲ့ ။ မဂ္ဂါဝပ် ၂၈၀ က တည်ဆောက်ဆဲ မြို့သစ် အတွက် ပိုလျှံနေလေရဲ့ ။ လျှပ်စစ်မီးရပြီး ဌာနဆိုင်ရာအဆောက်အအုံတွေ ပြီးချိန် ( 6 - 11 - 2005 ) မှာ ဝန်ထမ်းတွေ စတင်ပြောင်းရွှေ့ အမှုထမ်းကြရပါပြီ ။ ရန်ကုန်နဲ့ အသားကျနေတဲ့ ဝန်ထမ်းတွေဟာ တစ္ဆေမြို့လို မြို့တော်သစ်ကြီးမှာ ဘယ်အသားကျမလဲ... ဝန်ကြီးကနေ ရုံးအကူထိ ဦးသန်းရွှေကြီးကို တောက်လျှောက် မေတ္တာပို့နေကြလေရဲ့ ။ 27 - 3 - 2006 တပ်မတော်နေ့မှာ အဆိုပါ မြို့တော်သစ်ကြီးအား နေပြည်တော် အဖြစ် တရားဝင် အမည်ပေးကင်းပွန်းတပ် ခဲ့ပါတယ် ။ အားလုံးက သရော်လှောင်ပြောင်ရင်း တစ္ဆေမြို့တော်ကြီး ဘာညာ နဲ့ ကဲ့ရဲ့ခဲ့ကြတာပေါ့ ။ ဦးသန်းရွှေက တလုံးမှ မတုန့်ပြန်ဘူး ။ နောက်ထပ် အထက်ပေါင်းလောင်း ရေအားလျှပ်စစ်စက်ရုံ အုတ်မြစ်ထပ်ချခဲ့တယ် ။ 2015 မှာ မဂ္ဂါဝပ် ၁၄၀ ထွက်လာပြန်တယ် ။ ဦးသန်းရွှေရဲ့ အမျှော်အမြင် နဲ့ လုပ်ဆောင်ချက်ကို ယခု လက်ရှိနေပြည်တော်ကြီးက သက်သေပြနေပါပြီ ။ ရန်ကုန် နဲ့ နေပြည်တော် သွားရ လာရ အသက်ရှူရတာက အစ ကွာဟချက် ကြီးသွားရပါပြီ ။ - ဦးသန်းရွှေက သူဖြစ်ချင်တာကို ကြိုတင် လေမကြီးဘူး ဖြစ်အောင်လုပ်ပြသွားခဲ့တယ် ။ - သူက ခိုင်းထားရင် အလုပ်ပြီးသလား အောင်မြင်သလား ဆိုတဲ့ ပေတံနဲ့ပဲ တိုင်းတယ် ၊ အောင်မြင်ရင် OK မအောင်မြင်ရင် GO ပေတော့... ဆင်ခြေ ဆင်လက် ဆိုတာ သူအမုန်းဆုံး ပဲ.. - ခိုင်းပြီးရင် အမြဲတမ်း ကောင်တာချက် လုပ်တယ်.. ဝေလေလေ လုပ်ပြီး သတင်းတုနဲ့ မဖြီးနဲ့ သူက နားတပေါက်မင်းညံ့မဟုတ်ဖူး ဒီတော့ သူ့ကို လိမ်မရ ။ မင်းနားတထောင် ဖြစ်အောင် အမြဲအားထုတ်တယ်.... - တိုင်းပြည်ကို မြေပြင်က ပတ်ကြည့်ဖို့ အတွင်းရေးမှူး ၁ / ၂ တာဝန် ၊ သူက မြန်မာပြည်မြေပုံ နေ့တိုင်းကြည့်ပြီး ဒီ နေရာ ဆည်လုပ် ၊ ဒီနေရာနဲ့ ဒီနေရာ လမ်းဖောက် ၊ ဒီနား တံတားဆောက် ဆိုတဲ့ စီမံကိန်းတွေပဲ စဥ်းစားလမ်းညွှန်ခဲ့တယ်... နေပြည်တော် ရာဇဝင် ပြန်တွေးမိပြီး ရောက်တတ်ရာရာ မျှဝေလိုက်တာပါဗျာ... တချို့ကိစ္စတွေက ကိုယ်က တထွာလောက်ပဲ မြင်ပြီး ဝေဖန်မိရင် တချိန်ကြ ရီစရာဖြစ်နေတတ်တယ်ဗျ...... ကိုရွှေမျိုးဝင်း
PREDETOR
Region: MM
Monday 31 August 2026 04:19:07 GMT
Music
Download
Comments
U Tin win Naing :
ဟိုးအရင်ကဆို ဦးသန်းရွှေကိုအရမ်းမုန်းတာ နေပြည်တော်ကလွှတ်တော်ထဲရောက်ဖူးပြီးမှ ဦးသန်းရွှေကိုအရမ်းလေးစားသွားတယ်
2026-08-31 06:06:19
81
Nang Seng Lar :
အဲ့အဘခေတ်မှာအေးအေးချမ်းချမ်းနေခဲ့ရဖူးတယ်ပြန်လွမ်းပါတယ်🥰🥰🥰
2026-08-31 12:52:21
32
Daw Aye Myat San :
နှစ်၅၀လောက်ကြိုပြင် ခဲ့တာ
အဖက်ဖက်က ပိတ် ဆန်ရှင် တွေထဲက လုပ်ပြသွားတာ ကျေးဇူး ရှင်ကြီးပါ
2026-08-31 12:00:31
31
U Ko Myo :
တောင်ခမ်း ခံစစ်စည်း အချက်အခြာကလည်းဘရွှေကြီးလမ်းညွှန်ချက်ပါပဲ။
2026-08-31 12:18:29
24
tuntunaye :
ဘာမှမလုပ်ဘဲကုန်ကျမည့်ငွေတွေဒေါ်လာတွေ သူ့အိပ်ထဲထည့်သွားလဲ ဘယ်ကောင်ပြောရဲမှာလဲ မြို့တည်နန်းတည် ကုန်ကျစရိတ်တွက်ကြည့်ကြပေါ့
2026-08-31 11:28:29
12
thara :
အမှန်ပါဘဲ နိုင်ငံတော်ကြီး ကို တိုးတက်အောင်တည်ဆောက်ခဲ့သူ ကကျေးဇူးရှင်ကြီး ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ပါ။ ကျေးဇူးရှင်ကြီးအမြဲတစေ ကိုယ်ကျန်းမာ စိတ်ချမ်းသာ၍ သက်တော်တစ်ရာကျော်ရှေပါစေ။
2026-08-31 06:05:28
54
Tin Ko Ko Latt :
နပတမှာနေတာ ၆နှစ်ထဲရောက်လာပါပြီ
ဘုရားဝတ်တက်တိုင်းမေတ်တာပို့သလျက်ပါ။
2026-08-31 06:28:20
37
uulay1123 :
မြို့တည်. နန်းတည်. ဆို. မင်းကောင်းပေါ်တယ်လို့မှတ်ကွလို့ပြောလိုက်
2026-08-31 12:29:43
11
Confucius :
ထိုင်းန့မြန်မာတပ်မတော်ရင်းနှီးစွာဆက်ဆံနိုင်တာဗိုလ်ချုပ်မှူးကြီးသန်းရွှေရဲ့တပ်မတော်အင်အားတည်ဆောက်ခဲ့မှုကအခရာကျပါတယ်
2026-08-31 06:38:25
21
Han Shwe :
အထက်နဲ့ အောက်
တက်ညီလက်ညီ
အရှိဆုံး အချိန်ပါ
ဖတ်ရတာ အားရှိလှပါဘိ
2026-08-31 10:29:56
13
Daw sein htay :
ကိုရွှေမျိုးဝင်းခင်ဗျားကိုတော့တော်တော်
လေးစားမိပါတယ်
အားလုံးသိအောင်မကြာမကြာသတင်း
တွေကိုတင်ပေးပါ
2026-08-31 12:53:24
14
Gu Gu :
အမှန်တွေပါဗျာ
တစ်နိုင်ငံလုံးအနှံ့တည်ဆောက်ပြုပြင်သွားတာ
တပ်မတော်အစိုးရပါ
သူခိုးမကြီးကတော့တပ်နဲ့ပြည်သူကိုရန်တိုက်သွေးခွဲပြီးတိုင်းပြည်ကိုဖျက်ဆီးသွားလေရဲ့ဗျာ
2026-08-31 07:20:35
20
Ôöpayephyo :
ဘရွှေကအေးတိအေးစက်နဲ့ဘရိန်းတော့အရမ်းကောင်းတယ်
2026-08-31 11:46:25
11
Aye Aye :
အပြောမဟုတ်လက်တွေ့လုပ်ပြတာကို
ပုသိမ်မုံရွာလမ်းကြီးပေါ်ကားစီးရတဲ့အချိန်တိုင်းအံ့ဩခမန်းမို့မေတ္တာပို့မိ
2026-08-31 13:44:43
17
Hnin maung :
အဲဒါကို စစ်တပ်ကျေးဇူး ဘာရှိလို့လဲဆိုတဲ့ကောင်တွေရှိသေးတယ်။
2026-08-31 06:53:46
12
U Ko Ko Khine :
သူကနိုင်ငံရေးသမားမဟုတ်ဘူး၊နိုင်ငံတည်ဆောက်သူ❤️❤️❤️
2026-08-31 11:53:00
6
Hla Myint :
လူတော်ကြီး🥰🥰🥰
2026-08-31 12:42:12
7
Kyaw Oo :
မဖားတန်းပြောရရင်လေးစားမိပါတယ်
2026-08-31 09:04:08
6
U Soe :
အ ပြောနဲ့သက် သေပြတာမဟုတ်တကယ့်အလုပ်နဲ့သက် သေပြတာကဗိုလ်ချုပ်မှုးကြီးဘ ရွေပါ
2026-08-31 07:01:08
14
Oo :
ဦးနု လက်ထက်က ဂျာမနီကပညာရှင်တွေ ရေးထားတဲ့ ပြည်တော်သာစီမံကိန်း ပါ ခင်ဗျ။ ဘာ်အစိုးရတက်တက် အဲ့ စီမံကိန်းအတိုင်း အကောင်ထည်ဖော်ရပါတယ်။ 🥰
2026-08-31 09:55:26
11
PEARL :
အာ့တုန်းက အစွမ်းကလည်း အံ့ဩစရာပါပဲ။ လက်အောက်ငယ်သားတွေတော့ ဘုမသ်ဘမသိ ပါသွားရတာပေါ့။
2026-08-31 11:50:58
7
Mya Din :
မြို့တော်ကြိးတွေမှာ စေတီကြိးတွေ တည်ထားခဲ့ပါသည်။
2026-08-31 06:11:33
13
ကိုတင်မောင်စိန် :
ဘရွှေကို ပြန်ပြီး အသက်ငယ်လို့ရရင် သိပ်ကောင်းမယ်
2026-08-31 07:13:08
8
Aung Zaw Htut ( Htut Gyi ) :
အဲဒါအမှန်တရားလေ သူလဲသက်ရှိထင်ရှားသူနဲ့လက်တွဲဖော်တွေလဲသက်ရှိထင်ရှားရှိသေးတယ်ငြင်းမရဘူးလေ
2026-08-31 07:18:52
7
Thuya :
2026-08-31 05:47:43
12
To see more videos from user @predetoremgmbuj, please go to the Tikwm
homepage.