@oncopathologydiagnostic: አመታዊ 5 ዋና ዋና ምርመራዎች #annualcheckup #onco #ONCODiagnosticCenter #bestlabinethiopia #pathologyExpert

Onco Diagnostic Center
Onco Diagnostic Center
Open In TikTok:
Region: ET
Monday 31 August 2026 06:58:06 GMT
586
42
1
15

Music

Download

Comments

hiw170
mimoti :
ፀበል አለን አንፈልግም ሂራር
2026-08-31 08:21:17
0
To see more videos from user @oncopathologydiagnostic, please go to the Tikwm homepage.

Other Videos

ဝန်ကြီးချုပ် မိုဒီ မိန့်ခွန်းပြောကြားမှု ခဏရပ်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အခြေအနေကို မေးမြန်း NDTV နယူးဒေလီမြို့တွင် စနေနေ့က ပြုလုပ်သည့် BRICS ထိပ်သီးအစည်းအဝေး၌ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည် မိန့်ခွန်းပြောကြားနေစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အခြေအနေကို သတိပြုမိသွားခဲ့ပြီးနောက် မိန့်ခွန်းကို ရုတ်တရက် ခဏဆိုင်းငံ့ခဲ့သည်။ ထိုသို့ ခဏတာ ရပ်တန့်သွားမှုသည် ခဏမျှသာ ကြာမြင့်ခဲ့သော်လည်း အစည်းအဝေးခန်းမအတွင်း အာရုံ စိုက်မှု ရရှိသွားခဲ့သည်။ ခုနှစ် နှစ်အတွင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့် တရုတ်ခေါင်းဆောင်ဘက်သို့ ကြည့်ရှုရင်း ဝန်ကြီးချုပ် မိုဒီသည် စိုးရိမ်ပူပန်ပုံပေါ်ခဲ့ပြီး ရှီ၏ စကားပြန် ထံမှ ရှင်းလင်းချက်ကို မေးမြန်းခဲ့သည်။
ဝန်ကြီးချုပ် မိုဒီ မိန့်ခွန်းပြောကြားမှု ခဏရပ်ကာ တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အခြေအနေကို မေးမြန်း NDTV နယူးဒေလီမြို့တွင် စနေနေ့က ပြုလုပ်သည့် BRICS ထိပ်သီးအစည်းအဝေး၌ ဝန်ကြီးချုပ် နာရင်ဒရာ မိုဒီသည် မိန့်ခွန်းပြောကြားနေစဉ် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ အခြေအနေကို သတိပြုမိသွားခဲ့ပြီးနောက် မိန့်ခွန်းကို ရုတ်တရက် ခဏဆိုင်းငံ့ခဲ့သည်။ ထိုသို့ ခဏတာ ရပ်တန့်သွားမှုသည် ခဏမျှသာ ကြာမြင့်ခဲ့သော်လည်း အစည်းအဝေးခန်းမအတွင်း အာရုံ စိုက်မှု ရရှိသွားခဲ့သည်။ ခုနှစ် နှစ်အတွင်း အိန္ဒိယနိုင်ငံသို့ ပထမဆုံးအကြိမ် လာရောက်လည်ပတ်သည့် တရုတ်ခေါင်းဆောင်ဘက်သို့ ကြည့်ရှုရင်း ဝန်ကြီးချုပ် မိုဒီသည် စိုးရိမ်ပူပန်ပုံပေါ်ခဲ့ပြီး ရှီ၏ စကားပြန် ထံမှ ရှင်းလင်းချက်ကို မေးမြန်းခဲ့သည်။ "အဆင်ပြေရဲ့လား" ဟု ဝန်ကြီးချုပ် မိုဒီက မေးမြန်းသည်။ ချက်ချင်း အကြောင်းပြန်မှု မရှိသည့်အခါ မိုဒီ က ထိုမေးခွန်းကိုပင် ထပ်မံမေးမြန်းခဲ့ပြီး ခဏမျှ စောင့်ဆိုင်းခဲ့သည်။ ဤဖြစ်စဉ်၏ အဓိကအကြောင်းအရင်းကို ချက်ချင်း မသိရှိရသေးသော်လည်း မကြာမီတွင် သမ္မတ ရှီက ခေါင်းညိတ်ပြခဲ့ပြီး အရာရာ အဆင်ပြေကြောင်း အချက်ပြခဲ့သည်။ ထို့နောက် ဝန်ကြီးချုပ် မိုဒီသည် မိန့်ခွန်းကို ဆက်လက်ပြောကြားခဲ့ပြီး ထိပ်သီးအစည်းအဝေး လုပ်ငန်းစဉ်များကို ဆက်လက်ဆောင် ရွက်ခဲ့သည်။ ရိုက်ကူးရေး ကင်မရာများတွင် ပါရှိသွားသည့် အဆိုပါ အပြန်အလှန် ပြောဆိုမှုသည် BRICS ထိပ်သီး အစည်းအဝေးတွင် ပြုလုပ်သည့် ဝန်ကြီးချုပ်၏ အဖွင့်မိန့်ခွန်း ပြောကြားပြီး မိနစ်ပိုင်းအကြာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ သမ္မတ ရှီ ဂုဏ်ပြုညစာစားပွဲ မတက်ရောက် ထိပ်သီးအစည်းအဝေး လုပ်ငန်းစဉ်များတွင် ပါဝင်ပြီးနောက် သမ္မတ ရှီသည် ဝန်ကြီးချုပ် မိုဒီ တည်ခင်းဧည့်ခံသည့် ညစာစားပွဲသို့ မတက်ရောက်ခဲ့ပေ။ အကြောင်းအရင်းမှာ တရုတ်သမ္မတသည် ခရီးဝေး သွားရောက်ခဲ့ရခြင်းနှင့် မနားတမ်း ခရီးစဉ်ဇယားများ ကြောင့် မောပန်းနေသည့်အတွက် ဖြစ် သည်ဟု သတင်းရင်းမြစ်များက ဆိုသည်။ အဆိုပါ တွေ့ဆုံဧည့်ခံပွဲသို့ မတက်ရောက်ခဲ့သူများထဲတွင် အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိခ် ခါလိဒ် ဘင် မိုဟာမက် လည်း ပါဝင်သည်။ သမ္မတ ရှီသည် စနေနေ့က နယူးဒေလီသို့ ရောက်ရှိခဲ့ပြီး ထိပ်သီးအစည်းအဝေးနှင့် ဆက်စပ်သည့် အစီအစဉ်များအပြင် နှစ်နိုင်ငံ သီးသန့်တွေ့ဆုံမှုများ အပါအဝင် အစီအစဉ်အသီးသီးကို တနေကုန် တက် ရောက်ခဲ့သည်။ အဆိုပါကိစ္စကို တိုက်ရိုက်သိရှိသည့် သတင်းရင်းမြစ်များ၏ အဆိုအရ တရုတ်သမ္မတသည် ခရီးသွားလာခဲ့ရသဖြင့် မောပန်းနေခြင်း၊ စံတော်ချိန် ကွဲလွဲမှု ဒါဏ်ခံရခြင်းတို့ကြောင့် ညစာစားပွဲကို မတက်ရောက်နိုင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ညနေပိုင်း အစီအစဉ်ကို မတက်ရောက်နိုင်ခဲ့သော်လည်း ခရီးစဉ်အတွင်း သမ္မတ ရှီ၏ အစီအစဉ်များမှာ ပြည့်နှက်နေခဲ့သည်။ သူသည် Bharat Mandapam ၌ ပြုလုပ်သည့် နှစ်ရက်တာ BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး အခြားခေါင်းဆောင်များနှင့်အတူ သစ်ပင်စိုက်ပျိုးပွဲတွင် ပါဝင်ခဲ့သလို ထိပ်သီးအစည်းအဝေးနှင့်ယှဉ်ပြိုင် ပြုလုပ်သည့် Bharat Innovates ပြပွဲသို့လည်း သွားရောက်ကြည့်ရှုခဲ့သည်။ ထို့အပြင် တရုတ်သမ္မတသည် ဝန်ကြီးချုပ် မိုဒီနှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီး နှစ်နိုင်ငံခေါင်းဆောင်နှစ်ဦးသည် နှစ်နိုင်ငံဆက်ဆံရေး အခြေအနေကို ပြန်လည်သုံးသပ်ကာ ဆက်ဆံရေး ရှေ့ဆက်ရန် နည်းလမ်းများကို ဆွေးနွေးခဲ့ကြသည်။ 'သဘောထားကွဲလွဲမှုများသည် ပဋိပက္ခမဖြစ်သင့်' တွေ့ဆုံပွဲအပြီး ထုတ်ပြန်သည့် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန (MEA)၏ ထုတ်ပြန်ချက်တွင် ခေါင်းဆောင်နှစ်ဦးစလုံးသည် နှစ်နိုင်ငံဆက်ဆံရေးကို ရေရှည်မဟာဗျူဟာမြောက် ရှုထောင့်မှ ချဉ်းကပ်ရန် လိုအပ်ကြောင်း သဘောတူညီခဲ့ကြသည်။ "၂၀၂၅ ခုနှစ်၊ သြဂုတ်လက တယန်ကျင်း မှာ နောက်ဆုံးတွေ့ဆုံခဲ့ပြီးတည်းက အိန္ဒိယ-တရုတ် နှစ်နိုင်ငံဆက်ဆံရေးမှာ တည်ငြိမ်တဲ့ တိုးတက်မှုတွေ ရှိလာတာကို ခေါင်းဆောင်နှစ်ဦးစလုံးက ကြိုဆိုခဲ့ကြပါတယ်။ နှစ်နိုင်ငံစလုံးအနေနဲ့ ဆက်ဆံရေးကို မဟာဗျူဟာမြောက် ရေရှည်ရှုထောင့်ကနေ ရှုမြင်သင့်တယ်လို့ ပြန်လည်အတည်ပြုခဲ့ကြပါတယ်။ သဘောထားကွဲလွဲမှုတွေဟာ ပဋိပက္ခ မဖြစ်သင့်ပါဘူး။ နှစ်ဦးနှစ်ဖက် အပြန်အလှန် လေးစားမှု၊ အပြန်အလှန် စာနာနားလည်မှုနဲ့ အပြန်အလှန် အကျိုးစီးပွားဆိုတဲ့ အချက် သုံးချက်အပေါ် အခြေခံဆောင်ရွက်ရမယ်လို့ ဝန်ကြီးချုပ်က အဓိကထား ထောက်ပြခဲ့ပါတယ်" ဟု MEA ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးသည် လွန်စွာအရေးပါဆဲဖြစ် ဆွေးနွေးပွဲအတွင်း နယ်စပ်ဒေသ တည်ငြိမ်ရေးသည် အိန္ဒိယ-တရုတ် ဆက်ဆံရေး၏ အနာဂတ်အတွက် အဓိကသော့ချက်အဖြစ် ဆက်လက်တည်ရှိနေကြောင်း NDTV သတင်း "Video: PM Modi Pauses BRICS Speech To Check On China's Xi Jinping" ကို ဘာသာပြန်ပါသည်။ #ဝန်ကြီးချုပ်မိုဒီ #မိန့်ခွန်းပြောကြားမှု #သမ္မတရှီကျင့်ဖျင် #BRICS #MizzimaBurmeseNews

About