@kesavati: 🪴🪴အစ္စရေးနိုင်ငံမှာနေတဲ့ 🌿🌹🌿ဒကာကြီး ဦးမျိုးမြင့်အောင်..မှ အာဖရိကအရှေ့ပိုင်း ယူဂန္ဓာဗုဒ္ဓစင်တာရှိ သံဃာ(၁)ပါး၊ကိုရင် (၂၄)ပါးအတွက် ဝါဆိုသင်္ကန်း(၂၅)စုံနှင့် သံဃာ၊ကိုရင်၊သီလရှင် စုစုပေါင်းအပါး(၇၀)အတွက် နေ့ဆွမ်းတစ်နပ်အတွက် အာဟာရဒါနတို့ပါလှူဒါန်းရန် ယူဂန္ဓာသျှီလင် စုစုပေါင်း(၂၃)သိန်း လှူဒါန်းလိုက်ပါတယ်။ အမေရိကန်ဒေါ်လာအနေနဲ့တွက်ရင် ဒေါ်လာ(၆၀၀) ကျော်ဝန်းကျင်ရှိပါတယ်။ 🌷သာဓုသာဓုသာဓု🌷 အလှူရှင် ဒကာကြီး ဦးမျိုမြင့်အောင် နှင့်အတူ မိသားစုအားလုံး အသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒအားလုံးပြည့်ပါစေ။ 🙏🙏ဝါဆိုသင်္ကန်းကပ်လှူရတဲ့ အစဥ်အလာတစ်ခုဟာ သာသနာကို ထောက်ပံ့လှူဒါန်းတဲ့ သာသနာ့နုဂ္ဂဟကုသိုလ်တစ်မျိုးဖြစ်ပါတယ်။ 🌷အလှူဒါနများစွာအနက်မှ (ဆွမ်း၊သင်္ကန်း၊ကျောင်း၊ဆေး ) ဤအလှူတို့မှာ ထူးခြားမွန်မြတ်တဲ့ ကုသိုလ်မျိုးမှာ ပါဝင်ပါတယ်။ 🌹စီဝရဒါနလို့ ခေါ်တဲ့ သင်္ကန်းအလှူဟာ စေတနာပြတ်သားစွာ လှူဒါန်းသူများအဖို့ အကျိုးထူးတရား(၇)ပါးကို အပြည့်အဝရရှိကြပါလိမ့်မယ်လို့ ရှင်တော်ဗုဒ္ဓက ဟောကြားခဲ့တာ အထင်အရှားရှိခဲ့တာကို ဒကာ,ဒကာမများ ကြားဖူးပြီးသားဖြစ်မှာပါ။ 🪴ဒီခုနစ်ချက်ထဲကမှ ထူးခြားတဲ့ တစ်ချက်ကိုထုတ်နှုတ်ပြောပြချင်ပါတယ်။ 🌸အဝတ်သင်္ကန်းလှူတဲ့သူဟာဒကာ(အမျိုးသား)ဖြစ်ခဲ့လျင် မြတ်စွာဘုရားရှင်နဲ့လည်းတွေ့ခဲ့ရင် မြတ်စွာဘုရားက "ဧဟိဘိက္ခု"ချစ်သားလာလော့..ဟုခေါ်လိုက်တာနဲ့ ရဟန်းအသွင်ကို ချက်ချင်းရရှိပြီး မဂ်,ဖိုလ်နိဗ္ဗာန်ကို လျင်မြန်စွာ စံဝင်နိုင်ပါတယ်လို့ မြတ်စွာဘုရားက ရှင်းပြဟောတော်မူခဲ့ပါတယ်။ 🪷အဝတ်သင်္ကန်းလှူသူဟာဒကာမ(အမျိုးသမီး)ဖြစ်ခဲ့လျင် အဖိုးအနဂ္ဃထိုက်တန်တဲ့ မဟာလတန်ဆာကို ဆင်းမြန်းရပြီး ဘုရားသာနာတော်နဲ့ကြုံတွေ့တဲ့အခါ တရားထူးတရားမြတ်တွေလျင်မြန်စွာရရှိပြီး မဂ်,ဖိုလ်နိဗ္ဗာန် စံဝင်ခွင့်ရနိုင်ပါတယ်လို့ ဘုရားရှင် ဟောကြားခဲ့ပါကြောင်း သင်္ကန်းလှူရကျိုးနဲ့ပတ်သတ်၍ သိသလောက် မျှဝေပေးလိုက်ရပါတယ်။ 🌹ဒကာကြီး ဥိးမျိုးမြင့်အောင်..ရဲ့ဤကောင်းမှုကုသိုလ်များကို သတ္တဝါအားလုံးအားအမျှပေးဝေလိုပါသည်။ ဝမ်းမြောက်ဝမ်းသာ သာဓု အနုမောဒနာခေါ်ဆိုနိုင်ကြပါစေသော်❤️❤️❤️ 31-8-2026(Monday) #Today WasoRobe Offering #in Uganda Buddhist Centre # Donated from U Myo Myint Aung #Sharing merit
African Buddhist Nuns
Region: UG
Monday 31 August 2026 09:43:22 GMT
Music
Download
Comments
zawnyinyizaw :
အိဇူဇံ ခရီးသွား ဘလော့ကာ ဝင်ရောက်ဖူး ခဲ့တဲ့ကျောင်းထင်တယ်
2026-08-31 12:56:32
116
Aung Len :
မြတ်စွာဘုရားရဲ့သက်န်းဟာ လူမျိုးဘာသာအသားအရောင်မခွဲခြားဘူးဆိုတာ ဒါကသက်သေပဲ
2026-09-03 07:11:56
149
หึๆ☸️😎 :
ที่ไหนคับ
2026-09-09 13:56:48
7
MAHAR Sticker Signwork & Drive :
အလှူရှင်ကြီးဦးမျိုးမြင့်အောင်...ကျန်းမာချမ်းသာ ဘေးဘယာဝေးကွာပါစေဗျား.
2026-09-01 09:36:31
16
Mabel Htun :
သံဃံသရဏံ ဂစ္ဆာမိပါဘုန်းဘုန်းဘုရားများ🙏🏻🙏🏻🙏🏻
2026-09-03 06:56:38
18
dy5tgc6igze2 :
สาธุๆ ขอให้พระพุทธศาสนาเจริญรุ่งเรือง
2026-09-10 09:25:13
0
gjan :
adminလို သာသနာပြုနိုင်သူ ဖြစ်ချင်လိုက်တာ
2026-09-01 12:11:07
16
Myint Myint Khin :
ဝါဆိုသင်္ကန်းအလှူရှင်ဦးမျိုးမြင့်အောင်နှင့်တကွမိသားစုများအားလုံးလိုအင်ဆန္ဒဟူသမျှပြည့်ဝပြီးဧမြကျန်းမာကျပါစေ၊သာဓုသာဓုသာဓုခေါ်ပါတယ်၊တွေ့မြင်သာဓုခေါ်ခွင့်ရအောင်တင်ပေးသူလဲကျန်းချမ်းမာ
2026-08-31 23:36:24
6
จวดื :
ຢູອີນດາຍບໍ☺️☺️☺️☺️ສທ
2026-09-10 02:43:27
1
U Kan :
သာဓုခေါ်ပါတယ်ဦးမျိုးမြင့်အောင်ရေသွားလေရာလာလေရာခလုတ်မထိဆူးမညိဘဲလုပ်ကိုင်သမျှကြံစီတိုင်းအောင်မြင်ကြီးပွားလာဒ်လာဘများကြီပွားတိုးတက်ပါစေဗျား
2026-09-02 13:11:37
12
ယိင်းဢွၼ်ႇ :
🙏🙏🙏ၶႃႈ။
2026-09-10 05:48:24
1
Rok🥷🇰🇭🙆♀️🇹🇭 :
@်
2026-09-10 00:13:14
1
mr.john.loe1 :
အလှူပေး အလှူခံ ဤနှစ်တန် ချမ်းသာကိုယ်စိတ်မြဲပါစေ
2026-09-03 15:06:30
5
Luu Yoo Lay :
သာဓုသာဓုသာဓုပါ 🙏🙏🙏🙏
2026-09-09 14:07:54
1
w. w :
ဗုဒ္ဓသာသနာ နေလို လလို ထွန်းလင်းတောက်ပါစေသား 🙏🙏🙏🙏🙏
2026-09-03 04:52:17
6
✍︎✍︎ 𝒟𝒶𝓌𝓁𝒶𝓎 𝒫𝒽𝓎ℴℯ 💞 :
သာဓုသာဓုသာဓုပါ🙏🙏🙏
2026-09-02 14:08:48
1
Min Kha Luu :
သာဓု သာဓု သာဓု
2026-09-03 08:25:02
1
ThuZar Myanmar💰 :
သာဓု သာဓု သာဓု🙏🙏🙏🙏🙏
2026-09-04 07:49:50
1
henthulwin :
သာဓုသာဓုသာဓု
2026-09-03 11:15:00
1
Anuradha Harshani :
NAMO BUDDHAYA....
2026-09-03 06:48:45
1
Myo kyaw Mying :
သာဓု သာဓု သာဓု
2026-09-05 01:03:25
1
Zaw Myo IR :
သာဓုသာဓုသာဓု ပါ
2026-09-03 07:38:51
1
To see more videos from user @kesavati, please go to the Tikwm
homepage.