@florathaesu: ဘန္တေ = ဘုန်းတော်ကြီးမားတော် မူပါပေသော မြတ်စွာဘုရား။ အစ္ဆရိယံ = အံ့ဩဖို့ ကောင်းပါပေ၏ ဘုရား။ အဗ္ဘုတံ = မဖြစ်ဖူးမြဲ ထူးကဲလှပါ၏မြတ်စွာဘုရား။ ဘဂဝတော = မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီး၏။ ဆဝိဝဏ္ဏော = အရေအဆင်းသည်။ န ပရိသုဒ္ဓေါ = အရင်တုန်းကလို မစင်ကြယ်တော့ပြီ ဘုရား။ န ပရိယောဒါတော = အရင်တုန်းကလို မတောက်ပတော့ပြီ မြတ်စွာဘုရား။ ဘဂဝတော = မြတ်စွာဘုရားရှင်၏။ သဗ္ဗာနိ = အလုံးစုံကုန်သော။ ဂတ္တာနိ = ခန္ဓာကိုယ်တော်တွေကလည်း။ သိထိလာနိ = လျော့ယဲယဲ ဖြစ်လာပြီ။ ဝလိယဇာတာနိ = အရေတွေ တွန့်လိပ်လာပါပြီ ဘုရား။ ဘဂဝတော = မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်၏။ ကာယော စ = ခန္ဓာကိုယ်ကလည်းပဲ။ ပုရတော = ရှေ့သို့ ။ ပဗ္ဘာရော = ကိုင်းနေပြီ ဘုရား။ ဣန္ဒြိယာနံ = စက္ခု သောတ ဃာန ဇိဝှာ ကာယ စတဲ့ ဣန္ဒြေတို့၏ ။ အညထတ္တံ = အရင်တုန်းကနဲ့မတူဘဲ ဖောက်ပြန် ပြောင်းလဲနေတယ်ဖြစ်သည် ။ ဒိဿတိ = ထင်ရှားနေပြီ ဘုရား။ #ဖိုးလမင်းဆရာတော် #သာသနာ့ရောင်ဝါထွန်းစေချင်
Flora
Region: MM
Monday 31 August 2026 13:22:35 GMT
Music
Download
Comments
Flora :
“သဲစု တရားတွေကို စတင်ကတည်းက တရားကို အကြောင်းပြုပြီး View ရရှိဖို့ ရည်ရွယ်တင်ထားတာ မဟုတ်ပါဘူးရှင်။ ကိုယ့် Acc ကို ကိုယ်ပြန်ကြည့်မိတိုင်း တရားနားထောင်ဖြစ်၊ တရားအားထုတ်ဖြစ်အောင် ကိုယ့်ကိုယ်ကို သတိပေးတဲ့သဘောနဲ့ ပုံလေးတွေနဲ့ တရားတော်တွေကို တွဲပြီး မျှဝေထားတာပါ။ ဘယ်သူ့ကိုမှ ထိခိုက်စေလိုတဲ့ ရည်ရွယ်ချက်လည်း မရှိပါဘူးရှင်။ အမြင်မတူတာတွေကိုလည်း နားလည်လေးစားပါတယ်။ ကိုယ်တင်ထားတဲ့အရာတိုင်းရဲ့ ရည်ရွယ်ချက်ကိုတော့ ကိုယ်တိုင်အသိဆုံးဖြစ်တဲ့အတွက် နားလည်ပေးစေချင်ပါတယ်ရှင်။ မိမိအမြင်နဲ့ မနှစ်သက်တဲ့အကြောင်းအရာဖြစ်ခဲ့ရင်လည်း အဆင်ပြေပါတယ်ရှင်၊ သဘောမကျရင် ကျော်သွားပေးလို့ရပါတယ်။ တစ်ယောက်နဲ့တစ်ယောက် အမြင်မတူတာကို လေးစားပြီး နားလည်ပေးနိုင်ကြမယ်လို့ မျှော်လင့်ပါတယ်ရှင်။ 🙏🤍”
2026-09-03 15:59:40
34
Aungzaw Soe :
တရားတော်ကတော့ ကောင်းပါတယ်။
သို့သော် မာတုကာမရုပ်ပုံက ဘာလည်းနော်
နား ကို မလည်တော့ဝူးးးရယ် 😁😁😁
2026-09-01 16:18:47
8
Than Naing :
တရားနှင့်ပုံ မအပ်စပ် တရားက အရမ်းကောင်း
2026-09-03 14:14:36
2
စမ်းရတနာဓမ္မရိပ်သာ☸☸☸အောင်လံ :
အဲလိုpostလေးတွေတင်ချင်တာ ဘယ်လိုများလုပ်ရလဲ ဘယ်နားသွားရှာရမလဲ
2026-08-31 14:32:17
7
Ba Gyi Aung :
တရားနဲ့တင်တဲ့ပုံဘာဆိုင်
2026-09-02 14:04:10
2
@Kyaw Moe Thet😍 :
ပုံနဲ့ တရားနဲ့ ကမလိုက်ဖက်ကြောင်းပါ
အတွေးတေပဲမတူလို့လား🤔
2026-09-03 09:55:44
1
KO SWE :
တရာတော်နဲမသက်ဆိုင်ပါဘူးပုံက
2026-09-03 00:27:26
1
minkhaung :
ကလေးရေ တရားတွေတင်တာ
အရမ်းကောင်းပါတယ်
ပုံတင်ချင်ရင်လည်း ကလေး ဘုရားရှိခိုးနေတာ ရေသပ္ပါယ်နေတာ လက်အုပ်ချီနေတာလေးတွေထည့်နော်
အကောင်းမမြင်တတ်သူနဲ့တွေ့ရင် ကောင်းတာပြောမှာမဟုတ်ဘဲ negative thinking တွေနဲ့ပြောကြမှာ
2026-09-03 04:48:36
8
than zaw :
ဘယ်ဆရာတော်လဲညီတရားတော်နာချငိလို့ပါ
2026-09-01 15:07:03
1
တန့်ဆည်သူ :
ရူပံ နိစ္စံ ဝါ အနိစ္စံဝါတိ
ယံပနာနိစ္စံ ဒုက္ခံ ဝါ တံ သုခံဝါတိ
မြတ်စွာ့ဗုဒ္ဓါရဲ့ ၊ အနတ္တလက္ခဏ သုတ်မှာ
အသေအခြာဟောခဲ့တဲ့ ဒေသနာသဘောကို
ဉာဏ်ရှိသမျှ ကြံသိကြလျှင်ဖြင့်
အမှန် အဓိကရ ခေမတာ တံခါးအပေါက်ဝကို ၊ သွား ခေါက်ပြသလို
သိလာကြပါလိမ့်မည် သူတော်ကောင်းတို့
2026-09-01 13:06:58
6
Steven Chan :
အရှင် စန္ဒောဘာသ (ဖိုးလမင်း)
ဆရာတော်က လူထွက်ပြီး သဲအင်းဂူ အောင်လံ ဆရာတော်ကြီးဆီမှာ တရားအားထုတ် တရားထူး တရားမြတ်တွေ ရနေပါပြီ
2026-09-03 14:18:57
3
ခေတ်သစ် ai :
အဲဆရာတော်လူထွက်သွားတာနှမျောလိုက်တာ
2026-09-03 02:07:57
0
Míññ Ĺŵíñ Šóé :
တရားခေါင်းစဉ်လေးပြောပြပါလား
2026-09-01 04:16:48
0
Ko Linn :
သာဓုပါ ဗုဒ္ဓရဲ့တရားတော်တွေကို ခုလိုပြန်လည်ပူ ဇော်တာ
2026-09-03 12:49:36
1
aung paing :
ချမ်းမြေ့ပါစေ ပို့ပိုင်ရှင်🥰🥰🥰
2026-08-31 13:47:58
1
Nwe Yin :
ယောဂီပုံဆိုလိုက်ဖက်တယ်
2026-09-03 11:19:53
1
ကျော်ဒေါရှား :
သာဓု သာဓု သာဓု ပါဘုရား
2026-09-04 18:25:28
0
Mg Zar Mg Zar :
မင်္ဂလာပါဗျာ🥰
2026-08-31 13:28:36
0
ကျော်ဒေါရှား :
ငါတို့ဆီကဆံပင်တွေလည်းအရင်ငယ်ငယ်ကဆံပင်မဟုတ်တော့ပါဘူးဘုရား
2026-09-04 18:31:11
0
monmon :
မဂ်လာပါ
2026-09-05 04:52:17
0
ကျန်တော်ချစ်သေား 💝 နှင်း💝 :
တရားလေးတွေနာကောင်းလိုက့်တာသမီးရေ
ကျေးဇူးပါ
အကောင့်လက်ခံပေးအုံးနော်
ချစ်သမီးလေ
2026-09-05 01:35:38
0
KO Saw :
တရားလေးကအရမ်းကေါင်းပါတယ်
သူနဲ့အပ်ဆတ်တဲ့ပုံလေးနဲ့တင်ရင်
ပိုပီးကေါင်းပါတယ်••ကိုယ်လဲကုသိုယ်ရပါတယ်
2026-09-05 01:44:19
0
အညာကဦးလေး :
သာဓု သာဓု သာဓု
နာယူမှတ်သားရပါ၏။
2026-08-31 13:41:02
0
To see more videos from user @florathaesu, please go to the Tikwm
homepage.