@theburmesenaturallife: ကျောက်ဆည်ခရိုင်၊မြစ်သားမြို့နယ်၊ကူမဲမြို့ လူတစ်ဦး (၂၀၀၀၀)ကျပ်။ 500mlရေသန့်၊ကော်ဖီပူပူ တစ်ခွက်၊လည်ပတ်စရာ ကင်းတားလေးဆည်၊ပိန္နဲပင်ကြိုး တံတား၊ပန်းလောင်မြစ်ရေတံခွန် အသွား၊အပြန် စက်လှေ စီးခ ပါဝင်ပြီး အသက်ကယ်အင်္ကျီ(life jacket)များလည်း မဖြစ်မနေ ဝတ်ဆင်ရပါတယ်ဗျ။ ပန်းလောင်ရေတံခွန်အပေါ်စီးက မြင်ရတဲ့ ပန်းလောင်မြစ် view point တို့ကို travel guide တစ်ယောက်ဖြင့် အနီးကပ် ဝန်ဆောင်မူ့ပေးသွားမှာပါဗျ။ ရေကူးတဲ့အခါလည်း အနီးကပ်စောင့် ရှောက်ပေးသွားမှာပါဗျ။ လမ်းညွှန်ချက်။ ကူမဲမြို့လယ်ထဲမှာမှ(၂၁)မိုင်လမ်းခွဲအတိုင်း ကတ္တရာ လမ်းမကြီးတည့်တည့် မိနစ်(၃၀)ခန့် ကားဖြင့်။ မောင်းနှင်လာလျှင် ကင်းတားဆည်ထိပ်တွင် ကြိုနေပါမည်ဗျ။ လမ်းခွဲအဝင်ညာဖက်တွင် ပန်းလောင်မြစ်သို့ ဆ်ိုင်းဘုတ်ရှိပါသည်။ ပန်းလောင်မြစ် ကင်းတားလေးဆည် အထိ မိမိအစီအစဉ် ဖြင့် လာရမှာပါဗျ။ ကတ္တရာလမ်းဖြစ်ပါသဖြင့် လမ်းကောင်းပါသည်။ ညအိပ်မရနိုင်ပါ။ ညအိပ်လိုပါက ပန်း လောင်မြစ်ကမ်းတစ်လျှောက် ညအိပ်အပန်းဖြေ စခန်းများ စွာရှိပါသည်။ ကြို-ပို့ အစီအစဉ်လဲ မရရှိနိုင်ပါဘူးခင်ဗျ။ ရန်ကုန်ကနေ လာမည့်သူများအတွက် လမ်းညွှန်ချက်။ ရန်ကုန်-မန္တလေး လမ်းဟောင်း မိတ္ထိလာမြို့သို့ကျော်လွန် လာလျှင် ကူမဲမြို့-ကျောက်ဆည်-မန္တလေး။ မိတ်ဆွေက ကူမဲမြို့မှာ “ကျော်” ကားဂိတ်ရှိပါတယ်။ “ကျော်” ကားဂိတ်မှာ ဆင်းရမှာပါဗျ။ ပန်းလောင်မြစ်သည် ကူမဲမြို့နှင့် ကားဖြင့် မိနစ်(၃၀)ခန့် မျှ ကွာဝေးပြီး ကတ္တရာလမ်းဖြစ်ပါ၍ လမ်းပန်းဆက်သွယ် ရေး အင်မတန်ကောင်းမွန်ပါသည်။ နယ်မြေအေးချမ်းပြီး အစစ်အဆေးများလည်း လုံးဝမရှိပါဘူးဗျ။ ခရီးသွားများ နေ့စဉ်နဲ့အမျှ လာရောက်လည်ပတ်သူ များစွာရှိပါသည်။ ခရီးစဉ် ပက်ကေ့မှာလူတစ်ဦး (၂၀၀၀၀)ကျပ် သတ်မှတ် ထားပါသည်ခင်ဗျ။ မိမိဝယ်ယူသော ခရီးစဉ်ရဲ့ ကျသင့်ငွေ ၃၀%ကို စရံကြို ငွေ လွှဲပြီးမှသာ ခရီစဉ်အတွက် စီစဉ်ဝန်ဆောင်မူ့ပေးသွား မှာဖြစ်ပါတယ်ခင်ဗျ။ ဝယ်ယူထားသော ခရီးစဉ်အား ဖျက် သိမ်း(သို့)ရက်ရွေ့လိုပါက တစ်ရက် ကြိုပြီး ဖုန်းဆက်ပြော ပေးပါလျှင် စရံငွေအား ပြန်အမ်းပေးပါမည်ခင်ဗျ။ ငွေလွှဲရန်-k pay number (09-897442284)Lumin Viber ကနေဖြစ်စေ၊ဖုန်းဆက်၍ ဖြစ်စေ အသေးစိတ် ဆက်သွယ်စုံစမ်းမေးမြန်း နိုင်ပါသည်ခင်ဗျ။ 09-897442284/09-693036727
theburmesenaturallife
Region: MM
Monday 31 August 2026 14:54:59 GMT
Music
Download
Comments
THET Htar Lwin🍀 :
အမဲခြောက်ကမခြောက်ခင်ကုန်တော့မယ်😂
2026-09-01 05:52:07
376
Ye Htet :
သဘာဝတရားတောင် ပိုက်ဆံနဲ့ပေးဝယ်ရတဲ့ခေတ်ကိုရောက်နေပြီကောအရှင်ဘုရား
2026-09-01 13:29:43
94
KAG :
အဲ့တာဘာလုပ်တာတုန် ေမးပေးအုံး
2026-09-04 14:21:36
12
Xu’s Days☕️🍭 :
သဘာဝထဲလည်ချင်တာပတ်ချင်တာက အကြောင်းမဟုတ်ဘူးဗျာ လည်ပီးရင်လည်း အမှိုက်တွေတော့ ပြန်သိမ်းခဲ့ကြဗျာ လူတွေရောက်တဲ့နေရာတ်ိုင်းမှာအမှိုက်တွေကြီးပဲဗျ ဘယ်သူမှမမြင်ပါဘူးဆိုပီးလည်း ပစ်စလက်ခက်မပစ်ခဲ့ကြပါနဲ့ ကိုယ့်အမှိုက်ကိုအိတ်ထဲပြန်သယ်လာတာဖြစ်ဖြစ်လက်ကကိုင်လာတာဖြစ်ဖြစ် ရှက်စရာမဟုတ်ပါဘူးဗျ ဘယ်သူမှမမြင်ပါဘူးဆိုပီး အလွယ်တကူပစ်တတ်တဲ့သင်ရဲ့စ်ိတ်ကသာရှက်စရာပါ
2026-09-03 08:02:06
52
it's Racky Kai :
မီးခြစ်ဆံဘယ်လိုဆိုင်ကဝယ်တာလဲဗျ
2026-09-01 02:30:09
16
Myint Kyaw :
ဖုန်ူဆက်တာလိုင်းမမိပူး၊10ယောက်လာလည်မလို့ပါ။
2026-09-05 14:11:07
1
dawohmar850 :
ဒို့မွေးရပ်မြေလေးပါရောက်ချင်ပါသေးတယ်လာခွင့်ကြုံရပါစေ
2026-09-01 02:14:06
6
နွယ်🌹🌹🌹🌹🌹 :
တကယ်ရွာလာAiလာဗျ
2026-09-03 14:58:59
0
Tha Zin Khaing :
ရောက်ခဲ့ပြီ အရမ်းသာယာချက်
2026-09-01 01:24:27
18
Grace :
မန္တလေးနဲ့နေ့ချင်းပြန်လို့ရလားဗျ
2026-09-01 01:23:17
5
Lwin :
ငယ်တုန်းကသုံးခဲ့ရတဲ့သစ်သားမီးကျစ်ဆံလေး
2026-09-03 10:48:20
1
Aung Lay :
20000ဝင်ကြေးသတ်သတ်လား
2026-09-01 02:30:39
2
🏐Aye lay🏐🌚 :
မြစ်သားမြို့က်ု မြစ်ကြီးနားဖတ်မိတဲ့ င့မျက်လုံး🥹
2026-09-02 08:39:19
2
AungMyo (Vlog) :
သာယာလိုက်တာဗျာနေချင်ပါတယ်🤗
2026-09-05 12:21:34
1
RINA :
ဆွစ်ဇာလန်နဲ့တောင် ခပ်ဆင်ဆင်🥰🥰
2026-09-05 12:01:48
2
Pann Phyu :
သွားဖူးတဲ့သူတွေ review လေး
2026-09-04 08:40:57
2
phyowaikyaw(ဒိုမင်းဂျွန်) :
shwe buama က
5ခါခြစ်မှ တစ်ခါတောက်တယ်🥲
2026-09-04 14:07:24
1
noelay920 :
လာချင်မိ
2026-09-03 15:19:35
1
*လူမစွမ်းနတ်မ...ရာဝဏ.MINDON♥♥♥ :
စားဝတ်နေရေးလေး မပူပင်ရဘဲ လူတွေနဲ့ခပ်ဝေးဝေးမှာ အခုလိုဘဝလေးနဲ့နေချင်မိပါတယ်...
2026-09-01 08:06:42
6
သားဘုန်းမြတ် :
အေးချမ်းသာယာလိုက်တာ🥰🥰🥰🥰🥰🥰🥰🥰
2026-09-01 00:51:34
1
TYCOON😎 :
ခေတ်ကာလမကောင်းတော့ ဘယ်မှသွားချင်စိတ်ကိုမရှိ့
2026-09-01 13:57:14
4
♈"@ThaZin"🍒🇲🇲(Bogalay) :
လှလိုက်တာကွယ် သဘာ၀တရားလေးနဲ့
2026-09-02 15:14:20
1
phyo :
မြေကွက်ဝယ်ရင် ဘယ်ဈေးလောက်ရှိလဲ
အမေ့ကို ဝယ်ပေးချင်လို့ပါ🙏
2026-09-03 21:42:51
1
𝕸𝖎𝖓 𝕸𝖎𝖓{မြေလက်သား}🙏🇹🇼 :
thankyou
2026-09-02 11:49:24
1
Sai Yè aung :
လွန်ခဲ့တဲ့ 25နှစ်လောက်ကအချိန်တွေ ပြန်သတိမိတယ် ကင်းတားရဲစခန်းကသူငယ်ချင်းတွေ ဘယ်တွေများရောက်ကုန်ပြီလည်းမသိ အဲ့တုန်းက ကိုယ့်သက်က 10နှစ်ပဲရှိသေးတယ် ဒါပေမယ့် အဲ့မှာနေခဲ့ဖူးတဲ့အမှတ်တရတွေ မမေ့နိုင်ဘူး ကင်းတားဆည်ကရေတွေ ကြည်ချက်က ရေအောက်က ဘာငါးလည်းဆိုတာကအစ မြင်ရတယ် ရေလွှတ်ချိန်ဆို မသွားရဲဘူးကြောက်လို့😁 ပြန်မရနိုင်တော့တဲ့အမှတ်တရတွေ တစ်ချိန်ချိန်တော့ အဲ့အရပ်ဒေသကိုပြန်လာလည်ပါဦးမယ်ဗျာ
2026-09-02 06:48:13
3
To see more videos from user @theburmesenaturallife, please go to the Tikwm
homepage.