@i.u8924: အလုပ်ကြိုးစားနေတဲ့ ယောက်ျားလေးတိုင်း ကျော်မသွားပါနဲ့... ယောက်ျားကောင်း၊ ယောက်ျားမြတ်တွေကို ဒီစာစုနဲ့ ဂုဏ်ပြုလိုက်ပါတယ် အလုပ်ကြိုးစားတဲ့ယောက်ျားတစ်ယောက်ဟာ မိန်းမတိုင်းနဲ့ မထိုက်တန်ဘူး။ ဒါကြောင့်လည်း ဒီနေ့ခေတ်မှာ တချို့မိန်းမတွေက ဘဝ အမြင်ဘာတစ်ခုမှမရှိတဲ့ ခပ်ညံ့ညံ့ယောက်ျားမျိုးတွေကိုပဲ စိတ်ဝင်စားကြတာပေါ့။ အလုပ်ကြိုးစားတဲ့ယောက်ျားတစ်ယောက်ကိုယူထားရင်၊ ရည်းစားဖြစ်နေရင် သူဟာမင်းအတွက် အမြဲတမ်းအချိန် ပေးနိုင်မယ့်သူမဟုတ်ဘူးဆိုတာကိုတော့ ကြိုပြီးနားလည် ထားဖို့လိုအပ်တယ်။ တစ်ခါတစ်ခါမှာ မင်းရဲ့လူဟာ သမီးရည်းစားဘဝ အိမ်ထောင်သည်ဘဝ သာယာဖို့ ဘာတစ်ခုမှအားမစိုက်ဘူးလို့ မင်းတွေးမိကောင်း တွေးမိနိုင်တယ်။ ဒါပေမယ့် တကယ်တော့ အဲဒီလို လုံးဝမဟုတ်ဘူး။ တကယ့်အမှန်တရားဟာ မင်းရဲ့အမြင်နဲ့ ဆန့်ကျင်ဘက်ပဲ။ သူ မနက်တိုင်း အိပ်ယာ စောစောထပြီး တစ်နေ့ကုန် အလုပ်ကြိုးစားနေတယ်ဆိုတာ မင်းအတွက် အေးချမ်းတည်ငြိမ်တဲ့ဘဝတစ်ခု မင်းအတွက် အေးချမ်း တည်ဆောက်ပေးနိုင်ဖို့လုပ်နေတာ။ တချို့နေ့တွေမှာ သူ့အနေနဲ့ အလုပ်ပင်ပန်းလို့ ခြေကုန်လက်ပန်းကျလာပြီးတော့ အိမ်ရောက်တာနဲ့ အပြေးအလွှားရေချိုး၊ မင်းကို အနမ်းတစ်ချက်ပေးပြီး နောက်တစ်ရက်မှာ အားအင်အပြည့်နဲ့အလုပ်ပြန်လုပ်နိုင်ဖို့ အတွက် အိပ်ရေးဝဝ အိပ်ရအောင် အိပ်ခန်းထဲကိုတန်းဝင် သွားတာမျိုးရှိနိုင်တယ် ဆိုတာကိုလည်း မင်းအနေနဲ့ နားလည်ထားဖို့လိုအပ်တယ်။ ဒီလိုလူမျိုးကို ပေါ့ပေါ့တန်တန်မတွေးပါနဲ့။ သူ့ရဲ့ ညစ်ပတ်ပြီး အသားမာတက်နေတဲ့လက်တွေနဲ့ စွန်းထင်း ပေကျံနေတဲ့ အဝတ်အစားတွေကြောင့် အပြင်ပန်း အမြင်အရ ကြမ်းတမ်းတယ်လို့ထင်ကောင်း ထင်ရလိမ့်မယ်။ ဒါပေမယ့် အဲဒီလူဟာ မင်းဘဝမှာ ဘယ်တုန်းကမှ မကြုံဖူးတဲ့ အချစ်မျိုးနဲ့ မင်းကိုချစ်ပါလိမ့်မယ်။ ကိုယ်မြတ်နိုးတန်ဖိုးထားတဲ့အမျိုးသမီးတစ်ယောက်ကို လက်ထပ်ပြီးတော့ မနက်တိုင်းအိပ်ယာစောစော နေတိုင်း အလုပ်ကြိုးစားရင်း မိသားစုအိပ်မက် တွေပြည့်စုံမယ့် ဘဝမျိုးတည်ဆောက်ပေးနိုင်ဖို့ အမြဲမပြတ်ရုန်းကန် ကြိုးစားနေတဲ့ ယောက်ျားကောင်း၊ ယောက်ျားမြတ်တွေကို ဒီစာစုနဲ့ ဂုဏ်ပြုလိုက်ပါတယ်။#စာပေချစ်သူ✍ စာပေချစ်သူ #မြန်မာtiktok😁 tiktok #စာတို #foryou #typ

I 💝U
I 💝U
Open In TikTok:
Region: MM
Monday 31 August 2026 17:18:54 GMT
102695
7626
251
1147

Music

Download

Comments

uyemyinttun7
Ye Myint Tun :
Wel....Come...To...Love....You....❤️❤️❤️❤️❤️❤️❤️❤️❤️🙏🙏🙏🙏🙏❤️❤️❤️❤️❤️🙏🙏🙏❤️❤️❤️❤️❤️🙏🙏🙏❤️❤️❤️❤️❤️❤️
2026-09-07 14:03:47
1
user802822725
🇲🇲Osgerster Opar🇲🇾Sai Lay# :
all right
2026-09-07 10:32:25
0
user435611802746
အချစ်ဆုံးကအမေပါ :
Very Right🥰🥰
2026-09-07 09:35:36
0
ko.hein.htet.aung80
HEIN HTET AUNG :
CONGRATULATIONS MY BEST FRIEND. FIGHTING. MAYBE HAPPY.
2026-09-07 09:23:35
0
ko.thura4246
KoSawthuya (Official)🎄🇳🇱🎄 :
So right
2026-09-07 14:05:24
0
dyze66rfjuc5
သဘာဝ အလှရင်ထဲရှိတယ် :
Very Good
2026-09-07 08:33:26
0
user8491474083800
Ko Kyaw :
သီချင်းနာမည်လေးပြေားပြပါလား
2026-09-07 13:01:26
2
taungporthar221
တောင်ပေါ်သားလေး :
ဟုက်တယ်ဗျာမတန်ဘူးရုံကန်ရတာသူတိုမရှိခဲဘူး🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰🥰
2026-09-07 11:31:18
4
kofaat
kofaat :
ဆယ်စုနှစ်(1)ခုတောင်ကျာ်သွားပီအရာအားလုံးဟာအသစ်ကပြန်စပီးလို့အသားတောင်ကျနေပီ
2026-09-07 10:08:07
2
user284455.kozaw
user284455.KoZawKoZaw :
GoodPost.ရှင်🥰
2026-09-07 09:53:47
1
shwe.naing232
shwe naing2 :
ခွန်အားရစေပါသည်
2026-09-07 08:12:13
1
fhcf0245d74
Thant Zin :
Tit Tok ဆိုတဲ့ဝဲလ်ဆိုဒ် တလုံးမှာအကြိုက်ဆုံးအရေးအသားပါ👌 စာသားနော့်သီးချင်းမဟုတ်ဘူး😂😂😂🥰👍👌👌👌
2026-09-07 14:32:55
0
yoshialokq3
Alexander :
အပြည့်ကူပေးခဲ့ပါတယ်
2026-09-07 14:24:04
0
sky.mobile985
Lion Man :
အမှန်ပါဘဲ
2026-09-07 14:32:05
0
soelin6156
ကိုယ့်ကို ကိုယ်သာအားကိုးရာ :
🥰မှန်လိုက်တာ
2026-09-07 14:27:56
0
chue.nan.thwe
Khin Oo :
ကျနော်ကတော့ပျတ်စီးသွားပီအိမ်ထောင်ရေးသုညဘဝကစပီးအကုန်အစစအရာပြည့်စုံတော့မှဖောက်ပြန်ခံလိုက်ရတယ်
2026-09-07 11:57:26
0
soe.arker6
Soe Arker :
မှန်ပါတယ် ကျွန်တော်တိုယောက်ကျားတွေက အပြင်မှာကျားတစ်ကောင်လိုသန်မာပေပဲ့ ကိုယ့်ရဲ့မိန်မရှေ့ရောက်ရင်ယုန်သငယ်လေးတစ်ကောင်လိုပါပဲ မိန်မရဲ့ပြုစုယုရမှူတွေခံချင်ကြတာကျွန်တော်တို့ယောက်ကျားတွေရဲ့ အဖြစ်ချင်ဆုံးဆန္ဒပါ👍👍👍👍👍
2026-09-07 05:02:17
2
kyaw.moe.naing610
Kyaw Moe Naing :
အမှန်းမြင်နိုင်ကြမယ် မျက်စိလေးတွေ တွေစပြီ ကြည့်ကြပါ အမှန်ပေါ့
2026-09-07 14:26:11
0
sai.way.yan86
Sai Way Yan :
မှန်ပါတယ်
2026-09-07 14:32:45
0
kyaw.min.htun026
Kyaw Min Htun :
ဒါအမှန်တရားဗျာ
2026-09-07 11:18:02
1
.aung.lay476
Aung Lay :
ကျေးဇူးပါဗျာ အလွန်ကြိုးစားလွန်းတဲ့ယောက်ျားကောင်းကြီးမဟုတ်ပေမဲ့အလုပ်ရှိတဲ့အချိန်တိုင်းတွေးပီးလုပ်ရတယ်ငါ့ဇနီးငါ့သားအများအလယ်တင့်တယ်ဖို့ပေါ့
2026-09-07 14:33:37
0
user3250695536115
နှင်းစုဝေ :
လေးစားရပါတယ်ဗျာ
2026-09-07 14:27:54
0
sai.khwat21
Sai Bilekhun :
ကျေးဇူးတင်ပါတယ်ခင်ဗျာ
2026-09-04 16:55:00
1
To see more videos from user @i.u8924, please go to the Tikwm homepage.

Other Videos


About