@ko.sai536: . ''ညတွေ တိတ်ဆိတ်လာတိုင်း လူတွေက တစ်နေ့တာပင်ပန်းမှုတွေကို ခေါင်းအုံးပေါ်ချပြီး မနက်ဖြန်အတွက် အိပ်ပျော်ကြတယ်... "ငါကတော့...မျက်လုံးမှိတ်လိုက်တိုင်း အိပ်ချင်တာထက် အတိတ်ကို ပိုမြင်လာတတ်တယ်... "တစ်ချိန်က မင်းနဲ့အတူ ဖြတ်သန်းခဲ့တဲ့ နေ့ရက်တွေက ညတိုင်း ငါ့အိပ်ရာဘေးမှာ တိတ်တိတ်လေး ပြန်ထိုင်နေသလိုပဲ... "မင်းနဲ့အတူ ရှိခဲ့ဖူးတဲ့နေရာတွေ...မင်းရဲ့အသံ...မင်းပြုံးခဲ့တဲ့ပုံတွေ...မျက်လုံးမှိတ်ထားရုံနဲ့ အကုန်ပြန်မြင်လာတတ်တယ်... "ပြီးတော့ ကိုယ့်ကိုယ်ကိုယ် မေးမိတယ်... "တစ်ချိန်က ငါတို့အတွက် အရမ်းအရေးကြီးခဲ့တဲ့ နေ့တွေက အခုတော့ မင်းအတွက် ဘာမှမဟုတ်တော့ဘူးလား... "မျက်လုံးပြန်ဖွင့်လိုက်တဲ့အခါ အခန်းထဲမှာ ငါတစ်ယောက်တည်းပဲ... "အဖြေတော့ မရှိဘူး...အမှတ်တရတွေကလည်း အဖြေပြန်မပေးတတ်ဘူး... "သူတို့လုပ်ပေးတတ်တာက ပြီးဆုံးသွားတဲ့အရာတွေကို ခဏလောက် ပြန်အသက်သွင်းပေးရုံပဲ... "ဖြစ်နေတုန်းက သာမန်နေ့တစ်နေ့လိုပဲ ထင်ခဲ့တဲ့အရာတွေက မရှိတော့တဲ့အချိန်ကျမှ ဘဝတစ်ခုလုံးနဲ့ တန်ဖိုးကြီးလာတတ်တယ်... "မိုးရွာပြီးနောက်... သစ်ရွက်ပေါ်မှာ ကျန်နေတဲ့ မိုးစက်လေးတွေလိုပဲ... "နေ့ရက်တွေ ကုန်သွားပေမယ့် အမှတ်တရတွေကတော့ ရင်ထဲမှာ တစ်စက်ချင်း ကျန်နေတုန်း... "တစ်ချိန်က မင်းနဲ့အတူရှိရုံနဲ့ ပျော်ခဲ့တဲ့အရာတွေကို အခု တစ်ယောက်တည်း ပြန်လုပ်ကြည့်ရင် ဘာကြောင့်မှန်းမသိ အရင်လို မပျော်တော့ဘူး... "အိပ်ရာပေါ် ခေါင်းချလိုက်တိုင်း အိပ်ချင်တာထက် မင်းနဲ့ပတ်သက်ခဲ့ဖူးတဲ့ အမှတ်တရတွေက ပိုနိုးလာတတ်တယ်... "လူတွေက ချစ်ခဲ့ဖူးတဲ့အရာတွေကို လွှတ်ပေးရမယ့်အချိန်ရောက်မှ ပိုပြီး ဆုပ်ကိုင်ချင်လာတတ်တယ်... "ငါလည်း အဲဒီလိုပဲ...အမှတ်တရတွေကို ဖက်ထားရင်း မျက်လုံးတွေ မှိတ်သွားတတ်တယ်... "မင်းမရှိတော့တာကို သိရင်းနဲ့ပဲ မင်းအကြောင်းတွေးရင်း အိပ်ပျော်သွားတတ်တယ်... "ဒါပေမယ့် အိပ်မက်ထဲမှာတော့ မင်းက မထွက်သွားသေးဘူး...တစ်ခါကလိုပဲ အနားမှာ ရှိနေတတ်တယ်... "အဲဒီအချိန်မှာ ငါမသိချင်ယောင်ဆောင်ပြီး မင်းနဲ့အတူ ရှိနေတတ်တယ်... "မနက်အလင်းရောင် ဝင်လာတဲ့အခါမှ အိပ်မက်က ပျောက်သွားတယ်...မင်းလည်း ပျောက်သွားတယ်... "ကျန်ခဲ့တာကတော့ အိပ်ရာပေါ်မှာ တိတ်တိတ်လေး နိုးလာတဲ့ ငါနဲ့ မနေ့ညက အိပ်မက်ထဲမှာ ပြန်တွေ့ခဲ့ရတဲ့ အမှတ်တရတချို့ပဲ... "တစ်ခါတလေ... အမှတ်တရတွေက နာကျင်စေတယ်... "ဒါပေမယ့်... အဲဒီအမှတ်တရတွေ မရှိတော့ရင် မင်းနဲ့အတူ ဖြတ်သန်းခဲ့ဖူးတဲ့ ငါ့ဘဝရဲ့ အပိုင်းတစ်ခုပါ ပျောက်သွားမှာကို ကြောက်တယ်... "ဒါကြောင့်... မေ့ဖို့ မကြိုးစားတော့ဘူး...မင်းကိုလည်း ပြန်မခေါ်တော့ဘူး...မင်းကို ပြန်ရဖို့ မဟုတ်ဘူး... "တစ်ချိန်က ငါတို့နှစ်ယောက် တကယ်ရှိခဲ့ဖူးတယ်ဆိုတာကို ကိုယ့်ရင်ထဲမှာပဲ တိတ်တိတ်လေး သိမ်းထားချင်လို့... "တစ်နေ့နေ့မှာတော့...အမှတ်တရတွေကို ဖက်ထားစရာမလိုတော့ဘဲ မင်းမရှိတဲ့ညတွေမှာလည်း အေးအေးချမ်းချမ်း အိပ်ပျော်နိုင်လာမယ်ထင်တယ်... "အဲဒီနေ့ရောက်လာရင် မင်းကို မေ့သွားတာ မဟုတ်ဘူး... "မင်းနဲ့ပတ်သက်ခဲ့တဲ့ အရာတွေကို နာကျင်မှုအဖြစ် မဟုတ်တော့ဘဲ... "တစ်ချိန်က လှပခဲ့ဖူးတဲ့ ဘဝရဲ့ အပိုင်းတစ်ခုအဖြစ် ငါ့နှလုံးသားက နားလည်တတ်လာတာပဲ ဖြစ်လိမ့်မယ်.... "ဒါပေမယ့် ဒီညတော့...အပြင်မှာ လေက သစ်ရွက်တွေကို ဖြည်းဖြည်းလေး လှုပ်နေတယ်...ညကလည်း တိတ်ဆိတ်နေတယ်... "ငါကတော့... မျက်လုံးတွေကို ဖြည်းဖြည်းမှိတ်ရင်း...မင်းမရှိတော့တဲ့ ကမ္ဘာကြီးထဲမှာ... "မင်းရှိခဲ့ဖူးတဲ့ အမှတ်တရတွေနဲ့ပဲ ဒီညကို ထပ်ပြီး အိပ်ပျော်သွားဦးမယ်... "မနက်ဖြန်နိုးလာရင် မင်းက ပြန်ရှိလာမှာ မဟုတ်ဘူးဆိုတာ သိတယ်... ဒါပေမယ့်...တချို့လူတွေက လူတစ်ယောက်နဲ့ အိပ်ပျော်ကြတာမဟုတ်ဘူး... "အဲဒီလူနဲ့ ဖြတ်သန်းခဲ့ဖူးတဲ့ အမှတ်တရတွေနဲ့ပဲ တစ်ညပြီးတစ်ည အိပ်ပျော်သွားကြတာပါ... 📖 𝑲𝒐 𝑺𝒂𝒊 🖋️

📖  𝑲𝒐 𝑺𝒂𝒊  🖋️
📖 𝑲𝒐 𝑺𝒂𝒊 🖋️
Open In TikTok:
Region: MM
Tuesday 01 September 2026 00:17:00 GMT
916
155
43
5

Music

Download

Comments

myolay121212
📖...Myo lay (စာတို)🖊️ :
ပြန်တင်ခွင့်ပြုပါ crd ပေးပါမယ်🥺
2026-09-01 09:47:07
1
sun.sun9678
Sun Sun :
အဖြေမရှိတဲ့ အမှတ်တရတွေနဲ့ ဒီလူတစ်ယောက် တစ်ညပြီးတစ်ည....😔
2026-09-01 05:48:29
1
zayyar07352
Zayar :
မုန်းချင်ပေမယ့်မုန်းမရ..မေ့ပစ်ဖို့ဆိုတာပိုဝေးပေါ့ အမှတ်တရတေကပဲမုန်းဖို့မေ့ဖို့ခက်ခဲစေတာလား ရှေ့ဆက်မသယ်ဆောင်ချင်ပေမယ်လဲအမှတ်တရဆိုတော့လဲခက်သား😔😔
2026-09-01 02:05:21
1
pi.si6544
Pi Si :
စာကိုဖတ်ပြီးမျက်ရည်ကျရတယ်ကိုစိုင်းရေ
2026-09-01 05:41:07
1
zin_marie_
z.marie :
နှလုံးသားထဲမှာရှိခဲ့တဲ့အမှတ်ရတွေကအခုထိအိမ်မက်ထဲမှာအတူရှိနေသလိုပါ🥰
2026-09-01 06:50:45
1
dawkhinthansoe65
မပီတိမေမေ :
ကိုစိုင်းရေ အိပ်ပျော်ပေမဲ့ ခန ခနနိုးနေတတ်ပါတယ် အလွမ်းနဲ့အိပ်စက်ရတဲ့ညတာတွေကလဲရှည်လျားလွန်းတယ်လို့ထင်ရတယ် မြန်မြန်မိုးလင်းပါစေလို့ဆုတောင်းနေရပါတယ်
2026-09-01 04:28:18
1
ma.ma.mayhsu
ma ma mayhsu ♉ :
"လူတွေက ချစ်ခဲ့ဖူးတဲ့အရာတွေကို လွှတ်ပေးရမယ့်အချိန်ရောက်မှ ပိုပြီး ဆုပ်ကိုင်ချင်လာတတ်တယ်...
2026-09-01 02:16:40
1
kyawtkyawt3220
kyawt kyawt mon :
အိမ်မက်လေးရယ်တကယ်ဆိုကောင်းမှာ
2026-09-01 00:59:54
1
mathuzar29
Ma Thu Zar :
🥰🥰🥰🥰🥰🥰🥰🥰🥰💖💖💖💖💖💖💖💖💞💞💞💞💞💞💞💞💖💖💖💖💖💖💖💞💞💞💞💖💖💖💖💖💖🥰🥰🥰🥰💖💖💖💞💞💞💞💞💞💞💞💞💞မှန်တာ ပေါ့ မောင် လေးရယ်..စာသား လေးကရင်ထဲကိုထိ စေပါတယ်😔😔😔😔
2026-09-01 02:43:27
1
zarlayzarlay64
Zarlay Zarlay :
အိပ်ခါနီးမှာလဲအရင်ကအချိန် ေလးကိုသတိတရဖြစ်ပြီးအိပ်ပျော်သွားတဲ့အခါမနက်နိုးလာရင်အားလုံးအဆင်ပြေမှာပါလေးလို့အတွေးရှိပေမဲ့နိုးလာတဲ့အခါမှာတော့လွမ်းလိုက်တာလို့တိုးတိုးလေးရေရွတ်မိသားဖြစ်သွားတယ်.. အော်.. ဘယ်တော့မှလွတ်မြောက်နိုင်မလဲရုန်းထွက်ဖို့သိသိသာသာကြိုးစားလေအမှတ်တရတွေကပိုပြီးမေ့မရလေပါလား
2026-09-01 00:41:45
1
may.lay200727
💥💫ʕ•ᴥ•ʔ𝙼À𝚢𝙻à𝚢ʕ•ᴥ•ʔ💥💫 :
ရင်ထဲ ထပ်တူ ခံစားရတယ်၊ အမှန်တွေပါပဲ ၊ ဒါပေမဲ့ ဇွတ်မေ့ပြီး အိပ်ပျော်အောင် အိပ်နေတယ်၊ အတိတ်တွေကို ပြန်သတိမရချင်ဘူး၊ ပိုနာကျင်ရတယ်၊ကိုယ်ကပဲ ပေးဆပ်ခဲ့ရလို့ 😢😢😢😢😢
2026-09-01 04:49:55
1
pannalinkar802
🎼Pann Alin Kar🎼 :
တစ်ချို့လူတွေက လွယ်လွယ်မေ့တတ်ကြတယ် အဲထဲမှာ ကိုယ့်နဲ့အရင်းနီးဆုံး လူသားကလွယ်လွယ်မေ့သွား ရင်ကြိုးမတတ်ခံစားရတယ်ဆို လွယ်လွယ်မေ့တတ်တဲ့သူတွေ မသိပါလား
2026-09-01 03:30:10
1
eheheheh4540
Eh Eh :
တင်ခွင့်ပြု့ပါနော်
2026-09-01 14:03:46
0
khinsanda.win
Khinsanda Win :
ခုထိဆုပ်ကိုင်ထားမိဆဲ အိပ်မက်ညများ 😪
2026-09-01 10:39:48
0
txffgddh
nilar tun :
စာကိုဖက်ရင်းနဲငိုရပြန်ပြီ
2026-09-01 02:36:17
1
pi.si6544
Pi Si :
2026-09-01 05:39:30
1
lanbi.dar
LANBANDAR🪻 :
ကိုစိုင်းရေထပ်တူကျလို့ကူးယူပရစေနော် ကျေးဇူးပါနော်
2026-09-01 11:07:14
1
rakhinethu032
Shan Ma Lay 032 :
copy ယူခွင့်ပြုပာရှင့်
2026-09-01 00:45:48
1
mt95480
❤️🫀Daw May Thu🫀❤️⛄ :
2026-09-01 01:32:29
1
malay0673
malay0673 :
သူရှိခဲ့ဖူးတဲ့ အမှတ်တရတွေနဲ့ ညတိုင်းကို အိပ်ဆေးသောက်ပြီး အိပ်ခဲ့ရတာ ခုချိန်ထိပါဗျာ
2026-09-01 06:55:16
2
tlay.soe
TLay Soe :
🥰🥰🥰🥰🥰🥰
2026-09-01 10:27:44
0
To see more videos from user @ko.sai536, please go to the Tikwm homepage.

Other Videos


About