@solarno6: #စာပေအဆိပ်သင့်တယ်တဲ့လားဒီထက်ဆိုးတဲ့အရာတွေကိုကျလျစ်လျူရှုထားပီး ဘာမဟုတ်တဲ့အရာလေးတွေကို ဟိုပိတ်ဒီပိတ်လိုက်ကန့်သတ် တစ်ချို့ကလဲ LGBT ဆို ပထွေးမုန်းမုန်းနေကြတဲ့လူတစ်သိုက် မင်းတို့အရပ်နဲ့ မင်းတို့ဇာတ်ကတော့ဟုတ်နေတာပဲ #ကမ္ဘာကြီးကိုဘောင်မခတ်ပဲကြည့်ကြည့်ပါကမ္ဘာကြီးကမင်းတို့ထင်ထားတာထက် အရောင်‌သွေးစုံပီး ပိုလှတယ်ဆိုတာသိပါလိမ့်မယ်#lgbtfiction #lgbtbooks

Bae
Bae
Open In TikTok:
Region: MM
Tuesday 01 September 2026 01:20:45 GMT
155897
24546
679
1905

Music

Download

Comments

handmade.by.paing
🎙️Voice By Korn📚 :
ငါဘယ်စာအုပ်မှမညွှန်းဘူး တစ်အုပ်ပဲ ဆရာမTay Didiရဲ့ စတီဗင်သက်လူရဲ့ကာဖီရေတစ်ခွက် အဲ့တစ်အုပ်ပဲဖတ် အဆိပ်လား ဆေးလားဆိုတာ ဖတ်ဖူးတဲ့သူတိုင်းသိတယ်
2026-09-01 13:58:45
894
ei.thu.zin66
Ei Thu Zin :
အောကားတွေကျ မဖမ်းဘူးလား
2026-09-01 07:19:57
97
jgcaskey2
𝓙𝓖 ⟭⟬⁷𝓦𝓐𝓨 𝓐𝓡 ⟬⟭𐤀 :
ဘာတဲ့လူငယ်တေအတုယူမှား မှာဆိုးလို့တဲ့ telegram မှာ မန်ဘာဝင်ပြီးမှ ကြည့်လို့ရတဲ့ အောကားတေကျ အတုယူသင်တဲ့ဆိုတဲ့သဘောထင်တယ် နိုင်ငံခေါင်းဆောင်တေကိုယ်တိုင်က ဒီလိုအောကားတေဘဲကြည့်လို့ LGBT ဆိုတာနဲ့ ညစ်ညည်းတယ်ဘဲထင်နေကြတာပေါ့
2026-09-01 01:39:44
623
2005ly21
Ly :
အဲဒီ စကားဂို မထောက်ခံပါဘူးနောိ အရင်ကဆို စာဖတ်ရပျင်းတဲ့ ဒို့က Bl စာအုပ်လေးတေ အစ ဖတ်ရာကနေ ခုဆို စာအုပ်ဆိုအကုန်ဖတ်ချင်နေခဲ့တာပါ
2026-09-01 06:23:46
882
soesanaung1428
Soe San Aung :
BLမှာလည်း ကောင်းတဲ့စာအုပ်လေးတွေရှိပေမယ့် ညစ်ညစ်ညမ်းညမ်းစာတွေကများနေတဲ့အခါ ကောင်းတဲ့စာအုပ်တွေက အရောင်မှိန်သွားတယ် လူတော်"များ"ကလည်း အဲလိုဟာတွေပဲကြိုက်ကြတော့ blဆို 18+တွေနဲ့ပဲတွဲမြင်တော့တာ မလွန်ပါဘူး ခုနောက်ပိုင်းပို ဆိုးလာတယ် လွယ်လွယ်နာမည်ကြီးချင်၊ blတွေရေး အမှောင်ခန်းတွေထည့် စာပေအဆိပ်သင့်လာတာတော့လက်ခံတယ်
2026-09-01 07:47:33
75
secret98268292
Jessnext :
straight တစ်ယောက်အနေနဲ့ မဖတ်တတ် ၊ ခံစားလို့ မတတ်ပေမယ့် ဒါကလည်း အနုပညာတစ်ခုဆိုတာကိုတော့ လက်ခံပါတယ်။ bl, gl မှ မဟုတ်ပါဘူး ညစ်ညမ်းပြီး အဆိပ်သင့်စေတဲ့ စာပေတွေဆိုတာ သပ်သပ်ကို ရှိပါတယ်၊ အဓိကက အမြင်ကျယ်ပြီး တစ်ဖက်မပိတ်ဖို့၊ အစွန်းမရောက်ဖို့နဲ့ တန်ဖိုးရှိတဲ့ စာပေတွေ မှီဝဲဖို့ပါပဲ။
2026-09-03 01:59:45
164
nyinyi50471
🦋betterfly🦋🦋 :
အဲ့လိုပြောတဲ့လူကို"ပန်းမဟု တ်သောပန်းတစ်ပွင့်အကြောင်း"စာအုပ်လေးကိုပေးဖတ်ချင်လိုက်တာ😞😞
2026-09-01 13:12:56
213
winpapahlaing933
Eira :
စာပေ အဆိပ်သင့်စေတယ်တဲ့လား ကျွန်တော်တို့က ဒီစာပေတွေနဲ့မှ အခြား ဗဟုသုတ စာပေတွေပါ ဖတ်ပြီး တန်ဖိုးထားတက်လာတာ အရင်က စာအုပ်ဆို လှည့်တောင်မကြည့်ခဲ့မိဘူး ခုမှ ဘာစာအုပ်ဖြစ်ဖြစ် စိတ်၀င်စားစွာ ဖတ်တက်ခဲ့တာလေဗျာ🥺
2026-09-01 04:31:48
110
j_2009_juli
juli💢 :
တချို့လူတွေကို"မြသီလာရက်ကွက်ကရွှေထုတ်"ကိုဖတ်စေချင်တယ် မြတ်သောသူရဲ့ချစ်ခြင်းဟာ ယောက်ျားလေးချင်းမို့ သူ့ငါ့ကိုချစ်နေတာပဲဆိုပြီး ပေါ့ပျက်တဲ့စိတ်ယုတ်မာမျိုးတစ်စွန်းတစ်စ မရှိဘဲ ကိုယ်ချစ်ရသူကို ဘယ်လိုတန်ဖိုးထားရမလဲဆိုတာတွေကိုပေါ်လွင်စေသလို ပြင်ပ ပတ်ဝန်းကျင်က လူတွေရဲ့အပေါ်ယံတွေနဲ့ ဘယ်လောက်ရင်းနှီးတဲ့သူဖြစ်ဖြစ် ကိုယ့်ကလေးကို ယုံကြည်ပြီးအပ်ထားလို့ရတဲ့သူမျိုးမရှိဘူးဆိုတာမျိုး ကိုလည်းသိစေလိမ့်မယ်လို့မျှော်လင့်တယ် ပြီးတော့ ရွှေထုတ်ရဲ့အချစ်ကိုပြောရမယ်ဆိုရင်လည်း ကိုယ့်ချစ်ရသူရဲ့ အသိုင်းဝိုင်းက လက်မခံလို့ ခိုးပြေးတာမျိုးထက် ကိုယ့်ချစ်ရသူရဲ့အသိုင်းဝိုင်းဘက်က ကိုယ့်ကိုလက်ခံနိုင်မယ့် အနေထားရအောင်ကြိုးစားဖို့ကိုပဲ ဦးတည်ခဲ့တာ ရွှေထုတ်နေရာမှာတချို့ပေါ့ပေါ့တန်တန်လူသာဆိုရင် အိမ်ထောင်ပြုဖို့သာတွေးပြီး အိမ်ထောင်ရှင်တစ်ယောက်မှာရှိရမယ့် အတွေးခေါ်မျိုးရှိမှာမဟုတ်သလို မြတ်သောသူနေရာမှာလည်း တန်ဖိုးမထားတတ်တဲ့လူတချို့သာဆိုရင် ယောက်ျားလေးချင်းပဲဘာနစ်နာတာရှိလဲဆိုတဲ့အတွေးရှိနိုင်တယ် ဒါပေမယ့်ဒီဇာတ်လမ်းလေးမှာတော့ ၂ယောက်လုံးဟာ ပုထုစဉ်မို့ တနှာရှိပေမယ့် တစ်ယောက်ပေါ်တစ်ယောက်ထားတဲ့ ချစ်ခြင်း၊မေတ္တာ၊လေးစားခြင်း၊မြတ်နိုးခြင်း၊တန်ဖိုးထားခြင်းဆိုတာတွေက အနိုင်ယူတာမျိုးပေါ့ တကယ့်ချစ်ခြင်းဆိုတာအရှေ့ကအချက်တွေနဲ့ညီမျှပြီး တနှာတစ်ခုထဲမဟုတ်ကြောင်းပြသသွားတယ်လို့မြင်တယ်
2026-09-10 10:44:21
29
justmeandme_10
မမအီရိုဟာရဲ့ အသဲလေး 𐙚 :
ဟင် "သက်ဆိုင်သူ ဦး ဝေ" က အဆိပ်အတောက် စာပေထဲမှာပါတယ်လေ
2026-09-09 07:09:55
10
season6010
P🪶 :
မြကျွန်းညို ကတော့ 100.1% အချစ်အကြောင်း တက္ကသိုလ်အနှစ်သာရအကြောင်း ပိုက်ဆံရှိမျက်နာဖုံးလူတန်းစားအကြောင်း
2026-09-02 08:54:44
5
twal.tar7443
T🤍 :
သူတို့တွေထုတ်ပြန်နေတဲ့ညစ်ညမ်းစာပေဆိုတဲ့စာအုပ်တွေကြောင့်ဘ၀ကိုပြန်အားတင်းနေတဲ့လူတွေအများကြီးပါ စာပေအဆိပ်သင့်တယ်ပြောရအောင်လည်း ယောက်ျားလေးနှစ်ယောက်ချစ်တဲ့ချစ်ခြင်းတွေကလိင်ကွဲတာဘဲရှိတာပါ ယောက်ျားလေးနဲ့မိန်းကလေးနှစ်ယောက်ချစ်ကြတဲ့ချစ်ခြင်းတွေနဲ့အတူတူပါဘဲလို့ 🥺🥺
2026-09-01 02:47:51
48
yatilamineain14
Y :
ဒီလိုစာအုပ်တေကgayတေအတွက်သူတို့ကိုသူတို့လက်ခံနိုင်အောင်လက်ခံရဲအောင်ရေးသားထားတာပါဘယ်သူ့ကိုမှမထိခိုက်တဲ့လူတစ်ဉီးရဲ့ဖြစ်တည်မှုကိုလက်ခံပေးစေချင်တယ် လူတိုင်းသူတို့ဘဝသူတို့ဖြစ်တည်မှုကိုရဲရဲဝင့်ဝင့်နေနိုင်သင့်တယ်မဟုတ်လား
2026-09-01 12:21:28
34
saintmoht22
Sain Moht 🍁 :
ထားလိုက်ပါ မုဒိမ်းမှုတွေကိုအမျိုးသမီးတွေကြောင့်လို့ခေါင်းစဉ်တပ်ပြီးမူးယစ်ဆေးကိုပုံမှန်ဆေးလိုမှီဝဲအွန်လိုင်းဂိမ်းတွေနဲ့ပျတ်စီးနေတဲ့နိုင်ငံကလူတွေက bl glဆိုတာနဲ့ကုတင်ပေါ်ပဲပြေးမြင်ပြီး ဝေဖန်နေကြတာ အဲ့လိုဝေဖန်နေတဲ့လူတွေထဲမိဘပိုက်ဆံနဲ့လိုင်းတတ်နေတဲ့သူတွေဆေးလိပ်လေးရှိုက်အရက်လေးမော့ရေးဝေဖန်နေတဲ့လူတွေပါချင်ပါနေအုန်းမှာ
2026-09-01 07:18:15
12
gladiolus4312
ℭ𝔥𝔲 ℭ𝔥𝔲 𝔖𝔞𝔫 𝔗𝔥𝔞 :
တစ်ကမ္ဘာလုံးနီးပါးကတောင် လက်ခံနိုင်နေကြပြီကို တင်းတင်းကြပ်ကြပ်ကိုင်တွယ်သင့်တယ်ဆိုတော့ ဘာပြောရမလဲ... ကုလသမဂ္ဂတောင် မတားနိုင်ဘူးဟေ
2026-09-01 15:07:35
6
shweyati592
🐷Yati🐷 :
လူတွေကလေLGBTဆိုတာနဲ့ကုတင်ပေါ်ကဟာတွေကြီးပဲလို့ထင်နေကြတာ...lgbtတွေကြောင့်လူဘယ်နှယောက်သေလဲ...ဘယ်မိန်းမကောင်းလေးဗိုက်ကြီးဖူးလို့လဲ...မခိုင်နှင်းဝေဆီlgbtတွေရဲ့ခလေးဘယ်နှယောက်ရောက်လို့လဲ....တကယ်တရားဆွဲရမာကtgကခင်များတို့အအတုယူစရာလို့ထင်နေတဲ့all ကားတွေပဲ...အ့ဟာတွေကြည့်ပြီးအသက်မပြည့်တဲ့ခလေးတွေလက်တည့်စမ်းခြင်လာကြတယ်...အသက်ကြီးပြီးအချိန်မစီးတဲ့အဘိုးကြီးကလည်းသူမွေးရင်သူ့သမီးလောက်ရှိတဲ့ကောင်မလေးတွေကိုလုပ်ခြင်လာကြတာ..အ့တာတွေတရားဆွဲကြပါလား
2026-09-01 09:30:02
28
zennnaravit.08
LuneNyx_ :
သူတို့ပြောတဲ့အဆိပ့်သင့်တယ်ဆိုတဲ့စာတွေထဲမှာ ကျနော်တို့တစ်ခါမှမရောက်ဘူးတဲ့နေရာတွေနိုင်ငံတွေရဲ့အလှအပတွေ ရိုးရာယဉ်ကျေးမှုတွေပါနေတာကရော လူသားချင်းစာနာတတ်ဖို့ပညာပေးတာတွေကရော မိဘနဲ့သားသမီးကြားကပြဿနာတွေကိုပညာပေးထားတာကရော တစ်ယောက်အပေါ်တစ်ယောက်ထားတဲ့ လေးနက်တဲ့မေတ္တာတွေအကြောင်းပါနေတာကရော စစ်မှန်တဲ့မိသားစုနွေးထွေးမှုတွေကိုရေးထားတာကျတော့ရော 🥺 ဒါတောင်အများကြီးကျန်ပါသေးတယ်ဗျာ လိုင်းပေါ်မှာအနည်းအကျင်းတွေ့နေရတဲ့အပိုင်းတိုလေးတွေလောက်နဲ့တော့ ညစ်ညမ်းစာပေလို့ မသုံးသင့်ပါဘူးဗျာ ကျနော်တို့စာအုပ်တွေကိုပိတ်ပင်မယ်ဆို Telegram ကဇာတ်ကားတွေကိုအရင်ပိတ်သင့်ပါတယ်ဗျာ
2026-09-01 04:48:06
38
pondphuwindewtee2
𝐻𝑎𝑛🩵𝑃𝑃🍀𝐷𝑇🍀 :
ပျော်ရွှင်စရာ ရပ်၀န်းငယ်လေးဆိုလို့ ဒါလေးတွေပဲရှိတာကို
2026-09-01 02:33:07
105
soe.myat.yadanar8
yanar(Ter) :
စာသင်ကျောင်းကြီးအဆိပ်သင့်နေတာကြ မမြင်ကြဘူး
2026-09-01 04:46:25
7
dendrophile4123
oh...my.!!! :
ခုနောက်ပိုင်း တကယ်ဖြစ်တည်မှုမရှိပဲနဲ့ နမည်ကြီးခြင်ယုံ လူအများအာယုံစိုက်ခံခြင်ယုံသက်သက်နဲ့ ငါက gayပါစိုပြီးပေါ်ပင်လုပ်လာကြတယ် စာပေပိုင်းမှာစိုလည်း အဲ့လိုလူတေရှိတယ် ficကိုကြိုက်လို့ထက် လိင်အသားပေးစာသားတေနဲ့သူတို့ postလူကြည့်များအောင် တမင်s Ssရိုက်တင်ကြတယ် အဓိကကအဲ့လိုပေါ်ပင်တေကြောင့်ခုလိုတေဖြစ်ရတာ အရင်ကLGBTQ တေကိုအားပေးထောက်ခံသူတေလည်း ပေါ်ပင်တေကြောင့် တကယ်ဖြစ်တည်မှုရှိတဲ့လူတေကိုပါ ရောပြီးမုန်းလာကြတာ
2026-09-01 12:35:27
7
xinyan576
Yan Yan :
စာပေအဆိပ်သင့်တယ်ဆိုတာ lgbtကိုပြောတာမဟုတ်ပါဘူး အချို့ lgbt ficတေက warning only တေချည်းဖြစ်ပြိး ရသကရသနဲ့မတူတော့ဘဲ စာပေအဆိပ်သင့်နေတာကြောင့် အကြောင်းမသိတဲ့သူတေကအကုန်ဝါးလုံးသိမ်းကျုံးပြောတာပါ as for me:lgbt မကြိုက်ပေမဲ့မblameပါ လူတိုင်းမာရွေးချယ်မှကိုယ်စီရှိပါတယ်✌
2026-09-01 04:52:37
7
khantthaw118
Kyaw Min Htet 🏳️‍🌈🫀❤️‍🩹 :
ပန်းမဟုတ်သောပန်းတစ်ပွင့်နဲ့တင် သူတို့ရှုံးနေပါပြီး😢😢😢😢
2026-09-01 04:52:00
6
3ogdanov
𝐉𝐮𝐧𝐞 𝟐𝟗 :
တကယ် တော်တဲ့စာရေးဆရာမကြီးတွေရှိသလို ဝါသနာပါပြီးပါရမီပါမလာတဲ့သူတွေလည်းရှိပါတယ်။ နောက်ပိုင်း Wattpad ဖတ်ရတာလဲ ကိုယ့်အတွက်တော့စိတ်ညစ်ဖို့ကောင်းတယ်။ view million ကျော်လို့ ဖတ်ကြည့်လည်း အမှောင်ခန်းအသားပေးပဲ။ လိုင်းပေါ်မှာ review တင်လည်း အမှောင်ခန်းကစာသားတွေပဲ။ လူတိုင်းဟာ ကိုယ်ပိုင်ကမ္ဘာလေးကိုဖန်တီးနိုင်တယ်။ ချပြနိုင်တယ်။ ဒါပေမယ့် ကိုယ်တိုင်ဖန်တီးလိုက်တဲ့ကမ္ဘာလေးကြောင့် ရေရှည်ဘာဖြစ်လာမလဲမစဉ်းစားကြဘူး။ view ရဖို့ ဘာမဆိုရေးနေကြတာပဲ။ quality ထက် quantity ကများလာတယ်။ အခုချိန်မှာ ငါတို့လုပ်နိုင်တာဘာမှမရှိဘူး။ စာရေးသူတွေကိုလည်းငါတို့တားလို့မရဘူး။ ဒီကမ္ဘာငယ်လေးကိုလည်း ဆက်ပြီးမကာကွယ်နိုင်ဘူး။ ဘာလို့ဆို ငါတို့မှားနေလို့ပဲ။ အမှားကိုလက်ခံပါ။ ပြိုင်ငြင်းမနေဘဲ အကောင်းအဆိုးခွဲပြီး ညစ်ညမ်းစာ ဆိုတာတွေကို သူတို့မဝေဖန်ခင် ကိုယ်တွေကရှုံ့ချရမယ်။ ဒါ ကိုယ်တွေအတတ်နိုင်ဆုံးလုပ်ရပ်ပဲ။ ထောင်ထဲဝင်မယ်လေ ထောင်ချဲ့ထား ဆိုတဲ့စကားတွေက ဘာမှဘောင်မဝင်ဘူး။
2026-09-01 14:54:52
14
min.jiyoon3
ʝą۷ą℘ɧıƖɛ ʏąŋɠ :
တချို့စာအုပ်တွေက အရမ်းဗဟုသုတရစေတယ်နော် ။ စာပေအဆိပ်သင့်တယ်သာပြောနေတာ ကျောင်းမှာ ပျက်စီးနေတဲ့ကောင်တွေ ကျောင်းမာတင် ညစ်ညစ်ညမ်းညမ်းလုပ်နေတဲ့ဟာလေးတွေနဲ့တချို့စာသင်ကျောင်းတွေအဆိပ်သင့်နေတာကျ ဆိုးလိုက်တာကွာ ဆိုပြီးဘဲ နေနေတဲ့ဟာတွေ
2026-09-01 12:06:11
16
To see more videos from user @solarno6, please go to the Tikwm homepage.

Other Videos


About