@mmz152008: ၁။ ရဲရဲ လက်ဆွဲနှုတ်ဆက်ပါ။ ၂။ လူကိုကြည့်ရင် မျက်လုံးကိုကြည့်ပါ။ ၃။ ရေချိုးစဉ် သီချင်းဆိုပါ။ ၄။ ကမ်းလာတဲ့လက်တိုင်းကို လက်ခံပါ။ ၅။ ရန် မဖြစ်မနေဖြစ်ရတော့မယ်ဆိုရင် ကိုယ်ကဦး အောင် အပြင်းဆုံးထိုးနှက်ပါ။ ၆။ လျှို့ဝှက်ချက်လေးတွေ ထားပါ။ ၇။ ဘယ်သူ့အပေါ်မှာမှ လက်မလျှော့ပါနဲ့။ ဆန်းကြယ်မှု ဆိုတာ နေ့စဉ်ဖြစ်တာမျိုးပါ။ ၈။ စတီရီယိုစက် ကောင်းကောင်းတစ်လုံး ပိုင်နိုင်အောင် လုပ်ပါ။ ၉။ သတ္တိရှိပါ။ မရှိနေရင်တောင် ဟန်ဆောင်ပါ။ ဘယ် သူမှ ဒီသတ္တိ အစစ်လား အတုလား မခွဲတတ်ပါ။ ၁၀။ လေချွန်ပါ။ ၁၁။ အလှောင်မခံရအောင်နေထိုင်ပါ။ ၁၂။ ဘဝလက်တွဲဖော်ကို သေသေချာချာရွေးပါ။ ဒီ တစ်ခုထဲက သင့်အနာဂတ်ရဲ့ ၉၀% သော ပျော်ရွှင်မှု/ စိတ်ပျက်မှုတို့ကို ဆုံးဖြတ်ပေးလိမ့်မှာ ဖြစ်တယ်။ ၁၃။ လူမမြင်သာတဲ့ ကောင်းမှုကုသိုလ်လေးတွေ လုပ် တတ်အောင် အလေ့အကျင့် လုပ်ပေးပါ။ ၁၄။ ကိုယ် လုံးဝ ပြန်မမြင်ချင်တော့တဲ့ စာအုပ်တွေကိုပဲ ထုတ်ငှားပါ။ ၁၅။ လူတစ်ဖက်သားရဲ့ မျှော်လင့်ချက်ကို မဆန့်ကျင် ပါနဲ့။ သူတို့ဘဝမှာ ချမ်းသာတာဆိုလို့ ဒါပဲရှိခဲ့ရင် သင် စိတ်ကောင်းမှာ မဟုတ်ဘူး။ ၁၆။ ကလေးတွေနဲ့ များများကစားပေးပါ။ ကစားတိုင်း အနိုင်ပေးပါ။ ၁၇။ လူတိုင်းကို ဒုတိယ အခွင့်အရေး ပေးပါ။ ဒါပေမဲ့ တတိယအခွင့်အရေးကို ဘယ်တော့မှ မပေးနဲ့။ ၁၈။ အနုပညာဆန်ဆန် ချစ်တတ်ပါ။ ၁၉။ စိတ်ကောင်းနိုင်သမျှ/ စိတ်တက်ကြွနိုင်သမျှ ကောင်းနေ/ တက်ကြွနေတဲ့ လူတစ်ယောက်ဖြစ်အောင် ساني ၂၀။ လက်လွှတ်ပါ။ ပေါ့ပေါ့ပါးပါးနေပါ။ သေရေးရှင်ရေးကလွဲလို့ ဘယ်အရာမှ သင်ထင်သလို သေရေးရှင်ရေးတမျှ အရေးမကြီးပါဘူး။ ၂၁။ ဘဝရဲ့ အရေးကြီးတဲ့အချိန်လေးတွေမှာ ဖုန်းခေါ် သံတွေက နှောင့်ယှက်နေရင် ကိုင်မနေပါနဲ့။ ပိတ်ထား လိုက်ပါ။ ကိုယ်အဆင်ပြေဖို့ ဖုန်းဆိုတာ ကိုယ့်အနား ထားတာ။ ခေါ်သူကိုယ်တိုင် ကိုယ့်အနားရောက်လာတာ မဟုတ်။ ၂၂။ အကောင်းဆုံးအရှုံးသမားဖြစ်အောင်နေပါ။ ၂၃။ အကောင်းဆုံးအနိုင်သမားလဲ ဖြစ်အောင် နေပါ။ ၂၄။ တစ်စုံတစ်ယောက်ကို လျှို့ဝှက်ချက်မပြောပြခင် နှစ်ခါစဉ်းစားပါ။ ဝန်လွှဲသလို ဖြစ်တတ်တယ်။ ၂၅။ တစ်ယောက်ယောက်က ဖက်ထားရင် သူအရင် လက်လွှတ်ပါစေ။ ၂၆။ ဂုဏ်မမက်ပါနဲ့။ ကိုယ်ကောင်းတဲ့ဆိုးတဲ့ အပေါ်မှာ ပဲ ဂုဏ်တပ်ချင်တပ်ပါစေ။ ၂၇။ ရိုးရိုးရှင်းရှင်းလေးနေပါ။ ၂၈။ ဘာမှရှုံးစရာမရှိတော့တဲ့ လူတစ်ယောက်ကို သတိထားဆက်ဆံပါ။ ၂၉။ တံတားတွေကို မီးမရှို့ပါနဲ့။ ဒီတံတားကနေ သင် အံ့ဩဖို့ကောင်းလောက်အောင် အကြိမ်များစွာ ထပ် ဖြတ်ရဦးမယ်ဆိုတာ ရှေ့လျှောက်တွေ့လာပါလိမ့်မယ်။ ၃၀။ သေရင် အုတ်ဂူမှာ “နောင်တစိုးစဉ်းမျှ မရဖူးသူ" လို့ ရေးခြစ်နိုင်အောင် နေထိုင်ပါ။ ၃၁။ ကြီးကြီးကြံ မြင့်မြင့်တွေး ရဲရဲလှမ်းပါ။ အသက်ကြီးလာခဲ့လို့ ဘဝမှာ ဘာတွေ လုပ်ခဲ့သလဲ ပြန် တွေးတိုင်း များများမလုပ်ခဲ့မိတာကိုပဲ နောင်တရလေ့ရှိ တယ်။ ၃၂။ အခွင့်အရေးရတိုင်း ချစ်တဲ့သူကို ချစ်ကြောင်း အသိပေးပါ။ ၃၃။ ဘယ်အောင်မြင်မှုမှာမှ တစ်ဦးတစ်ယောက်ရဲ့ အောင်မြင်မှုဆိုတာ မရှိ။ ဒါ့ကြောင့် ပတ်ဝန်းကျင်မှာ ကူညီပေးနေသူများကို အသိအမှတ်ပြုပါ။ ၃၄။ ကိုယ့်အကျင့်ကို ကိုယ်တာဝန်ယူပါ။ ဘယ်သူကမှ ဒီအကျင့်ကို သင့်ထံ လာပေးသွားတာ မခံပါနဲ့။ ၃၅။ ဆွေမျိုးမိတ်ဆွေတွေ ဆေးရုံတက်ရတာပဲဖြစ်ဖြစ် နာမကျန်းဖြစ်တာပဲ ပဲ ဖြစ်ဖြစ် မရောက်ရောက်အောင် သွားပါ။ ခဏလေးနေပေးရုံနဲ့တင် သူတို့ကို ပျော်ရွှင်မှု ဖြစ်စေပါတယ်။ ၃၆။ ကိုယ်အနှစ်သက်ဆုံး သီချင်းလေးတွေကို နေ့စဉ် ရွေးဖွင့် နားထောင်ပေးပါ။ ၃၇။ ကျေးလက်ဒေသ တောတောင်တွေဘက်ကို ရံဖန်ရံခါ အလည်အပတ်သွားပါ။ ၃၈။ ချစ်သူများနေ့ ပို့(စ်)ကတ် တွေ အမြောက်အများ ကို "သင့်အလှအပကို မြင်တတ်သူ တစ်စုံတစ်ယောက်" လို့ ရေးပြီး မသိတဲ့လူတွေဆီရော သိတဲ့လူတွေဆီပါ ပို့ ပေးပါ။ ၃၉။ ဖုန်းကိုင်တိုင်း တက်တက်ကြွကြွ အာဏာပါပါနဲ့ ကိုင်ပါ။ ၄၀။ မှတ်စုလေးတစ်အုပ်နှင့် ခဲတံလေးတစ်ချောင်းကို အိပ်ရာဘေးမှာ ထားအိပ်ပါ။ ရွှေချထားဖို့ ကောင်းတဲ့ အကြံတွေဟာ မနက် ၃:ဝဝ နာရီမှာ ပေါ်လာတတ်တယ်။ ၄၁။ ဘဝရုန်းကန်ဖို့ လှုပ်ရှားနေသူတွေကို ဘယ်လောက် ပဲ နိမ့်ကျနေပါစေ လေးစားတတ်ပါ။ ၄၂။ ချစ်သူဆီကို ပန်းပို့ပါ။ ဘာကြောင့်ပို့တယ်ဆိုတာ နောက်မှ စဉ်းစားပါ။ ၄၃။ ဂိတ်ဝင်ကြေးတွေပေးရင် ကိုယ့်အနောက်က ကား အတွက်ပါ ထုတ်ပေးခြင်းဖြင့် သူတို့ ပျော်ရွှင်ပါစေ။ ၄၄။ တစ်စုံတစ်ယောက်ရဲ့ လူစွမ်းကောင်းအဖြစ် နေပါ။ ၄၅။ ချစ်မှ လက်ထပ်ပါ။ မချစ်ရင် မထိပါနဲ့။ ၄၆။ ကိုယ့်နားမှာ ပျော်ရွှင်နေတဲ့ သူတိုင်းကို အလေးထားပါ။ ရေတွက်ပါ။ စူးစမ်းပါ။ ၄၇။ တစ်စုံတစ်ယောက်အိမ်ကို ရုတ်တရက် အလည်အပတ်သွားတိုင်း စားစရာ သောက်စရာ လက်ဆောင် ဝယ်သွားပါ။ ၄၈။ ကျောင်းကားတစ်စီး ကိုယ့်ဘေးကဖြတ်တိုင်း ကလေးတွေကို လက်ပြနှုတ်ဆက်ပါ။ ၄၉။ အလုပ်တစ်ခုမှာ အောင်မြင်ရင် ၂၀% က သက်ဆိုင်ရာ ကျွမ်းကျင်မှုကြောင့် ဖြစ်ပြီး ၈၀% က လူမှုဆက်ဆံရေးကြောင့် ဖြစ်တယ်ဆိုတာ သတိရပါ။ ၅၀။ ဘဝမှာ တရားမျှတဖို့ ဘယ်တော့မှမမျှော်လင့်ပါနဲ့။ #Crd
M to the Z
Region: MM
Tuesday 01 September 2026 08:47:08 GMT
Music
Download
Comments
Genius pro max ultra plus :
ကလေးတွေနဲ့ကစားတိုင်းတော့ မနိုင်မပေးသင့်ဘူးနော် ဥပမာ chou by 1 လိုမျိုးပေါ့
2026-09-02 07:48:32
87
𝒵𝒜𝒲 𝒵𝒜𝒲 :
song name လေးပြောပြပါ စာသားတေနဲ့လဲလိုက်တယ်
2026-09-27 14:39:00
1
မောင်မင်းခင်🔹 :
"အကောင်းဆုံးအရှုံးသမားဖြစ်အောင်နေပါ"
အဲ့တာလေးရှင်းပြကြပါအုံးခင်ဗျာ
2026-09-04 09:00:38
9
Ei khing phyo wai :
နေ့တစ်နေ့အစမှာတွေ့လိုက်ရလို့ ကျေးဇူးတင်ပါတယ်🍀🤍
2026-09-02 01:50:32
24
Kaxxy✝ :
ပျင်းတယ်
2026-09-02 13:52:23
5
. :
တစ်ချို့အချက်တွေက တကယ်လက်ခံ
ကျင့်သုံးလို့ရပေမဲ့ တစ်ချို့အချက်တွေကျတော့လဲ ထင်သလောက်လွယ်ကူမနေပြန်ဘူး။
2026-09-12 13:38:02
2
Lily Lamin45 :
စာအုပ်ငှားရင် ကိုယ်မမြင်ချင်ဆုံးစာအုပ်ကိုငှားပါဆိုတာတော့ မဖြစ်နိုင်ဘူး ကိုယ်က စာအုပ်တိုင်းကို
မှန်လိုသဘောထားတာ ကိုယ်တိုင်ကလည်းမှန်ကြည့်ရတာကြိုက်လို့🤭 ပြီးတော့ ကလေးတွေနဲ့ကစားတိုင်း သူတို့ကိုအနိုင်မပေးသင့်ဘူးထင်တယ် ဥပမာ ကျောက်တုံး စက္ကူ ကတ်ကြေးလို ကစားနည်းမျိုးပေါ့
2026-09-06 01:33:11
1
Nan MTZ :
ကြိုက်လို့save ထားလိုက်ပြီ
2026-09-27 01:31:24
1
ကျွန်နုပ်၏ဝါသနာ :
ဟိုပတ်မှာတောင်တန်းတွေရှိတယ်
2026-09-30 03:50:55
3
လက်တာဆွိုင်း :
စာသားလေးချပေးပါလား💕
2026-09-01 11:18:15
5
Khun Khit sar :
ကျေးဇူးတင်းပါတယ် များများတင်းပေးပါ🥰
2026-09-30 02:08:41
1
zinphyoe728 :
ရဲ လက်ဆွဲရင် ပေါ်တာထဲရောက်မှာပေါ့😁😁
2026-09-30 01:53:35
2
Yamamoto :
နောက်ဆုံးအချက်အကြိုက်ဆုံးဘဲ
2026-09-28 16:01:40
3
NASA :
ကူယူဖော်ပြခွင့်ပြုပါ
2026-09-04 03:19:53
1
CHIT WAI YAN AUNG (KO THAR GYł :
ရွှေချထားဖို့ကောင်းတဲ့အကြံတော့ မပြောတတ်ဖူး မနက်သုံးနာရီလောက်ဆိုရင် တစ်ရေးနိုး သေးထပေါက်ပြီးပြန်အိပ်ရင်အရမ်းအိပ်လို့ကောင်းတာတော့သိတယ် 😅😝
2026-09-29 12:13:46
2
Kaung Htet Wai :
စာဖတ်ရမှာပျင်းတဲ့ငါက ဒီစာလေးကျမဆုံးပါစေနဲ့ဆိုpဆက်ဖတ်နေမိတယ် 😍
2026-09-30 08:27:07
2
Hnin🥰 :
50 အကြိုက်ဆုံး
အရင်ကစာတေီဒီလောက်ရှည်ရင်မဖတ်ဘူး ဒီတခါ ရေးသူရော် တင်ပေးသူကိုတကယ်ကျေးဇူးတင်ပါတယ်နော်🥰🥰🥰🥰🥰
2026-09-04 06:00:43
4
tintin :
ကျေးဇူးပါ...အခုလိုသင်ပေးတာ ကျေးဇူးပါ🥰🥰🥰
2026-09-03 02:13:22
3
Henry :
28လေး ရှင်းပြကြပါဦး နားမလည်လို့ပါဗျ
2026-10-02 14:19:17
0
Maru 🥷 :
စာလေးပြန်လိုချင်တယ် 🥺💪
2026-09-02 11:47:47
3
၁၃/ကမန(ကျောက်မဲသား) :
အကုန်လုံးကြိုက်ပါတယ်ဗျာ မူးရင်
2026-09-04 19:08:42
1
May Kyaw :
၅၀။ဘဝမှာတရား မျှတဖို့ ဘယ်တော့မှ မမျှော်လင့်ပါနဲ့ ။
2026-09-04 17:21:49
1
傻子. Zin Min Thu ☯️♉ 🌊🔱👑 :
အကြံပြုချက်အတွက်ကျေးဇူးပါ
2026-09-04 15:55:00
1
M"🐣 :
link လေး ချပေးပါ🌻
2026-09-04 15:49:59
1
thu ya :
စာသားလေးကြိုက်လို့ပါ
2026-09-02 12:41:43
1
To see more videos from user @mmz152008, please go to the Tikwm
homepage.