@luseey5: #creatorsearchinsights #fypシ゚viral__ #ForYouTiktokPost #HotNewTodayMandlay #BreaikingNowမန္တလေးမှာ ဆိုင်ကယ်ဖယ်ခိုင်းရာက စကားများပြီး ပရာဒိုကားက ဆိုင်ကယ် ၄ စီးကို ဝင်တို-//က် မန္တလေးမြို့မှာ လမ်းဘေးရပ်ထားတဲ့ ဆိုင်ကယ်တွေကို ဖယ်ပေးဖို့ ပြောဆိုရာကနေ စကားများခဲ့ပြီးနောက် Prado ကားတစ်စီးက ဆိုင်ကယ် ၄ စီးကို ဝင်တိုက်ခဲ့တဲ့ ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။ ဖြစ်စဉ်ကတော့ လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ်တွေကို ရွှေ့ပေးဖို့ ပြောဆိုရာကနေ စတင်ခဲ့တာဖြစ်ပြီး ဘေးနားမှာရှိတဲ့သူတစ်ဦးက နောက်ပြောင်တဲ့သဘောနဲ့ “မဖယ်ပေးဘူး” လို့ ပြောဆိုခဲ့ပြီးနောက် ယာဉ်မောင်းဘက်က ဒေါ-//သထွက်ကာ ဆိုင်ကယ်တွေဘက်ကို ကားနဲ့ ဝင်တိုက်ခဲ့တယ်လို့ မူရင်းသတင်းမှာ ဖော်ပြထားပါတယ်။ အဲဒီလို ဝင်တို-//က်မှုကြောင့် လမ်းဘေးမှာ ရပ်ထားတဲ့ ဆိုင်ကယ် ၄ စီး ပျ-//က်စီးခဲ့ရပြီး ဆိုင်ကယ်တစ်စီးကတော့ Prado ကားရဲ့ အောက်ပိုင်းမှာ ငြိတွယ်သွားခဲ့ပါတယ်။ ကားအောက်မှာ ငြိတွယ်နေတဲ့ ဆိုင်ကယ်ကို ကားက ဆက်လက်မောင်းနှင်သွားတဲ့အတွက် လမ်းပေါ်မှာ ဆိုင်ကယ်ကို တိုက်ဆွဲသွားပြီး မီး-//ပွား-//တွေ ထွက်ပေါ်တဲ့အထိ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အခင်းဖြစ်ရာနေရာမှာ ရှိနေသူတွေ ရိုက်ကူးထားတဲ့ ဗီဒီယိုမှတ်တမ်းတွေအရလည်း Prado ကားဟာ ဆိုင်ကယ်တွေကို ဝင်တို-//က်ပြီးနောက် ဆိုင်ကယ်တစ်စီးကို ကားအောက်မှာ ငြိတွ-//ယ်လျက်နဲ့ မောင်းထွက်သွားတာကို တွေ့ရတယ်လို့ သတင်းမှာ ဖော်ပြထားပါတယ်။ လက်ရှိအချိန်အထိတော့ ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ယာဉ်မောင်းသူဘက်က ဘာကြောင့် အခုလို ဝင်တိုက်ခဲ့တာလဲ၊ ပျက်စီးဆုံးရှုံးမှုနဲ့ပတ်သက်ပြီး ဘယ်လို ဆောင်ရွက်ထားလဲဆိုတဲ့ အသေးစိတ်အချက်အလက်တွေကို သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။ @Sunday Journal @Live Media @BBC News @SitYanNaingAung(myanamar) @Ігор @MDY Thar Gyi+(ထာဝရမန္တလေး)
MDY Thar Gyi+(ထာဝရမန္တလေး)
Region: MM
Tuesday 01 September 2026 08:59:58 GMT
Music
Download
Comments
S~M 🦈 :
ဆိုင်ကယ်ပဲ စီးတဲ့သူအများစုက ကားဘယ်လိုလမ်းယူ ရတယ် ဘယ်လို လွတ်အောင်မောင်းရတယ်ဆိုတာကို နားလည်မူ့မရှိကြဘူး သူတို့ပါးစပ်ကထွက်လိုက်ရင် ကားဘယ်လိုမောင်းနေတာလဲစတာ တခါတလေ အနေထားမတူလို့ ခွင့်လွတ်သီးခံပေးလိုက်ရတဲ့ ခံစားမူ့မျိုး ခံစားဖူးကြမှာပါ ခုလဲ ကားသမားရဲ့လုပ်ရပ်ပဲဝေဖန်ကြမှာ သူဘယ်လိုခံစားလိုက်ရလဲ လို့ တွေးပေးမယ်သူ အနည်းစု😢😢😢😢😢
2026-09-01 13:01:15
537
Nilar Aung :
ဘသူ့မှထိခိုက်ပြောချင်းမဟုတ်ပါတချို့လမ်းမှာပိတ်ရပ်ထားတယ်ကွင်းလဲမောင်းမရေသချာဆင်းပြောတာကိုဖယ်မပေးချင်ဘူးလမ်းမှာကားလာရင်ပြေးလာပြီးကားရှေ့တည့်တည့်ရပ်မိဘတွေဆင်းပြောတော့လဲမမြင်သလိုမသိသလိုတကယ်တိုက်မိရင်ကားသမားအပြစ်လာအုံးမယ်
2026-09-01 11:35:49
192
MDY Thar Gyi+(ထာဝရမန္တလေး) :
အများထင်သလိူမဟုတ်ဘူးနော် စစ်ဆေး အရေးယူနေပါပီ ကားမောင်းသူရော ဆိူင်ကယ်ပိုင်ရှင်တွေစစ်ဆေး(ဆိုင်ပိုင်ရှင်စစ်ဆေးနေ)အကြောင်းစူံတင်ပေးပါမယ်
2026-09-02 03:23:25
113
E 🪻🪷🐠 🌵 :
လမ်းကဖြင့် အကျယ်ကြီး သက်သက်မဲ့ အနိုင်ကျင့်တာ သူများကို
2026-09-01 11:48:12
93
user9782813314557 :
ဖယ်ပေးလိုက်လေသူသွားမရသာကို
2026-09-01 10:32:57
52
ရွှေမမ :
မိုက်ရိုင်းအားကြီးတယ် လုပ်ရက်တေ
ကားစီးနိုင်တော့ လုပ်ကြတာပေါ့ ဆိုင်ကယ်လေး သနားပါတယ်
2026-09-01 15:00:19
59
ဂျမ်းပုံ :
ထွက်မရရင်ဖယ်ပေးရမှာဘဲလေးဖယ်မပေးတဲ့အတွက်လဲအပြစ်ရှိသလို့တိုက်ပီးမောင်းထွက်သူအတွက်ကနောက်ခံအားကိုယ်စရာအင်အားကြီးရင်ဆိုင်ကယ်သမားအတွက်ကမလွယ်
2026-09-01 11:13:12
70
🎀Martin 'M'🎀 :
ငါသိချင်တာက နောက်ဆုတ်ပြီး ထွက်လို့မရဘူးလား
2026-09-02 00:35:22
63
A Thin :
တချို့လူတေကအာ့လိုအရွတ်တိုက်တတ်တဲ့လူနဲ့တန်သူတေလဲရှိတယ် တနေ့က စွယ်တော်ဈေးဘက်က ကလေးကျောင်းကြိုပြန်မာ ဟိုဘက်ဒီဘက်ကားတေကြပ်နေတော့ လမ်းဘေးကလဲဈေးသည်တေနဲ့ကိုယ့်ရှေ့ကဆိုင်ကယ်ရပ်ထားတော့ရှေ့ဆက်မရ နောက်က ကုန်ကားကြီးကလဲကိုယ့်ဆိုင်ကယ်ခံနေတော့ထွက်မရ ကိုယ်ကလဲကလေးက၂ယောက် ဘယ့်သူ့ဆိုင်ကယ်လဲအရှေ့နည်းနည်းတိုးဖယ်ပေးပါအူး ကားတေကြပ်ကုန်လို့ပါပြောလတ်တာ ပိုင်ရှင်က ကျန်မဆိုင်ကယ်တဲ့ဘာဖြစ်လို့လဲတဲ့ ညီမရယ်ဟိုးအရှေ့နည်းနည်းတိုးပေးပါလားထွက်မရနေလို့လို့ပြောတာ မဖယ်ပေးပဲဘုကြည့်ကြည့်ပီးရပ်နေတာ စိတ်ကုန်ချက် အာ့လို ကတ်တက်တက်လူတေကလဲရှိကိုရှိတယ်
2026-09-01 12:07:14
82
kyaw kyaw Htet :
ဒေါသမာန်မာနစိတ်က လူကိုသတ်ဖို့ဝန်မလေးဘူး စိတ်ထိန်းကျပါ
2026-09-01 12:30:18
36
Ei Ei Lwin :
ကားသမား🥰ကြိုက်💕သဘောကြ🥰💕
2026-09-01 14:10:22
9
正在努力 :
ကား၁၀၀%မှားတယ် လမ်းပြောင်းပြန် လေ
2026-09-02 00:27:50
15
Ma.Kay :
ကြိုက်တယ် ဆိုင်ကယ်သမားတွေ တချို့က မသိရင်ပဲ ပြည်သူပိုင်လမ်းကို သူတို့လမ်းကြနေတာပဲ
2026-09-02 03:18:20
25
Htun Naing :
ကားရပ်တာကလည်း လမ်းပြောင်းပြန်ကြီး
2026-09-02 04:24:47
14
linn.khant.48 :
တစ်ချို့က စည်းမရှိကမ်းမရှိရပ်တာ မန္တလေးအဆိုးဆုံးပဲ။
2026-09-01 12:12:00
16
✌𝓨𝓮 𝓗𝓽𝓮𝓽 𝓐𝓾𝓷𝓰✌ :
ဘာကြောင့်ဘယ်လိုဖြစ်လဲသေချာမသိကျဘဲ ဝေဖန်ကဲရဲ့ဖို့သာထိပ်ဆူဲးကငါတို့နိင်ငံသားတေများတယ် မှားတာမှန်တာကိုသေချာမသိရင်ကြည့်နေ
2026-09-02 06:54:27
6
K Oo :
ဘယ်ကွေ့မလို့အချက်ပြထားရဲ့နဲ့ဆိုင်ကယ်ကဘယ်ကနေတည့်ဖြတ်တာ ကံကောင်းလို့ဘရိတ်နင်းမြန်လို့ မတိုက်မိတာ တိုက်ရင်သူအမှားကကိုယ့်အမှားဖြစ်ဦးမယ် မန္တလေးမှာဆိုင်ကယ်စီးတဲ့သူအများစုက ယာဥ်စည်းမ်းလမ်းစည်းကမ်းနားမလည်တာများတယ်
2026-09-02 03:11:43
9
minkhaung :
လမ်းလယ်ကစီးတယ် ဟွန်းတီးရင် ဖယ်မပေးတဲ့အပြင် ဘုကြည့်ကြည့်တယ် လမ်းကိုသူပိုင်သလို မောင်းကြတယ်
2026-09-01 14:35:39
8
🍒🦋SHAY(ရှေး) :
ဆိုင်ကယ်ဖယ်ခိုင်းတာ မဖယ်နိုင်ဘူးလို့ပြောလို့ဆို လူပဲလေ ဒေါသမောဟတော့ရှိကြမှာပဲ
2026-09-02 02:56:13
10
Nay Myo :
ဘယ်သူမှ အကျိုးမရှိဘူး
2026-09-01 10:28:17
24
Saw Thit :
ကားသမားကလည်းသူများဆိုင်ကယ်ဒီလိုဘာလို့လုပ်ရမလဲကိုကြီးရာမပြောချင်ပါဘူး
2026-09-01 09:21:32
14
Morning 🌼🌼🌼 :
အဲလိုကားသမာနဲ့ များများတွေးရမှာ
တချို့ ဆိုင်ကယ်သမားတွေကလေး ကား ရှေ့ကနေ စကယ်နယ်မီးမပြ ဘာမပြနဲ့ ဖျတ်ဖျတ်ကူ စည်းမရှိ ကန်မရှိ မြို့ထဲသွားရင် ခဏခဏတွေးရတယ် တချို့ဆိုင်ကယ်သမားတွေဆို အဝင်အထွက်တွေမှာပိတ်ရပ်ထား ဟိုတီလည်း $ရေးမလုပ်တဲ့ ဟာတွေရှိသေ ဖြစ်သွားလိုရှိရင် ကားသမာတွေကိုပဲ အပြစ်ပြောသေ
2026-09-01 14:02:55
21
♋ Tiān Zūn 🪐🔥🌊❄️🌪️🌧️⚡ :
ကားသမားက လမ်းပြောင်းပြန်ကြီးရပ်ထားသလားလို့
ပြီးတော့ ထောင့်ကွေ့နားမှာ မရပ်သင့်ဘူး
ဆိုင်ကယ်သမား ေတွကလည်း တုတ်တွေနဲ့ဖြဲနေသလားလို့
နှစ်ဖက်လုံး မမှန်နေဘူး
ကျနော်အမြင်ပါ သေချာအသေးစိတ်တော့မသိဘူး
2026-09-01 12:58:17
15
သားနဲ့သမီးရဲ့မေမေ(yin yin) :
မနက်ကတွေ့လိုက်တုန်းကဆိုင်ကယ်သမားတွေကတုတ်ဆွဲဓားဆွဲလုပ်လို့ဆို
2026-09-01 12:24:42
18
Chit Gyi :
ခေတ်တွေ ခေတ် တွေ
လူ လူခြင်း မေတ္တာတရား ခေါင်ပါးမူ့အတော် များသွားပြီ
ငွေဂုဏ် ရာထူးဂုဏ် အတ မာန အာဏာ ပါဝါ သိပ်ကို ပြချင်ကြတဲ့ခေတ်
အော် လူ့ လူ လူး တွေ ပေါ်များလာတဲ့ ကျုပ်တို့မြန်မာနိူင်ငံကြီး အမှောင်တက အမှောင် လွမ်းမိုးကုန်ကြပါရောလား
2026-09-01 11:02:16
25
To see more videos from user @luseey5, please go to the Tikwm
homepage.