@aw_kyi: Vietnam 🇻🇳 မှာ Change 500 VND လောက် ဆိုပြန်မအမ်းရင် စိတ်ဆိုးမနေနဲ့ဦးနော် 😂 Awkyi တို့ Vietnam ကိုသွားတုန်းက ဆိုင်မှာ ပိုက်ဆံရှင်းပြီး 600 VND လောက် ပြန်မအမ်းတာကြုံခဲ့ရတယ်.. အစက “ဟင်… ငါ့ပိုက်ဆံ 600 ပြန်မအမ်းဘူးလား” ဆိုပြီး တနုန့်နုန့်နဲ့ စဉ်းစားနေတာ… နောက်တော့မှ ပြန်တွက်ကြည့်ပြီး “အေးဟ… ၁ ဘတ်တောင်မရှိဘူးပဲ” 🥲😂 ဆိုပြီး ကိုယ့်ကိုယ်ကိုယ်တောင် ရီရသေးတယ်... VND 1,000 ဆိုရင် ထိုင်းဘတ်နဲ့ဆို ၁ ဘတ်ကျော်ကျော်ပဲရှိတာကိုး... အဲ့တော့ တချို့ဆိုင်တွေမှာ **1,000 VND အောက်လောက်ရောက်သွားတဲ့ Change တွေကို ပြန်မအမ်းတာ** ကြုံရတတ်တယ်.. Awkyi တို့ Vietnam ကို ပထမဆုံးတဲ့ အခေါက်မှာတော့ VND မှာ သုညတွေများလို့ ဈေးတွက်တဲ့အခါ တော်တော်မျက်စိလည်တယ် 😆 သူတို့ရဲ့ Currency က **Vietnamese Dong (VND)** ဖြစ်ပြီး ဆိုင်တွေမှာ အအေးတစ်ခွက်ဆိုရင် ၈ သောင်းလောက်ကနေ စတာဆိုတော့လေ... Awkyi တို့လည်း အစပိုင်းဆို ပိုက်ဆံပေးတိုင်း ၃ ခါလောက် ပြန်ရေတွက်ရတယ်သိလား 😂 နောက်ပိုင်းကျတော့ ကျွမ်းသွားရော.. နောက်က သုည ၃ လုံးကို **K** ဆိုပြီး မေ့ထားလိုက်ရင် တွက်ရတာလွယ်သွားတယ်.. ဟော… ပစ္စည်းလေးကြိုက်လို့ ၂ သိန်းကျတယ်ဆိုရင် **200K** ဆိုပြီး သုည ၃ လုံးဖျောက်ပြီး ၂၀၀ ပဲကျတာ… တန်သားပဲပေါ့ဆိုပြီး သုံးတာသုံးတာ 🤣 အလကားစတာပါ… ငါးသိန်းတန် တစ်ရွက်ဆိုရင် အတော်သုံးရတယ်နော် 😂 အတန်ကြီးတွေ ထားတာတစ်ခုတော့ကောင်းတယ် **Cash အများကြီးသယ်နေစရာမလိုဘူး* ပေါ့.. ၂ ရွက်၊ ၃ ရွက်လောက်ဆို အေးဆေးသုံးလို့ရပြီ.. အများဆုံးတွေ့ရတဲ့ ငွေစက္ကူတွေကတော့ 👇 💵 10,000 VND 💵 20,000 VND 💵 50,000 VND 💵 100,000 VND 💵 200,000 VND 💵 500,000 VND Vietnam သွားဖို့ စီစဉ်နေတဲ့သူတွေအတွက် အသုံးဝင်မယ်ထင်ရင် Save ထားလို့ရပါတယ် 🇻🇳🤍 #Vietnam #VietnamTravel #VietnameseDong #VND #VietnamMoney #TravelTips #awkyivlog

Aw Kyi
Aw Kyi
Open In TikTok:
Region: TH
Friday 04 September 2026 11:20:00 GMT
3059
51
6
7

Music

Download

Comments

htoohtoo802
Sophie :
၁၀၀၀,၂၀၀၀,၅၀၀၀ တန်လည်းရှိသေးတယ်ရှင့်
2026-09-24 06:13:40
1
pyae.pyae.nyein02
Pyae Pyae nyein :
🥰🥰🥰
2026-09-04 11:29:36
1
clayonzaaiofficial
clayonzaaiofficial :
😂😂😂
2026-09-05 06:34:38
1
To see more videos from user @aw_kyi, please go to the Tikwm homepage.

Other Videos


About