@paleya.channel: 🚨ထိုင်းမှာ ယခုနှစ်အတွင်း ကိုဗစ်လူနာ ၁ သိန်းနီးပါး ရှိလာ 📍အသက်ရှူလမ်းကြောင်းရောဂါတွေပါ တိုးလာပြီး လူနာတွေ့ရှိမှု မြင့်တက်နေ --- 🇹🇭ထိုင်းနိုင်ငံမှာ ၂၀၂၆ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဩဂုတ် ၂၈ ရက်အထိ ကိုဗစ်-၁၉ ကူးစက်သူ ၉၅,၃၅၇ ဦးရှိပြီး သေဆုံးသူ ၁၄ ဦးရှိကြောင်း ထိုင်းရောဂါထိန်းချုပ်ရေးဦးစီးဌာနက ထုတ်ပြန်ထားပါတယ်။ မကြာသေးခင်ကာလအတွင်း ကိုဗစ်-၁၉ လူနာတွေ့ရှိမှု မြင့်တက်လာတဲ့အပြင် တုပ်ကွေးနဲ့ RSV လို အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေပါ တိုးလာနေတယ်လို့ သိရပါတယ်။ လက်ရှိကာလက အသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါတွေ ဖြစ်ပွားလေ့ရှိတဲ့ ရာသီဖြစ်တာကြောင့် ကိုဗစ်-၁၉ ကူးစက်မှု ဆက်လက်မြင့်တက်နိုင်ပြီး ကျောင်း၊ အလုပ်ခွင်နဲ့ လူနေအသိုင်းအဝိုင်းတွေမှာ အစုလိုက်ကူးစက်မှု ဖြစ်လာနိုင်ကြောင်း သတိပေးထားပါတယ်။ ဖျားခြင်း၊ ချောင်းဆိုးခြင်း၊ လည်ချောင်းနာခြင်းနဲ့ နှာရည်ယိုခြင်းလို လက္ခဏာတွေရှိပါက အနားယူပြီး အခြားသူတွေနဲ့ နီးကပ်စွာထိတွေ့မှု လျှော့ချသင့်ပါတယ်။ နေမကောင်းဖြစ်နေချိန်မှာ အလုပ်သွားခြင်းနဲ့ လူများတဲ့နေရာတွေကို သွားလာခြင်းကို ရှောင်သင့်ပြီး မဖြစ်မနေ အပြင်ထွက်ရပါက နှာခေါင်းစည်းတပ်ဖို့ အကြံပြုထားပါတယ်။ အထူးသဖြင့် အသက်ကြီးသူ၊ နာတာရှည်ရောဂါရှိသူနဲ့ ကိုယ်ခံအားနည်းသူတွေအနီးမှာ ပိုဂရုစိုက်သင့်ပါတယ်။ လက်ကို မကြာခဏဆေးခြင်းနဲ့ လေဝင်လေထွက်ကောင်းတဲ့နေရာမှာ နေခြင်းကလည်း ကူးစက်မှုလျှော့ချဖို့ အထောက်အကူပြုနိုင်ပါတယ်။ ရောဂါလက္ခဏာ မပြင်းထန်ပါက အနားယူပြီး အခြေအနေကို စောင့်ကြည့်နိုင်ပါတယ်။ ဒါပေမယ့် အသက်ရှူရခက်ခြင်း၊ အသက်ရှူမဝခြင်း၊ ရင်ဘတ်နာခြင်း ဒါမှမဟုတ် တင်းကျပ်ခြင်း၊ အစားအသောက်နဲ့ ရေ မစားသောက်နိုင်ခြင်းလို ပြင်းထန်တဲ့လက္ခဏာတွေ ဖြစ်လာပါက ဆေးရုံ၊ ဆေးခန်းကို ချက်ချင်းသွားရောက်ကုသသင့်ကြောင်း ရောဂါထိန်းချုပ်ရေးဦးစီးဌာနက အကြံပြုထားပါတယ်။ #ထိုင်းသတင်း #ကိုဗစ်၁၉ #Covid19Thailand #ထိုင်းမှာကိုဗစ် #အသက်ရှူလမ်းကြောင်းရောဂါ

PLY News
PLY News
Open In TikTok:
Region: TH
Tuesday 01 September 2026 14:43:40 GMT
47209
2111
21
557

Music

Download

Comments

ma.nu3056
MaMa :
ဘေးကင်းကြပါစေ
2026-09-04 11:42:52
0
thaw.zin.khant5
Thaw Zin Khant :
ဟ
2026-09-03 12:22:01
0
user21j0ihfvp
user21j0ihfvp :
ကျေးဇူးပါဘေးကင်းပါစေ
2026-09-02 14:07:34
0
user2097881545003
နန်းခင်ပိတောက် :
တမျိုးပြီးတမျိုးပါလာနော်
2026-09-01 22:16:36
0
waiwai.waiwai23
Waiwai Waiwai :
🥰🥰🥰
2026-09-03 06:24:04
0
mimee0070
🇲🇲 𝓜𝓪💝𝓹𝓱𝔂𝓸🇹🇭💘 :
🥰🥰🥰
2026-09-03 12:23:25
0
user3921850724419
ဆောင်းချယ်ရီ :
🙏🙏🙏
2026-09-02 15:48:19
0
user084571291
Tik Toker :
🙏🙏🙏
2026-09-02 15:31:28
0
kyawkyaw.win1
kyawkyawwin4112 :
🥰🥰🥰
2026-09-03 03:43:21
0
kham.moom
Kham Moom :
🥰🥰🥰🥰🙏🙏🙏
2026-09-02 12:26:24
0
ma.aye.aye.win010
phai :
😌😌😌
2026-09-02 09:29:25
0
zinmaroo8238
💞ဘီးလူးကျွန်းသူေလး ဇင်မာဦး :
😳😳😳
2026-09-02 08:16:56
0
nant.me2
Ma me :
😳😳😳
2026-09-02 08:05:16
0
user854022819943
လရိပ့်ငယ် :
👍👍
2026-09-02 05:52:04
0
thwe.thwe6889
Thwe Thwe :
😥
2026-09-02 02:47:53
0
thu.thu1730o
ThuThu :
🥰🥰🥰
2026-09-02 01:10:05
0
.a893349
မင်းပေတဲ့ဒဏ်ရာ💪💪💪 :
🙏🙏🙏🙏🌹🌹🌹🌹🌹🌹
2026-09-01 15:53:00
0
singelmothers3
เเม่ :
🥰🥰🥰
2026-09-01 15:22:26
0
thandarmoe337
sghckjckkhcoighjbvknbmnblhbjnb :
🥰🥰🥰
2026-09-01 14:56:32
0
htayhtay2108
htayhtay2108 :
[Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming][Heartwarming]
2026-09-02 13:41:11
0
To see more videos from user @paleya.channel, please go to the Tikwm homepage.

Other Videos


About