@big.words.academy: Post-5| ပစ္စည်း သို့မဟုတ် ဝန်ဆောင်မှုတစ်ခုတည်းကိုပဲ ကောင်းအောင်လုပ်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ (အနှစ်ချုပ်ကိုလည်းနောက်ဆုံးမှာရှင်းပြထားပါတယ်) ရိုးရိုးလေးပဲ ဥပမာပေးရရင် ခုခေတ်မှာ လူတွေက ကော်ဖီဆိုင်ကို ကော်ဖီ‌သောက်ဖို့ တစ်ခုတည်းအတွက် သွားကြတာမဟုတ်တော့ဘူး။ ဆိုင်ထဲစဝင်ကတည်းက ပြန်ထွက်သွားတဲ့အထိ၊ ပြီးတော့ နောက်တစ်ခါ ထပ်လာချင်စိတ်ဖြစ်လာတဲ့အထိ တစ်ခုလုံးကို ခြုံပြီး ခံစားချင်ကြတာ။ အဲလိုပဲ ပစ္စည်းကိုရောင်းလိုက်ရုံနဲ့မကဘဲနဲ့ အဖက်ဖက်ကနေစဉ်းစားပြီးတော့ တန်ဖိုးမြှင့်ပေးချင်ရင် ဒီလိုလေး လုပ်လို့ရတယ် ▪️Customer Experience ဆိုင်ထဲခြေချလိုက်တာနဲ့ သာယာတဲ့ တေးဂီတသံလေးတွေ၊ အေးချမ်းတဲ့ အပြင်အဆင်တွေနဲ့ ကိုယ်ကြိုက်တဲ့ စာအုပ်လေးတွေ ဖတ်လို့ကောင်းမယ့် ပတ်ဝန်းကျင်မျိုး ဖန်တီးပေးထားတာ။ ▪️Customer Service ဝန်ထမ်းတွေက ပြုံးပြုံးရွှင်ရွှင်နဲ့ ကြိုဆိုမယ်၊ မီနူးထဲကဟာတွေ ရှင်းပြခိုင်းရင်လည်း စိတ်ရှည်လက်ရှည် ကူညီပေးမယ်ပေါ့။ ▪️လက်တွေ့ ဝန်ဆောင်မှုပေးတာနဲ့ ဖြေရှင်းပေးတာ Support မှာထားတဲ့ ကော်ဖီနဲ့ မုန့်တွေ အမှားအယွင်းမရှိဘဲ အချိန်မှန်မှန် ရောက်လာအောင် လုပ်ပေးတာ။ တစ်ခုခု မှားသွားရင်လည်း ချက်ချင်း တောင်းပန်ပြီး အမြန်ဆုံး အစားထိုး ပြင်ဆင်ပေးတာမျိုး။ ▪️Warranty / After-sales ဆိုင်ကနေ ပြန်သွားတာနဲ့ အကုန်ပြီးသွားတာ မဟုတ်ဘဲ Member ကတ်နဲ့ အမှတ်စုပေးတာ၊ မွေးနေ့ရောက်ရင် လက်ဆောင်လေး ဘာလေး ပေးတာမျိုးနဲ့ ဆက်ပြီး ချိတ်ဆက်ဂရုစိုက်ပေးတာ။ ဒီလိုမျိုး အစအဆုံး အတွေ့အကြုံကောင်းတွေကို ပေးနိုင်မှသာ ဖောက်သည်တွေက ကိုယ့်ဆိုင်ကို စွဲလမ်းလာပြီး သစ္စာရှိတဲ့ ပုံမှန်ဖောက်သည်တွေ ဖြစ်လာမှာလေ။ ဒီလိုမျိုးမှာရှိတာတွေအကုန်လုံးက product ကိုရောင်းထွက်စေနိုင်တဲ့ အရာအားလုံးပါပဲမလို့ အကုန်ထည့်စဉ်းစားရတဲ့ Era လို့ပြောချင်တာပါ။ မိတ်ဆွေတို့ရဲ့ စီးပွားရေးလုပ်ငန်းတွေအတွက် လိုအပ်တဲ့ Marketing Services များကို တယ်လီဂရမ်မှာစုံစမ်းနိုင်ပါတယ်။ Telegram - @Big_Words_Academy Email - [email protected] #DigitalMarketing #ရှင်တို့ပြန်သုံးလို့ရမဲ့မားကတ်တင်း #BigWords #marketingprinciples #မနှင်းထွဋ်ပြောပြမယ်

Big Words Academy
Big Words Academy
Open In TikTok:
Region: MM
Tuesday 01 September 2026 15:29:23 GMT
5847
482
10
44

Music

Download

Comments

fallinlovewithbaddie
xomafera :
ဘာဖုန်းအမျိုးအစားလေးသုံးနေတာလဲဗျ camera လေးကကြည်လို့ပါ
2026-09-01 16:02:47
2
sweswe_win19
sweswe_win19 :
ကျေးဇူးပါ
2026-09-01 15:53:40
3
shwe.set.mywe.blac
Sanwinner :
Thanks
2026-09-04 04:19:42
1
may.thuta7
May Thuta :
💓💓💓
2026-09-02 04:55:04
1
min.bhone.thant.k
min bhone thant ko :
🥰🥰🥰
2026-09-02 08:16:02
1
To see more videos from user @big.words.academy, please go to the Tikwm homepage.

Other Videos


About