@teadasuukyi08: ငါကိုယ်တိုင် ဝမ်းနဲ့လွယ်ပီးမွေးခဲ့တဲ့ သားမို့ ငါအိုသွားတဲ့ အခါ ငါ့ရဲ့ဘေးနားမှာ နေပီး ပြု့စုစောင့်ရှောက်မဲ့ သား ဖြစ်ပါ လိမ့်လို့ မှော်လင့်ကြီးစွာ မယုံမိပါစေနဲ့ "အမေ" ကျွံကိုယုံရင် တစ်ဖက်ပဲ ကန်းသတဲ့ အမေ သားသ္မီးကို ယုံရင်တော့ စုံလုံးကန်းရတတ်သတဲ့။ ဖဝါးလက်နှစ်လုံး ပုခုံးလက်နှစ်သစ်က လူဖြစ်အောင်မွေးပေးခဲ့ပေမဲ့ တစ်ချို့ သား သ္မီး တွေက လူအစစ် မဖြစ်ခဲ့ကြဘူး "အမေ" အတောင်စုံတဲ့ အခါ ငှက်ကလေးတွေဟာ အသိုက်ကို စွန့်ပီးသွားတတ်ကြသလို သား သ္မီး ဆိုတာကလည်း ပညာလည်းစုံ ကြင်ယာစုံတဲ့ တစ်နေ့မှာ အမေ့အနားက ထွက်သွားကြလိမ့်မယ်။ မြတ်ဘုရားက ဟောတယ် "အမေ" "အတ္ထာဟိ အတ္တနော နာထော" (မိမိသည်သာ မိမိကိုးကွယ်ရာ မိမိသည်သာ မိမိအားကိုးရာ) တဲ့ သားကိုလည်း မယုံပါနဲ့... သ္မီး ကိုလည်း မယုံပါနဲ့... မိမိရဲ့ ဘဝကို မိမိကိုယ်တိုင်တာ အားကိုးပါ။ ဇရာအိုပီး အမွေမရှိကြတဲ့ မိဘတွေဟာ သား သ္မီးတွေ အတွက် ဝန်ထုပ် ဝန်ပိုး ပမာ ဖြစ်နေကြပါလိမ့်မယ် အမေ။ အရှေ့အရပ်က နေထွက်ပီး အနောက် အရပ်သို့ နေဝင်တာဟာ သဘာဝ ဖြစ်သလို... လူတို့ဘဝတွေသည်လည်း မွေးခြင်းမှာ စ၍ သေခြင်းမှာ ဆုံးကြပါလိမ့်မယ်။ ဒါကြောင့်နေခြင်း ခဏမှာ ကြွေလွင့်မသွားခင် သေမင်းနှင့် စစ်ခင်းအံတုတဲ့ အခါ ယှဥ်နှိုင်ဖို့ အမေ့ရင်မှာ ဂေါတမ ဟောတဲ့ လောကတရားတွေ များကြီးရှိဖို့ လိုတယ် အမေ။ ပျိုရွယ်စဥ်မှာ လိုတယ်မထင်ရပေမဲ့ အိုရွယ်တဲ့ အခါ ပိုတယ် မရှိတဲ့ ဗုဒ္ဓ တရားတွေက ဒုက္ခ တရားတွေလည်း ကျော်လွှားနိုင်သလို... သမုတယ တောမှလည်း ကျော်သွားနိုင်ပါတယ်။ သားအဆိုးတွေနဲ့ ကြုံရတိုင်း သ္မီး အဆိုးတွေနဲ့ ကြုံရတိုင်း "အမေ" ငိုချခဲ့ရတဲ့ မျက်ရည်တွေက "အမေ့" အတွက် တက်သေတွေ မဟုတ်လား။ "အမေ့" ကြောင့် သားတို့ အငိုသိပ့်ခဲ့ရပေမဲ့ သားတို့ကြောင့် "အမေ"ငိုရင်းအိပ်ခဲ့ရတဲ့ ညတွေက ဘယ်နဲပါတော့မလဲ...။ ဒါကြောင့် တကယ်မလွဲစရာ အပယ်လွဲစရာ အမေ့ကိုကယ်မဲ့ တရားတွေကို နားကြားပါတော့ "အမေ" "သား"ကို မယုံပါနဲ့... "ဘုရား"ကိုပဲ ယုံပါ... ဘယ်"တရား"ကိုမှ "ဗုဒ္ဓ" က လမ်းအမှား ရောက်အောင် ဟောမထားခဲ့ဘူး...။ #🌻shwenyarmyae🌻konaing✍ #🌻ရွှေညာမြေ🌻ကိုနိုင်✍ #မူရင်းစာရှင် #အမေ
🌻ရွှေညာမြေ🌻ကိုနိုင်✍Official
Region: MM
Tuesday 01 September 2026 22:29:39 GMT
Music
Download
Comments
💥မောင်⚡ပေါက်💥စ☹️တော😣သာ🥱ယေး :
စာသာလေးချပေပါလာအကို☺️🥰🥺🥺🥺🥺🥺🥺🥺
2026-09-10 08:37:23
1
၈/ပခက®🇲🇲 :
Crdပေးပါတယ်အစ်ကိုရေ
ယူသုံးမယ်နော်please☺☺☺
2026-09-18 11:10:57
1
⚡#ဗီလိန်#⚡ :
ဘယ်ဆော့ဝဲလေးနဲ့ရေးတာလည်ဗျ ပြောပြပါအုန်း😔😔
2026-09-02 02:14:31
1
꧁༒༺ မောင် ကြီး ༻༒꧂ :
ချီးကျုးထိုက်လိုက်တဲ့ စာသာ အဓိပ္ပာယ်ရှိလိုက်တာဗျာ🥺🥺🥺
2026-09-07 12:21:46
2
Mix Art Of Fight :
သာဓု သာဓု သာဓု ပါ သူတော်ကောင်းလေး
2026-09-02 00:24:04
3
🇲🇲🎟༒🅼-🆃༒🎟[ကျားဘိုကုန်း] :
Fb မှာ crd ပေးပြီး ပုံလေးနဲ့စာသားလေး ပြန်တင်ပါရစေ😌
2026-09-12 02:01:45
1
ko💗 Ăűñĝ💖 :
ပြန်တင်ခွင့်ပြုပါဗျာ
2026-09-02 03:11:04
1
A •Wan Ka•Fee :
Crdပေးပါတယ်အစ်ကိုရေယူသုံးလို့ရမလားဗျာplease
2026-09-01 23:47:48
1
မြဝတီသူ :
2026-09-02 04:21:27
2
စိတ်ဝိညာဥ်စေစားသူ :
ပြန်တင်ခွင့်ပြုပါဗျ
2026-09-02 04:20:42
1
🦋🦋Nandar🦋🦋🇸🇬 :
2026-09-02 00:21:12
1
☸️တာတေ☸️ :
copy ယူပြီး တင်ပါရစေ ဆရာ🙏
2026-09-20 07:01:45
0
Min Khant :
စာသားလေးယူသုံးမယ်အကိုရေ🥰
2026-09-16 04:50:22
0
💐A🚭🇲🇲 :
သားမယုံနက်အမေ ဘုရားကိုပဲယုံပါ
ဘယ်ဘုရားမှအမေ့ကိုမျက်ရည်ကျအောင်မလုက်ဘူး
2026-09-02 13:23:06
2
K N O :
တကယ်ကောင်းတဲ့ စာတမ်လေးပါ ခဏခဏလေးတင်ပါနော်🥰🥰🥰
2026-09-12 16:06:44
0
🙏🙏🙏9+9+9+🙏🙏🙏 :
2026-09-02 12:59:33
0
👻🆆🅸🅽 🅽🅰🅸🅽🅶 🆃🆄🅽👻 :
ပြန်တင်ခွင့်ပြုပါဗျာ
2026-09-13 14:58:28
0
Aung Ko :
🥺🥺🥺 မှန်လိုက်တာ 🥺🥺
2026-09-11 14:26:11
0
𝐘𝐞 𝐇𝐭𝐞𝐭 𝐍𝐚𝐢𝐧𝐠 🕸️ :
ယူသုံးမယ်နော်အကို
2026-09-10 03:54:16
0
🥴"Pyae Gyi"🇲🇲 :
အကို့ စာသားလေးယူသုံးပါရစေ ဗျ🥰🥰🥰🫶
2026-09-10 01:28:35
0
Ko Toe Gyi😍🥰 :
ယူပီပြန်တင်ခွင့်ပြုပါဗျာ
2026-09-21 15:37:09
0
Nyan Htoo🫵🏼 :
ပြန်တင်ခွင့်ပြုပါဗျ🥺
2026-09-11 01:20:01
0
Aung Lay🇲🇲🇹🇭 :
Crdပေးပါတယ်အစ်ကိုရေယူသုံးလို့ရမလားဗျာplease
2026-09-08 06:35:44
1
🌸သုည🌸 :
ထိတယ်ဗျာ
2026-09-10 14:49:34
0
🦅ZAWMYO AUNG OFFICIAL 🦅 :
အရမ်းကိုမှအနစ့်တွေနဲ့ပြည့်ဝတဲ့စာသာလေး🥺🥺🥺
2026-09-02 14:07:36
0
To see more videos from user @teadasuukyi08, please go to the Tikwm
homepage.