@thiri422703: အဖက်လုပ်နေစရာ မလိုပါဘူး အသက်လေးရလာတော့ ကိုယ့်ကို မလိုအပ်တဲ့လူတွေ တွေ့ရင် ဝမ်းမနည်းမိတော့ဘူး။ သူတို့ လိုအပ်တဲ့ လူတွေ သူတို့နားမှာ မြဲနေပါစေပဲ ဆုတောင်းပေးတယ်။ ကိုယ့်ကို မကြိုက်တဲ့လူတွေ တွေ့ရင်လည်း သူတို့ ကျေနပ်အောင် လိုက်မနေပေးတော့ဘူး။ သူတို့ကြိုက်တဲ့ လူတွေနဲ့ သူတို့ ဆက်ခင်နေပါစေလို့သာ ဆုတောင်းတယ်။ ကိုယ့်ကို မကောင်းပြောတာ ပြန်ကြားရင် အစကတော့ ဒေါသ ဖြစ်မိတယ်။ အခုတော့ လျစ်လျူရှုတတ်လာပြီ။ လောကမှာ ချစ်တဲ့သူရှိသလို မု,န်းတဲ့လူလည်း ရှိမှာပဲလေ။ လူတွေအပေါ် သိပ်ဂရုစိုက်လွန်းတာကို လျှော့လိုက်ပါ။ ဘဝမှာ နေရတာ ပေါ့ပါးသွားမယ်။ ကိုယ့်အကြောင်း ပြောစရာ မတွေ့လည်း နောက်တစ်ယောက်အကြောင်းကို ထပ်ပြောနေမှာ ဖြစ်တယ်။ သူတို့ လိုအင်တွေ ပြည့်ဖို့ သူတို့ အကြိုက်လိုက်နေပေးနိုင်ရင် သင်က ကောင်းနေမှာဖြစ်ပြီး သူတို့ စိတ်ထဲ မတွေ့တော့ရင် သူတို့ စိတ်ကြိုက် နေမပေးရင် သင်ဟာ သူတို့ရန်သူ ဖြစ်သွားပါလိမ့်မယ်။ သူတို့ပါးစပ်ထဲမှာ သင်က ကောင်းလိုက် မကောင်းလိုက် သူတို့အမြင်မှာ သင်က ခင်ဖို့ကောင်းလိုက် မုန်းဖို့ကောင်းလိုက် သူတို့အတွေးမှာ သင်က လိုသုံးကြီးဖြစ်လိုက် လူပိုကြီးဖြစ်လိုက် အနိမ့်အမြင့် မျိုးစုံနဲ့ သူတို့စိတ်ထဲမှာ တစ်နေ့တစ်မျိုး မရိုးရအောင် သင်က ကပြနေရတာပါ။ တကယ်တော့ လူတွေကို သိပ်ဖက်တွယ်လွန်းရင် သိပ်အာရုံထဲထည့်ထားရင် အာရုံနောက်ရမှာက သင်ပဲဖြစ်တယ်။ သူတို့ကတော့ သူတို့အလုပ်ဖြစ်တဲ့ ပြောမယ် ဆိုမယ် ဝေဖန်မယ် ကဲ့ရဲ့မယ် ချီးမွမ်းမယ် ဆိုတာတွေကို ဆက်လုပ်နေမှာ ဖြစ်တယ်။ အဲ့ဒါတွေက သူတို့အလုပ်ပဲလေ။ ဒါ့ကြောင့်လူတချို့သင့်ကို မလိုဘူးဆိုရင် မနှစ်သက်ဘူးဆိုရင် မကောင်းပြောနေတယ်ဆိုရင် ဘာမှ ခံစားမနေပဲ ကိုယ်လုပ်စရာရှိတာ ဆက်သာလုပ်ပါ။ နေတတ်သလို ဆက်သာနေပါ။ သင့်တစ်နေ့တာအတွက် စိတ်ကြည်နေဖို့ အမှိုက်လို လူတွေရဲ့ ပုပ်နေတဲ့စကားတွေ မှိုတက်နေတဲ့ အပြုအမူတွေကို ဘာလို့ ဆက်ပြီးခံစားနေမှာလဲ။ သူ့လမ်း ကိုယ့်လမ်း၊ သူ့ဘဝ ကိုယ့်ဘဝ သူ့ထမင်း ကိုယ့်ထမင်း တူတာမှ မဟုတ်တာ။ ဒါကြောင့် သင့်မှာ အခုလို လူတွေရှိရင် အဖက်လုပ် မနေပါနဲ့။ အဖက်မလုပ်ခြင်းဟာ အကောင်းဆုံး တုန့်ပြန်ခြင်းသာ ဖြစ်ပါတယ်.....။ #creditစပ်စုစိန်။
🍁
Region: MM
Tuesday 01 September 2026 23:11:34 GMT
Music
Download
Comments
Love You :
မှန်ပါတယ်👍👍စိတ်ခွန်အားရလို့ကျေးဇူးပါ🥰🥰🥰
2026-09-05 07:29:50
3
🧚🏻Laelaemoemyint🧚🏻🧚🏻🧚🏻 :
copyနော်ပြန်တင်ပရစေရှင်🥰
2026-09-05 07:45:16
1
yadanar💕 :
စာသားလေးcopyချပေးပါ🥰
2026-09-04 12:34:47
8
🫶🏼 𝓝𝓰𝓮 🫶🏼 🇱🇦🇱🇦 :
စာသားလေးယူပါရစေ
2026-09-05 07:30:32
1
Daw Soe :
စာသားကိုဖတ်လိုက်တာနဲ့အလိုလိုဝမ်းနည်းလို့မျက်ရည်ကျမိတယ်တကယ်တော့အသိစိတ်တဲစွဲနေတာကို😂😂😂
2026-09-05 07:22:16
1
yamin :
copyယူသွားတယ်နော်
2026-09-05 07:17:14
1
Zar Chi Nway🍀 :
စာသားလေးကြိုက်လိုက်တာ🥰
ယူသုံးပါရစေနော်🥰🥰
2026-09-05 06:53:01
1
HS🫶 :
အခုလိုအပ်နေတာ ဒီလိုခွန်အားပေးစာသာားပဲ🥺🥰
2026-09-05 05:00:57
1
💛wah wah💛 :
ပြန်တင်ခွင့်ပြုပါနော်🥰🥰🥰
2026-09-04 11:51:32
2
mi phyo🍀🍀🍀 :
ပုံလေးရော
2026-09-04 16:35:05
1
watiko :
မှန်လိုက်တဲ့စာသားလေးပြန်တင်မယ်နော်🤗
2026-09-04 10:02:24
1
cherry :
copy ယူသု းံမယ်
2026-09-04 07:43:27
1
San San khaing :
စာသားလေးcopyချပေးပါ😍
2026-09-05 07:01:09
1
SHOON 👑 :
ပြန်တင်ခွင့်ပြုပါ
2026-09-04 10:58:49
1
Μ🌸 :
သူတို့လို ပြန်ဆက်ဆံပေးလိုက်တယ်🥰
2026-09-05 02:41:59
0
𝔐𝔦𝔐𝔦𝔩𝔦𝔫 :
ပြန်ယူသုံးခွင်ပြုပါ🥰
2026-09-04 18:10:59
0
🌻 :
စာသာလေးပြန်ယူတင်မယ်နော်🥰
2026-09-05 00:39:20
0
🐼🐼DAW SHWE YEE🐼🐼kawLin thu :
စာသားလေးcopyချပေးပါ🥰
2026-09-04 14:29:34
0
🥰 Kan Kaw 😘 :
အခုကျမလူမုန်းများနေပါတယ်သူတို့အကြိုက်မလိုက်လို့ပါဒီစာလေးတွေ့မိလို့ဝမ်းသားမိတယ်ကျေးဇူးပါ😘
2026-09-04 17:12:38
1
Ei..lay😍🥰😘 :
စားလေးယူသုံးခွင့်ပြုပါလား🥰
2026-09-05 05:50:31
1
🇲🇲♈🌻Ñwàÿ 🌻♈💙🇹🇭 :
စာသားလေးပြန်တင်မယ်နော်မမ ကြိုက်လို့🥰
2026-09-05 00:20:20
0
✨Z✨ :
ပြန်တင်ချင်လို့နော်
2026-09-05 04:18:12
0
💞🥰May Thadar Saw🌍🍓 :
စာသားလေးပြန်ယူသုံးခွင့်ပြုပါရှင့်မမစာသားလေးမြင်ရလို့အားတက်ပါတယ်ရှင့်
2026-09-05 02:37:01
0
Su :
အမှန်ဘဲ
2026-09-05 04:37:21
1
{Hnin Pwint}♊ :
စာသားလေးကိုကြိုက်လိုပြန်တင်မယ်နော🥰
2026-09-04 18:13:40
1
To see more videos from user @thiri422703, please go to the Tikwm
homepage.