@pttoutfit: Polo Hot Hit PL43 Màu Nịnh Mắt#TikTokShop99 #aopolo #aopolonam

PTT Outfit
PTT Outfit
Open In TikTok:
Region: VN
Wednesday 02 September 2026 08:00:00 GMT
0
0
0
0

Music

Download

Comments

There are no more comments for this video.
To see more videos from user @pttoutfit, please go to the Tikwm homepage.

Other Videos

စေတနာပဲ့တင်သံ (ဝတ္ထုတို) တင်ညွန့် ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကိုပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာမဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင်တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။ ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ် လိုပဲ။ တစ်ကျောင်းနဲ့တစ်ကျောင်းပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကို ဂုဏ်ရှိတယ် ထင်နေကြ တာ။ ကျွန်တော့်ကျောင်းအုပ်ကြီးကတော့ တဝက်အောင်ရင်တော်ပြီဆိုပြီးနေတာ။ အတန်းထဲက ကလေးတွေမဆိုးပါဘူး။ အရည်အချင်းလေးတွေတော့ အရှိသား။ လေ့ကျင့်အားနည်းနေတယ်လို့ သုံးသပ်တယ်။ အရင်က ကျောင်းအုပ်ဆရာကြီးက တာဝန်ယူထားတာကိုး။ သူလည်း ပါတီတာဝန်အကြောင်းပြ ပြီး ကျောင်းလာတစ်ချက်၊ မလာတစ်ချက်ဆိုတော့ ကလေးတွေ ပညာငတ်နေကြတာပေါ့။ ကျွန်တော် အတန်းပိုင်ဖြစ်တော့ ကလေးတွေတစ်ဦးချင်းကို လေ့လာရတယ်။ အားလုံးအနေအထား ကောင်း တယ်။ တန်းလုံးကျွတ်အောင်နိုင်တဲ့ အနေအထားမှာရှိတယ်။ ကျွန်တော်ကလည်း တာဝန်ယူခဲ့တဲ့ကျောင်းတိုင်း မှာ တန်းလုံးကျွတ်အောင်တာကိုမှ ဂုဏ်ယူတတ်တာဆိုတော့ မောင်းရတော့တာပေါ့။ အတန်းထဲမှာ ဖြူမဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ ဖြူဖြူသေးသေးလေး။ စာအတော်လေးညံ့တယ်။ လက်ရေးညံ့တယ်။ သေသေချာချာ လေ့လာကြည့်တော့ ဖြူမက ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ သူ့ကို အတန်း ထဲက အတန်းဖော်တွေက သိပ်အရောမဝင်တော့ ဂျစ်တစ်တစ်၊ ညစ်တစ်တစ်လုပ်ချင်နေတာ။ ကျွန်တော်က သူ့ကို လက်ရေးကစပြင်တော့ ကျွန်တော့်ကို နည်းနည်း အသိအမှတ်ပြုစဖြစ်လာတယ်။ တစ်နေ့တော့ ရွာထဲမှာ မဟာဒုတ်ပွဲဆိုပြီး အလှူတွေခံကြ၊ ပွဲတွေခံကြ၊ အကြီးအကျယ်လုပ်တယ်။ ကျွန်တော် ကလေးတွေရဲ့ လေ့ကျင့်ခန်းစာအုပ်တစ်ထပ်ကြီးနဲ့ အလုပ်ရှုပ်နေချိန်မှာ ဖြူမက မရဲတရဲ ကျွန်တော့်နားကပ် လာပြီး
စေတနာပဲ့တင်သံ (ဝတ္ထုတို) တင်ညွန့် ကျွန်တော် တောကျောင်းကနေ မြို့ကျောင်းကိုပြောင်းလာပေမယ့် မြို့ပေါ်ကျောင်းမှာ နေရတာမဟုတ်ဘူး။ မြို့နဲ့ မနီးမဝေး မူလတန်းကျောင်းလေးကို ရောက်လာတယ်။ လေးတန်းအတန်းပိုင်တာဝန်ယူရတယ်။ ကျောင်းက ယိုင်တိုင်တိုင် စုတ်ချာချာ။ မိုးရွာ လေတိုက်ရင် မိုးလွတ်တဲ့နေရာ ခိုနေကြရတယ်။ ကျွန်တော့်လေးတန်းမှာ ကျောင်းသား ၂၄ ယောက်ရှိတယ်။ အဲဒီခေတ်က အုပ်စုလိုက်စစ်ဆိုတော့ အစိုးရစစ် လိုပဲ။ တစ်ကျောင်းနဲ့တစ်ကျောင်းပြိုင်နေကြတာဆိုတော့ တန်းလုံးကျွတ်အောင်တာကို ဂုဏ်ရှိတယ် ထင်နေကြ တာ။ ကျွန်တော့်ကျောင်းအုပ်ကြီးကတော့ တဝက်အောင်ရင်တော်ပြီဆိုပြီးနေတာ။ အတန်းထဲက ကလေးတွေမဆိုးပါဘူး။ အရည်အချင်းလေးတွေတော့ အရှိသား။ လေ့ကျင့်အားနည်းနေတယ်လို့ သုံးသပ်တယ်။ အရင်က ကျောင်းအုပ်ဆရာကြီးက တာဝန်ယူထားတာကိုး။ သူလည်း ပါတီတာဝန်အကြောင်းပြ ပြီး ကျောင်းလာတစ်ချက်၊ မလာတစ်ချက်ဆိုတော့ ကလေးတွေ ပညာငတ်နေကြတာပေါ့။ ကျွန်တော် အတန်းပိုင်ဖြစ်တော့ ကလေးတွေတစ်ဦးချင်းကို လေ့လာရတယ်။ အားလုံးအနေအထား ကောင်း တယ်။ တန်းလုံးကျွတ်အောင်နိုင်တဲ့ အနေအထားမှာရှိတယ်။ ကျွန်တော်ကလည်း တာဝန်ယူခဲ့တဲ့ကျောင်းတိုင်း မှာ တန်းလုံးကျွတ်အောင်တာကိုမှ ဂုဏ်ယူတတ်တာဆိုတော့ မောင်းရတော့တာပေါ့။ အတန်းထဲမှာ ဖြူမဆိုတဲ့ ကောင်မလေးတစ်ယောက်ရှိတယ်။ ဖြူဖြူသေးသေးလေး။ စာအတော်လေးညံ့တယ်။ လက်ရေးညံ့တယ်။ သေသေချာချာ လေ့လာကြည့်တော့ ဖြူမက ဉာဏ်ကောင်းတယ်။ ဒါပေမဲ့ သူ့ကို အတန်း ထဲက အတန်းဖော်တွေက သိပ်အရောမဝင်တော့ ဂျစ်တစ်တစ်၊ ညစ်တစ်တစ်လုပ်ချင်နေတာ။ ကျွန်တော်က သူ့ကို လက်ရေးကစပြင်တော့ ကျွန်တော့်ကို နည်းနည်း အသိအမှတ်ပြုစဖြစ်လာတယ်။ တစ်နေ့တော့ ရွာထဲမှာ မဟာဒုတ်ပွဲဆိုပြီး အလှူတွေခံကြ၊ ပွဲတွေခံကြ၊ အကြီးအကျယ်လုပ်တယ်။ ကျွန်တော် ကလေးတွေရဲ့ လေ့ကျင့်ခန်းစာအုပ်တစ်ထပ်ကြီးနဲ့ အလုပ်ရှုပ်နေချိန်မှာ ဖြူမက မရဲတရဲ ကျွန်တော့်နားကပ် လာပြီး "ဆရာ … သမီးတို့အိမ်က မဟာဒုတ် ဘုရားမဲပေါက်တယ်။ အဖေက ဆရာ့ကို အိမ်မှာ ထမင်းလာစားပါလို့ ဖိတ်ခိုင်းလိုက်လို့" ကျွန်တော်ကလည်း သာမန်လောက်ပဲထင်ပြီး "အေး … အေး" လို့ပြောလိုက်တော့ သူက ထပ်ပြီး သေချာအောင် "တကယ်လာမှာလားဆရာ … အဖေ့ကို ပြန်ပြောလိုက်မယ်" ကျွန်တော်ကလည်း သာမန်လောက်သဘောထားပြီး ခေါင်းငြိမ့်ပြလိုက်တယ်။ ညနေကျောင်းဆင်းတော့ ကလေးတွေအားလုံး မရှိချိန်မှာ ဆရာမ တစ်ယောက်က ကျွန်တော့်ဆီလာပြီး "ဆရာ ဖြူမတို့အလှူကို ဆရာ တကယ်သွားမှာလား" လို့လာမေးတယ်။ "သွားမှာပေါ့ ဆရာမရဲ့၊ ဘာဖြစ်လို့လဲ" "ဖြူမတို့က သချိုင်္င်းထဲမှာနေတာဆရာ။ သူ့အဖေက သုဘရာဇာ၊ ဆရာသွားလို့ဖြစ်ပါ့မလား" ကျွန်တော် ဘာဖြစ်လို့ ဖြူမတစ်ယောက် သိမ်ငယ်စွာနဲ့ အတန်းထဲမှာဖြစ်နေတယ်ဆိုတာ သဘောပေါက်လိုက် တယ်။ ဘာဖြစ်ဖြစ် အဲဒီအလှူကို ကျွန်တော် သွားဖြစ်အောင်သွားဖို့ ဆုံးဖြတ်လိုက်တယ်။ နောက်တစ်နေ့ ကျောင်းကို စောစောလာတော့ ဖြူမက ကျောင်းလှေခါးကနေ လာစောင့်နေတယ်။ ကျွန်တော့် လွယ်အိတ်လေးကို လာပြေးယူပြီး "ဆရာ သမီးနဲ့ တစ်ခါတည်းလိုက်ခဲ့မှာလား" လို့မေးလိုက်တယ်။ ကျွန်တော်လည်း ခေါင်းငြိမ့်ပြလိုက်ပြီး သူ့ နောက်ကလိုက်ခဲ့တယ်။ သချိုင်္င်းက ရွာပြင်မှာ။ ကျွန်တော် သချိုင်္င်းထဲဝင်လိုက်ချိန်မှာ အုတ်ဂူကြားလေးတွေကနေ ခြောင်းကြည့်နေကြတဲ့ ကလေးအချို့ကိုလည်းတွေ့လိုက်ရတယ်။ သချိုင်္င်းနဲ့လှမ်းလှမ်းက ကုန်းလေးပေါ်မှာ ဝါးတဲလေးတစ်ခုရှိတယ်။ သပ်ရပ်ပြီး ပြောင်နေတယ်။ အခင်းတွေက ဝါးခင်းတွေပဲ။ ကျွန်တော် အိမ်ပေါ်တက်ထိုင်လိုက်ချိန်မှာ ဖြူမရဲ့ အဖေက အခန်းထဲက ထွက်လာပြီး ဘာပြောရမှန်းမသိသလိုနဲ့ ယောင်နနဖြစ်နေတယ်။ သူက "မထင်ပါဘူးဆရာကြီးရယ်၊ သမီးကပြောလို့သာ၊ ဆရာကြီးတကယ်လာမယ်လို့ ကျွန်တော် လုံးဝမထင် ထားပါဘူး" တဲ့။ တုန်တုန်ရီရီနဲ့ ပြောရှာတယ်။ ကျွန်တော်ကလည်း "ကိုကျော်မင်းရယ် ခင်ဗျားအိမ်ကို မဟာဒုတ်မဲပေါက်လို့ ဘုရားတောင် ကြွလာသေးတာပဲ။ ကျုပ်က ဘာလို့ မလာရမှာလဲ" လို့ပြောလိုက်တယ်။ ထမင်းဝိုင်းပြင်ပြီးတော့ ကျွန်တော့ကို တပည့်ဖြူမက လာခေါ်တယ်။ အိမ်ဦးခန်းမှာ နေရာယူပြီး စားဖို့ပြင်တော့ ကျွန်တော်တစ်ယောက်တည်း။ ကျွန်တော်က "ကိုကျော်မင်း လာလေဗျာ။ ကျွန်တော်တစ်ယောက်တည်း။ ခင်ဗျားလည်း လာစားလေ" လို့ပြောလိုက်တော့ ဖြူမအဖေက အတင်းငြင်းတယ်။ နောက်ဆုံး ကျွန်တော်က "ကိုကျော်မင်း … ခင်ဗျား မစားရင် ကျွန်တော်လည်း မစားဘူး" ဆိုမှဝင်ထိုင်တယ်။ အဆက်ကွန်မန့်မှာတင်ပေးထားပါသည်

About