@may.oo.nyein8: ကြီးလာရင်ပိုကောင်းမှာပဲလို့ ငယ်ငယ်တုန်းက အမြဲ တွေးခဲ့တယ်။ ကြီးလာရင် ကိုယ့်ပိုက်ဆံ ကိုယ်ရှာနိုင်တယ်၊ ကိုယ့်ဆုံးဖြတ်ချက် ကိုယ်ချနိုင်တယ်၊ ကိုယ်သွားချင်တဲ့နေရာ သွားနိုင်တယ်၊ အထိန်းမခံရဘူး၊ တဗျစ်တောက်တောက် အရွတ်မခံရဘူးဆိုပြီးတော့ပေါ့။ အဲဒီနောက် လူကြီးတစ်ယောက်ဖြစ်ဖို့ အမြဲ မျှော်လင့်ခဲ့တယ်။ အဲဒီတုန်းက ကြီးလာတာကို လွတ်လပ်မှုတစ်မျိုးလို့ ထင်ခဲ့တယ်။ တကယ်ကြီးပြင်းလာတဲ့အခါကျမှ အရွယ်ရောက်သူရဲ့ လောကဟာ များသောအားဖြင့် နေ့စဉ်ဘဝကို ဂရုစိုက်ရင်း ကိုယ့်စိတ်ခံစားချက်ကိုလည်း စီမံခန့်ခွဲနေရတယ် ဆိုတာပါ။ အလုပ်၊ ငွေကြေး၊ ဆက်ဆံရေး၊ မိသားစုအတွက် စ ဦးနှောက်ခြောက်ရပြီ။ ကိစ္စတော်တော်များများကို စိတ်လိုက်မာန်ပါ လုပ်မရတော့ဘူး။ စိတ်ခံစားချက်တွေကို တစ်ယောက်တည်း ကိုင်တွယ်ဖြေရှင်းရပြီ။ တစ်ခါတလေ သိပ်ပင်ပန်းနေရင်တောင် နောက်တစ်နေ့မှာ ပုံမှန် အိပ်ရာထရတယ်။ စိတ်ဖိစီးမှုရှိလည်း ပြုံးနေရတယ်။ အဲဒီတော့မှ အတိတ်ကို ရုတ်တရက် လွမ်းဆွတ်မိတယ်။ ငယ်ငယ်တုန်းက ဦးနှောက်ခြောက်စရာ အကောင်းဆုံးဆိုတာ များသောအားဖြင့် အိမ်စာမပြီးတာ၊ စာမေးပွဲ ကောင်းကောင်း မဖြေနိုင်တာလောက်ပဲရှိတယ်။ ခဏလောက် မပျော်လိုက်၊ ခဏလောက် ငိုလိုက်နဲ့ အိပ်ရာက နိုးရင် နေ့သစ်တစ်နေ့ ရောက်လာပြန်တယ်။ အဲဒီတုန်းက ပျော်ရွှင်မှုက သိပ်ရိုးရှင်းတယ်။ မုန့်တစ်ထုပ်၊ အတန်းဆင်းချိန်၊ အပျော်ခရီးတစ်ခေါက် ထွက်တာနဲ့တင် အကြာကြီး ပျော်နေရတယ်။ သာမန်နေ့ရက်တွေလို့ ထင်ခဲ့တဲ့ အဲဒီနေ့ရက်တွေဟာ အသန့်ရှင်းဆုံး၊ အပျော်ရွှင်ဆုံးအချိန်တွေဆိုတာ အခုမှ သိတော့တယ်။ ဘဝဆိုတာ ဒီလိုပါပဲ။ အတိတ်ကို ပြန်ပြောင်းသတိရရင်း လက်ရှိဘဝမှာလည်း ကောင်းအောင်နေထိုင်ဖို့ သင်ယူနေရတယ်။ ကြီးပြင်းလာတာဟာ တာဝန်ယူမှု ပိုများလာရုံမက ကိုယ့်ကိုယ်ကိုယ် စောင့်ရှောက်နိုင်စွမ်း၊ ကိုယ်ဂရုစိုက်လိုသူတွေကိုလည်း စောင့်ရှောက်နိုင်စွမ်း ရှိလာတယ်။ ဖြည်းဖြည်းချင်း လျှောက်၊ ဖြည်းဖြည်းချင်း တွေ့ကြုံခံစားရင်း မတူတဲ့အရွယ်မှာ မတူတဲ့ရှုခင်းတွေရှိတယ်ဆိုတာ တွေ့လာရတယ်။ တခါတလေကျတော့လည်းဘာမှမသိနားမလည်တဲ့အရွယ်ရောက်ချင်ခဲ့ပေမယ့် ကိုယ်တော့ခုခံစားချက်ကိုပိုကြိုက်တယ် ဘဝဆိုတာဒီလိုဘဲတိုက်ပွဲဝင်နေရမှာဆိုတာကောင်းကောင်းကြီးသိသွားရတာမို့လေ🥝🥝🥝🥝#crd
kiwe 🥝
Region: MM
Wednesday 02 September 2026 03:34:38 GMT
Music
Download
Comments
To see more videos from user @may.oo.nyein8, please go to the Tikwm
homepage.