@aunglay.1984: နာကျင်မှုကို ဖြတ်ကျော်နိူင်တဲ့ မိန်းမက... အပြုံးအောက်မှာ အမာရွတ်တွေ အများကြီး ရှိတတ်တယ် သူမက အစကတည်းက သန်မာနေခဲ့တဲ့သူ မဟုတ်ဘူး... ဘဝက ပေးတဲ့ နာကျင်မှုတွေ လူတွေကြောင့် ရခဲ့တဲ့ မျက်ရည်တွေ ယုံကြည်မှုတွေ ပြိုကွဲသွားတဲ့ အချိန်တွေကို တစ်ယောက်တည်း ဖြတ်ကျော်လာရင်း သန်မာလာခဲ့တဲ့သူပါ.... တချို့နာကျင်မှုတွေက ပြောပြလို့ မရဘူး... တချို့ ဝမ်းနည်းမှုတွေက ငိုထုတ်လိုက်ရုံနဲ့လည်း မပျောက်သွားဘူး... အဲ့ဒါကြောင့် သူမက တိတ်ဆိတ်သွားတယ်... အရင်လို မယုံကြည်တော့ဘူး အရင်လို မျက်နှာပေါ် ခံစားချက် တင်မပြတော့ဘူး... တကယ်တော့ သူမကအေးစက်သွားတာမဟုတ်ဘူး ထပ်ပြီး မနာကျင်ချင်တော့လို့ ကိုယ့်နှလုံးသားကို ကိုယ်တိုင်ကာကွယ်ထားတာပါ... တစ်ချို့ ညတွေမှာ အားလုံးအိပ်ပျော်နေချိန် သူမ တစ်ယောက်တည်း တိတ်တိတ်လေး ငိုခဲ့ရတယ်... "ဘာလို့ ငါပဲ အမြဲ နာကျင်နေရတာလဲ"ဆိုပြီး ကိုယ့်ကိုယ်ကို မေးနေခဲ့ရတဲ့ ညတွေလည်းရှိတယ်... ဒါပေမယ့် ဘယ်လောက် ပင်ပန်းပင်ပန်း သူမ လဲကျမသွားဘူး မျက်ရည်တွေ သုတ်ပြီး နောက်တစ်နေ့ကို ထပ် ရင်ဆိုင်ခဲ့တယ်.... လူတွေက သူမကို "သန်မာ တဲ့ မိန်းမ" လို့ မြင်ကြတယ်... ဒါပေမဲ့ အဲ့ဒီ သန်မာမှု နောက်ကွယ်မှာ ဘယ်လောက်ထိ နာကျင်ခဲ့ရလဲ ဆိုတာကိုတော့ ဘယ်သူမှ မသိကြဘူး... အခု သူမရဲ့ အပြုံးတွေက ပျော်ရွှင်လို့ ပြုံးနေတာ မဟုတ်ဘူး နာကျင်မှုတွေကို ဖုံးကွယ်ထားတဲ့ အလေ့အကျင့်တစ်ခု ဖြစ်သွားတာပါ... ဒါပေမယ့် နာကျင်မှု တွေက သူမကို မဖျက်ဆီးနိူင်ခဲ့ဘူး... အဲ့ဒီနာကျင်မှုတွေကပဲ သူမကိုပိုသန်မာလာစေတယ် ဘယ်သူမှ မရှိလည်း သူမကို ကိုယ့်ကိုယ်ကို ပိုရင့်ကျက်လာစေတယ်... ပြန်ထူထနိူင်တဲ့ မိန်းမတစ်ယောက် ဖြစ်လာစေခဲ့တာပါ... #creatorsearchinsights #fyp #foryou #myanmartiktok🇲🇲🇲🇲
♡︎ စပ်စုစိန် ♡︎ _ ♡︎ စာတို ♡︎
Region: MM
Wednesday 02 September 2026 04:51:38 GMT
Music
Download
Comments
N🍀 :
ရိုက်ချက်တွေပြင်းလွန်းပါတယ် 😔
2026-09-02 08:41:40
2
🕊LayLia🕊🇹🇭(dawphyuLay) :
စာသားလေးယူသုံးခွင့်ပြုပါနော်
2026-09-05 01:50:59
2
Nyein ☘️💜 :
စာသားလေး
2026-09-19 07:46:56
1
Julia :
ယူသုံးခွင့်ပြုပ့[Pink heart]
2026-09-13 09:34:14
1
wuttyi4985 :
လဲကျလို့မရမှန်းကိုယ်တိုင်သိတယ်..😏😏😏
ပြိုလဲလို့မရမှန်ကိုယ်တိုင်နားလည်ထားတယ်😳😳
ဒါကြောင့်..နာကျင်ရတာတွေများလွန်းလို့..
ပြိုလဲကျရင်တောင်..လူးလဲထ ကျတဲ့မျက်ရည်
ကိုယ်တိုင်သုတ်ရင်း..😏😏😏
အပြုံးမပျက်ရှေ့ဆက်လျှောက်ခဲ့တာ😳😳
အရမ်းသန်မာနေလို့မဟုတ်ဘူး..သန်မာမှရမှာမို့...🥰🥰🥰🥰
2026-09-03 16:01:42
2
🍒 Z 🍒 :
တကယ်ပါ🥺🥺
2026-09-16 13:38:35
1
𝐻𝓃𝒾𝓃♐ :
ယူသုံးခွင့်ပြုပါ💔
2026-09-13 18:02:32
1
chan myat🫶 :
🥰🥰🥰🥰🥰
2026-09-02 13:04:55
2
To see more videos from user @aunglay.1984, please go to the Tikwm
homepage.