@zayartbz11: ဗန်းမော်ကို ထပ်တက်တဲ့ စစ်သင်္ဘောအုပ်စု အထိနာပြန် စက်တင်ဘာ-၂၊ ၂၀၂၆။ People’s Spring ကချင်ပြည်နယ်၊ ရွှေကူမြို့ကနေ ဗန်းမော်မြို့ကို စစ်သင်္ဘောတွေ ဒီနေ့ စက်တင်ဘာ ၂ရက် မနက်အစောမှာ ဆက်လက်ထွက်ခွာသွားရာ ကချင်လွတ်လပ်ရေတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်လို့ စစ်သင်္ဘောတွေ ပျက်စီးနစ်မြုပ်ခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။ စစ်သင်္ဘောအုပ်စုဟာ ဩဂုတ် ၂၇ရက်မှာ စစ်ကိုင်းတိုင်း ကသာမြို့ကနေ ကချင်ပြည်နယ် ရွှေကူမြို့ကို ဝင်ရောက်လာတာဖြစ်ပါတယ်။ ကသာကနေ ရွှေကူမြို့ကို ဝင်လာချိန်မှာလည်း KIAပူးပေါင်းတပ်ရဲ့တိုက်ခိုက်မှုကြောင့် သင်္ဘော ၁ စီးပျက်စီးခဲ့သလို ဩဂုတ် ၂၉ရက်မှာ ရွှေကူကနေ ဗန်းမော်မြို့ကို ဆက်လက်ထွက်ခွာစဉ်မှာလည်း စစ်သင်္ဘော ၁စီး ထိမှန်မီးလောင်ခဲ့ပါတယ်။ အဲဒါကြောင့် ကျန်သင်္ဘောတွေ ရွှေကူမြို့ဘက် ပြန်လှည့်သွားခဲ့တာပါ။ အဲဒီလို ပြန်လှည့်သွားပြီး ရွှေကူမြို့မှာ ၃ရက်ကြာ ငြိမ်နေတဲ့ သင်္ဘောအုပ်စုဟာ ဒီနေ့ မနက်အစော ၃နာရီခွဲမှာ ရွှေကူကနေ ဗန်းမော်မြို့ဆီ ဆက်လက်ထွက်ခွာလာရာ ဒုတိယမြစ်ကျဉ်းအနီးမှာ KIA ပူးပေါင်းတပ်က ဝိုင်းဝန်း တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။ သတင်းရင်းမြစ်ရဲ့ အဆိုအရ စစ်သင်္ဘောတစ်စီး ဧရာဝတီမြစ်ထဲမြုပ်သွားပြီး အခြားသင်္ဘောတစ်စီးမီးလောင်နေကာ နောက်တစ်စီးလည်း ထိခိုက်ထားတယ်လို့ သိရပါတယ်။ စစ်သင်္ဘောအုပ်စု ထွက်ခွာလာရာလမ်းကြောင်းတလျှောက်ကို KIA ပူးပေါင်းတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုတွေပြုလုပ်နေတာကြောင့် လတ်တလောမြေပြင်တိုက်ပွဲတွေလည်း ရွှေကူ-ဗန်းမော်ကြား ဇင်းဘုံရွာအနီးဝန်းကျင်မှာ ပြင်းထန်နေတယ်လို့ သတင်းရင်းမြစ်က အသိပေးပါတယ်။ စစ်သင်္ဘောအုပ်စုမှာ စစ်သင်္ဘော ၂စီးအပါအဝင် သင်္ဘော ၁၅စီး ပါဝင်တာဖြစ်ပါတယ်။ ဒီနေ့ မနက် တိုက်ပွဲ မတိုင်မီ စစ်ကိုင်းတိုင်းကနေ ကချင်ပြည်နယ်ကို ဝင်ရောက်စဉ် KIA ပူးပေါင်းတပ်ရဲ့ တိုက်ခိုက်မှုကြောင့် သင်္ဘော ၂စီးထက်မနည်း သုံးမရအောင် ပျက်စီးခဲ့ပြီး သင်္ဘော ၅စီးခန့် ထိခိုက်ပျက်စီးမှုတွေရှိခဲ့တယ်လို့ သိရပါတယ်။ စစ်တပ်က အချို့သင်္ဘောတွေကို ပြန်လည်ပြုပြင်တယ်လို့လည်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ ကချင်ပြည်နယ်အတွင်း လက်လွှတ်ထားရတဲ့နယ်မြေတွေ ပြန်လည်စိုးမိုးထိန်းချုပ်လိုတာကြောင့် လေကြောင်း၊ ရေကြောင်း၊ မြေပြင်ကနေ စစ်အင်အားတွေ ဖြည့်တင်း စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။ 𝗣𝗲𝗼𝗽𝗹𝗲'𝘀 𝗦𝗽𝗿𝗶𝗻𝗴@ZayarTBZ 7.1News🍉 @ZayarTBZ 7 News #စစ်တပ်ယုတ်မာမှုပေါင်းစုံငါတို့အသိဆုံး #ပြည်သူများဘေးကင်းကြပါစေ #ဒေသသတင်းရင်းမြစ် #zayartbz #မြန်မာသတင်း
ZayarTBZ 11 News
Region: TH
Wednesday 02 September 2026 08:10:25 GMT
Music
Download
Comments
milo :
မမှန်တဲသတင်းပါ
2026-09-02 10:05:40
25
aungkyawwin 211171 :
လေ့လာပါကွာရွှေကူကလူတွေမေးကြည့်
2026-09-02 09:13:54
22
Daw Khin Hnin Yuu :
ဟာသတေမပြောပါနဲ့ဟာ
2026-09-02 09:21:54
17
လူဆိုး :
ငါတို့ပြည်သူတွေ မရီချင်တော့ဘူး 😂😂😂😂😂
2026-09-02 10:35:35
5
Thet Oo Maung :
ရှက်လဲမရှက်ကြတော့ဘူး
2026-09-02 09:00:42
9
1234t :
ဂျင်းသတင်း
2026-09-02 10:45:21
2
Chit Thit Lwin :
မဟုတ်မဟတ်သတင်းတွေလည်းတင်တာပဲလား
2026-09-02 10:14:17
8
Aye@63aye :
အေအိုင်လို့ပြောဦးမလား
ငါတို့အဲ့ဒီမှာပါ
မဟုတ်ပါဘူးပြောလေမလား
ဘာသံမှမကြားဘူးလို့များပြောကြမလား
တကယ်ကြီးလား
အဟုတ်ကြီးလား
2026-09-02 08:25:29
7
hein zar :
စစ်သင်းဘောက အဲလိုကြီးလား
2026-09-02 09:18:59
4
Wnithau :
သတင်တုတွေနှင် လည်ပတ်နေသောအရာကို ဘာလဲမသိ သိတဲ့သူ ဖြေကြပါဦး
2026-09-02 10:28:25
3
Lay Nyi :
သီတင်းအမှားပါ မယုံကြပါနဲ့
2026-09-02 10:19:28
1
K💯 :
ဒါလား စစ်သ ဘေ်ာ
2026-09-02 09:03:02
6
Kyaw Gyi :
မင်း အမှန် တွေ ပြောတဲ့ နေ့မာ
ဘုရားသခင် ကောင်းချီး ပေးပါလိမ့်မယ်
2026-09-02 10:19:55
1
ချစ်သောအလက်ာ :
ဒီလောက်ကြီးတဲ့သဘေ်ာမြစ်ထဲသွားလို့ရလားမသိလို့ပါ
2026-09-02 10:10:48
0
ပန်းသခင် :
အဟိဒေသခံတေရဲ့ကွန့်မန့်ကအမှန်တရားကိုပြောနေတယ်
2026-09-02 11:20:12
0
ko nan :
ဘရမ်းဘတာသတင်း
2026-09-02 11:20:20
0
user5274548167944 :
ဗ🥰🥰🥰🥰🥰🥰
2026-09-02 09:24:23
0
Zin lay :
တပ်မတော်သားများဘေးကင်းပါစေ
2026-09-02 10:14:08
6
Sun Flower :
👍👍👍👍👍👍
2026-09-02 11:12:52
0
လင်း ခက် နွေ :
ပေါက် ကရ သတင်း မယုံတော့တာ
2026-09-02 11:19:44
0
မင်းထိုက်ကျော် :
သတင်းမှန်ပါ
2026-09-02 11:24:02
0
Zawkoko Zawkoko :
အမွန္ဘာဘဲ
2026-09-02 11:39:34
0
Tt Y :
hi
2026-09-02 11:14:06
0
To see more videos from user @zayartbz11, please go to the Tikwm
homepage.