@nectar914: ကျွန်တော်တို့က အကြာကြီးဝေးဖို့ ခဏလေးတွေ့ခဲ့ကြတာလေ ။ ​ဆုံခဲ့ရတဲ့ ရက်တွေကို ရေတွက်ကြည့်မယ်ဆိုရင် ဘယ်လောက်မှ မရှိခဲ့ဘူး ။ ပြီးတော့ အမှတ်တရရယ်လို့လဲ သိပ်များများစားစား မရှိဘူး ။ ကန်ဘောင်မှာ အတူတူထိုင်ဖူးတာရယ် မင်းမျက်နှာလေးကို ငေးမောခဲ့ဖူးတာရယ် စကားတွေ အများကြီး ပြောခဲ့ဖူးတာရယ် ပြောပြစရာ အမှတ်တရက ဒီလောက်ပဲ ။ ဒါပေမယ့် အဲ့ဒီ ဘာမှ မရှိတဲ့အချိန်လေးခဏတာကို ကျွန်တော်က အမြဲတမ်း လိုချင်သွားခဲ့မိတာ ။ ဒီရက်တွေမှာ ပျော်အောင်နေဖို့ သိပ်ခက်သလို အရင်လို ဟုတ်မနေတော့တဲ့ ဆက်ဆံရေးတွေအောက်မှာ ဘာလို့လဲဆိုတဲ့ မေးခွန်းတွေ ထုတ်နေမိတုန်းပဲ ဘယ်နေရာမှားသွားတာလဲ ဘယ်နေရာမှာ အမှားတွေ ပါသွားတာလဲ အဖြေရှာရခက်နေတုန်းပဲ ။ ကျွန်တော်ကလေ ခင်ဗျားအနားမှာ ဒီတိုင်းလေး ရှိနေရတာကိုပဲ ပျော်နေမိတာ ။အခု အဲ့အခွင့်အရေးတွေတောင် ကျွန်တော့မှာ ရှိမနေတော့ဘူး ။ Morning ဆိုတဲ့ စကားလုံးလေးတောင် ပို့ဖို့ခက်ခဲသွားရလောက်တဲ့အထိ တကယ်ပဲ ငါတို့ဝေးသွားဖို့ လိုလို့လား ။ စကားတွေပြောရင်း ပြုံးခဲ့ရတဲ့ ရက်တွေလွန်သွားတဲ့အခါ ပို့ဖူးတဲ့စာလေးတွေဖတ်ရင်း ငိုရတဲ့ရက်တွေ ရောက်လာတာပေါ့ ။ ဒါပေမယ့် ဒီလောက်ကြီးတော့ မမြန်သင့်ဘူးထင်တာပါပဲ ။ ပိုင်ဆိုင်ရရင်တော့ ကောင်းတာပေါ့ မပိုင်ဆိုင်ရလည်း ဒီတိုင်းလေး ရှိနေချင်တယ်ဆိုတဲ့ စိတ်ကူးတွေ မဆုံးလိုက်ခင်မှာ ငါတို့က ဘယ်တုန်းကမှ မသိခဲ့ကြသလိုမျိုး ပြန်ဝေးသွားခဲ့ကြတယ် ။ ကျွန်တော်တို့က အကြာကြီးဝေးဖို့ ခဏလေး ဆုံခဲ့ကြတာပဲ ။ အဲ့တာကို အများကြီး မျှော်လင့်မိသွားခဲ့တာ ။ ကျေးဇူးတင်ပါတယ် ... ဒီလောက်အချိန်လေးအတွင်းမှာ အများကြီးပျော်စေခဲ့တဲ့အတွက်ပေါ့ ။ ပြီးတော့ ...တောင်းပန်ပါတယ် ဒီကြားထဲမှာ အများကြီး အနှောင့်အယှက် ပေးခဲ့မိတဲ့အတွက် ။ ကျွန်တော်တို့ ခဏလေးဆုံခဲ့ပြီးသွားပြီ ...အကြာကြီးဝေးဖို့ပဲ ကျန်တယ် မဟုတ်လား ။ #ကျေးကို crd#fypage #viral

Nectar
Nectar
Open In TikTok:
Region: MM
Wednesday 02 September 2026 12:35:35 GMT
676
55
0
2

Music

Download

Comments

There are no more comments for this video.
To see more videos from user @nectar914, please go to the Tikwm homepage.

Other Videos


About