@poeeinwayoo95: #သင်ရိုးသစ်သင်္ချာGrade1ပုံနှိပ်စာမျက်နှာ95 ပထမတန်း မှ အစပြုကာ မိတ်ဆွေနည်းကို သင်ကြားခြင်းအားဖြင့် စိတ်တွက်ဖြင့် မြန်မြန်ဆန်ဆန် တွက်ချက်နိုင်စေရန် ရည်ရွယ်ပါတယ်ရှင်💜 အစပျိုးသင်ကြားနည်းမှာ ကိန်းတွေ ခွဲတွက်စေပေမယ့် ကိန်းတွေခွဲတာ ကျွမ်းကျင်ပိုင်နိုင်သွားရင် ကလေးလေးတွေက ကိန်းဂဏန်းတွေကို ကြည့်လိုက်ရုံနဲ့ ချက်ချင်း စိတ်နဲ့တွက်နိုင်တဲ့ အဆင့်ကို ရောက်လာဖို့ရာ ရည်ရွယ်၍ ပထမတန်းမှ အစပြု၍ မိတ်ဆွေနည်းကို ထည့်သွင်း သင်ကြားရခြင်း ဖြစ်ပါတယ် စနစ်သစ်တွက်နည်းတွေကို ကိုယ်ကိုယ်တိုင်လည်း လိုင်းပေါ်တွေကနေ အလွယ်တကူ လေ့လာကြည့်နိုင်နေပါပြီရှင် Negative အတွေးအခေါ်တွေနဲ့ ကိုယ့်ဘ၀ကို အမှောင်ချ နောက်ကျ မကျန်ခဲ့ကြပါနဲ့ရှင်💜လေ့လာကြည့်ရင် ကိုယ့်အတွက်လည်း အကျိုးများစွာရှိနိုင်တာမို့ သားသား မီးမီးလေးတွေ အတွက် လေ့လာကြည့်ရင်း ပြန်လည် သင်ကြားပေးချင်တဲ့ မေမေတွေအတွက် တစ်ဆင့်ချင်း တွက်နည်းတွေ တင်ပေးရခြင်း ဖြစ်ပါတယ်ရှင် စနစ်သစ် သင်ကြားနည်းတွေဟာ အဓိကအားဖြင့် ကိုယ်တိုင် စဉ်းစား တွေးခေါ်တတ်စေရန်နဲ့ ကလေးလေးတွေရဲ့ ဉာဏ်ရည်ကိုပဲ အဓိကသုံးစေတဲ့အတွက် ကလေးလေးတွေဟာ ငယ်စဉ်အခါမှစ အရာရာမှာ စဉ်းစားတွေးခေါ် တတ်လာကာ ဖြတ်ထိုးဉာဏ်ကောင်းလာအောင် လေ့ကျင့်ပေးခြင်း နည်းစနစ်တွေပဲဖြစ်ပါတယ် တီချယ်ပိုး💜 #စလင်းမြို့
PoeEiEiZaw
Region: MM
Wednesday 02 September 2026 13:41:54 GMT
Music
Download
Comments
💐🌷Tulip🌷💐BJYXSZD🐢 :
ငါတို့တုန်းက မိတ်ဆွေမရှိလို့ တစ်ယောက်ထဲကြိတ်ခံစားပြီးစိတ်ထဲမှာမှတ်ထားရတာကွ😣
2026-09-14 12:17:00
2421
ရှမ်းမလေး 🍒 :
နားကိုမလည်ပါဘူး😣
2026-09-17 19:11:05
9
🌻🌻 :
ငါဆို မိတ်ဆွေမရှိတာနဲ့
အဖြေမထွက်လောက်ဘူး
2026-09-13 06:42:46
313
🍅 :
တို့တုန်းကမိတ်ဆွေမရှိလိုစိတ်ထဲမှာမှတ်ပီပေါင်းခဲ့ရ တာ🥹🥹
2026-09-14 21:32:58
238
khin :
ငါသာဒီခေတ်မှာမွေးရင်သူငယ်တန်းတောင်အောင်မှာမဟုဘူး
2026-09-14 12:09:47
115
❤M3K❤ :
အရင်တုန်းကတောင်၁၀တန်းမအောင်ခဲ့တာ အခုလိုသာဆို ငါ kgကနေတတ်မှာမဟုတ်တော့ဘူး
2026-10-17 16:49:39
1
Eï 🍀🍒 :
တီတီ ဘွဲ့ရတဲ့ထိ မီးမီးလို မိတ်ဆွေမရှိခဲ့လို့ မီးမီးးစာတွေကို နားမလည်ဘူး 😂😂
2026-09-15 10:07:53
42
Hmwe :
ပေါင်းမဲ့မိတ်ဆွေမရှိလို့ ခြေချောင်းပါမကျန်ဘူး😅
2026-09-15 12:47:38
58
糖糖..🧸 :
ကျောင်းမြန်"ပြီးလို့ကံကောင်းသွားတယ်
2026-09-13 11:22:04
75
𝐌𝐠 𝐎𝐚𝐤ᥫ᭡ :
မိတ်ဆွေတွေမခေါ်ချင်ပါဘူး တော်ကြာ ထမင်းတွေဘာတွေချက်ကြွေးနေရအုံးမယ်😂
2026-09-15 16:16:41
11
Khin Saw phyo :
မိတ်ဆွေတွေအရင်ကျက်ရမှာလား🥺
2026-09-14 16:12:48
7
Wai Yan {official } :
သူဇာတ်နဲ့သူတော့ဟုတော့ဘဲ 😁
2026-09-12 02:39:10
5
𝙆𝙝𝙞𝙣⋆🍫🐻🤎 :
တစ်ကယ်တော့ ငယ်ငယ်ကကိုယ်သင်ခဲ့ရတာနဲ့မတူလို့သာ တစ်မျိုးဖြစ်တယ်ထင်ရတယ် အဲ့ဒိတွက်နည်းက အခုကြီးလာတော့ စိတ်တွက်တွက်နည်းနဲ့ တူတူပဲလေနော် ကလေးတွေလို နုတ်ကဆိုစရာမလိုတော့တာပဲရှိတာ ဘာကိုမဆို ၁၀ ပြည့်အောင်ထည့် ပိုတဲ့အကြွင်းနဲ့ ၁၀ ပေါင်းဆိုလိုက်တာပဲ တူတူပဲလေ
2026-09-15 11:14:54
5
Khon Tha Maung :
မိတ်ဆွေ ဆိုပဲ ဘာမိတ်ဆွေလဲ 🤣🤣🤣🤣🤣
2026-09-11 08:31:53
7
🫧 :
စောစောကျောင်းပြီးခဲ့လို့တော်သေးတယ်
2026-09-13 05:12:17
9
HTOO :
မိတ်ဆွေလိမ်ခံရတောမယ်😂
2026-09-11 11:54:03
6
pan :
စိတ်ညစ်
2026-09-14 08:15:44
1
Swan Yie Khank :
1 မိတ်ဆွေ 9 ကိုရွေး
2 နဲ့ 8 ကလေး။
3 နဲ့ 7 ဟာ သူငယ်ချင်းပါ။
4 ကို 6 ပေါင်းပါ။
5 နဲ့ 5 ကိုတူယှဉ်တွဲ ။
10 ဖြစ်ပြီပဲ
ကျနော် စာသင်စဉ်တုံးက ကဗျာလေးပါ🥰
2026-09-15 05:30:21
10
🍃လေပြေညှင်း🍃 :
သူတို့အလှည့်ကြမိတ်ဆွေအသစ်တွေရပြီး ငါတို့တုန်းကကြတော့ အကုန်ပတ်ချေးခိုင်းနေလို့ အကြွေးတွေပဲများခဲ့တာ🤧🤧🤧
2026-09-16 04:40:02
1
Htet Htet Nwe :
မိတ်ဆွေကို နားလည်ပေမဲ့ အဲ့မိတ်ဆွေဖတ်ပြီး ဘယ်လိုလုပ်လို့ အဖြေတန်းရတာလဲ ကလေးက
2026-09-24 08:40:55
1
♉Ⓝⓦⓔ🌻 ⓩⓘⓝ🌾 ⓜⓨⓘⓝⓣ♉ :
တို့တုန်းက9+1ပေါင်းဆို9ကိုစိတ်ထဲမှာမှတ်လက်ကို1ချောင်းထောင်9ပီးတော့10အဲ့လို🤪
2026-09-16 14:38:03
1
w w👁 :
နင်တို့က မိတ်ဆွေရှိတော့အဆင်ပြေတာပေါ့ တို့တုန်းလိုက်ပဲချေးခိုင်းနေလို့ အခုလည်းလိုက်ပဲချေးနေရတယ် မပျော်တော့ဘူး🤣🤣🤣
2026-09-15 16:16:21
2
Mg Cloud🍀 :
10ရဲ့ မိတ်ဆွေကရော😐
2026-09-18 16:44:34
1
I only have my life 👸 :
ညီမလေးရယ် 11 ရဖို့အရေးမိတ်ဆွေတွေများလိုက်တာ
2026-09-20 06:39:21
2
Chan >.< :
ငယ်ဘ၀မှာ မိတ်ဆွေမရှိခဲ့တာ ကောင်းလိုက်တာလို့ ပြန်တွေးမိတဲ့အထိပဲ မိတ်ဆွေမရှိတော့ လက်နစ်ချောင်းထောင် 9ပြီးတော့ 10,11 ဆိုပြီး ပေါင်းခဲ့ရတာ
2026-09-18 02:31:56
3
To see more videos from user @poeeinwayoo95, please go to the Tikwm
homepage.